← Chapters

အပြင်ဂိုဏ်း၏ အတော်ဆုံးတပည့်

Vol. 1 Ch. 10

အပြင်ဂိုဏ်း၏ အတော်ဆုံးတပည့်

Vol. 1 Ch. 10

ထိုအချိန်တွင် ရှန်မိုမှာ အင်အားစစ်ဆေးခြင်းတိုင်ကြီး ရှေ့သို့ ရောက်နေလေပြီ။ ဘယ်ဘက်ခြေကို ရှေ့ထုတ်၍ အားယူကာ ညာလက်သီး၌ စွမ်းအင်များ စုစည်းလျက် ထိုးချလိုက်၏။

ဘုံး!

ငွေရည်များမှာ (၁) ပေ (၃) လက်မအထိ မြင့်တက်သွားသည်။

ကြီးကြပ်သူသည် ပါးစပ်အဟောင်းသားဖြင့် အံ့ဩနေမိ၏။

“တစ်ပေ… တစ်ပေနဲ့ သုံးလက်မ။ အဲ့တာက… အဲ့တာက ချီစုစည်းခြင်းအဆင့်ပဲ”

ရှန်မို့အပေါ် အကြည့်များ ပြောင်းသွားသည်။

သူ့ကျင့်ကြံမှု ပျက်စီးနေတာကို ချီစုစည်းခြင်းအဆင့်အထိ ကျင့်ကြံနိုင်တာလား။

လူအုပ်ထဲမှ တီးတိုး ပြောဆိုသံများလည်း တစ်စတစ်စ ပေါ်ထွက်လာ၏။

အားလုံးမှင်တက်၍ နားမလည်နိုင် ဖြစ်နေကြသည်။

ရှောင်းဖန်လည်း ကြောင်အမ်းနေသည်။

စိတ်အေးလက်အေး ဖြစ်နေသော လဲ့ရှောင်းကျန်၊ လျှိုယွီဖုန်နှင့် ကောဖန်တို့သည်လည်း ရုတ်တရက် မျက်နှာပျက်သွားကြ၏။

ရှန်မို ကြည့်ရှုနေသူများဘက်လှည့်ကာ

“ကျွန်တော် ရှန်မိုအနေနဲ့ အပြင်ဂိုဏ်းတပည့်တွေထဲမှာ ထိပ်ဆုံး ပြန်ဖြစ်ခဲ့ပါပြီ။ မကျေနပ်တဲ့သူ ရှိပါသလား”

အားလုံး တိတ်ဆိတ်၍ အချို့ အားနည်းသူများမှာ ကြောက်လန့်လျက် မျက်လုံးချင်းမဆုံရဲအောင် ဖြစ်နေသည်။ ရှောင်းဖန်လည်း အပြစ်ရှိသလို ခံစားရကာ ခေါင်းငုံ့လျက်ရှိသည်။

ရုတ်တရက် လဲ့ရှောင်းကျန်မှ

“ဂျူနီယာရှန် မင်းရဲ့အခြေခံ ပျက်စီးနေတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် ပြန်ကျင့်ကြံနိုင်သွားတာလဲ”

သူ့အသံမှာ ကွင်းပြင်တစ်ခုလုံးကို ပဲ့တင်ထပ်သွားပြီး အားလုံးလည်း စိတ်ဝင်တစား နားစွင့်နေကြသည်။

အခြေခံပျက်စီးသူမှာ ချီစုစည်းခြင်းအဆင့်အထိ ပြန်ကျင့်ကြံနိုင်ခြင်းသည် အလွန်ထူးဆန်း၏။

ရှန်မိုမှာ ပြုံးလျက်

“ကံကောင်းပြီး စိတ်ဝိညာဉ် သန့်စင်ဆေး ရှာတွေ့သွားလို့ အခြေခံ ပြန်တည်ဆောက်နိုင်သွားတာပါ။ စိတ်ပူပေးတာ ကျေးဇူးတင်ပါတယ် စီနီယာလဲ့”

သူ့စကားကြောင့် အားလုံး တုန်လှုပ်သွားကြသည်။

“မဖြစ်နိုင်တာ။ ဒီလိုဆေးမျိုး ရှာတွေ့တယ်လား။ ကံကောင်းလိုက်တာ”

“စိတ်ဝိညာဉ်သန့်စင်ဆေးဆိုတာ သိမ်မွေ့နက်နဲခြင်းအဆင့်ပဲ။ ဘုရားရေ ငါတော့ ဘယ်တော့များမှ ကံကောင်းမလဲ မသိပါဘူး”

