← Chapters

လဲ့ယုံး၏ ကံကြမ္မာအသစ်

Vol. 1 Ch. 2

လဲ့ယုံး၏ ကံကြမ္မာအသစ်

Vol. 1 Ch. 2

ရှန်မိုတစ်ယောက် ချက်ချင်းပင် အားအင်များ ပြည့်၍ အချိန်အတော်ကြာ မခံစားမိသော အတွေ့အကြုံကို ရလိုက်သည်။ သစ်သားဘူးလေးကို ဖွင့်လိုက်သောအခါ အထဲ၌ လတ်ဆတ်သော ဆေးပင်ရနံ့ဖြင့် ဆေးလုံးကို တွေ့ရသည်။ ရှန်မို နွမ်းလျစွာပြုံးလျက် တွေဝေမနေတော့ဘဲ ချက်ချင်း သောက်လိုက်သည်။ ဆေးမှာ သွေးကြောထဲ၌ ပျော်ဝင်သွားသည်နှင့် အသွေး၊ အသား၊ အရိုး၊ အကြောများထဲအထိ စိမ့်ဝင်ပျံ့နှံ့သွား၏။

ရှန်မို၏ အသားအရည်မှာ ပူနွေးနီရဲလာပြီး ခေါင်းမှ အငွေ့များ ထွက်နေသည်။ အရိုးများထဲမှ ယားကျိကျိ ခံစားချက်ဖြင့် ပုရွက်ဆိတ်များ တက်လာသလို ဖြစ်ကာ လျင်မြန်စွာ ပြုပြင်ပြောင်းလဲနေတော့သည်။

ထို့နောက် ခပ်စူးစူး နာကျင်မှုမျိုး ခံစားလိုက်ရပြီး ရှန်မို သည်းမခံနိုင်တော့ဘဲ သတိလစ်သွားလေ၏။

တစ်နာရီမျှအကြာတွင် ဖြည်းဖြည်းချင်း ပြန်နိုးလာပြီး ပြန်လည်မွေးဖွားလာသကဲ့သို့ တက်ကြွလန်းဆန်းသွားသည်။ အံ့ဩစရာကောင်းသည်မှာ နာကျင်ကိုက်ခဲမှုများ အားလုံး ကင်းစင်၍ အင်အားများ တိုးလာသည်ကို သိသိသာသာ ခံစားရသည်။

“ဆေးက ငါ့အခြေခံကို ပြန်ပြုပြင်ပေးရုံတင်မကဘူး။ ခန္ဓာကိုယ်ထိန်းညှိခြင်းအဆင့် အောင်မြင်မှုငယ်အထိ ရောက်အောင် လုပ်ပေးလိုက်တာပဲ”

ရှန်မို ရေရွတ်မိသည်။ နောက် (၂) လတွင် ရောက်ရှိမည့် အပြင်ဂိုဏ်းတပည့် စစ်ဆေးခြင်းအား စိုးရိမ်စရာ မလိုတော့ပေ။

ထို့နောက် စနစ်ထဲမှ ပြောင်းလဲမှုကို ချက်ချင်း ကြည့်လိုက်သည်။

[အမည်: ရှန်မို]

[အဆင့်: ခန္ဓာကိုယ်ထိန်းညှိခြင်းအဆင့် အစပိုင်း]

[ကံကြမ္မာ: ဆေးဆရာ၏ သား၊ မွေးရာပါ ဉာဏ်ကောင်းသူ၊ ဓားတာအို ကျွမ်းကျင်သူ၊ သာမာန်ကံ]

[အနာဂတ်: ယခုမှစ၍ နောက် (၂) လတွင် အပြင်ဂိုဏ်း တပည့်စစ်ဆေးခြင်း ကျရှုံး၍ တောင်ခြေသို့ မောင်းထုတ်ခံရမည်။ အိမ်ပြန်လမ်းတွင် အရည်အချင်းရှိ ကျင့်ကြံသူနှင့်ဆုံ၍ မခုခံနိုင်သောကြောင့် သွေးထွက်လွန်ကာ သေဆုံးမည်]

