တစ္ဆေမျိုးနွယ်
Vol. 181 Ch. 2713
သိုင်းတာအိုပင်မခန္ဓာက နှုတ်ဆိတ်နေ၏။
သူသည် ကြင်ယာတော်ယု၏ အတွေးများကို အကြမ်းဖျင်းခန့်မှန်းမိနိုင်၏။
ကြင်ယာတော်ယုသည် ယခင်ဘဝမှတ်ဉာဏ်များကို ထိန်းသိမ်းထားနိုင်သော်လည်း သူမသည် ငရဲဆီးနှင်းစိမ့်စမ်းကနေ အသွင်ပြောင်းလဲလာပြီး သူမက အစစ်အမှန်တမလွန်မျိုးနွယ်ဝင်တစ်ဦး ဖြစ်လာခဲ့လေသည်။
ငရဲကမ္ဘာ၏ ထူးခြားသောပတ်ဝန်းကျင်ကသာ ကြင်ယာတော်ယုအတွက် ကျင့်ကြံဖို့သင့်လျော်လေသည်။
ဒါ့အပြင် ကြင်ယာတော်ယုသည် သူနှင့်အတူ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ လိုက်လာမည်ဆိုလျှင်တောင် တမလွန်မျိုးနွယ်ဟူသောသူမ၏ သရုပ်သကန်ကြောင့် သူမသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ ပတ်ဝန်းကျင်နှင့် လိုက်လောညီထွေမှုရှိလိမ့်မည်မဟုတ်ပေ။
သိုင်းတာအိုပင်မခန္ဓာ၏ ခန့်မှန်းချက်နှစ်ခုအပြင် ကြင်ယာတော်ယုမှာ နောက်ထပ်အတွေးတစ်ခုရှိနေ၏။
သိုင်းတာအိုပင်မခန္ဓာက ငရဲအရှင်ဖြစ်လာခဲ့လေပြီ။
ငရဲကမ္ဘာသည် ဓမ္မအဆုံးသတ်ခေတ်မှာ ပိတ်မိနေသော်လည်း ဤနေရာမှာ မရေမတွက်နိုင်သော သက်ရှိများရှိနေလေသည်။ အဲဒါက စဥ်းစားကြည့်၍မရနိုင်သော ကြီးမားသည့်အဖွဲ့အစည်းတစ်ရပ်ဖြစ်လေသည်။
ကြင်ယာတော်ယုသည် ဤနေရာမှာနေပြီး ဤအဖွဲ့အစည်းများကို တတ်နိုင်သမျှထိန်းချုပ်ကာ သိုင်းတာအိုပင်မခန္ဓာကို ကူညီပေးလို၏။
သိုင်းတာအိုပင်မခန္ဓာသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ အန္တရာယ်တစ်ခုခုနှင့်ကြုံတွေ့ပြီး ငရဲကမ္ဘာ၏ စွမ်းအားကို အသုံးချဖို့ လိုအပ်လာသည့်အခါ သူသည် ငရဲကမ္ဘာသို့ အချိန်မရွေးပြန်လာပြီး ငရဲသက်ရှိများကို ခေါ်ယူနိုင်မည်ဖြစ်လေသည်။
တကယ်တော့ သူမ၏ ခွန်အားအရ သူမသည် ဤငရဲပညာရှင်များကို ဖိနှိမ်ဖို့မလုံလောက်ကြောင်း ကြင်ယာတော်ယုက သိရှိထား၏။
သူမသည် လောလောဆယ်မှာ အခြေအနေကို ထိန်းသိမ်းထားဖို့အတွက် သိုင်းတာအိုပင်မခန္ဓာ၏ နာမည်ဂုဏ်သတင်းအပေါ် မှီခိုရပေမည်။
အဲဒါသည် လောလောဆယ်မှာ ပြဿနာတစ်ရပ် မဖြစ်နိုင်လောက်ပေ။
သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သိုင်းတာအိုပင်မခန္ဓာက ပြန်ရောက်မလာဘူးဆိုလျှင် ငရဲကမ္ဘာသည် ခေါင်းဆောင်တစ်ဦးမရှိဘဲ...။
