← Chapters

သမီးအဆင့် မဟုတ်ဘူး

Vol. 21 Ch. 315

သမီးအဆင့် မဟုတ်ဘူး

Vol. 21 Ch. 315

(၃) ရက်မြောက် ကြာသောအခါ။ 

တိမ်တိုက်များမှာ ပျံ့ကျဲ၍ နေရောင်ခြည်သည် ရွှန်းလဲ့စွာ တောက်ပနေသည်။ သို့သော် စက်ရုံမှ စက်များ၏ လည်ပတ်သံကို မကြားရဘဲ ဖြတ်သွားဖြတ်လာ ကားများနှင့် ကျေးငှက်တို့၏ တေးသံအချို့သာ ပေါ်ထွက်နေ၏။ 

အန်လင်း သံနှင့်စတီးလ်စက်ရုံမှာ ပိတ်သွားလေပြီ။ 

အလုပ်သမားအချို့ မန်နေဂျာရုံးခန်းတွင် စုဝေးလျက် မန်နေဂျာ ရှန်ကျန်းဟွာအား ကြည့်နေကြသည်။ 

ရှန်ကျန်းဟွာမှာ ရှန်ချန်းချန်း၏အဖေဖြစ်ပြီး အသက် (၅၅) ဝန်းကျင် ရှိလေပြီ။ အသက်အားဖြင့် မအိုလှသေးသော်လည်း သူ့ဆံပင်တိုတိုမှာ အဖြူအမည်း ရောလျက် မျက်နှာတွင်မူ အရေးအကြောင်းများပြည့်၍ စိုးရိမ်စရာများ ရှိကြောင်း ပေါ်လွင်လေသည်။ 

“မန်နေဂျာ စက်ရုံပိတ်တာက တစ်ရက်နှစ်ရက်ပဲ မဟုတ်ဘူးလား။ ကျွန်တော်တို့ ဘယ်တော့ အလုပ်ပြန်ဆင်းရမှာလဲ” 

ရုံးခန်းထဲတွင်။ 

အလုပ်သမားတစ်ဦးမှ မျက်မှောင်ကြုတ်၍ ဒေါသတကြီး မေးလိုက်သည်။ 

သူ့ဘေး၌ အခြား ပညာရှင်များ ရှိနေပြီး အားလုံး မျက်နှာမသာမယာဖြင့် ရှန်ကျန်းဟွာအား ကြည့်နေကြသည်။ 

ရှန်ကျန်းဟွာမျက်နှာမှ အမူအရာသည်လည်း ရင်ထဲ၌ မည်မျှ တင်းကြပ်နေကြောင်း ပေါ်လွင်၏။ 

သူ စားပွဲရှေ့တွင် ထိုင်နေပြီး လက်နှစ်ဖက်ကို အချင်းချင်း ဆုပ်ကိုင်လျက် လေးနက်စွာဖြင့်

“အားလုံး ဘယ်လိုခံစားနေရမလဲဆိုတာ နားလည်ပါတယ်ဗျာ။ ကျွန်တော်လည်း ဒီစတီးလ်စက်ရုံကို လူတိုင်းထက်ပိုပြီး မြန်မြန် လည်ပတ်စေချင်ပါတယ်”

သူ အားလုံးကို ဝေ့ဝဲကြည့်ပြီးနောက် သက်ပြင်းချလိုက်သည်။ 

ယခု ပညာရှင်များမှာ သူ့နောက်သို့ (၁၀) နှစ်၊ အနှစ် (၂၀) ကြာ အတူလိုက်၍ အလုပ်လုပ်ခဲ့ကြသူများ ဖြစ်ပြီး အချို့မှာ ပင်စင်ယူရန် နှစ်အနည်းငယ်သာ လိုပါတော့သည်။ 

ထို့ကြောင့် စက်ရုံပိတ်ရခြင်းအတွက် အားလုံး ခံစားနေကြရသည်။ 

စက်ရုံသာ ဆက်မလည်ပတ်နိုင်ဘဲ တကယ် ပိတ်သွားလျှင် သူတို့အတွက် အလွန်ထိခိုက်ပါသည်။ 

အလုပ်သမား (၁၀) ယောက်ကျော်မှာ ရှန်ကျန်းဟွာ၏ ထိုအမူအရာကြောင့် စိတ်ထဲတွင် တင်းတောင့်သွားကြ၏။ 

