← Chapters

လဲ့ယုံးသေဆုံးမှု

Vol. 1 Ch. 4

လဲ့ယုံးသေဆုံးမှု

Vol. 1 Ch. 4

တစ်ဖက်တွင်။

ရှန်မိုတစ်ယောက် ကျမ်းစာအဆောက်အဦမှ ထွက်လာပြီးနောက် အပြင်ဂိုဏ်းတပည့်အဆောင်သို့ အမြန်ပြန်ကာ သူ့အခန်းထဲ ဝင်လိုက်သည်။

အခန်းထဲရောက်သည်နှင့် တံခါးကို သေချာ တင်းကြပ်စွာပိတ်၍ ရင်ဘက်ထဲ ဖွက်လာသည့် စာရွက် (၂) ရွက်ကိုထုတ်၍ စိတ်ဝင်တစား လေ့လာလေ၏။

ဖတ်ရင်း ဖတ်ရင်း အချိန်မှာ (၂) နာရီမျှပင် ကြာသွားသည်။

အားလုံးပြီးနောက် ရှန်မို သက်ပြင်းချလိုက်ပြီး

“ဒီဓားသိုင်းက ထူးခြားတာပဲ။ အင်အားနဲ့ အရှိန်ကို တိုးတက်စေပြီး ကျင့်ကြံမှု အခက်အခဲလည်း ရှိတယ်”

“ဒါပေမဲ့ တခြားလူတွေရဲ့ အခွင့်အရေးတွေ လိုက်ယူရင်း ကျင့်ကြံမှုအရှိန်မြှင့်နိုင်မယ့်နည်းလမ်း တွေ့ဦးမှာပါ”

“စပြီး လေ့ကျင့်ကြည့်တာပေါ့”

ရှန်မို စာရွက်ကို ဘေးချကာ ဓားတစ်လက်ကိုင်၍ ဖြည်းဖြည်းချင်း စလေ့ကျင့်လေ၏။

ထိုပြင်းထန်သော ကျင့်စဉ်ဖြင့် လဝက်အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားတော့သည်။

တောင်ခြေ ဝါးတောထဲတွင်။

ထိုအချိန်တွင် လေထဲ၌ ခုတ်ဖြတ်သံအချို့ အဆက်မပြတ် ကြားနေရသည်။

ခပ်လှမ်းလှမ်းမှ ကြည့်လျှင် ဓားတစ်လက်ကို ကိုင်ထားသော လူငယ်တစ်ဦးအား တွေ့နိုင်၏။

လျှပ်စီးကဲ့သို့ လျင်မြန်သော အရှိန်နှင့် သေစေလောက်သည့် သိုင်းကွက်။

ခဏအကြာတွင် လူငယ်လေးမှ ဓားကိုခုတ်လွှဲလိုက်စဉ် ဝါးရွက်များစွာ မြေပေါ်တွင် ပျံ့ကျဲသွား၏။

လူငယ်လေးသည် ချွေးများ ရွှဲနစ်လျက်မှ ကျေနပ်စွာ ရယ်မောလိုက်ပြီး

“မိုးကြိုးအရိပ်ဓားသိုင်းက တကယ် ကြမ်းတာပဲ။ အကွက်တိုင်းက ရိုးရှင်းပေမဲ့ အင်အား သုံးရတယ်”

“ငါလည်း ခန္ဓာကိုယ်ထိန်းညှိခြင်းအဆင့် အောင်မြင်မှုကြီးအထိ ရောက်နေလို့ တော်သေးတာပေါ့။ မဟုတ်ရင် တစ်ချက်တည်းနဲ့ တော်တော် ပင်ပန်းနေပြီ”

ထိုလူငယ်လေးမှာတော့ အခြားမဟုတ်။ ရှန်မိုပင်။

မိုးကြိုးအရိပ်ဓားသိုင်းမှာ အဆင့် (၃) ဆင့်ရှိပြီး အတွင်းဂိုဏ်းတပည့်များနှင့် အကြီးအကဲများ လေ့ကျင့်စဉ်ကပင် ဒုတိယအဆင့်အထိသာ နားလည်၍ ရပ်တန့်နေကြသည်။

အဆင့် (၃) ကို နားလည်သူ အလွန်ရှား၏။

ရှန်မိုမှ လဝက်အတွင်း ဒုတိယအဆင့်အထိ နားလည် တတ်ကျွမ်းနိုင်ခြင်းမှာ ကံကောင်းသော အခွင့်အရေးများကြောင့် ဖြစ်လေသည်။

