ဘယ်မှာ ထုတ်မှာလဲ
Vol. 21 Ch. 313
ရှန်ချန်းချန်း သေချာစဉ်းစား၍ ခေါင်းငြိမ့်ကာ
“အပူချိန်များများ၊ ဖိအားမြင့်မြင့်နဲ့ ဂျက်လေယာဉ်မှာလို တွန်းကန်အားကို သုံးတာပဲ။ နားလည်ပြီ။ လျှပ်စစ်သံလိုက် မောင်းဖို့စနစ်လည်း ပါရမှာမလား”
“အဲ့တာက…”
လင်းချွမ် ခေါင်းကုတ်လိုက်၏။
သူ ထိုအကြောင်းကို မသိ၍မဟုတ်ဘဲ အရှင်းဆုံး ဖြစ်အောင် မည်သို့ ရှင်းပြရမည်ကို တွေးနေခြင်း ဖြစ်သည်။
သူ ပုံရိပ်ယောင်လောက၌ အတွေ့အကြုံများစွာ ရှိခဲ့ပါသည်။
ထိုစဉ် ကျန်းမှ
“သူဌေး ခုနကပြောတဲ့ တွန်းကန်အားနဲ့တင် ဒီနေ့အတွက် တော်လောက်ပါပြီ။ လျှပ်စစ်သံလိုက်ကိစ္စက နောက်နေ့မှ ဆက်ပြောနော်”
ရှန်ချန်းချန်းလည်း ထိုသို့ တွေးမိပါသည်။
ထို့ကြောင့် ကျန်း၏ ဦးဆောင်မှုနောက်လိုက်၍
“လျှပ်စစ်သံလိုက်အကြောင်းက ရှင်းပြရ ခက်မယ် ထင်တယ်။ အခုချိန်ပြောလည်း ရှင်းရှင်းရော ကျွန်မရော နားလည်မှာ မဟုတ်ဘူး။ အရင်ဆုံး အခြေခံကိုပဲ သေချာပြန်သုံးသပ်လိုက်ပါဦးမယ်”
လင်းချွမ် သူ့စကားကြောင့် ရယ်မောလိုက်မိသည်။
မိန်းကလေးများ၏အတွေးကို သူ ကောင်းကောင်း နားလည်ပါသည်။
ထို့ကြောင့် အတင်း ရှင်းပြမနေတော့ဘဲ ရယ်မောကာ
“ဟုတ်ပါပြီ။ ပစ္စည်းထုတ်လုပ်ပြီးမှပဲ ရှင်းပြတော့မယ်။ အဲ့အခါ ပိုနားလည်မှာပါ”
“ကောင်းပါပြီရှင်”
ရှန်ချန်းချန်း ခေါင်းငြိမ့်ပြ၍
“ကျွန်မကိုတော့ သေနတ်နဲ့ပတ်သက်ပြီး အကြံပေးဦးနော်။ ရှင် ကျွမ်းကျင်တဲ့အပိုင်းဆိုတော့”
လင်းချွမ်မှ
“သေနတ်အမျိုးအစားတွေက အများကြီးရှိတယ်။ ချန်းချန်းက ဘယ်လိုမျိုး လုပ်ချင်တာလဲ”
“ရိုင်ဖယ်လေ”
သူ ရယ်မော၍ ပြောလိုက်၏။
“ဪ ချန်းချန်း ကိုင်နေကျ သေနတ်လေးတွေမျိုး လုပ်မယ် ထင်နေတာ”
လင်းချွမ်ပြုံး၍ ပြော၏။
“ကျွန်မလည်း တစ်ခါတစ်လေ ရိုင်ဖယ် ကိုင်ပါတယ်နော်”
ရှန်ချန်းချန်း မခံချင်စွာပြော၍ လက်လေးများ ချိုးကာ
