← Chapters

ဒူးထောက်စမ်း

Vol. 21 Ch. 302

ဒူးထောက်စမ်း

Vol. 21 Ch. 302

လင်းချွမ်မှာ ကျွမ်းကျင်စွာဖြင့် ဓားမြှောင်ကို လှုပ်ရှားလိုက်ရာ ဗလကြီးမှာ ရှောင်ချိန်မရလိုက်ဘဲ ဖြစ်သွားသည်။ 

ဇွက်!

ဓားမြှောင်မှာ ထိုလူ၏ နောက်ကျောဘက်သို့ ထိုးမိသွားလေ၏။ 

သို့သော် လင်းချွမ် ရပ်တန့်မသွားဘဲ ဓားကို အမြန် ပြန်ဆွဲထုတ်၍ ဘေးမှ တံတောင်ဆစ်ကိုဖြတ်၍ ထိုလူ၏ ရင်ဘတ်ကို ထပ်ထိုးချလိုက်ပြန်သည်။ ထိုအခါ ပါးစပ်မှ သွေးများ အဆက်မပြတ် စီးကျလာတော့၏။ 

သူ လုံးဝ ပြန်မတိုက်ခိုက်နိုင်တော့ပေ။ 

လင်းချွမ် သူ့ ASP အမျိုးအစားတုတ်ကိုယူ၍ ပြင်းထန်စွာ ဆက်လက်တိုက်ခိုက်ရာ ဗလကြီးများ မနေနိုင်ဘဲ နောက်သို့ဆုတ်ဆုတ်သွားရသည်။ 

ထိုအခါ ယုခီခီ၏ပုံရိပ်မှာ ထင်းခနဲ ပေါ်လာသည်။ 

ယုခီခီမှာ သူနှင့် ခြေ (၅) လှမ်းခန့်သာ ကွာတော့၏။ 

မည်သည်က ပိုမြန်မည်နည်း။ 

သေနတ်လား။ ဓားမြှောင်လား။ 

မည်သူမျှ မသိနိုင်ချေ။ 

လင်းချွမ် ယုခီခီအား စိုက်ကြည့်ရင်း အခြေအနေကို အမြန် သုံးသပ်နေ၏။ 

ထို့နောက် ဆုံးဖြတ်ချက်ချကာ အမြင့် ရုတ်တရက် ခုန်၍ အနီးဆုံး ဗလကြီး၏ မေးစေ့အား ခြေထောက်ဖြင့် ကန်ချလိုက်သည်။ 

ဒုန်း!

လင်းချွမ်၏ကန်ချက်မှာ ထိုလူ့မေးစေ့ပေါ်သို့ ကွက်တိ ကျရောက်သွား၏။ 

သူ ရုတ်တရက် ခံစားလိုက်ရသော အရှိန်ကြောင့် ပြင်းထန်စွာ လွင့်ထွက်သွားတော့သည်။ 

သူ့ခန္ဓာကိုယ်မှာ တောင်တစ်ခုကဲ့သို့ ကြီးမားပြီး ယုခီခီပေါ်သို့ ပစ်လဲသွား၍ နှစ်ဦးလုံး ပြုတ်ကျသွားကြ၏။ 

ယုခီခီ အမြင်များ ဝေဝါး၍ လင်းချွမ်ကို ရုတ်တရက် မတွေ့ရတော့သောကြောင့် ပစ်စတိုကို တင်းကြပ်စွာ ဆုပ်ကိုင်လျက် အသင့်အနေအထားဖြစ်အောင် ပြန်ထိန်းလိုက်သည်။ 

သို့သော် သူ သတိပြန်ဝင်ချိန်တွင် ရှေ့၌ လင်းချွမ် မဟုတ်ဘဲ ဓားမြှောင်တစ်လက် ပျံလာသည်ကိုသာ တွေ့ရ၏။ 

သူနှင့် (၅၀) စင်တီခန့်သာ ကွာတော့ပြီး အလွန်လျင်မြန်လွန်း၍ အချိန်မမီနိုင်လောက်အောင် ဖြစ်နေသည်။ 

