← Chapters

ရေစီးကြောင်းများကို ဆန်တက်ရမည်

Vol. 181 Ch. 2715

ရေစီးကြောင်းများကို ဆန်တက်ရမည်

Vol. 181 Ch. 2715

ငရဲအရှင်ခါးသက်စိမ့်စမ်းက တမလွန်မြစ်ဟူသော စကားကို ကြားရချိန်မှာ အံ့အားသင့်သွားပုံရသည်။ သူက အလေးအနက် စဉ်းစားတွေးတောပြီး တီးတိုးရေရွတ်လိုက်၏။

“တမလွန်မြစ်က တကယ်ပဲ ရှိနေတာလား”

“အဲဒါနဲ့ ပတ်သက်ပြီး မင်းဘာသိထားလဲ”

သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။

ငရဲအရှင် ခါးသက်စိမ့်စမ်းက ရှင်းပြလိုက်၏။

“အရင်တုန်းက ငရဲအရှင်က တမလွန်မြစ်အကြောင်း အမှတ်မထင် ထုတ်ဖော်ပြောဆိုခဲ့ဖူးတယ်လို့ ဆိုတယ်… အရင်တုန်းက ငရဲအရှင်ပြောပုံအရ ငရဲစိမ့်စမ်းကိုးခုရဲ့ အရင်းအမြစ်က တကယ်တော့ တမလွန်မြစ်ပဲ”

ထိုစကားကို ကြားသွားသောအခါ သိုင်းတာအိုပင်မခန္ဓာက ရင်တစ်ချက်ထိတ်သွား၏။

ငရဲဆီးနှင်းစိမ့်စမ်းကို တွေ့မြင်ခဲ့စဉ်က အတွေးတစ်ခုက သူ၏ စိတ်ထဲ ဖျတ်ခနဲပေါ်ထွက်ခဲ့ဖူး၏။

ငရဲကမ္ဘာဖွဲ့စည်းပုံ၏ ကြီးမားသော အစိတ်အပိုင်းတစ်ခုသည် ငရဲစိမ့်စမ်းကိုးခု၏ တည်ရှိမှုကြောင့် ဖြစ်ပေါ်လာခြင်းပင်။

ငရဲစိမ့်စမ်းကိုးခုသည် ငရဲသက်ရှိများကို ဤကမ္ဘာမှာ ကျင့်ကြံနိုင်စေဖို့အတွက် များပြားလှသော တမလွန်ချီများကို ထောက်ပံ့ပေးထားလေသည်။

အဲဒါက စိမ့်စမ်းတစ်ခုဖြစ်နေသရွေ့ အဲဒီမှာ စိမ့်စမ်းအရင်းအမြစ်တစ်ခု သေချာပေါက် ရှိနေရပေလိမ့်မည်။

ငရဲစိမ့်စမ်းကိုးခုသည် ဤကဲ့သို့ စွမ်းအားကြီးမားသော ခွန်အားနှင့် မတူညီသော စွမ်းအားများကို ပိုင်ဆိုင်ထားဖို့အတွက် စိမ့်စမ်းကိုးခု၏ အရင်းအမြစ်များက ဘာဖြစ်မလဲ။ အဲဒါက ဘယ်နေရာမှာ ရှိတာလဲ။

ယခု သိုင်းတာအိုပင်မခန္ဓာသည် ငရဲအရှင်ခါးသက်စိမ့်စမ်းထံမှ အဖြေတစ်ခုကို ကြားသိလိုက်ရ၏။

တမလွန်မြစ်…

သိုင်းတာအိုပင်မခန္ဓာက ခဏမျှ စဉ်းစားတွေးတောပြီး ပြောလိုက်၏။

“ပြောရမယ်ဆိုရင် တမလွန်မြစ်က မတူညီတဲ့ ရေစီးကြောင်းကိုးခုအဖြစ် ကွဲထွက်ပြီး ငရဲကမ္ဘာထဲကို စီးဆင်းလာတာပေါ့… အဲဒီကနေ လက်ရှိ ငရဲစိမ့်စမ်းကိုးခုကို ဖြစ်ပေါ်လာစေတာပဲ”

ငရဲအရှင်ခါးသက်စိမ့်စမ်းက ခေါင်းညိတ်ပြလိုက်၏။

“ဟားဟား”

ဘေးကနေ လေဟာနယ်ယက္ခက အထင်အမြင်သေးစွာဖြင့် လှောင်ရယ်လိုက်၏။

“တောကောင်… မင်းဘာကို လာရယ်နေတာလဲ”