[လတ်တလော အခွင့်အရေး: ရရှိပြီး (ခန္ဓာကိုယ် သန့်စင်ဆေးပါသည့်အထုပ် တွေ့ရှိမည်]

ရှန်မို စိတ်ရှုပ်ထွေးစွာဖြင့် ရေရွတ်မိ၏။

“တကယ်ပါပဲ။ ဘာလို့ အဆိပ်ကမိပြီး တိုက်ခိုက်ခံနေရသေးတာလဲ”

သူ ရုတ်တရက် ပြန်လည်ကောင်းမွန်ခြင်းသည် အဆိပ်မိစေသူအား သတိထားမိသွားနိုင်ကြောင်း သဘောပေါက်သွား၏။

“ငါ အခုထိ အင်အားနည်းသေးတယ်။ ချီစုစည်းခြင်းအဆင့်ကို မြန်မြန်ရောက်မှ ဖြစ်မှာ”

ကျင့်ကြံမှုအဆင့်များမှာ ခန္ဓာကိုယ်ထိန်းညှိခြင်းအဆင့်၊ ချီစုစည်းခြင်းအဆင့်၊ ခြေတည်ခြင်းအဆင့်၊ မြုတေဖွဲ့စည်းခြင်းအဆင့်၊ ခြေတည်ဝိညာဉ်အဆင့်နှင့် နတ်ဘုရားအဆင့်ဟူ၍ ရှိလေသည်။ အဆင့်တစ်ခုချင်းစီ၌ (၅) ပိုင်းခွဲထားပြီး အစပိုင်း၊ အောင်မြင်မှုငယ်၊ အောင်မြင်မှုကြီး၊ ပြီးပြည့်စုံခြင်းနှင့် ထိပ်ဆုံးဟု ထပ်ခွဲထားလေသည်။

အပြင်ဂိုဏ်းတပည့်အများစုမှာ ခန္ဓာကိုယ်ထိန်းညှိခြင်း အဆင့်၌သာ ရှိကြပြီး အတွင်းဂိုဏ်းတပည့်များမှာလည်း ချီစုစည်းခြင်းအဆင့်မျှသာ ရှိသည်။ အချို့ ထူးချွန်လွန်းသူများသာ ခြေတည်အဆင့်သို့ ရောက်နေကြ၏။

ချီစုစည်းခြင်းအဆင့်မျှ ရောက်လျှင်ပင် ချင်းရွှမ်ဂိုဏ်း၌ တပည့်ခေါင်းဆောင် ပြန်ဖြစ်နိုင်ပြီး ခြေတည်အဆင့်မှာ အပြင်ဂိုဏ်း၏ အကြီးအကဲပင် ဖြစ်နိုင်သည်။

မြုတေဖွဲ့စည်းခြင်းမှာတော့ ဂိုဏ်းခေါင်းဆောင်၊ ဒုဂိုဏ်းခေါင်းဆောင်နှင့် အတွင်းဂိုဏ်းအကြီးအကဲများ ရှိတတ်ကြသည်။ ထိုအထက်ပိုင်းများဖြစ်သည့် ခြေတည်ဝိညာဉ်အဆင့်နှင့် နတ်ဘုရားအဆင့်မှာမူ ပို၍ အင်အားကောင်းသော ဂိုဏ်းများ၌သာ တွေ့တတ်လေသည်။

ရှန်မိုသာ ချီစုစည်းခြင်းအဆင့် အမြန်ပြန်ရောက်ပါက သူ့ကိုယ်သူ ကာကွယ်နိုင်ပြီ ဖြစ်၏။

…

နောက်တစ်နေ့။

ရှန်မို နိုးလာသည်နှင့် အပြင်ဘက်မှ ငိုညည်းသံအချို့ ကြားရသည်။ သူ တံခါးဖွင့်ကြည့်လိုက်သောအခါ လဲ့ယုံးနှင့် သူ့တပည့် (၂) ဦးပေါင်း၍ အပြင်ဂိုဏ်းတပည့်တစ်ဦးအား ရိုက်နှက်နေခြင်း ဖြစ်၏။

