← Chapters

ငါကိုယ်တိုင် သွားမယ်

Vol. 21 Ch. 308

ငါကိုယ်တိုင် သွားမယ်

Vol. 21 Ch. 308

“အဲ့တော့ ဒီပူးပေါင်းရေးက”

ကားလ် ပြုံး၍ လင်းချွမ်ကို ကြည့်နေ၏။ 

“ကြိုးစားကြည့်ကြတာပေါ့”

လင်းချွမ် ခေါင်းငြိမ့်ပြလိုက်သည်။ 

ထိုသို့တပ်ဖွဲ့ကြီးမှ နောက်ခံရှိပေးလျှင် ပြဿနာများစွာ လျော့ကျသွားပေမည်။ 

ထိုအခါမှ ကားလ် မျက်လုံးအရောင်လက်သွားပြီး လင်းချွမ်နှင့် ကျန်အသေးစိတ်များကို ဆက်ဆွေးနွေးလေသည်။

သူတို့၏ ပူးပေါင်းမှုအစပိုင်းမှာ အလွန်သာယာနေ၏။ 

လင်းချွမ်၏ လက်နက်စက်ရုံလည်း တဖြည်းဖြည်း ပိုကြီးကာ သူ့လွှမ်းမိုးမှု ပိုကြီးလာသည်။ 

ကားလ်ကိုယ်တိုင်လည်း သူ့ကို လေးလေးစားစား ဆက်ဆံ၏။ 

ထို့ကြောင့် စက်ရုံမှာ ပို၍ အောင်မြင်လာတော့သည်။ 

လက်တွေ့ဘဝတွင်တော့ ညမှာမကုန်ဆုံးသေးပေ။ 

ပြတင်းပေါက်မှ လေတဖြူးဖြူးနှင့်အတူ လင်းချွမ် ပြန်ရောက်လာသည်။ 

ထို့နောက် စိတ်ထဲတွင် စနစ်၏အသံ ကြားရ၏။ 

[ကစားစရာစက်ရုံပိုင်ရှင် အတွေ့အကြုံ အောင်မြင်သည့်အတွက် ဂုဏ်ယူပါသည်။]

[အရုပ်ထုတ်လုပ်နိုင်သည့် အရည်အချင်း ရရှိပါသည်။]

[ထိုအတွေ့အကြုံအရ လက်နက်ဝိဇ္ဇာ ဟူသော ဝတ္ထု ထွက်ရှိပါမည်။ ထုတ်လုပ်ရန် ကြာချိန် (၁၁) နာရီ]

“လက်နက်ဝိဇ္ဇာ။ ဒီတစ်ခါ အရည်အချင်းကတော့ တကယ် အသုံးဝင်မှာပဲ”

လင်းချွမ် ပြုံး၍ စဉ်းစားနေ၏။ 

ဟင်။ 

သူ ရုတ်တရက် စစ်ဆေးမှုတာဝန်ကို တွေးမိကာ အမြန်ရှာကြည့်လိုက်သည်။ 

[စာအုပ်: လက်နက်ဝိဇ္ဇာ]

[လက်ရှိ အခြေအနေ: ရိုက်နှိပ်ဆဲ]

[အောင်မြင်မှုစံနှုန်း: ၀/၈၀၀၀၀]

[စစ်ဆေးမှုတာဝန်: ဈေးကွက်တွင် မရှိသေးသည့် လက်နက်အသစ် ထုတ်လုပ်၍ အနည်းဆုံး လူ (၁) သိန်း အသိအမှတ်ပြုခံရရန်]

လင်းချွမ် မှင်တက်၍ ငေးကြည့်နေ၏။ 

သူ အောင်မြင်မှုစံနှုန်း (၈) သောင်းကို ကျော်ဖြတ်နိုင်သော်လည်း စစ်ဆေးမှုတာဝန်အတွက် စဉ်းစားစရာ ဖြစ်နေသည်။ 

အနည်းဆုံး အရည်အချင်းရှိပြီးဖြစ်၍ လက်နက် ပြုလုပ်နိုင်လျှင်ပင် လူ (၁) သိန်း အသိအမှတ်ပြု ခံရရန် ခက်ခဲလွန်းသည်။ 

