← Chapters

ဒီလိုစမှာလား

Vol. 21 Ch. 305

ဒီလိုစမှာလား

Vol. 21 Ch. 305

“ဘာလို့ အဲ့လောက် အရမ်းလေးနက်နေတာလဲ”

လင်းချွမ်ပြုံး၍ 

“ဒါဆို လက်အချင်းချင်းနဲ့ အရင်လေ့ကျင့်ကြတာပေါ့”

ကျန်း ဘေးမှ ခေါင်းအုံးကိုယူ၍ ကာလိုက်၏။ 

“သူဌေးက ပိုဆိုးလာတာပဲ”

လင်းချွမ် ခေါင်းအုံးကိုဖယ်၍ ကျန်းအား ဖက်ထားလိုက်သည်။ 

ဤသို့ဖြင့် လေ့ကျင့်ရေးစတင်ပြီး တစ်နာရီမျှ ကြာသောအခါ ပြီးဆုံးသွားလေသည်။ 

“ဟွန့်”

ကျန်း နှုတ်ခမ်းလေးစူ၍ 

“သူဌေးက အရမ်းဆိုးတာပဲ”

“မနက်ဖြန် တကယ့်နည်းလမ်းကို သေချာ သင်ပေးပါမယ်”

လင်းချွမ် ခပ်အေးအေး ပြောလိုက်သည်။ 

“ခုနကအတိုင်းလား”

ကျန်း မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် ပြော၏။ 

“မဖြစ်နိုင်တာမှ မရှိတာ”

လင်းချွမ် သူ့ကို တင်းကြပ်စွာဖက်၍ ပြောလိုက်၏။ 

ကျန်းလည်း သူ့ကိုဖက်ရင်း နှုတ်ဆက်၍ အိပ်ပျော်သွားလေသည်။ 

လင်းချွမ် သူ့ဆံနွယ်လေးကို သပ်၍ ချော့သိပ်ရင်း စနစ်ကို ဖွင့်ကြည့်လိုက်သည်။ 

[စာအုပ်: ရေခဲနက်] 

[လက်ရှိအခြေအနေ: ထုတ်ဝေပြီး]

[အောင်မြင်မှုစံနှုန်း: ၅၀၀၀၄/၅၀၀၀၀]

[စစ်ဆေးမှုတာဝန်: အောင်မြင်ပြီး]

လင်းချွမ် ကြာမြင့်စွာ စောင့်ဆိုင်းပြီးနောက် ကြည်လင်သော အသံလေး ထွက်ပေါ်လာသည်။ 

[ဂုဏ်ယူပါသည်။ ရေခဲနက်ဝတ္ထုမှာ အောင်မြင်စွာ ပြီးဆုံးပါပြီ။ နောက်ထပ် အတွေ့အကြုံသစ် ရရှိနိုင်ပါပြီ]

[ချက်ချင်း စတင်မည်လား]

“စမယ်”

သူ ထိုနှစ်ရက်အတွင်း တိုက်ပွဲမျိုးစုံနှင့် လုံးပန်းကာ အလွန်အလုပ်ရှုပ်ခဲ့လေသည်။ သို့သော် ထူးဆန်းစွာဖြင့် အင်အားများစွာ ကျန်နေသေး၏။ 

ထို့ကြောင့် အလုပ်အကိုင်အသစ် ညတွင်းချင်းစတင်ရန် ကိစ္စမရှိပါ။ 

ထိုရက်ပိုင်းအတွင်း အရည်အချင်းများ ရှိခြင်း၏ အကျိုးကျေးဇူးကိုလည်း ကောင်းစွာ နားလည်လာသည်။ 

ထိုအရည်အချင်းများရှိ၍သာ မော်ဂန်အုပ်စုကို အလွယ်တကူ ရှင်းလင်းနိုင်ခြင်း ဖြစ်သည်။  

ကဲ နောက်ထပ်အလုပ်က ဘာဖြစ်မလဲ။ 

[နောက်ထပ် အတွေ့အကြုံအသစ် စတင်ပါတော့မည်။ အသင့်ပြင်ထားပါ]

စနစ်မှအသံ ထွက်လာသည်။ 

“အသင့်ဖြစ်ပြီ။ စမယ်]

လင်းချွမ် စိတ်ထဲမှ ပြောလိုက်၏။ 

ထို့နောက် အမြင်များ ချက်ချင်းဝေဝါးကာ ပုံရိပ်ယောင်လောကထဲ ရောက်ရှိသွားတော့သည်။ 

“လုပ်ငန်းစဉ်အရတော့ အခု ဘာပြစ်မှု ကျူးလွန်တော့မလဲကို ရွေးရမှာပဲ”

လင်းချွမ် ရေရွတ်လိုက်မိသည်။ 

[ပိုင်ရှင် အတွေ့အကြုံတိုင်းသည် လှပသော အမှတ်တရများဖြစ်သည်]

[ယခုအမှတ်တရကို စနစ်မှ ဝတ္ထုအဖြစ် ပြောင်းလဲပေးပါမည်]