“ကျွန်မကြိုက်တဲ့ ရိုင်ဖယ်တွေ ရှိတယ်။ နံပါတ် (၅၆) တစ်ဝက် အလိုအလျောက်တုံ့ပြန်တဲ့ရိုင်ဖယ်၊ နံပါတ် (၈၁) အလိုအလျောက် ရိုင်ဖယ်၊ မော်ဆာ၊ AK တော်တော်များများ ရင်းနှီးပါတယ်”
လင်းချွမ် သူ့ကိုကြည့်၍
“သေနတ်ဘုရင်ဆိုပြီး ပြိုင်ချင်တာပေါ့ ဟမ်”
“ဟားဟား အဲ့လိုတော့လည်း မဟုတ်ပါဘူး။ ပြိုင်ပွဲအကြောင်းတွေ့တော့ နည်းနည်းတော့ စိတ်လှုပ်ရှားတာပေါ့။ စမ်းကြည့်ချင်တယ်လေ”
သူ လင်းချွမ်၏ ဗဟုသုတကိုလည်း ကောင်းကောင်း သိ၏။
“အကြမ်းဖျင်းဒီဇိုင်းကို ပြောပါဦး”
လင်းချွမ် ရေတစ်ခွက် သောက်ကာ မေးလိုက်၏။
ရှန်ချန်းချန်း ခဏစဉ်းစားပြီးမှ
“ရှင် Transformers ရုပ်ရှင် ကြည့်ဖူးတယ်မလား”
“ဒါပေါ့”
လင်းချွမ် ခေါင်းငြိမ့်ပြ၏။
“အဲ့လိုမျိုးနဲ့ ရိုင်ဖယ်ဒီဇိုင်း လုပ်ချင်တာ”
“စက်ရုံလိုလား”
လင်းချွမ် ရုတ်တရက် အံ့ဩသွားပြီးမှ နားလည်သွားပုံဖြင့်
“သေနတ်ဒီဇိုင်းကို ဆန်းပြီး ပြမယ်ပေါ့”
“ရှင်က နားလည်လွယ်တာပဲ။ ဟုတ်တယ်။ ရှင့် ဒုံးကျည်လောင်ချာထက် လွယ်ပါတယ်”
ရှန်ချန်းချန်း မျက်လုံးအရောင်လေး လက်သွား၏။
သူ လင်းချွမ်ကို ခက်ခက်ခဲခဲ ရှင်းရန် မလိုလိုက်ပေ။
(၂၁) ရာစု မတိုင်မီကတော့ သေနတ်အများစုမှာ မိသားစုပုံစံ ဖြစ်သည်။
ဤသို့ဖြင့် (၂၁) ရာစုထဲ ဝင်လာသည်နှင့် သေနတ်များ၏ တိုးတက်မှု ပိုလာသည်။
အရိုးရှင်းဆုံးပြောရလျှင် အမျိုးအစားတူ သေနတ်များမှာ လိုအပ်သောပစ္စည်းများကို မျှဝေ သုံးနိုင်ပြီး ထုတ်လုပ်မှု သိပ်သည်းကျစ်လျစ်စေ၏။
တိုးတက်လာသော ခေတ်တွင်မူ တစ်ခုချင်းစီသာ သုံးနိုင်လေသည်။
“အွန်လိုင်းစာရေးဆရာတစ်ယောက် အနေနဲ့ ရှိသင့်တဲ့ ဗဟုသုတပ်ပါပဲ”
လင်းချွမ် ရယ်မော၍ ပြောလိုက်၏။
ရှန်ချန်းချန်း လက်မထောင်ပြကာ
“အခုက ရိုင်ဖယ်တွေမှာလည်း အချင်းချင်း လဲလှယ်သုံးနိုင်တယ်လို့ တွေးကြည့်လေ။ မကောင်းဘူးလား”
သူပြောရင်း မျက်လုံးအရောင်လေးများ လက်နေသည်။
“တကယ် ကောင်းတာပေါ့”
လင်းချွမ် ခေါင်းငြိမ့်ထောက်ခံပြီးနောက်
“ဒါပေမဲ့ ဒီဇိုင်းဆွဲဖို့တော့ ခက်မယ်နော်”
“အပင်ပန်းမခံဘဲတော့ ဘာမှ ဖြစ်မလာဘူးလေ”