သူ အစောင့်၏ အခွင့်အရေးဖြစ်သည့် ရတနာကြွက်ကို ဖမ်းနိုင်ခဲ့ပြီး အဆင့်နိမ့် စိတ်ဝိညာဉ် ကျောက်တုံး (၂၀) ကျော် ရလိုက်၏။

ထိုကျောက်တုံးများဖြင့် ရတနာတိုက်မှ ခန္ဓာကိုယ်ထိန်းညှိခြင်းဆေး (၂) လုံး ဝယ်လိုက်ပြီး ယခုလဝက်အချိန်အတွင်းလည်း လဲ့ယုံးထံမှ အခွင့်အရေး (၂) ခု ထပ်ယူခဲ့လေသည်။

တစ်ခုမှာ သူ့ဓားသိုင်းကို တိုးတက်စေသည့် နည်းဖြစ်ပြီး နောက်တစ်ခုမှာ ရေကန်အောက်မှ တွေ့ခဲ့သည့် ရေညှိတစ်မျိုး ဖြစ်၏။

ထိုရေညှိမှာ အဆင့်မြင့် အဝါအဆင့် ဆေးပင်ဖြစ်ကာ ဆေးလုံးအဖြစ် အထူးမွမ်းမံစရာမလိုဘဲ တိုက်ရိုက် စားသုံးရုံဖြင့် ကျင့်ကြံမှုကို တိုးတက်စေနိုင်သည်။

ထိုရေညှိတစ်ရွက်မှာ ခန္ဓာကိုယ်ထိန်းညှိခြင်း ဆေး (၂) လုံးအင်အားနှင့် ညှီမျှ၏။ အလွန် အဖိုးတန်လွန်းပါသည်။

ရှန်မိုသည် လဲ့ယုံး ရှာမတွေ့မီ ထိုအခွင့်အရေးများကို ဆုပ်ကိုင်နိုင်ခဲ့၏။

ထို့ကြောင့် ယခုလို လျင်မြန်စွာ အဆင့်တက်လာခြင်း ဖြစ်သည်။

“မှတ်မိသလောက်တော့ ဒီနေ့က အပြင်ဂိုဏ်းတပည့်တွေအတွက် ဆေးရည်ေဝေတဲ့နေ့ပဲ”

ရှန်မိုမှာ အရင်လူ၏ မှတ်ဉာဏ်ကို ရုတ်တရက် သတိရသွားသည်။

လတိုင်း အပြင်ဂိုဏ်းတပည့်များမှာ နှစ်တစ်ရာဆေးရည် (၂) ပုလင်းစီ ရပါသည်။

သို့သော် ထိုဆေးရည် (၁၀) ပုလင်းမှာပင် ခန္ဓာကိုယ်ထိန်းညှိခြင်းဆေး (၁) လုံးကို မမှီသေး။ မည်သို့ပင်ဖြစ်စေ ရှိထားခြင်းက မရှိခြင်းထက်တော့ ပိုကောင်း၏။

ဤသို့ဖြင့် သူ အပြင်ဂိုဏ်းတပည့်များအဆောင်ကို ပြန်ရောက်သောအခါ တပည့်များ ကြို၍ စုဝေးနေကြလေပြီ။

အလယ်တွင်မူ စင်မြင့်ကဲ့သို့ ခုံလေး ရှိ၏။

ထိုပေါ်တွင် တပည့်ခေါင်းဆောင်တစ်ဦး ရပ်နေသည်။

တပည့်ခေါင်းဆောင်ဆိုသည်မှာ အကြီးအကဲများအဆင့် မဟုတ်ဘဲ အတွင်းဂိုဏ်းတပည့်သာ ဖြစ်၏။

အချို့မှာ ဂိုဏ်းအတွင်းမှ အဆောင်များ၊ လုပ်ငန်းများ၊ တပည့်အသစ် ရွေးချယ်ရေးများတွင် တာဝန်ယူကြရသည်။

ချင်းရွှမ်ဂိုဏ်းနယ်မြေထဲတွင် ချင်ရှန်မြို့အပါအဝင် မြို့ (၃) ခုရှိပြီး ရွာပေါင်းဆယ်ချီရှိပြီး ရပ်ကွက်ငယ် ရာနှင့်မက ရှိလေသည်။

အပြင်ဂိုဏ်းတပည့်များမှာ တန်းစီလျက် တစ်ယောက်ပြီးတစ်ယောက် ဆေးရည်များ ယူကြ၏။

ဆေးရည်ယူပြီးနောက် တိုကင်ပြားထားကာ ပိုမယူရန် စည်းကမ်းပြုလုပ်ထားသည်။

ရှန်မိုလည်း ဆေးရည်ယူထားလိုက်သည်။

ထို့နောက် အခွင့်အရေးထပ်ရှာရန် ဟိုဟိုဒီဒီ သွားကြည့်လေ၏။

သို့သော် ဆေးရည်လာဝေသော တပည့်ခေါင်းဆောင် ပြန်သွား၍ လဲ့ယုံးမှ တပည့်များ၏ အခန်းတိုင်းကို လိုက်ခေါက်ကာ ဆေးရည်လိုက်တောင်းနေသည်။

