← Chapters

(၅) ယောက်တောင် ယှဉ်ချနိုင်တယ်

Vol. 21 Ch. 310

(၅) ယောက်တောင် ယှဉ်ချနိုင်တယ်

Vol. 21 Ch. 310

ယုယွီ စိုးရိမ်သွားကာ

“ဒါဆို အခု လင်းချွမ် အန္တရာယ်ရှိနေတာပေါ့”

“ယုယွီရယ် အတွေးလွန်နေပြန်ပြီ။ ကျွန်မ ရဲတပ်ဖွဲ့က အသိကို မေးပြီးပြီ။ သူပြောတာတော့ ဒီလိုအခြေအနေမှာ ဘာမှစိုးရိမ်စရာ မရှိဘူးတဲ့။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ ပြည်တွင်းအဖွဲ့ကလည်း မော်ဂန်အုပ်စု လင်းချွမ်ကို လက်စားချေဖို့ ခွင့်မပြုပါဘူး”

ချူဝမ်နင်းမှ ရှင်းပြ၏။ 

ယုယွီ ထိုအခါမှ စိတ်အေးသွားတော့သည်။ 

“ယုယွီ ကျွန်မတွေးနေတာလေ။ လင်းချွမ်သာ အခုလို အောင်မြင်တဲ့အချိန်ကိုကိုက်ပြီး နောက်ထပ် ပြစ်မှုဆိုင်ရာဝတ္ထုအသစ်တစ်ပုဒ် ထပ်ထုတ်ရင် လုံးဝ ပေါက်မှာနော်။ ကျွန်မတို့ ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ် အတွက်လည်း အကျိုးရှိတယ်”

ချူဝမ်နင်း မျက်လုံးအရောင်များတောက်လျက် ယုယွီလက်ကိုကိုင်ကာ စိတ်လှုပ်ရှားစွာ ပြော၏။ 

ပြည်ပထုတ်ဝေရေး မန်နေဂျာအနေဖြင့် ထိုကဲ့သို့ သိသာသော ရလဒ်နှင့် အောင်မြင်မှုကို အဖွဲ့အတွက် ရစေချင်ပါသည်။ 

မည်သည့်နေရာတွင်မဆို စွမ်းဆောင်ရည်အမှတ်မှာ အရေးကြီး၏။ 

သူသာ ပြည်ပထုတ်ဝေရေးအတွက် သေချာ ဂရုမစိုက်နိုင်လျှင် အစားထိုးခံရနိုင်သည်။ 

ထို့ကြောင့် ချူဝမ်နင်း လင်းချွမ်ဝတ္ထုများနှင့် သူ့သတင်းများကို အမြဲမပြတ် စောင့်ကြည့်နေရသည်။ 

မစ္စတာလင်း- အမှောင်လောက အကောင့်တည်ဆောက်ရေးမှာလည်း သူရော လင်းချွမ်ရောအတွက် အကျိုးရှိလေသည်။ 

“တိုက်ဆိုင်လိုက်တာ”

ယုယွီ မျက်ခုံးပင့်လျက် တောက်ပစွာ ပြောလိုက်၏။ 

“ယုယွီရော အဲ့အကြောင်း တွေးနေတာလား”

ချူဝမ်နင်း အံ့ဩစွာ ပြန်မေးလေသည်။ 

ယုယွီ ပြုံးလျက်

“ကျွန်မတင် တွေးနေတာ မဟုတ်ဘူး။ လင်းချွမ်လည်း အတူတူပဲ နေမှာ”

“ကောင်းတာပေါ့”

ချူဝမ်နင်း ပြုံးရွှင်သွားပြီး

“ဒီတစ်ခါက ဘာအကြောင်းရေးဖို့ တွေးနေတယ်တဲ့လဲ”

“တွေးနေတာမဟုတ်ဘူး။ ရေးတောင် ရေးပြီးပြီ”

“ဟင်”

ချူဝမ်နင်း လန့်သွားပြီး

“အဲ့လောက်တောင် မြန်လား”

