← Chapters

တခြားခေါင်းဆောင်တွေရော

Vol. 21 Ch. 311

တခြားခေါင်းဆောင်တွေရော

Vol. 21 Ch. 311

“ဘာကို မနိုင်တာလဲ”

ကျန်း လက်သီးလေးထောင်ကာ ရယ်မောလျက်

“သူဌေး လိုက်စနေပြန်ပြီနော်”

လင်းချွမ်လည်း အားရပါးရ ရယ်မောမိလေသည်။ 

တီး တောင်…

ထိုစဉ် တံခါခေါင်းလောင်း မြည်လာ၏။ 

“ဘယ်သူလဲ”

လင်းချွမ် နဖူးမှချွေးများ သုတ်ရင်း ရေရွတ်မိသည်။ 

“မမချန်းချန်း ဖြစ်မယ်။ ကျွန်မ ဒီမနက် အားလားလို့ မေးထားလို့လေ။ အိမ်ကိုပဲ ဖိတ်လိုက်တာ”

ကျန်းရှင်းရှင်း တံခါးဆီ လျှောက်သွားရင်း ရှင်းပြ၏။ 

ထင်သည့်အတိုင်း ရှန်ချင်းချင်း ဖြစ်ပါသည်။ 

သူ ရဲယူနီဖောင်းနှင့် မဟုတ်ဘဲ ရိုးရှင်းသော အင်္ကျီအဖြူ၊ ဂျင်းဘောင်းဘီအပြာလေးကိုသာ ဝတ်ဆင်ထားသည်။ သို့သော် လှပသော အသားအရည်၊ သွယ်လျသော ခန္ဓာကိုယ်ကိုတော့ ဖုံးကွယ်နိုင်စွမ်းမရှိဘဲ နုပျိုလန်းဆန်းသော အရှိန်အဝါကို ခံစားရ၏။ 

“မမချန်းချန်း”

ကျန်းပြုံး၍ နှုတ်ဆက်ကာ ဧည့်ခန်းဆီ ခေါ်လာ၏။ 

“ရှင်းရှင်း ဒါက ဘာတွေလဲ”

ရှန်ချန်းချန်း အခန်းအနေအထားကိုကြည့်၍ အံ့ဩစွာ မေးလိုက်သည်။ 

“သူဌေးက ကိုယ်ခံပညာ နည်းနည်း သင်ပေးနေတာလေ။ မမချန်းချန်း ထိုင်ဦးနော်။ စပျစ်သီး သွားဆေးလိုက်ဦးမယ်”

“ကောင်းပါပြီ”

ရှန်ချန်းချန်း ဆိုဖာတွင်ထိုင်ကာ အားကစားဝတ်စုံနှင့် လင်းချွမ်ကိုကြည့်၍ လှမ်းစလိုက်၏။ 

“သိုင်းဆရာကြီး ကျွန်မကိုရော ဘယ်တော့ သင်ပေးမှာလဲ”

“ကျွန်တော့် အရည်အချင်းက ချင်းချင်းတို့လို ကျွမ်းကျင်အဆင့်ကို မယှဉ်နိုင်ပါဘူးဗျာ။ ချက်ချင်း အလဲထိုးလိုက်လိမ့်မယ်”

လင်းချွမ် ရှန်ချန်းချန်းအတွက် ရေတစ်ခွက်ငှဲ့ပေးရင်း ပြော၏။ 

ရှန်ချန်းချန်း ရယ်မောကာ 

“ကျွန်မသာ ရှင့်ထက်တော်ရင် မနေ့ညက ရှင်တစ်ယောက်တည်း ရုန်းကန်နေရမှာ မဟုတ်ဘူး”

“အဲ့လိုဆိုမှ ယုခီခီရော ဝန်ခံပြီလား”

“အခုထိ ဝန်မခံသေးပါဘူး။ ဘာမှလည်း မပြောဘူး။ တစ်ချိန်လုံး နှုတ်ပိတ်နေတာ”

ရှန်ချန်းချန်း ရေတစ်ကျိုက်မော့ကာ ပြော၏။ 

“ထင်တဲ့အတိုင်းပဲ”

လင်းချွမ် ခေါင်းငြိမ့်ပြသည်။ 

“သူ ဖွင့်ပြောလာအောင် လုပ်ရမယ့်နည်းလမ်း ရှိလား”

လင်းချွမ် ခေါင်းယမ်း၍

“ကျွန်တော့်အထင် သူက မော်ဂန်အုပ်စုမှာ အရေးကြီးတဲ့ရာထူးပဲ။ အဲ့တော့ သူ အသက်ရှင်ချင်ရင် သေချာပေါက် နှုတ်ပိတ်ပြီး ဝန်ခံလာမှာ မဟုတ်ဘူး”

