← Chapters

လက်ခံပါတယ်

Vol. 21 Ch. 306

လက်ခံပါတယ်

Vol. 21 Ch. 306

ပုံရိပ်ယောင်လောက။ 

ကစားစရာစက်ရုံထဲတွင် အသစ်ရောက်ရှိလာသော လူအချို့မှ လင်းချွမ်နှင့် စက်ရုံကို ဝိုင်းထားကြ၏။ 

စက်ရုံထဲမှ အလုပ်သမားများမှာ စက်ပစ္စည်းများ အနောက်တွင်ပုန်းလျက် တုန်ရီကြောက်လန့်နေကြလေသည်။ 

ရုတ်တရက် အနေအထားမှာ ပြင်းထန်လာပြီး စိတ်ဖိစီးစရာဖြစ်နေ၏။ 

ထိုအချိန်တွင် လက်နက်ကိုင်တစ်ဦးမှ ကျယ်လောင်စွာ အော်လိုက်လေသည်။ 

“ဒီမှာ တာဝန်ရှိသူက ဘယ်သူလဲ”

သူ တရုတ်လိုပြောလိုက်သော်လည်း မလေးရှားလူမျိုး ဖြစ်သည်။ 

လင်းချွမ် ကျားဖြန့်လုပ်ငန်းအတွေ့အကြုံ၌ အရှေ့တောင်အာရှမှ ဘာသာစကားအချို့ကို သင်ယူဖူးပြီး အခြေခံမျှ ဆက်သွယ်ပြောဆိုနိုင်ပါသည်။ 

လင်းချွမ် ထိုအုပ်စုကို ခပ်တည်တည်ကြည့်၍ ဖြေလိုက်၏။ 

“ငါပဲ”

ထိုအခါ လက်နက်ကိုင်များ လူစုချဲပေးလိုက်ပြီး သက်လတ်ပိုင်း အမျိုးသားတစ်ဦး ပေါ်လာလေသည်။ 

လင်းချွမ် ထိုလူကို စူးစမ်းကြည့်နေ၏။ 

အမျိုးသားမှာ အနက်ရောင် ယူနီဖောင်းကို ဝတ်ဆင်လျက် ခါးတွင် လက်ကိုင်သေနတ် ထိုးထားပြီး ကိုယ်နေဟန်ထား တောင့်ဖြောင့်နေသောကြောင့် အနီးအနားရှိ လူများကို အုပ်မိုးနိုင်ကာ အင်အားကြီးဖြစ်တည်မှုမျိုး ဖြစ်နေသည်။ 

လရောင်သည် ကြည်လင်ဝင်းပနေပြီး သူ့ဆံပင်နက်နက်၊ အသားညိုညိုကိုပင် ထင်ရှားနေစေသည်။ 

သူ လင်းချွမ်ကို သားကောင်တွေ့သော ကျားသစ်ကဲ့သို့ ထိုးဖောက်မတတ် စိုက်ကြည့်ရင်း အနားကပ်လာ၏။ 

“မင်းက ဒီစက်ရုံပိုင်ရှင်လား”

သူ့အသံမှာ လေးနက်တည်ကြည်၍ မလေးရှားဘာသာဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။  

လင်းချွမ် ခေါင်းငြိမ့်ပြ၍

“ဟုတ်ပါတယ်”

ထိုလူမှာ လင်းချွမ်ကို ခေါင်းအစခြေအဆုံး သေချာကြည့်၍ မျက်မှောင်ကြုတ်ကာ

“မင်းကြည့်ရတာ တော်တော် ငယ်သေးပုံပဲ။ ဒါပေမဲ့ မင်း ထုတ်လုပ်တာအကုန်လုံးကို တော်တော် သဘောကျတယ်”

“အရုပ်တွေကို ပြောနေတာလား”

လင်းချွမ် ပြန်မေးလိုက်၏။ 

ခေါင်းဆောင်မှာ ရယ်မောလျက်

“ဟုတ်တယ်။ မင်းအရုပ်တွေက တော်တော် ကောင်းတယ်။ အထူးသဖြင့် မင်းကိုင်ထားတဲ့ P365-AXG ပစ်စတိုလေ။ လုံးဝ အကောင်းစားပဲ။ အဲ့တာ အများကြီး မှာချင်လို့”

“အများကြီးလား”