ကြင်ယာတော်ယုက ဆက်ပြောလိုက်၏။
“ဘာမှပူမနေနဲ့... သွားစရာရှိတာသွား ငါ့ကို ငရဲအရှင်ခါးသက်စိမ့်စမ်းက ကာကွယ်ပေးနေမှာပဲ... ဘာမှဖြစ်လာမှာမဟုတ်ဘူး”
ထိုသို့ပြောရင်း ကြင်ယာတော်ယုက ငရဲအရှင်ခါးသက်စိမ့်စမ်းကို တစ်ချက်လှမ်းကြည့်လိုက်၏။
ငရဲအရှင်ခါးသက်စိမ့်စမ်းက စိတ်ထဲမှာ ညည်းတွားရေရွတ်လိုက်သော်လည်း ခေါင်းညိတ်ပြလိုက်၏။
ကြင်ယာတော်ယုက သူမ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်ပေးလိုက်၏။
“နောက်ပြီး ငါက စိမ့်စမ်းကိုးခုငရဲသုတ္တန်ရဲ့ အချုပ်တွဲကို နားလည်ဆင်ခြင်ထားတာပဲ... ငရဲအရှင်မဆိုတဲ့ ငါ့ရဲ့အဆင့်အတန်းနဲ့ဆိုရင် တခြားငရဲတွေက ငရဲသုတ္တန်ရှစ်ခုကို ငါက ကျင့်ကြံမယ်ဆိုရင် ဘယ်သူကမှ ငါ့ကိုတားဆီးရဲမှာမဟုတ်ဘူး”
“ယခင်ငရဲအရှင်ပြီးရင် ငါက စိမ့်စမ်းကိုးခုငရဲသုတ္တန်ကို ကျွမ်းကျင်တတ်မြောက်တဲ့ ဒုတိယလူဖြစ်လာလိမ့်မယ်”
“နောက်တစ်ခါပြန်ဆုံတဲ့အချိန်ကျရင် ငါက တမလွန်ဘုရင်နယ်ပယ်ထိကျင့်ကြံပြီး နင့်ကိုတောင် လိုက်မီချင်မီနေမှာ”
သိုင်းတာအိုပင်မခန္ဓာသည် ကြင်ယာတော်ယုက ဤနေရာမှာ မရမကနေလိုသည်ကိုတွေ့ရသောအခါ သူကခေါင်းညိတ်ပြီး ထပ်မံ၍ဖျောင်းဖျမနေတော့ပေ။
“ခါးသက်စိမ့်စမ်း”
သိုင်းတာအိုပင်မခန္ဓာက ငရဲအရှင်ခါးသက်စိမ့်စမ်းကို နောက်တစ်ဖန်ကြည့်လိုက်၏။
“အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို ပြန်သွားနိုင်မယ့်နည်းလမ်းတစ်ခုခု မင်းသိထားတာရှိလား... မင်းစိတ်ထဲမှာရှိတဲ့အတိုင်းပြော ဘာမှစိုးရိမ်မနေနဲ့”
စောစောက သူမေးလိုက်စဥ် ငရဲအရှင်ခါးသက်စိမ့်စမ်း၏ အမူအရာသည် တစ်စုံတစ်ရာကို တွေးမိနေသည့်အလား မတည်မငြိမ်ဖြစ်နေသည်ကို သူက သိသိသာသာ တွေ့မြင်လိုက်ရ၏။
ငရဲအရှင်ခါးသက်စိမ့်စမ်းက ခဏမျှစဥ်းစားတွေးတောပြီးပြောလိုက်၏။
“ပုံမှန်အခြေအနေမှာဆိုရင် မဟာဧကရာဇ်တစ်ပါးရဲ့ စွမ်းအားကပဲ ငရဲကမ္ဘာနဲ့ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကြားက အဟန့်အတားကို ချိုးဖျက်ပြီး စိတ်ရှိသလိုထွက်ခွာနိုင်တယ်”
“အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို ပြန်သွားနိုင်မယ့် နည်းလမ်းတစ်ခုရှိလား ကျုပ်မသိပါဘူးအရှင်... ဒါပေမဲ့ ကျုပ်က ခင်ဗျားကို ကူညီပေးကောင်းကူညီပေးနိုင်မယ့် မွန်းစတားတစ်ကောင်ကို သိထားတယ်”
“မွန်းစတားလား”
သိုင်းတာအိုပင်မခန္ဓာက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
ငရဲအရှင်ခါးသက်စိမ့်စမ်းက ရှင်းပြလိုက်၏။
“အဲဒီမွန်းစတားက အရမ်းကိုရုပ်ဆိုးပြီးတော့ တကယ့်ကိုမကောင်းဆိုးဝါးပဲ.. သူက ယက္ခမျိုးနွယ်ကဖြစ်ပြီး တစ္ဆေကမ္ဘာကနေလာခဲ့တာပဲ... သူက ဘယ်လိုနည်းလမ်းကိုသုံးပြီး ကျုပ်တို့ငရဲကမ္ဘာကို ရောက်လာလဲ ကျုပ်မသိဘူး... ဒါပေမဲ့ အခုသူ့ကို ကျုပ်က ခါးသက်စိမ့်စမ်းငရဲမှာ အကျဥ်းချထားတယ်”
“ဟမ်...”
သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံးက ဝင်းလက်သွား၏။
ငရဲအရှင်ခါးသက်စိမ့်စမ်း၏ စောစောကစကားမှာ သတင်းအချက်အလက်များစွာပါဝင်နေ၏။
ယက္ခမျိုးနွယ်... တစ္ဆေကမ္ဘာ...။
အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် မင်းသားချိပ်စည်းအတွက် ရှဲ့ချင်းချန်ကိုကူညီပေးခဲ့စဥ်က သူသည် အဆူရာတိုက်ပွဲမြေမှာ ယက္ခမျိုးနွယ်၏ အရိပ်အယောင်ကို တွေ့မြင်ခဲ့ရ၏။ အဲဒီမှာ စာသားနှင့်ရုပ်ပုံကားချပ်တချို့ပင်ရှိနေ၏။
သိုင်းတာအိုပင်မခန္ဓာသည် ထိုမှတ်ဉာဏ်များကို ရှင်းရှင်းလင်းလင်းမှတ်မိနေသေး၏။
အဆူရာတိုက်ပွဲမြေမှ မှတ်တမ်းများအရ ယက္ခမျိုးနွယ်မှာ မြေယက္ခ၊ ကောင်းကင်ယက္ခနှင့် အသန်မာဆုံး၊ လျှို့ဝှက်အဆန်းကြယ်ဆုံးနှင့် အရှားပါးဆုံး လေဟာနယ်ယက္ခဟူ၍ စုစုပေါင်းမျိုးရိုးသုံးခုရှိလေသည်။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ယက္ခမျိုးနွယ်များကို မတွေ့မြင်ရပေ။
ကမ္ဘာတစ်ထောင်သုံးဆင့်လောကမှာ ယက္ခမျိုးနွယ်နေထိုင်သည့် ကမ္ဘာတစ်ခုမှ မရှိသည့်ပုံပင်။
ယက္ခမျိုးနွယ်သည် ကစဉ့်ကလျားခေတ်မှာပေါ်ထွက်ပြီးနောက်ပိုင်း ပျောက်ကွယ်သွားသည့်အလား အလွန်တရာလျှို့ဝှက်ဆန်းကြယ်နေ၏။
ငရဲအရှင်ခါးသက်စိမ့်စမ်းပြောသည့် တစ္ဆေကမ္ဘာက ဘယ်နေရာကိုရည်ညွှန်းတာလဲ။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ တစ္ဆေကမ္ဘာဟူ၍ရှိပုံမရပေ။