ထိုကဲ့သို့ အသက်အန္တရာယ်ရှိသော အခြေအနေမျိုးတွင် သူ့စိတ်ထဲဗလာဖြစ်၍ ဘာလုပ်ရမည်မသိ ဖြစ်နေလေ၏။ 

အသက် (၂၅) နှစ်ဝန်းကျင် ယုခီခီဘဝတွင် ထိုသို့ အသက်အန္တရာယ်နီးသောကိစ္စမျိုး မကြုံခဲ့ဖူးပေ။ 

သူ ရင်တဒိန်းဒိန်းခုန်လျက် မျက်နှာမှာ အလွန် ထိတ်လန့်တုန်လှုပ်နေလေသည်။ 

ငါ ရှောင်ရမယ်။ မဟုတ်ရင် ငါ့လည်ပင်း ဒါမှမဟုတ် ရင်ဘက် ဒါမှမဟုတ် ခေါင်းကို စိုက်တော့မယ်။ 

အဲ့အခါ တစ်ခါတည်း တန်းသေလိမ့်မယ်။ 

ထိုအတွေး ရုတ်တရက် ဝင်လာသည်နှင့် ခန္ဓာကိုယ်မှာလည်း အလိုအလျောက် ရှောင်လျက်သား ဖြစ်သွားသည်။ 

ဝှစ်!

ဓားမှာ နားရွက်နားမှ ဖြတ်သွားပြီး သေမင်း၏ တိုးညှင်းသောစကားသံကဲ့သို့ ခံစားရလေသည်။ 

သူ ယခုတစ်ခေါက်တွင် အသက်အထိ မယူသွားသော်လည်း နားရွက်အစွန်းနှင့် ဆံနွယ်အချို့ကို စရံယူသွားခဲ့၏။ 

ယုခီခီ ကြောက်လန့်တကြားဖြင့် လက်ထဲမှ ပစ်စတိုကို လွှတ်ချလိုက်မိသည်။ 

“သူဌေးယု ခင်ဗျား မလွတ်တော့ပါဘူးဗျာ”

လင်းချွမ် ထိုသေနတ်ကို အမြန်ကောက်၍ ပြောလိုက်သည်။ 

အခန်းထဲတွင် လင်းချွမ်မှာ ဘုရင်ဖြစ်နေလေပြီ။ 

သူ အပြင်လောကတွင် ပထမဆုံး သေနတ်ကိုင်ရင်း လူများကို ခြိမ်းခြောက်နေ၏။ 

ယခုအခါ ယုခီခီနှင့် ဗလကြီး (၆) ဦးလုံး တုတ်တုတ်မျှ မလှုပ်ရဲကြတော့ပေ။ 

ယုခီခီလက်ထဲ သေနတ်ရှိစဉ်က လင်းချွမ် မကြောက်သော်လည်း လင်းချွမ်လက်ထဲတွင် ရှိလျှင် သူတို့ ကြောက်မည်လား။ 

သူတို့စိတ်ဓာတ်အမှန်ကို သေမင်းကသာ သိပေမည်။ 

“ချီးပဲ”

ရုတ်တရက် လူမိုက်တစ်ဦးမှ လှုပ်ရှားလာ၍ လင်းချွမ် ချက်ချင်း သေနတ်ကို မြှောက်ကာ

ဒိုင်း!

ကြောက်စရာ သေနတ်သံသည် စူးရှစွာ ထွက်ပေါ်လာပြီး မိုးကြိုးပစ်ချလိုက်သကဲ့သို့ နံရံများပင် တုန်ခါသွား၏။ 

ကျည်ဆံမှာ ခုနက ထဆဲသည့် လူမိုက်ခေါင်းပေါ်မှ ဖြတ်၍ သူ့အနောက်မှ နံရံပေါ် စိုက်ဝင်လျက် ရှိလေသည်။ 