“သူစာရေးတာ အရင်တည်းက မြန်တယ်လေ”

ယုယွီ ရယ်မော၍ ရှင်းပြ၏။ 

“အခုပဲ ပြောတာ။ သူ ပညာရပ်အသစ်အကြောင်း ရေးထားတယ်တဲ့။ လက်နက်ဝိဇ္ဇာဆိုပြီး”

“လက်နက်ဝိဇ္ဇာ…”

ချူဝမ်နင်း ခဏစဉ်းစားနေသည်။ 

“ဘာပဲဖြစ်ဖြစ် မစ္စတာလင်း- အမှောင်လောက ဆိုတဲ့ အကောင့်နဲ့ လိုက်တယ်မလား”

“ဒါပေါ့။ အရမ်းလိုက်”

ချူဝမ်နင်း ကျေနပ်စွာ ခေါင်းငြိမ့်ပြ၏။ 

“သူ ဒီရက်ပိုင်း အချောသတ်နိုင်မယ် ထင်ပါတယ်”

“ပိုကောင်းတာပေါ့။ ကျွန်မ အခုပဲ လိုတာတွေ ကြိုပြင်ထားလိုက်တော့မယ်”

ချူဝမ်နင်း ပြုံးပျော်၍ ပြော၏။  

လင်းချွမ်သာ အချစ်အကြောင်း ရေးထားလျှင် သူ အပြန်ပြန်အလှန်လှန် ကြည့်၍ စဉ်းစားနေရဦးမည်။ 

ယခုတော့ လက်နက်ဝိဇ္ဇာကို ရေးထားသောကြောင့် သေချာပေါက် ကောင်းမည်ဟု ယုံကြည်ပါသည်။ 

“ဟုတ်သားပဲ”

ယုယွီ ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး

“ဝမ်နင်းရေ ပြည်တွင်းမှာ ထုတ်ခဲ့တဲ့ လင်းချွမ်ဝတ္ထုတွေရော ပြည်ပ ပြန်ထုတ်လို့ရလား”

ချူဝမ်နင်း မျက်နှာပျက်သွားပြီး သက်ပြင်းချ၍ 

“ယုယွီရယ် ဒီကိစ္စရောက်ရင် တကယ် စိတ်ညစ်ပါတယ်”

“ဘာလို့လဲ”

“အရှေ့တောင်အာရှမှာ အာလူးဝက်ဘ်ဆိုဒ်ဆိုတာ သိတယ်မလာ။ သူတို့က လင်းချွမ်စာအုပ်တွေ တော်တော်များများကို ဖယ်လိုက်တာ”

ယုယွီ မျက်မှောင်ကြုတ်သွားပြီး

“အကုန်လုံးလား”

ဝတ္ထုများ ခိုးချခံရသည်ဟု ပြဿနာတက်လျှင် ပိုက်ဆံဖြတ်၍ ဆိုင်းငံ့ခံရတတ်သည်။ 

တစ်ခါတစ်ရံ ကူးချသူများမှာ စာအုပ်အညွှန်းတွင် သူ့ကိုယ်သူ အစစ်ပုံစံဖြင့် ပြောတတ်ကြသေး၏။ 

မဟုတ်လျှင်လည်း အစစ်မှာ သူတို့ကို မမှီကြောင်း ပြောတတ်ကြသည်။ 

ထို့ကြောင့် ခိုးချခြင်းမှာ မူရင်းအစစ်ကို သတ်လိုက်ခြင်းပင်။ 

မူရင်းစာရေးသူမှာ လည်ချောင်းတွင် အရိုးစူးသကဲ့သို့ နေရခက်လွန်း၏။ 

“ဟုတ်တယ်”

ချူဝမ်နင်း ခေါင်းငြိမ့်ပြ၍ 

“ကျွန်မတို့ ဥပဒေအဖွဲ့ကနေ ညှိနှိုင်းတာတွေတော့ လုပ်နေပါတယ်”

“ပြည်ပအတွက် ဥပဒေနဲ့ဆိုတော့ နည်းနည်းတော့ ခက်တယ်နော်”

ယုယွီ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ 

အွန်လိုင်းစာပေလောကတွင် ပြည်တွင်းအတွက် တိုက်ခိုက်မှုများပင် နေ့စဉ် ကြုံတွေ့နေရပြီး ဥပဒေမှာ မလွယ်ကူလှပေ။ 

“ဟုတ်တယ်။ တကယ် ရှုပ်တာ”

ချူဝမ်နင်း သက်ပြင်းချမိ၏။ 

et anywhere, we'll bring it up to Lin Chuan."