“မင်း အရင်လက အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး (၂၀) ငါ့ဆီက ချေးသွားပြီး အတိုးနဲ့ ပေးမယ်လို့ သဘောတူခဲ့တဲ့အတွက် ဒီလ (၃၀) ပေးရမှာနော်”

သူ့တပည့်များမှပါ ဝင်၍

“ဟုတ်တယ် ဟုတ်တယ်။ အစ်ကိုလဲ့က ဒီတစ်ခါ (၂၅) ခုပဲ တောင်းလိုက်တာ။ တော်တော် လျှော့ပေးထားတာနော်”

ထိုအခါ အရိုက်ခံထားရသော တပည့်မှ

“အဲ့တာ ကျွန်တော် ခန္ဓာကိုယ်ထိန်းညှိဆေး ဝယ်ဖို့ပါဗျာ။ အဲ့တာမရှိရင် နှစ်ကုန် စစ်ဆေးပွဲ ကျလိမ့်မယ်။ အစ်ကိုလဲ့ ပြန်ပေးပါနော်။ ကျွန်တော် တောင်းပန်ပါတယ်”

အခြားတပည့်များမှာလည်း လဲ့ယုံးဘက်ကပင်။ အားလုံး လက်ပိုက်၍သာ ဂရုမစိုက်သလို ကြည့်နေကြသည်။

အားနည်းသူများသာ ထိတ်လန့်ကြောက်ရွံ့နေကြ၏။ နောင်တစ်ချိန် သူတို့လည်း ပစ်မှတ် ဖြစ်လာမည်ကို စိုးရိမ်ကာ ဝင်မကူညီရဲကြပေ။

နောက်ဆုံးတော့ ထိုတပည့်မှ သွေးသံရဲရဲထွက်သည်အထိ အရိုက်ခံရသည်ကိုသာ ကြည့်ရတော့သည်။

လဲ့ယုံးမှာ ထိုတပည့်ရင်ဘက်အား နင်းလျက် နှာခေါင်းရှုံ့ကာ

“မှတ်ထား။ မင်း ငါ့ကို အကြွေး စိတ်ဝိညာဉ်ကျောက်တုံး (၅) ခု ကျန်သေးတယ်နော်”

သူ့တပည့် (၂) ဦးမှာ ရယ်မောလျက်

“သွားရအောင် အစ်ကိုလဲ့။ ထမင်းစားခန်းမှာ မနက်စာ သွားစားမယ်”

လဲ့ယုံးမှလည်း

“ဟုတ်တယ်။ စားပြီးရင် ကျမ်းစာအဆောင်ကို သွားရဦးမယ်။ အဆိုးဆုံး သိုင်းကွက်ကို ရှာရမှာပေါ့”

(၃) ယောက်သား ရယ်မောလှောင်ပြောင်၍ ထွက်သွားကြလေသည်။

ရှန်မိုမှာ အခန်းထဲမှ လှမ်းတွေ့လိုက်သော်လည်း သူ့လက်ရှိအင်အားဖြင့် ဝင်မပါနိုင်သေးချေ။

ရှန်မို၏ အရင်လူလည်း အင်အားကြီးစဉ်က ထိုအဖြစ်အပျက်များ ကြုံလျှင် ကူညီလေ့ရှိပါသည်။ သို့သော် သူ ကျင့်ကြံမှုကျပြီးတည်းက မည်သူမျှ မျက်နှာသာမရတော့ပေ။

“ဘာပဲဖြစ်ဖြစ် လဲ့ယုံး အခွင့်အရေး ထပ်တွေ့ဦးမှာပဲ”

ရှန်မို တွေးရင်း ချက်ချင်း လဲ့ယုံးကံကြမ္မာကို ဖွင့်ကြည့်လိုက်သည်။

[အမည်: လဲ့ယုံး]

[အဆင့်: ခန္ဓာကိုယ်ထိန်းညှိခြင်းအဆင့် အောင်မြင်မှုကြီး]

[ကြမ္မာ: လက်နက်ပညာရှင်၊ အနည်းငယ် ကံကောင်းသူ]