လင်းချွမ် မျက်မှောင်ကြုတ်လိုက်မိသည်။ 

အရုပ်တွေ အများကြီး မှာချင်တယ် ပြောတာလား။ 

ဒါပေမဲ့ ဒါက အရုပ်စက်ရုံပဲလေ။ ဘာလုပ်နိုင်မှာမို့လို့လဲ။ 

ခေါင်းဆောင်မှာ ရယ်မော၍

“ကိုယ့်ကိုယ်ကိုယ် အရင်မိတ်ဆက်ပါ့မယ်။ ကျွန်တော့် နာမည် ကားလ်ပါ။ အာရက်လက်နက်ကိုင်အဖွဲ့ရဲ့ အဖွဲ့မှူးပါ”

“ကျွန်တော်က ဒီစက်ရုံပိုင်ရှင် မစ္စတာလင်းပါ”

လင်းချွမ် ပြန်ဖြေလိုက်သည်။ 

သူ အပြင်လောက၌ ထိုအခြေအနေမျိုး မကြားဖူးသော်လည်း ပုံရိပ်ယောင်လောကအတွက် ဖန်တီးထားသည်ဟု ထင်လိုက်၏။ 

“ကျွန်တော့်လူတွေက ဒီလိုကြီး ရုတ်တရက် ဝင်လာတော့ နည်းနည်းတော့ ရိုင်းသလို ဖြစ်သွားတယ်နော်။ မစ္စတာလင်း စိတ်မရှိပါနဲ့ဗျာ”

ကားလ်မှ ယဉ်ကျေးစွာ တောင်းပန်၏။ 

လင်းချွမ် နေရခက်စွာဖြင့် 

“အဖွဲ့မှူးကားလ်က ဒီကို အရုပ်မှာဖို့ လာတာလားဗျ”

“ဒါပေါ့”

ကားလ် ခေါင်းတဆတ်ဆတ်ငြိမ့်၍

“ဒါ ကျွန်တော်တို့လိုတဲ့ စာရင်းပဲ။ အဲ့တာတွေ အကုန် လုပ်နိုင်မယ်မလား”

လင်းချွမ် ထိုစကားကြောင့် ချက်ချင်း မျက်မှောင်ကြုတ်သွား၏။ 

ထို့နောက်မှ စာရွက်ကို လှမ်းယူကြည့်လိုက်သောအခါ စစ်ရေးအရသုံးသော ပစ္စည်းများ ဖြစ်နေလေသည်။ 

[P365-AXG ပစ်စတို]

[MP5 စက်သေနတ်]

[HK433 ရိုင်ဖယ်]

[…]

စာရင်းမှာ တစ်ချက်ကြည့်ရုံဖြင့် လက်နက်များသာ ဖြစ်လေသည်။ 

လင်းချွမ် သက်ပြင်းချလိုက်မိ၏။ 

သာမာန် ကစားစရာစက်ရုံပိုင်ရှင်တော့ မဟုတ်လောက်ဘူးလို့ ထင်သားပဲ။ အရှေ့တောင်အာရှ စစ်တပ်ကတောင် လက်နက် လာမှာနေပြီ။ 

ချီးပဲ။ 

ဒုက္ခတော့ ရောက်ပြီ။ 

ထိုအချိန်တွင် လင်းချွမ် စနစ်မှပေးထားသည့် အချက်အလက်များကို အမြန် ပြန်ကြည့်လိုက်၏။ 

အမှန်ပင်။ 

ထိုကစားစရာစက်ရုံမှာ အမှန်တော့ လက်နက်ထုတ်လုပ်ရေး အုတ်မြစ် ဖြစ်နေသည်။ 

လင်းချွမ် စနစ်၏ ရည်ရွယ်ချက်ကို အနည်းငယ် မြင်လာသည်။ 

ဒါပေမဲ့ ဒါကြီးကိုပေးပြီး ဘာဖြစ်စေချင်နေတာလဲ။ 

တကယ်ပဲ လက်နက်မှောင်ခိုမှုနဲ့ ဒုက္ခရောက်စေချင်တာလား။ 

ထိုအချိန်တွင် လင်းချွမ် တိတ်ဆိတ်၍ စဉ်းစားရ ခက်နေသည်ကို တွေ့ကာ အဖွဲ့မှူးကားလ်မှ

“မစ္စတာလင်း မစိုးရိမ်ပါနဲ့။ ကျွန်တော်တို့ ပေါက်ဈေးအတိုင်း ပေးမှာပါ။ ဒီမှာ စရံလည်း ပါတယ်။ ကျွန်တော်တို့ ဆက်ဆံရေးကို အပျက်စီးမခံနိုင်တဲ့အတွက် သေချာ ဂရုစိုက်မှာပါ။ မစ္စတာလင်းက ပစ္စည်းထုတ်ဖို့ပဲ တာဝန်ယူ”