ငရဲအရှင်ခါးသက်စိမ့်စမ်း၏ အမူအရာက သုန်မှုန်သွားပြီး အော်ငေါက်လိုက်၏။

လေဟာနယ်ယက္ခက သွားဖြီးပြလိုက်၏။

“ဆိုတော့ ခန့်ညားတဲ့ ငရဲအရှင်ကြီးကလည်း တမလွန်မြစ်အကြောင်း ကောင်းကောင်းမသိဘူးပဲ… ဟားဟားဟား”

“တမလွန်မြစ်က ငရဲစိမ့်စမ်းကိုးခုအဖြစ် ခွဲထွက်ဖို့အတွက်ပဲ တည်ရှိနေတယ်လို့ မင်းတို့ထင်လို့လား”

“ငရဲစိမ့်စမ်းကိုးခုရဲ့ ပင်မအရင်းအမြစ်က တမလွန်မြစ်ရဲ့ မြစ်လက်တက်တစ်ခုပဲ… တမလွန်မြစ်မှာ ငါတို့ တစ္ဆေကမ္ဘာဆီ စီးဆင်းနေတဲ့ နောက်ထပ်မြစ်လက်တက်တစ်ခုရှိတယ်… အဲဒါကို ငါတို့ တစ္ဆေကမ္ဘာရဲ့ ဘဝမြစ်လို့ခေါ်တယ်”

ထိုစကားကို ကြားသွားသောအခါ သိုင်းတာအိုပင်မခန္ဓာနှင့် ငရဲအရှင်ခါးသက်စိမ့်စမ်းတို့က တုန်လှုပ်သွားကြ၏။

ငရဲစိမ့်စမ်းကိုးခု၏ ဖွဲ့စည်းပုံသည် တမလွန်မြစ်၏ မြစ်လက်တက်တစ်ခုမျှသာ ဖြစ်လေသည်။

တမလွန်မြစ်၏ အခြားသော မြစ်လက်တက်တစ်ခုကတော့ တစ္ဆေကမ္ဘာထံသို့ စီးဆင်းနေလေသည်။

လေဟာနယ်ယက္ခက ဝင့်ကြွားစွာ ပြောလိုက်၏။

“ငါတို့ တစ္ဆေတွေအားလုံးက ဂုဏ်သရေရှိအမျိုးသမီး တစ္ဆေမိခင်ကြောင့် ဘဝမြစ်ကနေ မွေးဖွားလာကြတာပဲ”

ဂုဏ်သရေရှိအမျိုးသမီး တစ္ဆေမိခင်လား…

သိုင်းတာအိုပင်မခန္ဓာက သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဉ်းလိုက်၏။

ငရဲအရှင်ခါးသက်စိမ့်စမ်းသည် သိုင်းတာအိုပင်မခန္ဓာက ကောင်းကောင်းနားမလည်သည်ကို ပြောနိုင်ပြီး သူက စိတ်ဝိညာဉ်အသိစိတ်အဖြစ် အသံတစ်ခုကို ပို့လွှတ်ပေးလိုက်၏။

“ငရဲကမ္ဘာရဲ့အရှင်ကို ဂုဏ်ပြုခေါ်ဆိုတဲ့ဘွဲ့က ဗြဟ္မာတစ္ဆေမိခင်ဖြစ်တယ်လို့ ဆိုကြတယ်”

သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်ပြလိုက်၏။

ထို့သို့ဆိုလျှင် ဗြဟ္မာတစ္ဆေမိခင်သည် အရင်တုန်းက ငရဲအရှင်နှင့် တူညီသော အဆင့်အတန်းမှာ ရှိပေလိမ့်မည်။

တမလွန်မျိုးနွယ်ကဲ့သို့ ထူးခြားသော သက်ရှိပုံစံတစ်မျိုးသည် ငရဲစိမ့်စမ်းကိုးခုကနေ မွေးဖွားပေါ်ထွက်လာ၏။

တစ္ဆေကမ္ဘာမှာ တစ္ဆေမျိုးနွယ်ကဲ့သို့ ထူးဆန်းသော သက်ရှိများကို ပြုစုပျိုးထောင်ပေးသည့် ဘဝမြစ်တစ်ခု ရှိလေသည်။