ရှန်ချန်းချန်းမှ ပြော၏။
“အကြံရှိထားပြီးသား မို့လို့လား”
လင်းချွမ် ပြန်မေးလိုက်သည်။
“နည်းနည်းပါ။ အဲ့တာကို ပြောပြရင် ရှင်က ဘယ်လို ပြင်ဆင်ရမလဲ အကြံပေးပေါ့”
ထို့နောက် ရှန်ချန်းချန်း ချက်ချင်း မှတ်စုစာအုပ်လေး နှင့် ဘောပင်တို့ ထုတ်ကာ ချရေးဆွဲရင်း လင်းချွမ်နှင့် တိုင်ပင်လေ၏။
သူ သေချာပြင်ဆင်ထားမှန်း သိသာပါသည်။
ကျန်းရှင်းရှင်းမှာတော့ ဘေးတွင် ထိုင်ကြည့်ရင်း တိတ်တိတ်လေး နားထောင်နေသည်။
လင်းချွမ်မှာ ပုံရိပ်ယောင်လောက၌ ပြုလုပ်ခဲ့ဖူးသော လက်နက်များအကြောင်း ပြန်တွေးနေမိ၏။
သို့သော် သူ အစအဆုံး အကုန် မပြောပြပေ။ မဟုတ်လျှင် သူ့အကြံဉာဏ်နှင့် သူ့လက်ရာ ဖြစ်သွားပေမည်။
ထို့ကြောင့် အကြံဉာဏ်သာ ပေးလေ၏။
အဓိကဒီဇိုင်းမှာ ရှန်ချန်းချန်းကိုယ်တိုင် ရှာဖွေ ပြုလုပ်ရပေမည်။
ခဏအကြာတွင်။
ရှန်ချန်းချန်း ပျော်ရွှင်စွာဖြင့် စာအုပ်နှင့် ဘောပင် သိမ်းကာ
“ဒီည အိမ်ပြန်ရောက်တာနဲ့ ရှယ်ကြိုးစားပြီ။ နည်းနည်း ထပ်ပြင်လိုက်ရုံပဲ”
“ဒါနဲ့ အဲ့သေနတ်က ထုတ်လုပ်ရေးအပိုင်းကနေ ပြိုင်မှာလား”
လင်းချွမ် ပြန်မေးလိုက်သည်။
ရှန်ချန်းချန်း ခေါင်းငြိမ့်ပြ၍
“ဟုတ်တယ်လေ။ ဘာလို့လဲ”
“ဒါနဲ့ ဘယ်မှာ တပ်ဆင်မှာလဲ”
သူ ပြုလုပ်ချင်သည့်လက်နက်မှာ လက်နက်ကြီးထဲတွင် ပါလေသည်။
စက်ပစ္စည်းကြီး၊ နေရာကျယ်ကျယ် မရှိလျှင် မအောင်မြင်နိုင်ပေ။
“အဲ့တာလား”
ရှန်ချန်းချန်း ပြုံးလျက်
“ကျွန်မအဖေဆီ သွားမလို့လေ။ သူ့မှာ စက်ပစ္စည်းတွေ ရှိတယ်။ အဲ့တော့ ကုန်ကြမ်း ထုတ်လုပ် တပ်ဆင်ဖို့ ပူစရာ မလိုဘူး”
“ချန်းချန်းကတော့ အကွက်ကို စေ့နေတာပဲ”
လင်းချွမ် အံ့ဩစွာ ပြောမိ၏။
ရှန်ချန်းချန်း လက်တစ်ဖက်မှ ရေခွက်ကို ကိုင်လျက်
“အကွက်စေ့တယ်တဲ့လား။ အဖေက ဒီအတိုင်း အန်လင်း သံထည်နဲ့ စတီးလ်စက်ရုံက ဒါရိုက်တာ ဖြစ်နေလို့ပါ။ အန်လင်းလက်အောက်က ဆိုပေမဲ့ အရင် (၂) နှစ်လောက်က အခြေအနေ သိပ်မကောင်းခဲ့ဘူးလေ”