တိုက်ပွဲစတင်ခြင်း
Vol. 21 Ch. 301
ထိုအချိန်တွင် ရုံးခန်းထဲ၌ အပြင်းအထန် အခြေအနေ ဖြစ်နေကြသည်။
လင်းချွမ်မှာ ဓားမြှောင်ကို ကိုင်လျက် တိုက်ပွဲအတွက် အသင့်ဖြစ်နေသည်။
တစ်ဖက်တွင် ဗလကြီး (၆) ဦးမှာ (၄၀) စင်တီခန့် ရှိသော တုတ်များဖြင့် ဝှေ့ယမ်းကာ လျင်မြန်စွာ လှုပ်ရှားနေကြ၏။
လင်းချွမ် ထိုလက်နက်ကို ကောင်းကောင်း သိပါသည်။
ထိုတုတ်မှာ အမေရိကန်နိုင်ငံမှ ထုတ်လုပ်ပြီး စတီးလ်အလွိုင်းများ ပေါင်းစပ်ကာ အဆင့်မြင့်မြင့် အလွယ်တကူ အသုံးပြုနိုင်ရန် ပြုလုပ်ထားခြင်း ဖြစ်သည်။
ထိုတုတ်တံလောကတွင် ယခု ASP အမျိုးအစားမှာ နာမည်ကြီးပြီး ရှုံးနိမ့်မှု ရာနှုန်း အလွန်နည်း၏။
ခီခီမှာတော့ ထိုကဲ့သို့ လက်နက်မျိုး မကိုင်ဘဲ ဘေးမှသာ ကြည့်နေသည်။
လင်းချွမ် တုတ်တံဟုဆိုသော်လည်း အထင်မသေးရဲပေ။
မည်သို့ပင်ဖြစ်စေ အရေအတွက် များနေ၏။
ခီခီသည် စားပွဲရှေ့တွင် ရပ်နေပြီး ပစ်စတိုကို ထုတ်၍ အသင့်ရပ်နေလေသည်။
သို့သော် လင်းချွမ်အတွက် ခြေလှမ်း (၇) လှမ်းမျှအတွင်း သေနတ်က ပိုမြန်မည်လား။ ဓားက ပိုမြန်မည်လား။
ပြိုင်ဘက်ကောင်းရှိပါက အသုံးမဝင်သည့် သူရဲကောင်းဟူ၍ မရှိပေ။
ထို့ကြောင့် သေနတ်က မြန်သည်ဖြစ်စေ၊ ဓားက မြန်သည်ဖြစ်စေ အကာအကွယ်က ပိုအရေးကြီးပါသည်။
ထိုအချိန်တွင် ဗလကြီးများမှာ လင်းချွမ်အနီး၌ အုံနေ၍ ခီခီမှ သေနတ်လှမ်းပစ်လျှင် သူ့လူများကိုသာ ထိပေမည်။
အခြေအနေမှာ လင်းချွမ်အတွက် အကျိုးရှိနေပြီး ဗလကြီး (၆) ဦးအား ဒိုင်းအဖြစ် ကာနိုင်၏။
ပြောရလျှင် သူ ကျည်ကာအင်္ကျီကိုလည်း လုံခြုံရေးအတွက် ကြိုဝတ်လာပြီး ဖြစ်လေသည်။
ဒုန်း!
ခီခီ ကျည်တောင့်ကဒ်ထည့်လိုက်ပြီး စိတ်လှုပ်ရှားစရာ အသံ ထွက်ပေါ်လာသည်။
လင်းချွမ်အတွက်လည်း ပို၍ နိုးနိုးကြားကြား ဖြစ်သွားစေ၏။
သူ သေမည့်အချိန်ကို ဘာမှမလုပ်ဘဲ ထိုင်စောင့်ခြင်းတော့ မလုပ်နိုင်ပါ။
လင်းချွမ် မျက်မှောင်ကြုတ်၍ ချက်ချင်း စားပွဲပေါ်မှ ရေနွေးအိုးကို ယုခီခီထံ အရှိန်ဖြင့် ပစ်ပေါက်လိုက်သည်။
သူ ဂျက်ကီချန်းစတိုင်လ် တိုက်ခိုက်ခြင်း ဖြစ်၏။
သာမာန်ကြည့်လျှင် ထူးဆန်းသည် ထင်ရသော်လည်း သက်ရောက်မှု အလွန်ကြီးသည်မှာ ငြင်းမရပေ။
ဘုံး!