“ရှန်မိုက အရမ်းကံကောင်းတာပဲ။ ငါ့မှာ အဲ့ကံရဲ့ နည်းနည်းလောက်လေးပဲ ရှိရင်တောင်…”

ရုတ်တရက် လဲ့ရှောင်းကျန် ပြုံးလျက်

“ဂျူနီယာရှန် ဒီတစ်လော ချီစုစည်းခြင်းအဆင့် ရောက်နေရဲ့သားနဲ့ ဘာလို့ တမင်ဖုံးထားတာလဲ”

ရှန်မိုလည်း အပြုံးမပျက်ဖြင့်

“ပြောရရင်တော့ တစ်ယောက်ယောက် လာပြီး တိုက်ခိုက်မှာစိုးလို့ပါ”

နှစ်ယောက်သား အကြည့်ချင်းဆုံကာ လေထုထဲတွင် မီးတောက်များ တောက်တော့မလို ဖြစ်နေသည်။ ကောဖန်မှ ဘေးရှိ လဲ့ရှောင်းကျန်ကို ခပ်တိုးတိုး ကပ်ပြောလေသည်။

“ဒီလူက မင်းရဲ့ညီလေး သေဆုံးတဲ့ကိစ္စနဲ့ ပတ်သက်နေမှာ သေချာတယ်”

လျှိုယွီဖုန်မှလည်း

“ငါတို့ ဒီညပဲ လှုပ်ရှားကြတာပေါ့။ သူ့ကို ဂိုဏ်းအပြင် ခေါ်ထုတ်ပြီး သတ်ပစ်မယ်”

လဲ့ရှောင်းကျန် နှာခေါင်းရှုံ့လျက်

“မဟုတ်သေးဘူး။ မင်းတို့ သူ့ကို အထင်သေးနေတာပဲ။ အခုလိုနေရာမှာ အင်အား ထုတ်ပြရဲတယ်ဆိုတာ သူ ကြိုပြင်ထားလို့ ဖြစ်မယ်။ ငါ့အထင်တော့ ငါ့ကို စိန်ခေါ်လာလိမ့်မယ်”

ရှန်မိုမှာ ကြီးကြပ်သူကို လှမ်းကြည့်၍

“စီနီယာကြီးကြပ်ရေးမှူး ကျွန်တော် အခု အတွင်းဂိုဏ်းတပည့်ကို စိန်ခေါ်လို့ ရပြီလား”

ကြီးကြပ်သူမှာ ရုတ်တရက် မှင်တက်နေပြီးမှ

“ဒါပေါ့။ ရပါတယ်။ နိုင်ခဲ့ရင် သူ့နေရာကို ရပါပြီ”

သူ့စိတ်ထဲတွင်တော့ တုန်လှုပ်စွာ တွေးလိုက်မိ၏။

“ဂျူနီယာရှန် မင်း လဲ့ကို စိန်ခေါ်ဖို့ တွေးနေတာတော့ မဟုတ်ပါဘူးနော်”

သို့သော် ထိုအချိန်၌ပင် ရှန်မိုမှ တဲငယ်လေးထဲရှိ လဲ့ရှောင်းကျန်ကို လက်ညှိုးထိုးပြလိုက်လေသည်။

“စီနီယာလဲ့ ကျွန်တော့်စိန်ခေါ်မှုကို လက်ခံပါသလား”

အသံမှာ မကျယ်သော်လည်း အားလုံး ကြည်လင်စွာ ကြားလိုက်ရသည်။

“အခုမှ ချီစုစည်းခြင်းအဆင့်ကို ရောက်တာကို စိန်ခေါ်ရဲတယ်လား”

“ဘုရားရေ ရှန်မိုက ရဲလိုက်တာ”

“ဟုတ်ပါ့။ ရှောင်းဖန်လို ပါရမီရှင်တောင် ရှုံးခဲ့တာ။ ရှန်မိုက ယှဉ်နိုင်ပါ့မလား”

တပည့်များအချင်းချင်း ဝေဖန်ဆွေးနွေးနေကြ၏။ ရှန်မို့ကိုလည်း ရူးနေသကဲ့သို့ ကြည့်နေကြသည်။

လဲ့ရှောင်းကျန်မှာတော့ ပြုံးလျက်

“ငါကတော့ အမြဲတမ်းပြိုင်ဘက်ကောင်းကို စောင့်နေတာပါ။ ဂျူနီယာရှန် စိတ်ဝင်စားတယ်ဆိုရင်လည်း ဘယ်ငြင်းနိုင်ပါ့မလဲ။ ဒါပေမဲ့ ငါက ပိုအင်အားကြီးတယ်နော်။ ထိခိုက်သွားမှ အဆိုးမဆိုနဲ့”

