← Chapters

ပြောင်းလဲဖို့ တွေးဖူးလား

Vol. 22 Ch. 316

ပြောင်းလဲဖို့ တွေးဖူးလား

Vol. 22 Ch. 316

ရှန်ချန်းချန်းမှ

“ဟုတ်ပါပြီ။ လင်းချွမ်ဆီက အကူအညီ ယူထားပါတယ်ရှင်”

“ဟင် ဒီလူငယ်လေးလား”

ရှန်ကျန်းဟွာ လင်းချွမ်ကိုကြည့်၍ လေးစားသွားမိသည်။ 

လင်းချွမ် ပြုံးလျက်

“ဦးလေးရှန်ရယ် ကျွန်တော်က နည်းနည်းပါးပါး ပိုအဆင်ပြေအောင် ပြောပြရုံပါ။ တော်တော်များများကို ချန်းချန်းကိုယ်တိုင်ပဲ လုပ်တာပါ”

“အဖေ ကြားတယ်နော်”

ရှန်ချန်းချန်း နှာခေါင်းရှုံ့၍ မကျေမနပ် ပြောလိုက်၏။ 

ရှန်ကျန်းဟွာ ရယ်မောလျက်

“ကြားပါတယ်ဗျာ ကြားပါတယ်။ အရည်အချင်း တိုးတက်လာတာ မကောင်းဘူးလား”

“အဲ့လိုပဲပေါ့”

ရှန်ချန်းချန်းအပြုံးမှာ သံချေးတက်နေသော စက်ရုံထဲ၌ နွေဦးပန်းပွင့်လေးများကဲ့သို့ နူးညံ့စွာ ပွင့်လန်းနေသည်။ 

“ချန်းချန်း ဘယ်တော့စလုပ်မှာလဲ”

ရှန်ကျန်းဟွာမှ မေးလိုက်၏။ 

ရှန်ချန်းချန်း စက်ရုံကြီးကို ဝေ့ဝဲကြည့်လိုက်ပြီး တိတ်ဆိတ်ငြိမ်သက်လျက် အရင်လို ဆူညံသံများ၊ အလုပ်သမားများ၏ စကားပြောသံများ မကြားရသည်ကို သတိထားမိသွားသည်။ 

“အခု စက်ရုံပြန်စလို့ ရရဲ့လား”

သံထည်နှင့် စတီးလ်စက်ရုံရှိ စက်များ အထူးသဖြင့် စက်အကြီးများမှာ လည်ပတ်ရန် မလွယ်ပေ။ 

စက်ကြီးလေ အကုန်အကျများလေ ဖြစ်သည်။ 

ရှန်ကျန်းဟွာ ရှန်ချန်းချန်း၏ဖိုင်ကို ပြန်ကြည့်၍

“သမီးသေနတ်က အသေးလေးပဲလေ။ စက်သေးသေးတွေနဲ့ ထုတ်လို့ရပါတယ်။ ကိစ္စမရှိဘူး”

“အကြီးဆိုရင်ရော”

ရှန်ချန်းချန်း မျက်မှောင်ကြုတ်၍ မေးလိုက်ပြီး ဘေးမှ လင်းချွမ်ကို လှည့်ကြည့်မိ၏။ 

“အကြီးလား”

ရှန်ကျန်းဟွာ နားမလည်နိုင်ပုံဖြင့်

“ဘာဖြစ်လို့လဲ သမီးရဲ့”

“လင်းချွမ်လည်း ပြိုင်ပွဲမှာ ဝင်ပါမှာ။ သူ စီစဉ်ထားတဲ့ ဒီဇိုင်းက နည်းနည်း ကြီးတယ်။ ပြီးတော့ စက်ရုံမှာပဲ အစစ်ကို ထုတ်လုပ်ချင်တာ”

ရှန်ချန်းချန်းမှ ရှန်ကျန်းဟွာ လက်ထဲရှိ စာရွက်နှစ်ရွက်ကို အပေါ်အောက် ပြောင်းပေးလိုက်သည်။ 