ထိုအခါ ထိုလူလည်း ထိတ်လန့်၍ ချက်ချင်း ဒူးထောက်ကျသွား၏။ 

သေမင်းမှာ သူ့ခေါင်းပေါ်မှ ဖြတ်သွားခဲ့လေသည်။ 

ကြောက်စရာ ကောင်းလိုက်တာ။  

“ဒူးထောက်ပြီး လက်ကို ခေါင်းအနောက် တင်ထားကြ”

လင်းချွမ် ခပ်မာမာ အမိန့်ပေးလိုက်သည်။ 

ထိုအချိန်တွင် လင်းချွမ်သည် ရက်စက်သော ငရဲမင်းကဲ့သို့ သေခြင်းကို စီရင်တော့မလို ထင်ရလေသည်။ 

ဗလကြီးများမှာတော့ ပြန်မခုခံရဲဘဲ တိတ်ဆိတ်လျက် ရှိ၏။ 

ထို့နောက် လင်းချွမ် ယုခီခီကို ကြည့်၍ ပြုံးကာ

“တရားခံယု ဒူးထောက်ပြီး လက်ကို ခေါင်းအနောက် တင်ထားပါ”

သူ ယုခီခီအား တရားခံယုဟုသာ ခေါ်လိုက်သည်။ 

သူပြောတာလည်း မှန်ပါသည်။ 

ယုခီခီ လင်းချွမ်အား မကျေမနပ် ကြည့်လိုက်ရာ လှောင်ပြုံးပြုံးနေသော အမူအရာကို တွေ့ရ၏။ 

ထို့နောက် သူ သက်ပြင်းချ၍ သတိပြန်ထိန်းလျက် ရှိသည်။ 

သူ ကျည်ကဒ်ထည့်လိုက်သည့်အချိန်မှာ ခုနလေးတင် ဖြစ်သည်။ 

ယခုတော့ သေနတ်မှာ လင်းချွမ်လက်ထဲ ရောက်နေပြီ ဖြစ်၏။ 

အဖြစ်အပျက်မှာ မြန်ဆန်လွန်းလှသည်။ 

ယုခီခီ ထိုသို့ ရုတ်တရက် အခြေအနေပြောင်းသွားမည်ဟု လုံးဝ မထင်ထားချေ။ 

သူ အလွန် စိတ်လှုပ်ရှားနေ၍ နူးညံ့ချောမောသော မျက်နှာလေးမှာ ဖြူဖျော့နေ၏။ 

ထိုစဉ် သနားစဖွယ် အမူအရာလေးနှင့် လင်းချွမ်ကို ကြည့်၍

“လင်းချွမ် ကျွန်မကို လွှတ်ပေးပါနော်။ ရှင် မြေအောက်လောကမှာ အန္တရာယ်ကင်းစေရမယ်လို့ အာမခံပါတယ်”

သူ့လုံခြုံရေးစနစ်မှာ အပြင်ရှိ ရဲအင်အားကို မယှဉ်နိုင်တော့မှန်း သိပါသည်။ 

အပြင်မှ ရဲကားအသံများ၊ မီးရောင်များမှာ သူ့ဘဝ အဆုံးသတ်ပြီဖြစ်ကြောင်း သတိပေးနေ၏။ 

သူ လင်းချွမ်ကိုသာ နောက်ဆုံးမျှော်လင့်ချက်အဖြစ် ကြည့်နေမိသည်။ 

“တရားခံယု ဒါ မဖြစ်နိုင်မှန်း ခင်ဗျား သိပါတယ်”

လင်းချွမ် ခေါင်းယမ်း၍ ပြောလိုက်သည်။ 

“အခု ဒူးထောက်လိုက်ပါ”

လင်းချွမ် ထပ်အမိန့်ပေးလိုက်ရင်း သေနတ်ကို သူ့ခေါင်းထံ ချိန်ထားလိုက်၏။ 

ယုခီခီအတွက် ရွေးချယ်စရာ မရှိတော့ချေ။ 

လင်းချွမ် သူ့ကို ဂရုမစိုက်ဘဲ သူ့စားပွဲရှေ့ သွား၍ တံခါးဖွင့်နည်းကို ခပ်မြန်မြန် ရှာလိုက်သည်။ 