ငရဲစိမ့်စမ်းကိုးခုဖြစ်စေ သို့မဟုတ် တစ္ဆေကမ္ဘာမှ ဘဝမြစ်ဖြစ်စေ သူတို့သည် တမလွန်မြစ်၏ မြစ်လက်တက်များသာဖြစ်သည်။

တမလွန်မြစ်မှာ မည်ကဲ့သို့သော စွမ်းအားမျိုးအစား ပါဝင်နေတာလဲ။

တမလွန်မြစ်အကြောင်းကို ထုတ်ဖော်ပြောဆိုချိန်မှာ တစ္ဆေဘုရင် လေဟာနယ်ယက္ခက တုန်လှုပ်စွာဖြင့် ကြောက်ရွံ့သွားသည်မှာ မထူးဆန်းတော့ပေ။

တမလွန်မြစ်က ဘယ်နေရာမှာရှိတာလဲ။ အဲဒါက ဘယ်လိုဖြစ်ပေါ်လာတာလဲ။

ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာသည် သူက အခြားသော လောကတစ်ခုနှင့် ထိတွေ့မိနေပြီဟု ခံစားလာရ၏။ အဲဒါက လျှို့ဝှက်ဆန်းကြယ်ပြီး ကျယ်ပြောကာ ဘာမှန်းမသိသောအရာများဖြင့် ပြည့်နှက်နေပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားနေသည်။

ငရဲကမ္ဘာကတော့ ဤလောက၏ ရေခဲတောင်ထိပ်ဖျားမျှသာ ဖြစ်ပုံရသည်။

“ငရဲကမ္ဘာကို မင်းဘယ်လိုရောက်လာလဲ ငါတို့ကို မပြောရသေးဘူး”

ငရဲအရှင်ခါးသက်စိမ့်စမ်းက မေးလိုက်၏။

ထိုမှတ်ဉာဏ်သည် လေဟာနယ်ယက္ခအပေါ် အလွန်တရာ နာကျင်မှုဖြစ်စေသည့်ပုံပင်။

သူက ခဏမျှ ငြိမ်သက်နေပြီးနောက် ဖြည်းဖြည်းချင်းပြောလိုက်၏။

“ငါက တစ္ဆေကမ္ဘာမှာ ရွံ့ရှာစက်ဆုပ်ဖွယ်ကောင်းတဲ့ ပြစ်မှုတစ်ခုကို ကျူးလွန်မိခဲ့တယ်… ဂုဏ်သရေရှိအမျိုးသမီး တစ္ဆေမိခင်က ငါ့ကို တမလွန်မြစ်ဆီ နယ်နှင်ဒဏ်ပေးလိုက်တယ်”

“ငါက တမလွန်မြစ်ရဲ့စွမ်းအားကို လုံးဝမခုခံနိုင်ခဲ့ဘူး”

“ဒါပမေဲ့ ကြုံတောင့်ကြုံခဲ တိုက်ဆိုင်မှုတစ်ခုနဲ့ ငါက တမလွန်မြစ်ရဲ့ တန်ပြန်စီးကြောင်းထဲကို ရောက်သွားပြီး တမလွန်မြစ်ရဲ့ နောက်ထပ်မြစ်လက်တက်တစ်ခုဖြစ်တဲ့ ငရဲစိမ့်စမ်းကိုးခုထဲကို အမှတ်တမဲ့ ဝင်ရောက်လာမိတယ်”

“နောက်ပိုင်းမှာ ငါက ငရဲစိမ့်စမ်းကိုးခုထဲမှာ မျောပါပြီး နောက်ဆုံး ခါးသက်စိမ့်စမ်းဆီကို ရောက်လာခဲ့တာပဲ”

သိုင်းတာအိုပင်မခန္ဓာက နားလည်သဘောပေါက်လာ၏။

ငရဲစိမ့်စမ်းကိုးခုနှင့် တစ္ဆေကမ္ဘာမှ ဘဝမြစ်တွင် တူညီသော အရင်းအမြစ်ရှိနေမည်ဆိုလျှင် ထိုကမ္ဘာနှစ်ခုက ချိတ်ဆက်မိနေဖို့ တကယ်ပဲ ဖြစ်နိုင်လေသည်။

