ကမ်းလှမ်းချက်အသစ်
Vol. 21 Ch. 307
လင်းချွမ် အမှန်ပင် ပျော်ရွှင်နေပါသည်။
ဒုံးကျည်လောင်ချာများ၊ တင့်ကားများကို မဆိုထားနှင့်။ ထိုကဲ့သို့ ခပ်မိုက်မိုက် သေနတ်များကို ငြင်းဆန်နိုင်သူဟူ၍ မရှိချေ။
ယခုအခါ လင်းချွမ်ကိုယ်တိုင် လက်နက်များ ထုတ်လုပ်နိုင်လေပြီ။
သူ မပျော်ဘဲ ဘယ်နေလိမ့်မည်နည်း။
“ကဲ စကြမယ် စကြမယ်”
လင်းချွမ် ဆန္ဒပြင်းပြစွာဖြင့် လက်နက်ထုတ်လုပ်ရေးတွင် စိတ်နှစ်ထား၏။
အမှန်တော့ သူ့အတွက် လက်နက်ထုတ်လုပ်ရန် မခက်ခဲလှပေ။
သို့သော် အိမ်လုပ်လက်နက် တီထွင်၍ အဖမ်းခံရသူများအကြောင်းကိုတော့ အွန်လိုင်း၌ ကြိုရှာထားရပေမည်။
အဟမ်း မကောင်းသည့်ဥပမာဖြစ်၍ ကလေးငယ်များ အတုမယူသင့်ပေ။
သူ ရုံးခန်းထဲ ပြန်ရောက်သောအခါ လင်းချွမ် အလုပ်ကိစ္စများ ပိုအာရုံစိုက်လိုက်၏။
သူ ပထမဆုံးလုပ်ရမည့်အလုပ်မှာ အာရက်တပ်ဖွဲ့မှ တောင်းဆိုထားသောစာရင်းကို ပြန်စဉ်းစားရမည်။
P365-AXG ပစ်စတို။
ထိုသို့တွေးလိုက်သည်နှင့် ထိုလက်နက်နှင့် ပတ်သက်သော အချက်အလက်များ အသေးစိတ် ဦးနှောက်ထဲ ပေါ်လာတော့သည်။
[ပစ်စတို မော်ဒယ်: P365-AXG]
[ကျည်တောင့်အရွယ်အစား: ၉မီလီမီတာ]
[အရေအတွက်: ၁၇+၁]
[ကျည်အိမ်: ၃.၁ လက်မ၊ ကာဗွန်စတီးလ်]
[ပြုလုပ်သောပစ္စည်း: ကာဗွန်စတီးလ်၊ အလူမီနီယမ်ပေါင်းစပ်]
[အလေးချိန်: ၅ ပေါင် ၈ အောင်စ]
[အမျိုးအစား: တိုက်ရိုက်ပစ်ခတ်၍ အလိုအလျောက် ပြန်လည် တပ်ဆင်]
[…]
အချက်အလက်များမှာ ပညာရှင်ဆန်ပါသည်။
ထိုလက်နက်သာမက အခြားစက်သေနတ်နှင့် ရိုင်ဖယ်တို့အကြောင်းလည်း ရှာနိုင်၏။
ထို့ကြောင့် လင်းချွမ်တစ်ယောက် ညတွင်းချင်း လက်နက်များအကြောင်း ဗဟုသုတ ရခဲ့လေသည်။
နောက်တစ်နေ့။
အရုပ်စက်ရုံ သို့ လက်နက်စက်ရုံသည် အခြေအနေ လုံးဝ ပြောင်းလဲသွားလေပြီ။
လက်နက်ထုတ်လုပ်ရေးအတွက် မသင့်တော်သော စက်ပစ္စည်းများမှာ စက်ရုံထဲမှ လုံးဝ ရွှေ့ပြောင်းလိုက်ပြီး လင်းချွမ် အရင်ပစ်စတိုအရုပ် ပြုလုပ်သည့်နည်းအတိုင်း ဆက်လုပ်လေသည်။
လင်းချွမ် ကံကောင်းသည်ဟု ဆိုနိုင်၏။
ရက်ပိုင်းမျှအတွင်း လက်နက်စက်ရုံသည် လည်ပတ် အခြေကျလာပြီး ပစ်စတိုအစစ် ထုတ်လုပ်ရန် အသင့် ဖြစ်နေတော့သည်။
ပထမဆုံး အပြင်ပိုင်းဖရိန်ကို ပြုလုပ်ရမည်။
ပစ်စတိုအကာကု အလူမီနီယမ်ပေါင်းစပ် သတ္ထုဖြင့် ပြုလုပ်၍ ဖြတ်ရာများအတွက် စက်အကူအညီ လိုပါသည်။
လင်းချွမ် ထိုလုပ်ငန်းစဉ်ကို အလွန်အလေးပေး၍ စိတ်လည်း လှုပ်ရှားနေ၏။
ထို့ကြောင့် သူကိုယ်တိုင် စက်ကိုပြုပြင်လျက် အကောင်းဆုံးဖြစ်အောင် ကြိုးစားလေသည်။
ဤသို့ ဂရုတစိုက်ပြုလုပ်ရင်း မကြာမီ ကောင်းစွာ ရုပ်လုံး ပေါ်လာတော့၏။
ထို့နောက် အပေါ်ယံဖရိန်ကို စက်ဖြင့် အပေါက်ပြန်ဖောက်ကာ သံချေးမတက်စေရန်ပါ ပြုလုပ်ရသည်။
အပိုင်းအစအားလုံး ရရှိသောအခါ လင်းချွမ် အလွန် ပျော်ရွှင်လျက် ကိုယ်တိုင် တပ်ဆင်လေတော့သည်။
ဂျောက် ဂျောက်!