သူသည် လေလွင့်သစ်ရွက်လေးကဲ့သို့ ပေါ့ပါးစွာ ပျံသန်းရင်း စင်မြင့်ပေါ် ဆင်းသက်လိုက်သည်။ ထိုအခါ ရှေ့ဆုံးမှကြည့်နေသော တပည့်အချို့နှင့် ကြီးကြပ်သူလည်း ရှောင်ပေးလိုက်ကြသည်။ ချီစုစည်းခြင်းအဆင့် နှစ်ဦး၏ တိုက်ပွဲတွင် နီးနီးကပ်ကပ်နေရင်း ထိခိုက်နိုင်၏။

လဲ့ရှောင်းကျန်မှာ ပြုံးလျက်

“ဒီလိုအခြေအနေမျိုး တစ်ခါမှ မတွေးထားမိဘူးပဲ။ အရင်က စစ်ဆေးတာတွေကို ဆက်တိုက်ဟန်ဆောင်ထားပြီး ဒီနေ့မှ ထုတ်ပြလိုက်တယ်။ အဲ့တာနဲ့ပဲ ငါ့ကို နိုင်မယ်ထင်လား။ အရမ်းငယ်သေးတယ်ကွ”

ရှန်မိုလည်း ပြုံးလျက်

“အရမ်းကြီးမြတ်သလို လုပ်မနေပါနဲ့။ ကျွန်တော့်ထက် အသက် (၃) နှစ်ပဲ ပိုကြီးတာပါ”

လဲ့ရှောင်းကျန် မျက်နှာပျက်သွားပြီး

“မင်းက အပြောတော့ ကောင်းသားပဲ”

ထို့နောက် ချက်ချင်းပင် ကျားရိုင်းတစ်ကောင်ကဲ့သို့ လျင်မြန်စွာ ခုန်အုပ်လိုက်လေ၏။

ကြီးမားသော လက်သီးဖြင့် ရှန်မိုအား ထိုးရန် ပြင်လိုက်သည်။

သို့သော် ရှန်မိုလည်း လက်သီးဖြင့် ပြန်လည် ခုခံလိုက်သောကြောင့် နှစ်ယောက်စလုံး အနည်းငယ် ခြေလှမ်းဆုတ်သွားကြ၏။ သို့သော် ရှန်မိုမှာ ခြေ (၅) လှမ်းနှင့် လဲ့ရှောင်းကျန်သည် (၃) လှမ်း ဖြစ်သည်။

အားလုံး အလွန်တုန်လှုပ်နေကြ၏။

ဘယ်လိုဖြစ်တာလဲ။ အင်အားက သိပ်မကွာပါလား။

လဲ့ရှောင်းကျန်သည် အားရပါးရ ရယ်မောလျက်

“ဂျူနီယာရှန်က တိတ်တိတ်လေး ကျင့်ကြံနေရင်းနဲ့ တော်တော် အင်အားကြီးနေပြီပဲ။ ကောင်းပြီ။ ငါ့ရဲ့ မိုးကြိုးလက်သီးသိုင်းကို သုံးပေးရမှာပေါ့။ သေချာ ကြည့်ထားနော်”

“လဲ့ရှောင်းကျန်ရဲ့ အဲ့သိုင်းကွက်က တကယ်မြင့်တာ”

“ဟုတ်တယ်။ အဲ့နည်းနဲ့ အတွင်းဂိုဏ်းတပည့်တွေကိုတောင် နိုင်ထားတာလေ”

ရှောင်းဖန်နှင့် လျှိုဖေးတို့ ပြောမိကြ၏။

ရှန်မိုမှာတော့ ဂရုမစိုက်သလိုပင်။

သူ့ဝှက်ဖဲဖြစ်သည့် မိုးကြိုးအရိပ်ဓားသိုင်းကိုပင် သုံးစရာမလိုချေ။ ကျားလက်သီးသိုင်းမျှဖြင့် ဖြေရှင်းနိုင်၏။

ရှန်မိုမှ လှမ်းအော်လိုက်သည်။

“စီနီယာလဲ့က အင်အားကြီးတော့ ကျွန်တော့်အစွမ်းလည်း ထုတ်ပြရမှာပေါ့။ ဒါပေမဲ့ ကျားလက်သီးသိုင်းက ပြင်းတယ်နော်။ ကျွန်တော်ကိုယ်တိုင်တောင် လန့်လန့်သွားတာ။ စီနီယာလဲ့ ထိခိုက်သွားရင် ကျွန်တော့်အဆိုးမဆိုနဲ့နော်”

All Chapters