သို့သော်လည်း ထိုကမ္ဘာနှစ်ခုကြား ကူးသန်းသွားလာဖို့က တကယ့်ကို ခက်ခဲလွန်းလေသည်။

မဟုတ်ပါက နှစ်ပေါင်းမရေမတွက်အောင် ကြာမြင့်ပြီးတာတောင် ဤနေရာသို့ ရောက်ရှိလာသည်က လေဟာနယ်ယက္ခတစ်ကောင်သာကလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း သူက အဲဒါကို သိရှိထားလျှင်တောင် ထိုအချက်သည် သူ့ကို ငရဲကမ္ဘာကနေ ထွက်ခွာပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ ပြန်သွားစေဖို့ ကူညီပေးနိုင်မည်မဟုတ်ပေ။

သိုင်းတာအိုပင်မခန္ဓာက ရင်တစ်ချက်ထိတ်သွားပြီး ရုတ်တရက်မေးလိုက်၏။

“မင်းက တစ္ဆေကမ္ဘာကနေ လာခဲ့တာပဲ… တစ္ဆေကမ္ဘာမှာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကဆီ သွားနိုင်မယ့် နည်းလမ်းတစ်ခုခု ရှိလား”

သူသည် တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား လေဟာနယ်ယက္ခ၏ အမူအရာက ပြောင်းလဲသွား၏။ သို့သော်လည်း သူက မည်သည့်စကားကိုမှ ပြောဆိုခြင်း မရှိပေ။

“ပြောစမ်း”

လေဟာနယ်ယက္ခ၏ မျက်နှာပေါ်မှ အမူအရာအပြောင်းအလဲကို ဖမ်းမိသွားပြီး သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က ထက်ရှလာခဲ့၏။

လေဟာနယ်ယက္ခက ပြောလိုက်၏။

“ငါတို့တွေက တစ္ဆေကမ္ဘာမှာ ရှိနေမယ်ဆိုရင် ငါတို့က ယဇ်ပူဇော်ပသခြင်းနည်းလမ်းကနေ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကဆီ ဆင်းသက်နိုင်လောက်တယ်”

သိုင်းတာအိုပင်မခန္ဓာက ညင်သာစွာ ခေါင်းညိတ်လိုက်၏။

အဲဒါသည် သူကြားဖူးသမျှထဲ အလယ်အလတ်ကမ္ဘာတစ်ထောင်ကို သွားရောက်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်လေသည်။

မည်သို့ပင်ဆိုစေ… သူက အဲဒါကို ကြိုးစားကြည့်ရပေမည်။

“ဒါဆိုရင် ငါတို့က တစ္ဆေကမ္ဘာကို အရင်သွားရမှာပေါ့”

သိုင်းတာအိုပင်မခန္ဓာက ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်၏။

လေဟာနယ်ယက္ခက သူ၏ ခေါင်းကို ခါပြီး ပြောလိုက်၏။

“ငါက ငရဲကမ္ဘာကို ရောက်လာခဲ့တယ်ဆိုတာ တကယ့်ကို တိုက်ဆိုင်မှုသက်သက်ပဲ… မင်းက တမလွန်မြစ်ထဲကို ဝင်ရောက်ဖို့ဆိုရင် ငရဲစိမ့်စမ်းကိုးခုအတိုင်း လိုက်ပါပြီး ရေစီးကြောင်းတွေကို ဆန်တက်ရမယ်… ပြီးရင် တစ္ဆေမြစ်ရဲ့ မြစ်လက်တက်ကို ရှာပြီး ဘဝမြစ်ကနေတစ်ဆင့် တစ္ဆေကမ္ဘာကို ဝင်ရောက်ရမယ်… အဲဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူး”

“ငါ မင်းကို စိတ်ပျက်သွားအောင် ပြောတာတော့ မဟုတ်ဘူး… ဒါပေမဲ့ မင်းရဲ့ လူသားမျိုးဆက်သွေးနဲ့ ကိုယ်ကာယာနဲ့ဆိုရင် မင်းက တမလွန်မြစ်ထဲကို ဝင်ရောက်တဲ့အခါ အထဲမှာ သေရလိမ့်မယ်… မင်းက ဘဝမြစ်ကို ရှာပြီး တစ္ဆေကမ္ဘာကို ဝင်ရောက်ဖို့နေနေသာ အသက်ရှင်လျက် ပြန်လှည့်လာနိုင်မှာတောင် မဟုတ်ဘူး”

သိုင်းတာအိုပင်မခန္ဓာက နှုတ်ဆိတ်နေ၏။

တကယ်တော့ ဤနည်းလမ်း၏ အောင်မြင်နိုင်ခြေက အရမ်းကိုနည်းသည်ကို သူက ကောင်းကောင်းသိထား၏။