တစ်ပုလင်းကို တောင်း၍ တစ်ပုလင်းသာ ပေးသုံးလေသည်။

မဟုတ်လျှင် ပုန်ကန်မှု မြန်ဆန်နိုင်၏။

အချို့မပေးချင်၍ ပေကပ်ကပ် လုပ်နေသူများမှာ လဲ့ယုံးနှင့်အဖွဲ့၏ ရိုက်နှက်ခြင်းကို ခံရလေသည်။

မကြာမီ ရှန်မိုအခန်းသို့ ရောက်လာကြ၏။

လဲ့ယုံး နှာခေါင်းရှုံ့လျက်

“ဟေ့ စီနီယာရှန် ဒီတစ်လော မတွေ့ရတာ ကြာပြီနော်။ တွေ့တိုင်း တစ်ချိန်က ထိပ်တန်းအပြင်ဂိုဏ်းတပည့် တစ်ယောက် ဖြစ်ခဲ့တာကို သတိရပါသေးတယ်”

သူ့နောက်လိုက် (၂) ဦးမှာလည်း ရယ်မောလျက်

“ဟုတ်ပါ့။ အဲ့တုန်းကတော့ ရွှေခေတ် ရောက်ခဲ့တာပေါ့”

“ဆိုးလိုက်တာ။ အခုတော့ အရှုံးသမား ဖြစ်နေပြီနော်”

လဲ့ယုံး လှောင်သလိုပြောပြီးနောက်

“အခုထုတ်ပေး။ မဟုတ်ရင် အရိုက်ခံရမယ်”

ရှန်မို မျက်မှောင်ကြုတ်သွား၏။

လဲ့ယုံးခါးတွင် ဓားတစ်လက်ချိတ်ထားသည်ကို တွေ့ရပြီး သူသာ မိုးကြိုးအရိပ်ဓားသိုင်းကို သုံးပါက လဲ့ယုံး၏ လည်ပင်းကို တစ်ချက်တည်း ခုတ်နိုင်လောက်သည်။

သူ့နောက်လိုက်များမှာလည်း ခန္ဓာကိုယ်ထိန်းညှိခြင်းအဆင့် အောင်မြင်မှုငယ်မျှသာ ရှိသောကြောင့် မပြောပလောက်ပေ။

သို့သော် ချင်းရွှမ်ဂိုဏ်း၌ တပည့်အချင်းချင်း သတ်ဖြတ်မှုကို ပြင်းထန်စွာ တားမြစ်ထားသည်။

လဲ့ယုံးကို သတ်ရမည်မှာ ကောင်းသော်လည်း သူလည်း သေဒဏ်ကျနိုင်၏။

ထို့ကြောင့် အခွင့်အရေးရမှ သူ့ကို ဂိုဏ်းထဲမှ နှင်ထုတ်နိုင်ရန်သာ တွေးထားလိုက်သည်။

ရှန်မို ဆေးရည်တစ်ပုလင်း ထုတ်ပေးလိုက်၏။

လဲ့ယုံး မဲ့ပြုံးပြုံးလျက်

“ဟင့်အင်း။ တစ်ပုလင်းနဲ့ ဘယ်ရမလဲ”

ရှန်မိုအကြည့်များ စူးရှသွားသည်။

လဲ့ယုံးမှ

“မင်းအခြေခံက ပျက်စီးပြီးသားလေ။ ဆေးရည် သောက်နေလည်း အလကားပဲ။ ငါ့ကိုပေးလိုက်တာ ပိုကောင်းတယ်။ ငါ ကောင်းကောင်း အသုံးချပေးမှာပေါ့”

နောက်လိုက်များမှာ ရယ်မော၍

“ဟုတ်တယ်။ ဒုက္ခိတက ဆေးသောက်တော့ ဘာရမှာလဲ”

ရှန်မို ခဏငြိမ်နေပြီးနောက် ကျန်ဆေးရည်ပုလင်းကိုပါ ပေးလိုက်သည်။

လဲ့ယုံး ပြုံး၍

“ဉာဏ်တော့ ကောင်းသားပဲ…”

ထို့နောက် ရှန်မိုအား ဆောင့်ကန်လိုက်ရာ လွင့်ထွက်သွားတော့သည်။

“ဒါပေမဲ့ ဉာဏ်ကောင်းရုံနဲ့ အရိုက်မခံရဘူးလို့ ဘယ်သူပြောလဲ။ ဟားဟားဟား”