“တစ်ချက်လောက်သွားကြည့်ကြတာပေါ့”
သိုင်းတာအိုပင်မခန္ဓာက ငရဲအရှင်ခါးသက်စိမ့်စမ်းကို လမ်းပြရန် လက်ဟန်ခြေဟန်ပြလိုက်၏။
တစ်ချိန်တည်းမှာပင် သူက ထန်ခုန်းကိုကြည့်ပြီး ပြောလိုက်၏။
“ကြင်ယာတော်ယုနဲ့ တခြားငရဲရှစ်ခုကိုလိုက်သွား... သူ့ကိုတခြားငရဲသုတ္တန်ရှစ်ခုကို ဖတ်ခွင့်ပေးလိုက်”
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ အသံကို ဖုံးကွယ်မထားဘဲ သူ၏ စကားလုံးများက ညှင်းပန်းနှိပ်စက်စိမ့်စမ်းမြို့တော်တစ်ခုလုံးကို ပျံ့နှံ့သွားလေသည်။
ငရဲသက်ရှိများအားလုံးသည် အဲဒါကို ရှင်းရှင်းလင်းလင်းကြားလိုက်ရ၏။ သိုင်းတာအိုပင်မခန္ဓာ၏ စွမ်းပကားနှင့် ရင်ဆိုင်ရချိန်မှာ မည်သည့်ငရဲသက်ရှိကမှ ကန့်ကွက်ရဲခြင်းမရှိပေ။
ခဏမျှရပ်တန့်ပြီးနောက် သိုင်းတာအိုပင်မခန္ဓာက ကြင်ယာတော်ယု၏ စိတ်ဝိညာဥ်အသိစိတ်ထံ အသံတစ်ခုကို ပို့လွှတ်လိုက်၏။
“ငရဲကန့်သတ်မဲ့စိမ့်စမ်းကနေ ရေတချို့ပြန်ယူလာဦး”
“ကောင်းပြီလေ”
ကြင်ယာတော်ယုက သဘောတူလိုက်၏။
သူတို့လေးယောက်သည် အုပ်စုနှစ်စုခွဲပြီး ထွက်ခွာသွားကြ၏။
ငရဲအရှင်ခါးသက်စိမ့်စမ်းက သိုင်းတာအိုပင်မခန္ဓာကို ခါးသက်စိမ့်စမ်းငရဲဆီ ခေါ်ဆောင်သွားပြီး ထန်ခုန်းသည် ကြင်ယာတော်ယုနှင့်အတူ အခြားသော ငရဲရှစ်ခုသို့ လိုက်ပါသွားလေသည်။
ညှင်းပန်းနှိပ်စက်စိမ့်စမ်းငရဲမှ ငရဲပညာရှင်များစွာကလည်း လူစုခွဲထွက်ခွာသွားကြ၏။
ညှင်းပန်းနှိပ်စက်စိမ့်စမ်းမြို့တော်မှ ပို့ဆောင်ရေးဝင်္ကပါနှင့်အတူ သိုင်းတာအိုပင်မခန္ဓာနှင့် ငရဲအရှင်ခါးသက်စိမ့်စမ်းသည် သိပ်မကြာခင် ခါးသက်စိမ့်စမ်းနန်းတော်သို့ ဆင်းသက်ရောက်ရှိလာကြ၏။
သိုင်းတာအိုပင်မခန္ဓာက ခါးသက်စိမ့်စမ်းနန်းတော်သို့ ခြေချလိုက်သည့်ခဏမှာပင် သူ၏ စိတ်ထဲသို့ အတွေးတစ်ခု ဖျတ်ခနဲဝင်ရောက်လာပြီး သူက ရုတ်တရက်ပြောလိုက်၏။
“မင်းပြောတဲ့တစ္ဆေကမ္ဘာက ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ထဲက တစ်ခုလား”
“ဟုတ်ပါတယ်”
ငရဲအရှင်ခါးသက်စိမ့်စမ်းက ပြောလိုက်၏။
“လမ်းခြောက်သွယ်ထဲကတစ်ခု ဆာလောင်တစ္ဆေတာအိုက တစ္ဆေကမ္ဘာပါပဲ”