သို့သော်လည်း မည်သို့ပင်ဆိုစေ သူက စမ်းကြည့်ရပေမည်။

“သူ့ကို လွှတ်ပေးလိုက်”

သိုင်းတာအိုပင်မခန္ဓာ၏ အမူအရာက ပြောင်းလဲသွားပြီး လေဟာနယ်ယက္ခအပေါ်ရှိ ချိန်းကြိုးများကို ဖြုတ်ပေးဖို့ ငရဲအရှင် ခါးသက်စိမ့်စမ်းကို စေခိုင်းလိုက်၏။

“အရှင်”

ငရဲအရှင်ခါးသက်စိမ့်စမ်းက အသံနှိမ့်၍ ပြောလိုက်၏။

“ဒီတောကောင်က ထိန်းမနိုင်သိမ်းမရအောင် ရိုင်းစိုင်းတဲ့အကောင်ပဲ… သူ့ခန္ဓာကိုယ်ပေါ်က ချိန်းကြိုးတွေက အကောင်းတိုင်းရှိနေသေးတယ်… ကျုပ်က ချိန်းကြိုးတွေရဲ့ တစ်ဖက်စွန်းကို ခင်ဗျားကို ပေးထားမယ်လေ”

ငရဲအရှင်ခါးသက်စိမ့်စမ်းသည် သိုင်းတာအိုပင်မခန္ဓာက လေဟာနယ်ယက္ခကို မဖိနှိပ်နိုင်မှာကို မစိုးရိမ်ပေ။

သို့သော်လည်း လေဟာနယ်ယက္ခ၏ နည်းလမ်းများအရ သူသည် ခန့်မှန်း၍မရနိုင်အောင် ပေါ်လာနိုင် ပျောက်ကွယ်သွားနိုင်လေသည်။ သူက ထွက်ပြေးချင်သည်ဆိုလျှင် မည်သူကမှ သူ့ကို တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။

“မလိုပါဘူး”

သိုင်းတာအိုပင်မခန္ဓာက တည်ငြိမ်သော အမူအရာဖြင့် လက်ကာပြလိုက်၏။

ငရဲအရှင်ခါးသက်စိမ့်စမ်းက ခဏမျှ တွေဝေတုံ့ဆိုင်းနေသော်လည်း သိုင်းတာအိုပင်မခန္ဓာ၏ စကားကို နားထောင်လိုက်ဆဲဖြစ်၏။ သူက ဓမ္မပညာရပ်များကို ထုတ်ဖော်ပြီး လေဟာနယ်ယက္ခအပေါ်ရှိ ချိန်းကြိုးများကို တစ်ခုပြီးတစ်ခု ဖြုတ်ပေးလိုက်၏။

သူ၏ လွတ်လပ်မှုကို ပြန်လည်ရရှိလိုက်ပြီးနောက် လေဟာနယ်ယက္ခ၏ မျက်လုံးအနက်ပိုင်းထဲတွင် စိတ်လှုပ်ရှားတက်ကြွနေသော အကြည့်တစ်ခု ပေါ်ထွက်လာ၏။

“မင်း လမ်းလျှောက်နိုင်လား”

သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။

လေဟာနယ်ယက္ခက သွားဖြဲကာ ခေါင်းညိတ်ပြလိုက်၏။

သူ၏ ခြေချင်းဝတ်ပေါ်တွင် တုတ်ခိုင်သော အရိုးများက လွဲ၍ အသားများစွာ မကျန်ရှိတော့ပေ။

သို့သော်လည်း လေဟာနယ်ယက္ခသည် သိုင်းတာအိုပင်မခန္ဓာ၏ နောက်ကနေ ထပ်ကြပ်မကွာလိုက်ပါလာဆဲဖြစ်၏။ ပထမဆုံး သူ၏ ခြေလှမ်းများက ဒယီးဒယိုင် ဖြစ်နေသေး၏။

သိပ်မကြာခင် လေဟာနယ်ယက္ခ၏ ခြေချင်းဝတ်နှင့် လက်ကောက်ဝတ်ပေါ်ရှိ ဆွေးရိနေသော အသားများက ကွာကျသွားပြီး အသားအသစ်များ ပေါ်ထွက်လာ၏။

ဤတစ္ဆေဘုရင် လေဟာနယ်ယက္ခသည် သူ၏ ဒဏ်ရာများကို မြင်နိုင်သောနှုန်းထားဖြင့် ပြန်လည်ကုသနေလေသည်။

All Chapters