လင်းချွမ် လက်ချောင်းများအား ကျွမ်းကျင်စွာ လှုပ်ရှား၍ လျင်လျင်မြန်မြန် ပြင်ဆင်နေသည်။
ဘေးမှ အလုပ်သမားများမှာတော့ ပါးစပ်အဟောင်းသားနှင့် အံ့ဩစွာ ကြည့်နေကြ၏။
“သူဌေး အရင်က အရုပ်စက်ရုံပဲ ထောင်ဖူးတာ မဟုတ်ဘူးလား”
“ဒီနှစ်ခုက ခပ်ဆင်ဆင်ပဲလေ”
လင်းချွမ် ရယ်မော၍
“ပစ်ကြည့်ဦးမလား”
“ရလို့လား”
ဝန်ထမ်းလေးမှာ ရုတ်တရက် မှင်တက်နေပြီးမှ မျက်လုံးအရောင်လေးတောက်ကာ ပစ်စတိုကို လှမ်းယူလိုက်သည်။
“ရတာပေါ့”
လင်းချွမ် ပစ်စတိုကို နှစ်ချက်မျှ လှည့်ပြီးမှ ပေးလေ၏။
“တစ်ခုခု ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ”
“အထဲမှာ ကျည်မှမရှိတာ”
လင်းချွမ် အားရပါးရ ရယ်မောကာ ပြောလိုက်သည်။
ထို့နောက် စိတ်ထဲတွင်လည်း ထူးဆန်းသော ခံစားချက် ရလာသည်။
သူ ထုတ်လုပ်ရေး၊ တပ်ဆင်ရေးအားလုံးတွင် ကိုယ်တိုင် ပါဝင်ခဲ့လေပြီ။
ဤသို့ဖြင့် လက်နက်စက်ရုံထဲတွင် လက်နက် ထုတ်လုပ်ရေးမှာ အောင်မြင်ချောမွေ့စွာ ပြီးဆုံးသွားတော့သည်။
မကြာမီ အဖွဲ့မှူးကားလ် လိုက်လာပြီး ကျေနပ်စွာဖြင့်
“မစ္စတာလင်းကတော့ တကယ် စိတ်မပျက်ရဘူးပဲ”
ကားလ်မှ ပြော၏။
“ကျွန်တော် အရည်အသွေးကို ဂရုတစိုက် လုပ်ထားတာမို့လို့ အဖွဲ့မှူး ခံစားမိမယ်လို့ ထင်ပါတယ်”
လင်းချွမ် ပြုံး၍ ပြောလိုက်သည်။
“ခင်ဗျား ထုတ်လုပ်ပေးတဲ့ လက်နက်တွေက တကယ့် ကျွမ်းကျင်စစ်လက်နက်ထုတ် စက်ရုံတွေကိုတောင် ယှဉ်နိုင်ပါတယ်”
ထို့နောက် သူ အခြားရိုင်ဖယ်နှင့် စက်သေနတ်များကို စမ်းသပ်ကြည့်ရှုပြီးနောက် အမှန်ပင် အဆင့်အတန်း မြင့်သည်ကို ခံစားရပြီး သဘောကျနေတော့သည်။
လင်းချွမ် ပြုံး၍
“အဖွဲ့မှူးက မြှောက်နေပါပြီ”
“ဒါနဲ့”
ကားလ် ထိုင်ခုံတွင် ဝင်ထိုင်လိုက်ရင်း လင်းချွမ်ကိုကြည့်၍
“မစ္စတာလင်း ကျွန်တော်တို့ ဆက်ဆံရေး ပိုနက်ရှိုင်းလာရင် ကောင်းမယ်နော်”
“ဘယ်လိုမျိုးလဲဗျ”
လင်းချွမ် မျက်ခုံးပင့်၍ မေး၏။
“ခင်ဗျားက လက်နက်ထုတ်လုပ်ရေး ကျွမ်းကျင်သူလေ။ အရုပ်ထုတ်တာက အပေါ်ယံဗန်းပြပဲ။ အဲ့တော့ ကျွန်တော့်အနေနဲ့ ခင်ဗျားကို အရှေ့တောင်အာရှရဲ့ အကြီးဆုံး လက်နက် ထောက်ပံ့ရေး ဖြစ်စေချင်တယ်”
ကားလ်မှ ပြုံးရွှင်၍ ကမ်းလှမ်း၏။
လင်းချွမ် သေချာစဉ်းစားပြီးနောက် ပြုံး၍
“လက်နက် ထုတ်လုပ်ရုံနဲ့တော့ မလုံလောက်ဘူး ထင်တယ်”
“ဒါပေါ့”
ကားလ် ပြုံး၍ ဆက်ပြော၏။
“လက်နက်ဆိုတာမှာ သေနတ်တွေအပြင် ဒုံးကျည် လောင်ချာ၊ လူမဲ့ စစ်လေယာဉ်တွေအထိ ပါတယ်။ အားလုံး စစ်ပွဲအသီးသီးမှာ သုံးရမှာလေ။ အဲ့တာတွေရော ထုတ်ပေးနိုင်မလား”
လင်းချွမ်မျက်နှာ ဝင်းပသွားပြီး
“နည်းနည်းတော့ သိပါတယ်”