ထင်မှတ်ထားသည့်အတိုင်းပင်။
သိုင်းတာအိုပင်မခန္ဓာသည် လမ်းခြောက်သွယ်ထဲမှာ ငရဲတာအိုသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကနှင့် အတူယှဥ်တွဲရပ်တည်နိုင်သော ကမ္ဘာတစ်ခုဖြစ်သည်ကို အမှတ်ရသွားလေသည်။ ဆာလောင်တစ္ဆေတာအိုကလည်း အတူတူပင်ဖြစ်ပေလိမ့်မည်။
ကြည့်ရသည်မှာ ဆာလောင်တစ္ဆေတာအို သို့မဟုတ် တစ္ဆေကမ္ဘာသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၊ ငရဲကမ္ဘာတို့နှင့် အတူယှဥ်တွဲရပ်တည်နိုင်သော ကမ္ဘာတစ်ခုဖြစ်ပေလိမ့်မည်။
“ယက္ခမျိုးနွယ်က တစ္ဆေကမ္ဘာကလာတယ်လို့ အခုပဲမင်းပြောခဲ့တယ်”
သူတို့နှစ်ယောက်က ခါးသက်စိမ့်စမ်းငရဲ၏ အကျဥ်းထောင်သို့ လျှောက်လှမ်းလာစဥ် သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။
ငရဲအရှင်ခါးသက်စိမ့်စမ်းက ပြန်ဖြေလိုက်၏။
“ဟုတ်ပါတယ်... တကယ်တော့ ယက္ခမျိုးနွယ်ဆိုတာ တစ္ဆေမျိုးနွယ်ပါပဲ”
သိုင်းတာအိုပင်မခန္ဓာသည် ယက္ခမျိုးနွယ်၏ မှတ်တမ်းများကို ပြန်လည်စဥ်းစားကြည့်နေ၏။
ယက္ခဆိုသည်မှာ သက္ကတဘာသာစကားဖြစ်လေသည်။ ၎င်း၏ အဓိပ္ပါယ်မှာ သူတို့သည် အလွန်တရာပေါ့ပါးဖျတ်လတ်ပြီး တစ္ဆေများလိုကိုက်ခဲပြီး တစ်မူထူးခြားသော လှုပ်ရှားမှုနည်းစနစ်များရှိသည်ဟု ဆိုလိုလေသည်။
တကယ်တော့ ထိုမှတ်တမ်းသည် ယက္ခမျိုးနွယ်၏ မူလဇာစ်မြစ်ကို ထုတ်ဖော်ထားပြီးပြီဖြစ်လေသည်။
သိုင်းတာအိုပင်မခန္ဓာက ထပ်မေးလိုက်၏။
“ငါသိထားရသလောက်ဆိုရင် ယက္ခမျိုးနွယ်မှာ မျိုးရိုးသုံးခုရှိတယ်... ဒီမှာအကျဥ်းချထားတာက ဘယ်မျိုးနွယ်က ယက္ခလဲ”
“လေဟာနယ်ယက္ခပါ”
ငရဲအရှင်ခါးသက်စိမ့်စမ်းက ပြောလိုက်၏။
“လေဟာနယ်ယက္ခတွေက အရမ်းကိုရှားပါးတယ်... သူတို့တွေက ယက္ခမျိုးနွယ်ရဲ့ဘုရင်တွေပဲ... သူတို့်မှာသိပ်သည်းပြင်းထန်တဲ့ခွန်အားနဲ့ ပေါ့ပါးဖျတ်လတ်တဲ့လှုပ်ရှားမှုနည်းစနစ်တွေရှိတယ်... သူတို့တွေက လေထဲမှာပျံနိုင်သလို မြေကြီးထဲကိုလည်း ငုပ်လျှိုးနိုင်တယ်... သူတို့က ဘယ်အချိန်မှာ ပေါ်ထွက်လာမလဲ ဘယ်အချိန်မှာငုပ်လျှိုးသွားမလဲ ကြိုတင်ခန့်မှန်းလို့မရဘူး”
“နောက်ပြီး ဒီလေဟာနယ်ယက္ခက ပကတိကောင်းကင်လိုဏ်ဂူတစ္ဆေဘုရင်တစ်ပါးပဲ”
“အို...”