“သူ ဝန်မခံလည်း ကိစ္စတော့ မရှိပါဘူး။ ကျွန်မတို့ အခု ရထားတဲ့ သက်သေတွေနဲ့ဆိုရင် တရားစွဲဖို့ လုံလောက်တယ်”

“တခြား ခေါင်းဆောင်တွေရော”

လင်းချွမ် ပြန်မေးလိုက်သည်။ 

ရှန်ချန်းချန်း ခေါင်းယမ်းလျက်

“မော်ဂန်အုပ်စုက တရာမဝင်စီးပွါးရေးတွေ လုပ်နေတာ ကြာလှပြီ။ တစ်ယောက်နဲ့တစ်ယောက် တော်ရုံ ဝင်မပါဘူး။ ယုခီခီကို မူးယစ်ဆေးနဲ့ ပတ်သက်ပြီး မိရင်တောင် တခြားနယ်ပယ်က ခေါင်းဆောင်တွေအထိ ဖမ်းဖို့ မလွယ်ဘူး”

ရှန်ချန်းချန်း ပြောတာ မှန်ပါသည်။ 

လုပ်ငန်းကြီးလာလေ ပိုဂရုစိုက်ရလေ ဖြစ်၏။ 

“ဒီအမှုနဲ့ပဲ ရပ်ရမယ် ထင်တယ်”

လင်းချွမ်ပြုံးလျက်

“ဒါနဲ့ မနေ့ညက လက်နက်ပြိုင်ပွဲဆိုပြီး ပြောတယ်လေ”

ရှန်ချန်းချန်း ခေါင်းငြိမ့်ပြ၍

“ဟုတ်တယ်။ နိုင်ငံအဆင့် လက်နက်သစ် ပြိုင်ပွဲလေ။ ဒီနေ့လာတာလည်း ရှင့်ဆီက အကြံဉာဏ် တောင်းမလို့”

“ဟုတ်တယ် အဲ့တာ”

လင်းချွမ်မျက်နှာ ဝင်းပသွား၏။ 

“မမချန်းချန်း ဘာအကြံဉာဏ် တောင်းမလို့လဲ”

ထိုစဉ် ရှင်းရှင်းမှာ စပျစ်သီးများ ဆေးပြီး၍ စားပွဲပေါ် ချပေးလိုက်သည်။ 

“လက်နက်သစ် ပြိုင်ပွဲရှိတာလေ။ အဲ့တာ လင်းချွမ်က လက်နက်အကြောင်း နားလည်တယ်ဆိုတော့ အကူအညီ ရမလားလို့”

ရှန်ချန်းချန်း ရှင်းရှင်းကို ခုံတွင် ထိုင်စေရင်း ရှင်းပြ၏။

“လက်နက်အသစ်လား”

ကျန်း သူတို့ကို လေးစားစွာ လှမ်းကြည့်၍

“မိုက်လိုက်တာ။ မနေ့ညကပဲ ကျွန်မတောင်ပစ်ခတ်နည်းပါ သင်ခိုင်းနေသေးတာ”

ရှန်ချန်းချန်း စပျစ်သီး ယူစားရင်း

“သူက သေနတ်ဘုရင်လေ။ သူနဲ့သာ သေချာ လေ့ကျင့်ရင် တစ်လအတွင်း ကျွမ်းကျင်သွားလိမ့်မယ်”

ကျန်းရှင်းရှင်း စပျစ်သီးဝါးရင်း ချစ်စရာကောင်းစွာ ပြော၏။ 

“ကောင်းတာပေါ့။ ကျွန်မရော အပြင်မှာ သေနတ်ပစ်ပြိုင်ပွဲတွေ ဝင်လို့ရလား”

“အဟမ်း”

လင်းချွမ် သူ့ကိစ္စရှိနေ၍ ဖြတ်ပြောရန် ပြင်လိုက်သည်။ 

ရှန်ချန်းချန်း ပြုံးလျက်

“လင်းချွမ် အလုပ်အကြောင်း ပြောတော့မှာပဲ”

ကျန်းလည်း ထိုအခါ ငြိမ်၍ နားထောင်နေလေသည်။ 

“အလုပ်ရယ်လို့တော့ မဟုတ်ပါဘူး။ ဒီလက်နက်သစ် ပြိုင်ပွဲအကြောင်း ပိုသိချင်လို့”