လင်းချွမ် မျက်မှောင်ကြုတ်နေမိ၏။ 

Live လွှင့်ရမှာလား။ 

မဟုတ်သေးဘူး။ တန်းပြီး ထောင်ကျသွားမှာပေါ့။ 

ဟင်။ 

သူ ရုတ်တရက် ရှန်ချန်းချန်းစကားကို ပြန်သတိရသွား၏။ 

လက်နက်သစ် ပြိုင်ပွဲ။ 

ထိုပွဲတွင်တော့ လူပေါင်းသိန်းချီ၍ ရှိနိုင်သည်။ 

ဘာလက်နက် ထွင်ရမလဲ။ 

“အဝေးထိန်း ဒုံးကျည်လောင်ချာဆိုရင် အန္တရာယ်အကင်းဆုံး ဖြစ်မယ် ထင်တယ်”

လင်းချွမ် ချက်ချင်း ဆုံးဖြတ်ကာ ရှန်ချန်းချန်းနှင့် မနက်ဖြန်တွေ့ရန် တွေးနေသည်။ 

“သူဌေး ဂရုစိုက်ဦးနော်”

ရုတ်တရက် ကျန်း ကယောင်ကတမ်းပြောရင်း လင်းချွမ်လက်ကို သေချာ ဖတ်ထား၏။ 

ညမှာ ချမ်းစိမ့်စိမ့်ဖြစ်နေပြီး လင်းချွမ် သူ့ကို စောင်သေချာ ပြန်ခြုံပေးလိုက်မှ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့၏။ 

…

လင်းချွမ် အိပ်ပျော်သွားသော်လည်း တစ်စုံတစ်ဦးမှာတော့မအိပ်နိုင်သေးပေ။ 

မော်ဂန်အုပ်စု အာရှ-ပစိဖိတ်အခွဲ ခေါင်းဆောင် လူးကပ်စ်ဖြစ်၏။ 

ညတွင်းချင်း သူတို့ရုံးခွဲဖြစ်သည့် အန်ကျောက်နှင့် ဟွာရန်တို့ ဖမ်းမိသွားကြလေသည်။ 

ယုခီခီလည်း ပါသွား၍  ရုံးတွင်း ကိစ္စကြီး ဖြစ်နေသည်။  

သူ့တွင် ယုချင်းဟူသော အစ်မတစ်ယောက် ရှိပြီး မော်ဓန်အုပ်စု၏ အရှေ့အလယ်ပိုင်း စီးပွါးရေးများကို တာဝန်ယူထားသည်။ 

သူ ညတွင်းချင်း လူးကပ်စ်ရုံးခန်းသို့ လိုက်လာ၏။ 

“လူးကပ်စ် ရှင်းပြပါဦး။ ရဲတွေ ကိုကိုးကို ဘယ်လိုလုပ် ရှာတွေ့သွားတာလဲ”

လူးကပ်စ်မှာ နေရခက်စွာဖြင့်

“အရင်ဆုံး စိတ်အေးအေး ထားပါဦး။ ကျွန်တော်လည်း ဒီလိုတွေ မဖြစ်စေချင်ပေမဲ့ ရဲတွေက ရုတ်တရက် အလစ်ဝင်လာတာ။ ပထမ လျှိုမုန့် အဖမ်းခံရတော့ ကိုကိုးကို ချက်ချင်း ပြောပြသေးတယ်။ ဒါပေမဲ့ သူ အချိန်မီ မရှောင်နိုင်လိုက်တာ”

“ဟင်း”

ယုချင်း နှာခေါင်းရှုံ့၍

“ကျွန်မ သိထားတာတော့ လင်းချွမ်ဆိုတဲ့လူကြောင့်ဆို”

လူးကပ်စ် ခေါင်းငြိမ့်ပြ၏။ 

“လွန်ခဲ့တဲ့ (၂) ရက်လောက်က ဆာဗာတိုက်ခိုက်တာ ရှုံးသွားလို့ ကိုကိုးရဲ့ အချက်အလက်တွေ ပေါက်ကြားသွားတာမလား”

“မဟုတ်ရပါဘူး”

“မဟုတ်ဘူးလား”