ရှန်ကျန်းဟွာ စာရွက်ကို သေချာကြည့်လိုက်သောအခါ ဒုံးကျည်လောင်ချာပုံ ဖြစ်နေသည်။ 

ထိုပုံကြမ်းမှာ ရှန်ချန်းချန်း၍ ရိုင်ဖယ်ပုံစံသစ်ထက်ပင် အသေးစိတ်သေး၏။ 

သာမာန် လောင်ချာ မဟုတ်ဘဲ အောက်တွင် ယာဉ်တစ်ခုပါ ထည့်ထားသည်။ 

ထို့ကြောင့် အဝေးထိန်းအမျိုးအစားဖြစ်မှန်း သိသာလေသည်။ 

ဒီဇိုင်းအကြမ်းဖျင်းမှာ ရှုပ်ထွေး၍ သူကိုယ်တိုင်လည်း ထိုအပိုင်းတွင် ဗဟုသုတ နည်းပါသည်။ 

သို့သော် တစ်ချက်ကြည့်ရုံဖြင့် ကျွမ်းကျင်အဆင့်ဟု ခန့်မှန်းနိုင်၏။ 

“လင်း ဒီပုံစံအတိုင်းဆို ပုံစံငယ်တော့ စက်ရုံမှာ ထုတ်လုပ်လို့တော့ ရပါတယ်။ ဒါပေမဲ့ အစစ်ဆိုရင် လိုတဲ့ပစ္စည်းတွေ ရှိဦးမှာ”

ရှန်ကျန်းဟွာမှ အားနာစွာ ပြောလိုက်သည်။ 

ရှန်ချန်းချန်းမှ ချက်ချင်းပင်

“အဖေ ဒီစက်ရုံက စက်တွေအကုန်လုံး သုံးလို့ မရတော့ဘူးလား”

ရှန်ကျန်းဟွာ ခေါင်းယမ်းပြ၍

“ချန်းချန်း သမီးက သတိမထားမိတာ နေမယ်။ မြို့ထဲက ခေါင်းဆောင်တွေ တော်တော်များများ စက်တွေ ပြန်ရောင်းဖို့ တွေးနေကြပြီ။ တချို့စက်တွေလည်း သိမ်းထားပြီး သုံးလို့ မရတော့ဘူး”

သူ ပြောပြီးနောက် ပုံကြမ်းများကို ပြန်ကြည့်လိုက်၏။ 

သူတို့အကြောင်းအရာအချို့မှာ လျှို့ဝှက်၍ အခြေအနေ ထိန်းနေဆဲ ဖြစ်သောကြောင့် အပြင်လူများ သေချာမသိချေ။ 

“အဖေ လင်းချွမ်အတွက် နည်းနည်း ကြိုးစားပေးလို့ မရဘူးလားဟင်”

ရှန်ချန်းချန်းမှ အားကိုးတကြီး ပြောလိုက်သည်။ 

ရှန်ကျန်းဟွာ သက်ပြင်းချမိပြန်၏။ 

သူ မကူညီပေးချင်၍ မဟုတ်ဘဲ မန်နေဂျာတစ်ဦး အနေဖြင့် သူ့တွင် ဆုံးဖြတ်ပိုင်ခွင့် မရှိသောကြောင့် ဖြစ်သည်။ 

အပြင်ပန်းမှာ စက်ပစ္စည်းကိစ္စ ဖြစ်သော်လည်း အမှန်တွင် သံထည်နှင့် စတီးလ်စက်ရုံတစ်ခုလုံး ဒေဝါလီခံရတော့မည့်အရေး ဖြစ်၏။ 

“ချန်းချန်း ဦးလေးအတွက်လည်း ခက်မှာပေါ့။ အခုလောလောဆယ် ပုံစံငယ်ပဲ လုပ်လိုက်ပြီး နောက်မှ နည်းလမ်း ထပ်ရှာပါမယ်”

လင်းချွမ် ခဏငြိမ်နေပြီးမှ ဝင်ပြော၏။ 

“လင်း အထင်မလွဲပါနဲ့ကွာ။ ဦးလေး တကယ် မကူညီနိုင်လို့ပါ”

ရှန်ကျန်းဟွာ အားနာစွာ ပြောလေသည်။ 

သူ လင်းချွမ်နှင့် ပထမဆုံး စတွေ့ဖူးသော်လည်း ရဲစခန်းမှ သတင်းများကြောင့် သူ့အကြောင်း သိနေလေသည်။ 