လင်းချွမ် ရယ်မော၍ ပြော၏။ 

“ရှင် ဒီပွဲကို စိတ်ဝင်စားလို့လား”

“အင်း နည်းနည်းပေါ့”

“မနေ့ညကတော့ ဝတ္ထုရေးတာကလွဲပြီး ဘာမှမလုပ်နိုင်ဘူးဆို။ ဒီနေ့ကျ ကိုယ်တိုင် ပါချင်နေပြီပေါ့”

လင်းချွမ် နေရခက်စွာ ပြုံး၍

“မနေ့ညကအကြောင်း ပြန်တွေးမိတော့ အခန်းလေးထဲမှာ အမြဲ စာပဲရေးနေရင် ပျင်းစရာ ကောင်းတယ်လေ။ ပြိုင်ပွဲတွေ ဝင်ပြိုင်တော့ စိတ်လည်းလန်းပြီး စာရေးလို့ ပိုကောင်းတာပေါ့”

ရှင်းရှင်းလည်း ဘေးမှ ခေါင်းတငြိမ့်ငြိမ့်နှင့် ထောက်ခံနေလေသည်။ 

သူကိုယ်တိုင်လည်း ဝတ္ထုစရေးနေပြီဖြစ်၍ အခက်အခဲများကို ကောင်းကောင်း နားလည်ပါသည်။ 

ရှန်ချန်းချန်း ရယ်မော၍

“ရှင်လည်း ရေးစရာအကြောင်းအရာ ကုန်တတ်တဲ့ပုံပဲ”

“ကျွန်တော် ဝင်ပြိုင်လို့ ရလားဟင်”

လင်းချွမ် ပြန်မေးလိုက်သည်။ 

“ရတာပေါ့။ ရှင့်မှာ အရည်အချင်း ရှိပါတယ်။ ဒီ လက်နက်သစ်ပြိုင်ပွဲက နိုင်ငံအဆင့်လေ။ အားလုံး ပါဝင်ခွင့်ရှိတယ်”

“လူထုကို ပြန်ချပြမှာမလား”

“ဒါပေါ့”

ရှန်ချန်းချန်း ခေါင်းငြိမ့်ပြ၍

“အွန်လိုင်းမှာ live လွှင့်ပြီး အကဲဖြတ်တာလည်း ပါလိမ့်မယ်။ လူတိုင်းဆီ ရောက်မှာပါ”

“ကောင်းတာပေါ့”

လင်းချွမ် ပျော်ရွှင်လွန်း၍ စိတ်ကိုမနည်းထိန်းနေရသည်။ 

သူ့စစ်ဆေးမှုတာဝန်အတွက် လူ (၁) သိန်းသိရှိပြီး အသိအမှတ်ပြုရန် လိုအပ်ပါသည်။ 

သို့သော် ထိုအရေအတွက်မှာ သာမာန်မဟုတ်ပေ။ 

“လင်းချွမ် ရှင့်ကြည့်ရတာ အရမ်းတက်ကြွနေတယ်နော်။ လက်နက်ဒီဇိုင်းတောင် ပြင်ပြီးနေပြီလား”

“လက်နက်လား”

လင်းချွမ် ခေါင်းယမ်းပြ၍ ရယ်မောကာ

“စဉ်းစားထားပေမဲ့ ချန်းချန်းကိုတော့ မမှီလောက်ပါဘူး။ ဒီအတိုင်း ဒုံးကျည်လောင်ချာလို့ တွေးနေတာ”

“ဘာ”

ရှန်ချန်းချန်း မှင်တက်၍ မျက်မှောင်ကြုတ်ကာ

“ရှင် ရှင်က ဒုံးကျည်လောင်ချာလုပ်နည်း သိတာလား”

“အဲ့တာ အဲ့လောက် ထူးဆန်းလို့လား”

လင်းချွမ် ပြန်မေးလိုက်သည်။ 

“မထူးဆန်းဘူးလား”

ရှန်ချန်းချန်းလည်း ပြန်မေး၍ မှင်တက်နေ၏။ 

အွန်လိုင်းစာရေးတာကို အဓိက လုပ်နေတဲ့သူက ဒုံးကျည်လောင်ချာ ထုတ်မယ်တဲ့။ ဘယ်သူက ယုံမှာလဲ။ 

လင်းချွမ် ပြုံး၍

“ဒီမှာ အစ်မချန်းချန်း အွန်လိုင်းစာရေးဆရာမှာလည်း ဗဟုသုတတွေ ရှိပါတယ်။ ဒီလောက်တော့ လုပ်လို့ရတာပေါ့”

All Chapters