သူတို့ ရှေ့ဆက်မတိုးနိုင်တော့မှန်း ကောင်းကောင်း သိပါသည်။ 

သို့သော် ရှန်ကျန်းဟွာအကြောင်းလည်း ကောင်းကောင်းသိ၏။ 

သူတို့ချင်း ခင်မင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိပြီး မန်နေဂျာကောင်းတစ်ယောက် ဖြစ်လေသည်။ ထိုစက်ရုံကိစ္စများကို သူတစ်ယောက်တည်း ဆုံးဖြတ်နိုင်သည် မဟုတ်ပေ။ 

ရှန်ကျန်းဟွာ လက်သီးကို ခပ်တင်းတင်း ဆုပ်လျက် အကြည့်များ တည်ငြိမ်လာပြီး

“အားလုံး စိတ်အေးအေးထားကြပါ။ ကျွန်တော်နဲ့ အထက်နဲ့ အတတ်နိုင်ဆုံး ညှိနှိုင်းတိုင်ပင်ပြီး ကျွန်တော်တို့ စတီးလ်စက်ရုံ အဆင်ပြေချောင်လည်အောင် ကြိုးစားပါ့မယ်”

“မန်နေဂျာရှန်ရယ် ကျွန်တော်တို့လည်း ခင်ဗျားကိုပဲ အားကိုးစရာ ရှိပါတော့တယ်”

အလုပ်သမားခေါင်းဆောင်မှ စိတ်အားထက်သန်စွာ ပြောလေသည်။ 

ရှန်ကျန်းဟွာ သူ့ပုခုံးကို ပုတ်လျက် သက်ပြင်းချကာ

“အားလုံး အဆင်ပြေသွားမှာပါ။ ဒီရက်ပိုင်း ခဏနားလိုက်ကြဦးနော်။ အလုပ်တွေ ပြန်စရင် ဆက်သွယ်လိုက်ပါမယ်”

အလုပ်သမားများ ပြန်သွားပြီးနောက်။ 

ရှန်ကျန်းဟွာ တစ်ယောက်တည်း စက်ရုံထဲ ဝင်လာခဲ့သည်။ 

သူ ရင်းနှီးနေသော ထိုစက်ပစ္စည်းများ၊ လျှောက်လမ်းများမှာ ဖုန်အချို့ပေ၍ သံချေးများပင် တက်နေလေပြီ။ 

သူ ခန်းမထဲ အထီးကျန်စွာရပ်နေရင်း ရင်ထဲဆို့နစ်၍ ဝမ်းနည်းလာ၏။ 

“အဖေ”

သူ မည်မျှကြာအောင် ရပ်နေမည်သည် မသိ။ 

အနောက်မှ ရင်းနှီးသော ခေါ်သံတစ်ခုကြားမှ အသိစိတ်ပြန်ဝင်ကာ လှည့်ကြည့်လိုက်သည်။ 

ထိုအခါ ရှန်ချန်းချန်း အိတ်တစ်လုံးဆွဲ၍ ပြုံးရွှင်လျက် လျှောက်လှမ်းလာသည်ကို တွေ့ရသည်။ 

သူ့ဘေးတွင်မူ အရပ်ရှည်ရှည်၊ အသားဖြူဖြူ၊ ခပ်ချောချော၊ အပြုံးချိုချိုနှင့် ရိုးရှင်းစွာ ဝတ်ဆင်ထားသော လူငယ်လေးတစ်ယောက် ပါလာ၏။ 

ဟုတ်သားပဲ။ ချန်းချန်း ဒီနေ့ သူ့မိတ်ဆွေနဲ့ မိတ်ဆက်ပေးမယ်လို့ ပြောထားတယ်။ 

“အဖေ မိတ်ဆက်ပေးရဦးမယ်။ ဒါက သမီးနဲ့ အရမ်းခင်တဲ့ လင်းချွမ်ဆိုတာလေ”

ရှန်ချန်းချန်းမှ ပြောလိုက်၏။ 

လင်းချွမ် ဦးညွှတ်ကာ တရိုတသေ နှုတ်ဆက်လိုက်လေသည်။ 

“မင်္ဂလာပါ ဦးလေးရှန်”

“မင်္ဂလာပါကွယ်”