သိုင်းတာအိုပင်မခန္ဓာက အံ့အားသင့်သွား၏။
သူသည်ငရဲကမ္ဘာမှာ အသက်ရှင်နေသော လေဟာနယ်ယက္ခတစ်ကောင်နှင့် တွေ့ခွင့်ရပေတော့မည်။
ဒါ့အပြင် တစ္ဆေဘုရင်လေဟာနယ်ယက္ခတစ်ကောင်ပင်ဖြစ်နေ၏။
ငရဲအရှင်ခါးသက်စိမ့်စမ်းက ပြောလိုက်၏။
“အရှင်... ပွင့်ပွင့်လင်းလင်းပြောရရင် ကျုပ်ရဲ့ကျင့်ကြံမှုနယ်ပယ်နဲ့ တိုက်ခိုက်ရည်ခွန်အားက သူ့ထက်ပိုပြီးမြင့်မားတယ်ဆိုပေမယ့်... အဲဒီလေဟာနယ်ယက္ခက အရမ်းကို စွမ်းအားကြီးမားတယ်... သူသာသူ့ရဲ့အထွတ်အထိပ်အခြေအနေမှာရှိနေမယ်ဆိုရင် ကျုပ်က သူ့ကိုအသက်ရှင်လျက် ဖမ်းဆီးနိုင်ချင်မှ ဖမ်းဆီးနိုင်လိမ့်မယ်”
ပကတိကောင်းကင်လိုဏ် လေဟာနယ်ယက္ခတစ်ကောင်သည် ဧကရာဇ်တစ်ပိုင်းပညာရှင်တစ်ဦး၏ ဖိနှိမ်မှုကနေ တကယ်ပင်လွတ်မြောက်နိုင်သည်ဟုဆိုနေ၏။
ထိုသို့ဆိုလျှင် လေဟာနယ်ယက္ခက တကယ့်ကို တစ်မူထူးခြားလွန်းလေသည်။
ငရဲအရှင်ခါးသက်စိမ့်စမ်းက ပြောလိုက်၏။
“ကျုပ်က သူ့ကိုအသက်ရှင်လျက် ဖမ်းဆီးနိုင်ခဲ့တယ်ဆိုတာ သူက ဒဏ်ရာတွေနဲ့ပြည့်နှက်ပြီး သူ့ရဲ့အော်ရာအားနည်းနေတဲ့အချိန်မှာ ငရဲကမ္ဘာကို ရောက်လာခဲ့လို့ပဲ”
“ဒုတိယအချက်ကတော့ ခါးသက်စိမ့်စမ်းငရဲမှာ သူ့ကိုကောင်းကောင်းဒုက္ခပေးနိုင်တဲ့အရာရှိနေတယ်”
သိုင်းတာအိုပင်မခန္ဓာကပြောလိုက်၏။
“မင်းက ငရဲခါးသက်စိမ့်စမ်းကို ပြောနေတာမလား”
ငရဲအရှင်ခါးသက်စိမ့်စမ်းက ပြုံး၍ခေါင်းညိတ်ပြလိုက်၏။
ငရဲ၏ စိမ့်စမ်းကိုးခုထဲမှ တစ်ခုချင်းစီတွင် မတူညီသောစွမ်းအားများရှိနေ၏။
ငရဲခါးသက်စိမ့်စမ်းသည် တစ္ဆေမျိုးနွယ်ကို ချုပ်နှောင်နိုင်ပြီး သူတို့အပေါ် ပြင်းထန်ကြီးမားသည့် ပျက်စီးထိခိုက်မှုဖြစ်စေနိုင်သည်ဟု ရှေးဟောင်းကျမ်းစာအုပ်များမှာ ရှင်းရှင်းလင်းလင်းမှတ်တမ်းတင်ထားလေသည်။