ရေနွေးအိုးမှာ ယုခီခီရှိရာသို့ မှန်ကန်စွာ ခုန်ပျံသွားပြီး ရေများ လမ်းတွင် စင်ကုန်၏။
ယုခီခီလည်း အခြေအနေကို သတိထားမိသည်နှင့် ကိုယ်ကိုစောင်း၍ အမြန် ရှောင်လိုက်ရသည်။
မဟုတ်လျှင် ရေနွေးများစင်၍ သူ့လုပ်နိုင်စွမ်း လျော့ကျကာ အဖွဲ့အတွက် ၈၀% အထိ ဆုံးရှုံးနိုင်ပါသည်။
ဒေါက် ဒုန်း!
သူ ကျည်တောင့်ကို ပြင်၍ ချိန်လိုက်စဉ် လင်းချွမ်မှာ ဗလကြီး (၆) ယောက်ကြား စတင် လုံးထွေး သတ်ပုတ်နေလေပြီ။
ထိုအခါ ခီခီ ချက်ချင်း မပစ်နိုင်တော့ဘဲ လင်းချွမ်အား ခက်ခက်ခဲခဲ ပစ်မှတ်ချိန်နေရ၏။
တစ်လှမ်းနောက်ကျသည်နှင့် အားလုံး နောက်ကျလေပြီ။
လင်းချွမ်အရှိန်မှာ အလွန်မြန်၍ ညာဘက်လက်ရှိ ဓားမြှောင်သည် ဖျတ်လတ်စွာဖြင့် ဗလကြီးများအား တန်ပြန်တိုက်ခိုက်နေသည်။
ဗလကြီးများမှာ လင်းချွမ်လှုပ်ရှားမှုကို လိုက်မမီဘဲ ဓားမြှောင်ကို ကြောက်လန့်စွာရှောင်ရင်း အနောက် ပိုဆုတ်လာကြ၏။
ထိုအခါ လင်းချွမ်မှာ ဓားမြှောင်ကို ခါးအောက်ပိုင်းဆီ ဦးတည်၍ တိုက်ခိုက်ပြန်သည်။
ထိုစဉ် ချက်ချင်းပင် ဗလကြီးတစ်ဦး၏ ညာဘက်ပေါင်ကို ထိမိပြီး သွေးများ ပန်းထွက်လာ၏။
ကျန်လူမိုက်များလည်း ရုတ်တရက် အခြေအနေကြောင့် မှင်တက်သွားကြလေသည်။
လင်းချွမ်သည် ဓားမြှောင်ကိုင်ကျွမ်းကျင်ကြောင်း ထင်ရှားလေ၏။
ထို့အပြင် သူ့ကိုင်နည်းမှာ နောက်ပြန်ကိုင်ထားသောကြောင့် ပစ်မှတ်သည် အခြေအနေကို မမှန်းဆနိုင်ဘဲ ပိုထိခိုက်လွယ်၏။
ပုံမှန်အားဖြင့် အိမ်များတွင် အသီးအနှံလှီးလျှင် အရှေ့ကိုသာ စိုက်၍ လှီးဖြတ်ကြလေသည်။
ထိုအခါ အန္တရာယ်ကို ကြိုရှောင်နိုင်တတ်ကြသည်။
သို့ရာတွင် လင်းချွမ်၏ အရည်အချင်းမှာ မမျှော်လင့်ဘဲ အံ့ဩစရာ ဖြစ်နေ၏။
“ချီးပဲ”
ပေါင်ကို ထိခိုက်သွားသော ဗလကြီးမှ ဒေါသတကြီး ဆဲဆိုလိုက်သည်။
သူ လင်းချွမ်ကို ချက်ချင်း ဖျက်ဆီးပစ်ချင်နေလေပြီ။
သို့သော် လင်းချွမ်မှာ ကျန်ဗလကြီး (၅) ယောက်ကြား ပျောက်ကွယ်ရင်း ခီခီ့သေနတ်ရန်ကို ရှောင်တိမ်းနေသည်။
ထို့အပြင် ဗလကြီးများ၏ ထိုးနှက်ချက်များကိုလည်း အမြန်ဆုံး ရှောင်တိမ်းနေရ၏။
သူ့လက် (၂) ဖက်တည်းဖြင့် ကာကွယ်ရန်မှာ စိန်ခေါ်မှုတော့ ဖြစ်ပါသည်။
သူ ရှောင်တိမ်းနေသည့်ကြားမှ အနောက်ဘက်တွင် ဝှေ့ယမ်းသံတစ်ခု ကြားလိုက်ပြီး လင်းချွမ် အမြန် ငုံ့ရှောင်လျက် ဓားမြှောင်ဖြင့် တစ်ဖက်လူကို ပြန်ထိုးချလိုက်သည်။