“လင်းချွမ်ကို ပြောလိုက်ရမလား။ သူဆိုရင် ရှင်းနိုင်မယ် ထင်တယ်”

ယုယွီမှ ပြော၏။ 

ချူဝမ်နင်း ခဏစဉ်းစား၍

“လင်းချွမ်က သူ့စာပဲ အာရုံစိုက်ပါစေ။ ကျွန်မတို့ ဥပဒေအဖွဲ့ မနိုင်မှပဲ ပြောပါ့မယ်”

“ကောင်းပါပြီ”

ထို့နောက် နှစ်ယောက်သား လင်းချွမ်၏ အရင် ထုတ်ဝေပြီးသော ဝတ္ထုများအကြောင်း ဆွေးနွေးရင်း အချိန်ကုန်ဆုံးခဲ့၏။ 

…

ထိုအချိန်တွင် လင်းချွမ်မှာ အဖြူရောင်တီရှပ်နှင့် အားကစား ဘောင်းဘီတိုအနက်တို့ကို ဝတ်ဆင်လျက် ဧည့်ခန်းတွင် ကျန်းအား ကိုယ်ခံပညာအချို့ သင်ပေးနေသည်။ 

ဧည့်ခန်းမှာ ကျယ်ဝန်းပြီး ကော်ဖီစားပွဲကို ဘေးကပ်၍ အောက်တွင်လည်း ရေမြှုပ်ဖျာများ ခင်းထားသည်။ 

ထိုအခါ ယာယီကြိုးဝိုင်း ဖြစ်လာလေ၏။ 

ကျန်းမှာ အဖြူအပြာစပ် အားကစားဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံနွယ်ရှည်ကို အပေါ်တွင် စုချည်လျက် မျက်နှာလေးမှာ ပန်းသွေးရောင် ရဲနေသည်။ 

မနက်ခင်း အားကစားလုပ်ကြပြီးနောက် ကျန်း ပုဝါဖြင့် လင်းချွမ်ကို ချွေးသုတ်ပေးလိုက်သည်။ 

“သူဌေး ကျွန်မ အခု အရမ်းသန်မာနေပြီ။ (၅) ယောက်နဲ့တောင် ယှဉ်ချနိုင်တယ်”

“ဒါဆို စမ်းကြည့်ကြမလား”

လင်းချွမ် စနောက်၍ ပြောလိုက်သည်။ 

ကျန်း နဖူးမှ ချွေးစများကို သုတ်ကာ

“ရှင့်ကိုတော့ ဘယ်နိုင်မလဲ”

“ဒါဆို ခုနကပြောတဲ့ (၅) ယောက်က ဘာလဲ”

“အင်း… ကလေး (၅) ယောက်လေ”

ကျန်း မျက်လုံးလေးများ ဝိုင်း၍ ပြောလိုက်၏။ 

လင်းချွမ်လည်း ပြုံးလျက်

“မင်းက တကယ် တတ်လွယ်ပါတယ်။ ဒါပေမဲ့ အင်အားတော့ လိုသေးတယ်”

ကျန်း လက်သီးလေးများဆုပ်လျက်

“ဒါဆို ကြွက်သားလေ့ကျင့်ခန်း ပိုလုပ်ရမှာပေါ့”

လင်းချွမ် သူ့ကို သေချာကြည့်ကာ

“မင်း ကြွက်သားတွေနဲ့ ဖြစ်လာရင် ကို  မနိုင်လောက်တော့ဘူး ထင်တယ်”

All Chapters