အဖွဲ့မှူးမှာ စီးပွါးရေးလုပ်ငန်းကို ကောင်းစွာ နားလည်လေသည်။ 

လင်းချွမ် ကောင်းကင်မှ လရောင်ကို မော့ကြည့်၍ သက်ပြင်းချကာ 

“ကျွန်တော် အလုပ်လက်ခံပါ့မယ်”

အဖွဲ့မှူးကားလ် အားရပါးရ ရယ်မော၍ လင်းချွမ်ပုခုံးအား ပုတ်လိုက်ပြီး

“မစ္စတာလင်းက တကယ် သတ္တိရှိတာပဲ။ လေးစားမိပါတယ်။ နောက်ထပ်လည်း ရေရှည် လက်တွဲသွားရဖို့ မျှော်လင့်ပါတယ်”

လင်းချွမ် ပြုံးလျက်

“ဟုတ်ပါ့ဗျာ။ နောက်လည်း မျှော်လင့်နေပါမယ်”

“ဒါဆို နောက်လထဲ ပစ္စည်း လာယူမယ်နော်”

ထို့နောက် အဖွဲ့မှူးကားလ် လက်ပြနှုတ်ဆက်၍ ထွက်သွားလေ၏။ 

မကြာမီ အားလုံး ပြန်သွားသောအခါ စက်ရုံလည်း တိတ်ဆိတ်ခြောက်ကပ်၍ ကျန်ခဲ့လေသည်။ 

စက်ပစ္စည်းသံ တဂျောက်ဂျောက်သံ နောက်ခံဂီတ ဖြစ်နေ၏။ 

“သူဌေး ကျွန်တော်တို့ အရုပ်တွေ လုပ်ဦးမှာလား”

ဝန်ထမ်းလေးမှ လာမေးသည်။ 

“အခု အရုပ်စက်ရုံက လက်နက်စက်ရုံအဖြစ် ပြောင်းသွားပြီ”

လင်းချွမ် လက်ထဲမှ စာရင်းစာရွက်နှင့် ကားလ် စရံချသွားသော ဘဏ်ကဒ်ကိုကြည့်ကာ ပြောလိုက်သည်။ 

အရုပ်မှာ အနာဂတ်မရှိပေ။ 

လက်နက်ထုတ်လုပ်ရေးက ပိုစိတ်ဝင်စားစရာ ကောင်းတယ်။ 

လင်းချွမ် ကားလ်၏အလုပ်မှ စတင်ကာ အစီအစဉ်များ ပြုလုပ်ရလေပြီ။ 

“ပစ္စည်းကိရိယာ အသစ်တွေ ပြင်ဆင်ထားလိုက်တော့”

လင်းချွမ်မှ ပြော၏။ 

“သူဌေး ကျွန်တော်တို့က အရုပ်ပဲ လုပ်နေကျဆိုတော့ အခု လက်နက်အတွက်က…”

“အရမ်း စိတ်မညစ်ပါနဲ့။ ဒါ လုပ်ကို လုပ်ရမယ့်ကိစ္စပဲ။ နောက်ပြီး လုပ်ခလည်း တအားများတယ်”

“ဟုတ်ကဲ့ပါ”

ဝန်ထမ်းလေး ခေါင်းငြိမ့်၍ ပြန်ထွက်သွား၏။ 

ထိုတပ်ဖွဲ့၏ တောင်းဆိုမှုကို မငြင်းနိုင်မှန်း သိပါသည်။ 

သို့သော် သူဌေး၏ပုံစံမှာ ထိုအခြေအနေကို ကျေနပ်နေပုံ ရ၏။ မဟုတ်လျှင် ထိုသို့ ပြုံးရွှင်နေမည် မဟုတ်ပါ။ 

All Chapters