[အနာဂတ်: ချီစုစည်းခြင်းအဆင့် အောင်မြင်မှုကြီးသို့ ရောက်ရှိမည်။ ချင်းရွှမ်ဂိုဏ်း၏ အကြီးအကဲ ဖြစ်လာမည်။ နောက် (၇) နှစ်အကြာတွင် နတ်ဆိုး ကျင့်ကြံသူနှင့် တာဝန်အရ တိုက်ခိုက်ရင်း သေဆုံးမည်]

[လတ်တလောအခွင့်အရေး: ခုခံစွမ်းအားလျော့သည်ဟု ခံစားရ၍ ကျမ်းစာအဆောင်သို့ သွားရင်း ကျားလက်သီးသိုင်း သိမ်မွေ့နက်နဲခြင်းအဆင့်ကို မတော်တဆ တွေ့လိမ့်မည်]

လဲ့ယုံး၏ ကံကြမ္မာအချို့ ပြောင်းလဲသွားသည်ကို သတိပြုမိ၏။ သူ့အခွင့်အရေးကို လုယူလိုက်ခြင်းကြောင့် ဖြစ်နိုင်သည်။

“ကျမ်းစာအဆောင်သွားရင်း အဆင့်မြင့်သိုင်းကျမ်း တွေ့မယ်တဲ့လား။ ဇာတ်လမ်းထဲက အဓိက ဇာတ်ဆောင်ပဲ ကြုံရနိုင်တဲ့ အခြေအနေမျိုးပဲ”

ရှန်မို ရေရွတ်မိလေသည်။

ကျင့်စဉ်နှင့် သိုင်းများကို ရတနာများကဲ့သို့ပင် အဆင့်ခွဲထားပြီး အပြင်ဂိုဏ်းတပည့်များမှာ အဝါရောင်အဆင့်ကို အခမဲ့ ဖတ်ရှုလေ့လာနိုင်၏။

မဟုတ်လျှင်တော့ စိတ်ဝိညာဉ်ကျောက်တုံးဖြင့် ပေးချေရပါသည်။

သူ့အရင်လူမှာ ထူးချွန်သော်လည်း နောက်ခံကောင်း မရှိ၍ ကိုယ်တိုင်သာ ကြိုးစားရ၏။

“သူ ထမင်းစားခန်းမှာ မနက်စာ သွားစားတဲ့အချိန် ငါ အရင် ကျမ်းစာအဆောင်ကိုသွားပြီး ယူလိုက်ရင် ဖြစ်တာပဲ”

ချင်းရွှမ်ဂိုဏ်းမှာ ချင်းကန်တောင်တန်းတွင် တည်ထားခြင်း ဖြစ်သည်။

အမြင့်ဆုံးနှင့် အကြီးဆုံး တောင်တန်းမှာ အားလုံးကို လွှမ်းခြုံထားသည်။

အပြင်ဂိုဏ်းတပည့်များမှာ တောင်အောက်တွင် နေ၍ ကျမ်းစာအဆောင်၊ ရတနာတိုက်နှင့် အတွင်းဂိုဏ်းတပည့်များ အဆောင်မှာ တောင်ဘေးပတ်လည်တွင် ရှိသည်။

အပေါ်များတွင်တော့ အကြီးအကဲများ၊ ဒုဂိုဏ်းခေါင်းဆောင်နှင့် ခေါင်းဆောင်တို့၏ အဆောင်များ ရှိလေ၏။

ရှန်မို လှေကားတစ်လျှောက်တက်ရင်း စိတ်ဝိညာဉ်စွမ်းအင်များ ပိုခံစားလာရ၏။

လမ်းတစ်လျှောက်တွင်လည်း ဖြူဖွေးသော ရေတံခွန်၊ နက်ရှိုင်းသော ရေကန်၊ နဂါးများကဲ့သို့ နွယ်ပင်များ ရှိနေပြီး ထိုကြားထဲ၌ အဆောင်များစွာ ပုန်းအောင်းနေလေသည်။

ရှန်မိုတစ်ေယောက် ထိုကဲ့သို့ နတ်ဘုံမျိုးကို ပထမဆုံး တွေ့ဖူးခြင်း ဖြစ်၏။

All Chapters