ရှန်ကျန်းဟွာအသံမှာ ဝမ်းနည်းရိပ်သမ်းနေသော်လည်း လင်းချွမ်အား လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းပေးလိုက်သည်။ 

“အဖေ စတီးလ်စက်ရုံအတွက် စိတ်ပူနေတုန်းလား”

ရှန်ချန်းချန်း သူ့အဖေမျက်နှာအမူအရာကိုကြည့်၍ စိုးရိမ်စွာ မေးလိုက်သည်။ 

“ဟင်း…”

ရှန်ကျန်းဟွာ သက်ပြင်းချ၍ အားတင်းလျက် ပြုံးကာ

“စက်ရုံကိစ္စက အဖေ ဆုံးဖြတ် ထိန်းချုပ်လို့မှ မရတာ။ အကောင်းဆုံး ရင်ဆိုင်ရမှာပေါ့”

“အဆင်ပြေသွားမှာပါ”

ရှန်ချန်းချန်း နှစ်သိမ့်လိုက်သည်။ 

“ကဲပါ သမီးတို့ကိစ္စ အရင်ပြောလေ”

ရှန်ကျန်းဟွာ အားလျော့စွာ ရယ်မော၍ စကားလမ်းကြောင်း ပြောင်းလိုက်သည်။ 

“ကောင်းပါပြီ”

ရှန်ချန်းချန်း အိတ်ကိုဖွင့်၍ ဖိုင် (၂) ခု ထုတ်ကာ ရှန်ကျန်းဟွာအား လှမ်းပေးလိုက်သည်။ 

ရှန်ကျန်းဟွာ ဖိုင်ကို ဖွင့်ကြည့်ပြီးနောက်

“သမီးက ငယ်ငယ်တည်းက သေနတ်တွေအကြောင်း စိတ်ဝင်စားတာလေ။ ဒီပွဲမှာ ဘယ်လိုသေနတ်မျိုး လုပ်မလို့လဲ”

“ရိုင်ဖယ်လေ”

ရှန်ချန်းချန်း ရယ်မော၍ သူ့ပုံကြမ်းအား ပြလိုက်၏။ 

ရှန်ကျန်းဟွာ ထိုပုံကြမ်းကိုကြည့်ကာ အပြင်၌ပါ မြင်ယောင်လာသည်။ 

ပုံကြမ်းဆိုသော်လည်း ရှန်ချန်းချန်းမှာ အသေးစိတ် စာတန်းရေးထိုး၍ အချက်အလက်ပြည့်စုံလှ၏။ 

“သမီးရိုင်ဖယ်က အဆင်ပြေတာပဲ”

ရှန်ကျန်းဟွာ မှတ်ချက်ပြုရင်း သူ့သမီးကို ဂုဏ်ယူစွာ ကြည့်နေသည်။ 

သူကိုယ်တိုင်လည်း စစ်သားဘဝမှ ပင်စင်ယူကာ စတီးလ်စက်ရုံ၌ ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ 

သူ သေနတ်မကိုင်တာ ကြာသော်လည်း လက်နက်နှင့် သေနတ်များနှင့် ပတ်သက်လျှင် လုပ်ပိုင်ခွင့်အချို့ ရှိနေပါသေးသည်။ 

“အဖေ့လို စစ်မှုထမ်းဟောင်းဆီကနေ ချီးကျူးခံရတာ တော်တော် အဆင်ပြေနေပြီ”

ရှန်ချန်းချန်း တောက်ပစွာ ပြောလေ၏။ 

“ဒါပေမဲ့ ဒါ သမီးအဆင့်တော့ မဟုတ်ဘူး ထင်တယ်”

အဖေဖြစ်သူမှာ သမီးအကြောင်း အသိဆုံး ဖြစ်လေသည်။ 

“ကိုယ့်သမီးကို တော်တော်မယုံတာပဲ”

ရှန်ချန်းချန်း နှုတ်ခမ်းလေးစူလျက် လက်ပိုက်ကာ မကျေမနပ် ပြော၏။ 

“အဖေက သမီးအကြောင်း မသိဘဲ နေပါ့မလား။ တခြားသူဆီက အကြံဉာဏ် ပါတယ်မလား”

ရှန်ကျန်းဟွာ သူ့သမီးကို ပြုံးကြည့်၍ ပြောလိုက်သည်။ 

All Chapters