[ယခု ကျပန်းအတွေ့အကြုံ ရွေးနေပါပြီ]

[ခဏစောင့်ဆိုင်းပါ…]

“ထောင်ထဲရောက်တဲ့ အလုပ်အကိုင်လည်း မဆိုးတော့ပါဘူး”

သူ အရင်က ထိုအလုပ်မျိုး မလိုချင်ခဲ့သော်လည်း စာဖတ်သူများမှာ ပိုနှစ်သက်ကြသောကြောင့် ကိုယ်တိုင် လိုလားလာ၏။ 

လင်းချွမ် အတွေးလွန်နေစဉ် စနစ်မှ အတွေ့အကြုံ ရွေးချယ်ပြီးလေပြီ။ 

[ဂုဏ်ယူပါသည်။ ယခုအတွေ့အကြုံမှာ ကစားစရာစက်ရုံပိုင်ရှင် ဖြစ်ပါသည်]

[ပျော်ရွှင်ဖွယ် အတွေ့အကြုံ ဖြစ်ပါစေ]

“ကစားစရာစက်ရုံ ပိုင်ရှင်လား”

လင်းချွမ် မျက်မှောင်ကြုတ်သွားမိ၏။ 

ဒါက စီးပွါးရေးအလုပ်လား။ 

နိုင်ငံတကာ အဆင့်မီဖြစ်အောင် လုပ်ရမှာပဲ။ 

“ကဲပါ အရမ်းတွေးမနေတော့ဘူး။ ရောက်ရင် သိမှာပဲ”

လင်းချွမ် သက်ပြင်းချ၍ ပုံရိပ်ယောင်လောကထဲ ဝင်ရောက်လိုက်သည်။ 

ထိုကမ္ဘာထဲတွင် ညအချိန်ဖြစ်နေပြီး တောက်ပသော လမင်းမှာ ကောင်းကင်ပေါ် ချိတ်ဆွဲလျက် တစ်လောကလုံးကို အလင်းဓာတ်ပေးနေသည်။ 

ပါးလွှာသော တိမ်တိုက်မျှင်များမှာ တရွေ့ရွေ့ ဖြတ်သန်းနေပြီး အမှောင်ထုကို ပို၍ ဆွေးမြည့်စေ၏။ 

လင်းချွမ် ရုံးခန်းထဲမှထွက်ကာ စက်ရုံထဲ လျှောက်လာသည်။  

ထိုအချိန်တွင် စက်ရုံကြီးတစ်ခုလုံးမှာ မီးရောင်များ လင်းလက်နေပြီး စက်ပစ္စည်းများ အစီအရီ တန်းနေ၏။ 

အလိုအလျောက် စက်များဖြစ်၍ ပုံမှန်အတိုင်း လည်ပတ်နေသော်လည်း အချို့နေရာတွင် ယူနီဖောင်းအပြာ၊ လုံခြုံရေးဦးထုပ် ဝတ်ဆင်ထားသည့် အလုပ်သမားများကို တွေ့ရ၏။ 

ကစားစက်ရုံမှာ အလွန်ကြီးကျယ်ခမ်းနားကြောင်း သိသာလေသည်။ 

လင်းချွမ် စက်ကြီးများအနား လျှောက်သွား၍ အရုပ်တစ်ခုကို ကိုင်ကာ မီးရောင်အောက် ထောင်ကြည့်လိုက်သည်။ 

သေနတ်တစ်လက်ဖြစ်၏။ 

P365-AXG ပစ်စတိုပုံစံကို အတုခိုးထားလေသည်။ 

ထိုထဲတွင် ကျည်များပြည့်နေလျှင်ပင် အရုပ်တစ်ခုသာဖြစ်၍ ထိခိုက်မှု မရှိနိုင်ပေ။ 

သို့သော် လင်းချွမ် သေနတ်ကိုကြည့်ရင်း မျက်မှောင်ကြုတ်မိလေ၏။ 

“အရုပ်ပဲကို ဘာလို့ အဲ့လောက် အတိအကျ လုပ်ထားတာလဲ”

ရုတ်တရက်။ 

ရှပ် ရှပ် ရှပ်!

အပြေးအလွှားလာနေသော ခြေလှမ်းသံ ကြားရပြီး လင်းချွမ် စိတ်ထဲ လေးလံကာ မျက်မှောင်ကြုတ်ထားမိလေသည်။ 

ဘာဖြစ်တာလဲ။ 

ဒုန်း!

စက်ရုံတံခါး လွယ်ကူစွာ ပွင့်သွားပြီး လက်နက်အပြည့်အစုံနှင့် အနက်ရောင်ဝတ်စုံဖြင့် လူများစွာ အလုံးအရင်းနှင့် ဝင်ရောက်လာကြသည်။ 

လင်းချွမ် ထိုအုပ်စုကိုကြည့်ရင်း အလန့်တကြား ရေရွတ်မိလေ၏။ 

“ချီးပဲ။ အခုမှ အစပဲရှိသေးတာကို ဒီလိုကြီးလား”

All Chapters