ထို့နောက် လွယ်လွယ်ကူကူပင် ရှာတွေ့သွားပြီး ခလုတ်ကို နှိပ်လိုက်ရာ တံခါးများအားလုံး ပြန်ပွင့်သွားတော့သည်။ 

ထိုစဉ် လင်းချွမ် အပေါ်ထပ်ကုတ်အင်္ကျီကိုချွတ်၍ ခါးတွင် ပတ်ချည်လိုက်လေ၏။ အဘယ်ကြောင့်ဆိုသော် သူ ခုနက အမြင့်ကန်ချက်တွင် ဘောင်းဘီဂွပြဲသွား၍ ဖြစ်လေသည်။ 

…

လှေကားထိပ် တံခါးရှေ့၌။ 

ရှန်ချန်းချန်းနှင့် ဟူတာချန်းတို့အဖွဲ့မှာ တံခါးများ ရုတ်တရက် ပွင့်သွားသည်ကိုတွေ့ကာ ဘာမှ မတွေးနိုင်တော့ဘဲ တဟုန်ထိုး ပြေးသွားကြလေ၏။ 

ရှန်ချန်းချန်းမှာ မြှားတစ်စင်းကဲ့သို့ ပို၍မြန်သေးသည်။ 

သူ့ရင်ထဲတွင်လည်း တဒိန်းဒိန်းခုန်လျက် အလွန်စိုးရိမ်နေမိ၏။ 

လင်းချွမ်သာ တစ်ခုခုဖြစ်လျှင် သူ ကျန်းရှင်းရှင်းကို မည်သို့ ရင်ဆိုင်ရတော့မည်နည်း။ 

လုပ်ငန်းစဉ်မစမီက သူ ကျန်းရှင်းရှင်းအား မစိုးရိမ်ရန် အာမခံခဲ့လေသည်။ 

သို့သော် ရုတ်တရက် မမျှော်လင့်သော အခြေအနေကို ကြုံခဲ့ရ၏။ 

မကြာမီ ရုံးခန်းတံခါးရှေ့ ချက်ချင်း ရောက်သွားကြလေသည်။ 

သို့သော် အထဲမှအသံများ အလွန်တိတ်ဆိတ်နေသောကြောင့် ရှန်ချန်းချန်း ပို၍ ရင်ထဲ မွန်းကြပ်လာ၏။ 

သူ သေနတ်ကို ကျစ်ကျစ်ပါအောင်ဆုပ်၍ တံခါးကို ဝုန်းခနဲ ဖွင့်လိုက်သည်။ 

ဟင်…

သူ ပထမဆုံးတွေ့ရသော မြင်ကွင်းကြောင့် အလွန်မှင်တက်သွားမိလေသည်။ 

ရုံးခန်းထဲ၌ ဗလကြီး (၆) ဦးနှင့် ယုခီခီတို့မှာ ငြိမ်သက်စွာ ဒူးထောက်လျက် လက်များကို ခေါင်းအနောက်သို့ တင်ထားကြ၏။ 

လင်းချွမ်မှာမူ ပစ်စတိုတစ်လက်ကိုင်ကာ ခါးတွင် ကုတ်အင်္ကျီချည်ထားလေသည်။ 

ရှန်ချန်းချန်းတို့ကို တွေ့သောအခါ ပြုံး၍

“ရောက်လာကြပြီပဲ။ ဒီမှာ အကုန်ဖမ်းသွားတော့”

လင်းချွမ် ထိခိုက်မှုမရှိသည်ကိုတွေ့မှ ရင်ထဲပေါ့သွားတော့သည်။ 

ရင်ထဲတွင် ပို၍လည်း လေးစားမိ၏။ 

သို့သော် သူ့တွင် ဝှက်ဖဲတစ်ခုခု ရှိလိမ့်မည် ထင်ပါသည်။ 

All Chapters