ယုချင်း မျက်နှာပျက်လျက်

“ဟက် အဲ့တာကြောင့်မဟုတ်ရင် လင်းချွမ်က ကိုကိုး ရုံးခန်းကိုရောက်လာပြီး အဆင်သင့် ဖမ်းသွားမလား”

လူးကပ်စ် စွံ့အနေမိသည်။ 

သူလည်း ထိုအခြေအနေကို အခုထိ နားမလည်သေးပေ။ 

လူးကပ်စ် ခဏစဉ်းစား၍

“အခု အရေးကြီးတာက ကိုကိုးကို အမြန်ဆုံး ကယ်ဖို့ပါ”

“အဲ့အတွက် အစီအစဉ် ရှိပြီးသားပါ။ ဘာမှ မစိုးရိမ်နဲ့။ ရှင်က အထက်ကို ဘယ်လိုတင်ပြမလဲသာ တွေးထား”

သူ အေးစက်စက် ပြောလိုက်၏။ 

“အကုန် ပြင်ဆင်ထားပြီးပါပြီ။ နောက်ပြီး ကိုကိုးကိစ္စမှာ တကယ် ရှက်မိပါတယ်။ အစီအစဉ်ကို ပြောပြရင် ကျွန်တော် တတ်နိုင်တာ ကူညီပါ့မယ်”

ယုချင်း လူးကပ်စ်ကိုကြည့်ကာ

“အခုအခြေအနေက တီထွင်မှုတစ်ခုခု ရှိရမယ်။ အထဲမှာတော့ နည်းနည်း ဒုက္ခခံရမှာပေါ့”

တီထွင်မှုကြီး ပြုလုပ်နိုင်သော အကျဉ်းသားများမှာ ပြစ်ဒဏ်လျှော့ပေါ့ခြင်းနှင့် အခြားဆုလာဘ်များ ရရှိနိုင်လေသည်။ 

လူးကပ်စ် ခေါင်းငြိမ့်၍ အနည်းငယ် စိတ်အေးသွားပြီး

“ဒါကတော့ ခင်ဗျားက လက်နက်တီထွင်ဖို့ ကျွမ်းတာပဲ။ မခက်ခဲပါဘူး”

ယုချင်း ခေါင်းယမ်း၍

“ငါ့လက်နက်တီထွင်မှုလောက်နဲ့ သူ့သေဒဏ်ကို မကာနိုင်ဘူး။ ပိုပြီး အင်အားကြီးဖို့ လိုတယ်”

လူးကပ်စ်မှ 

“ဘယ်လိုမျိုးလဲ”

“ဆာနီယာမှာ နောက်ဆုံးပေါ် အဝေးထိန်းလောင်ချာအတွက် လေ့လာနေကြပြီ။ သူက ကီလိုမီတာ (၃၀၀) အထိ သက်ရောက်နိုင်တယ်။ ဒါပေမဲ့ နှစ်တွေအကြာကြီး စမ်းသပ်နေတာတောင် မအောင်မြင်သေးဘူး”

ယုချင်း သက်ပြင်းချ၍ ပြောလိုက်၏။ 

“ဟိုတစ်ခါ ကိုကိုးကို ညှိနှိုင်းဖို့လွှတ်တာ ဒီကိစ္စလား”

ယုချင်း ခေါင်းငြိမ့်ပြလိုက်သည်။ 

“ကျွန်တော်ကိုယ်တိုင် ညှိနှိုင်းခဲ့ပါမယ်”

လူးကပ်စ်မှ ပြောလေသည်။ 

ယုချင်း လက်ယမ်းပြ၍

“ငါပဲ သွားလိုက်မယ်”

လူးကပ်စ်မှာ ထပ်မလွန်ဆန်ရဲသောကြောင့် အောင့်သက်သက်နှင့် ခေါင်းငြိမ့်လိုက်တော့သည်။ 

“ဒီလင်းချွမ်ကတော့…”

ချက်ချင်းပင် ယုချင်းမျက်နှာ အေးစက်လျက်

“ကိုကိုးရဲ့ကိစ္စပြီးမှ ဒီအကောင့်ကို သေချာရှင်းတာပေါ့”

သူ့စကားကို လူးကပ်စ် ကောင်းကောင်း နားလည်ပါသည်။ 

လင်းချွမ်ကို အဆုံးသတ်ရန် ဖြစ်၏။ 

All Chapters