လဲ့ယုံး အားရပါးရ ရယ်မောကာ ဆေးပုလင်းများကိုင်လျက် နောက်တစ်ခန်းသို့ ထွက်သွား၏။

ရှန်မို စိတ်ထိန်း၍ ပြန်ထကာ ရင်ဘက်ကိုဖိ၍ အေးစက်စက် ငေးကြည့်နေသည်။

ဒီနေ့ လဲ့ယုံး သေလိမ့်မယ်။

သူ ယခုလေးတင် လဲ့ယုံး၏ ကံကြမ္မာကို တွေ့လိုက်ပါသည်။

[အမည်: လဲ့ယုံး]

[အဆင့်: ခန္ဓာကိုယ်ထိန်းညှိခြင်းအဆင့် အောင်မြင်မှုကြီး]

[ကြမ္မာ: လက်နက်ပညာရှင်၊ အနည်းငယ် ကံကောင်းသူ]

[အနာဂတ်: ချီစုစည်းခြင်းအဆင့်၌ ရပ်တန့်ကာ တပည့်ခေါင်းဆောက် ဖြစ်လာမည်။ နောက် (၅) နှစ်အကြာတွင် တာဝန်ထမ်းဆောင်ရင်း အဖွဲ့သားများ၏ သစ္စာဖောက်ခံရကာ အသတ်ခံရမည်]

[လတ်တလော အခွင့်အရေး: ယနေ့ နေ့လယ်ခင်းတွင် ချင်းရွှမ်ဂိုဏ်းမှထွက်၍ နဂါးတောင်တွင် တပည့်မတစ်ဦးနှင့် တွေ့ဆုံမည်။ တပည့်မသည် ပိုအားကြီးသည့် အမျိုးသားကိုတွေ့ကာ သူ့ကို ထားသွား၍ သစ်ပင်များအပေါ် ဒေါသပုံချရင်း နှစ်တစ်ရာသွေးလင်ဇီးကို ရှာတွေ့မည်။ ထိုဆေးကို စား၍ ခန္ဓာကိုယ်ထိန်းညှိခြင်း နောက်ဆုံးအဆင့်သို့ ရောက်ရှိမည်]

သွေးလင်ဇီးမှာ အလွန်ရှားပါးပြီး အဆင့်မြင့် အဝါအဆင့် ဆေးပင်ဖြစ်သည်။

ထို့ကြောင့် နှစ်တစ်ရာသက်တမ်းရှိသော ထိုဆေးပင်မှာ ပိုအဆင့်မြင့်သေး၏။

ရှန်မိုမျက်လုံးများ အလွန်လေးနက်သွားသည်။ ထို့နောက် ချက်ချင်း ထပြင်ဆင်လေသည်။

…

နဂါးရိုင်းတောင်။

ထိုနေရာမှာ ချင်းရွှမ်ဂိုဏ်းတောင်တန်းဂိတ်၏ မိုင် (၃၀) အကွာတွင်ရှိပြီး သစ်ပင်ကြီးတစ်ပင်အောက်တွင် လဲ့ယုံး ကြိုစောင့်နေလိုက်၏။

နတ်သမီးကဲ့သို့ မိန်းကလေးကို တွေးရုံဖြင့် လဲ့ယုံး စိတ်ထဲ ပူလောင်လာသည်။

“ဒီနေ့ ငါ့ရဲ့ ငွေလှံတံအစွမ်းကို ခံစားဖူးစေရမယ်”

သူ ရယ်မောရင်း ရင်ခုန်နေ၏။

သို့သော် အချိန်အတော်ကြာအောင် စောင့်နေသည်အထိ တပည့်မလေးမှာ ပေါ်မလာပေ။

သူ မျက်မှောင်ကြုတ်ကာ ငေးကြည့်ရင်း အခြေအနေကို သဘောပေါက်လာသည်။

သူ့မှာ တခြားကောင်ရှိနေတာလား။

လဲ့ယုံး အလွန်ဒေါသထွက်လျက် နီးစပ်ရာသစ်ပင်များကို လိုက်ခုတ်နေတော့သည်။

သဲအိတ်အဖြစ်နေပေးမည့် လူတစ်ယောက်ယောက် တွေ့ရရန် မျှော်လင့်မိ၏။

ထိုစဉ် အနောက်ဘက်မှ အံ့ဩသောအသံတစ်ခု ပေါ်လာသည်။

“စီနီယာလဲ့လည်း ဒီရောက်နေတာကိုး အတော်ပဲ”

All Chapters