ထို့ကြောင့်လည်း ပိုစိတ်မကောင်း ဖြစ်မိ၏။ 

“ဦးလေးရယ် ဘာတွေပြောနေတာလဲ”

လင်းချွမ် လက်ယမ်းပြ၍

“ဦးလေး အချိန်ရသေးရင် ကျွန်တော့်ကို စက်ရုံတစ်ပတ်လောက် လိုက်ပြပါလား”

“စက်ရုံကိုလား”

သူ ရုတ်တရက် မှင်တက်နေပြီးမှ ပြုံး၍

“ဒီလောက်ကတော့ ရပါတယ်ကွာ”

သူ ထိုသို့ပြောကာ ရှေ့မှဦးဆောင်၍ လိုက်ပြလေသည်။ 

စက်ရုံမှာ အလွန်ကြီးမားပြီး နေရောင်ခြည်သည် ဖန်ပြတင်းအချို့မှ တစ်ဆင့် တိုးဝင်နေ၏။ လေထုထဲတွင်လည်း သံထည်ရနံ့များသာ ရနေလေသည်။ 

စက်များမှာ သေသေသပ်သပ် အစီအရီ ချထားပြီး အလုပ်နားချိန်ဖြစ်၍ အားလုံး တိတ်ဆိတ်နေ၏။ 

“လင်း ဒီစက်တွေနဲ့ ရင်းနှီးနေတာလား”

ရှန်ကျန်းဟွာမှ မေးလိုက်သည်။ 

လမ်းတစ်လျှောက် လင်းချွမ်မှ စက်အကြောင်းများကို ဆွေးနွေးနိုင်နေသောကြောင့် သူ့ဗဟုသုတနှင့် သိပ်ကွာမည်မဟုတ်ဟု တွေးကာ မေးလိုက်ခြင်း ဖြစ်သည်။ 

လင်းချွမ် ပြုံးလျက်

“နည်းနည်း ဝါသနာပါလို့ပါ။ ဒါနဲ့ ဦးလေးရှန် ဒီစက်ရုံအခြေအနေရော မေးကြည့်လို့ရလား”

“ဘယ်လို အခြေအနေကို ပြောတာလဲ”

“ဒီစက်ရုံ အခုထိ မရောင်းရသေးဘူးမလား”

သူ အသိချင်ဆုံးမေးခွန်းကို ထုတ်မေးလိုက်လေသည်။ 

“အခြေအနေက သိပ်မကောင်းပေမဲ့ အလောတကြီးတော့ မရောင်းပါဘူး”

“ဒါဆို စက်ရုံပုံစံပြောင်းဖို့ အစီအစဉ်ရော ရှိလား”

“ပြောင်းလဲဖို့လား”

ရှန်ကျန်းဟွာ နားမလည်ပုံဖြင့်

“ဈေးကွက်မှာ စတီးလ်ရောင်းဝယ်ရေးနဲ့ ပတ်သက်ပြီး ကြိုးစားပါသေးတယ်။ အားလုံး အဆင်မပြေဘူးလေ”

လင်းချွမ် ခဏစဉ်းစား၍ ရှန်ကျန်းဟွာအား ကြည့်ကာ

“စစ်လက််နက်သုံးစက်ရုံအဖြစ် ပြောင်းဖို့ရော တွေးကြည့်ဖူးလား”

“စစ်လက်နက်စက်ရုံလား”

သူ လန့်သွား၏။ 

“ဟုတ်တယ်”

ရှန်ကျန်းဟွာ ခဏငြိမ်သွားပြီးနောက် ရှန်ချန်းချန်းကို ကြည့်လိုက်ပြီး

“အရင်ရက်ပိုင်းက ချန်းချန်းတော့ တစ်ခါ ပြောဖူးတယ်။ အဲ့တာ လင်းရဲ့အကြံ ထင်တယ်”

“ဟုတ်တယ်။ လင်းချွမ် ပြောတာပါ”

ရှန်ချန်းချန်းမှ ဖြေလိုက်၏။ 

ရှန်ကျန်းဟွာ လင်းချွမ်ကိုကြည့်၍

“လင်း ဦးလေး မနေ့ကပဲ တင်ပြလိုက်သေးတယ်။ အဖြေက တစ်ခွန်းပဲ”

“ဘာများလဲ”

ရှန်ချန်းချန်း ပြန်မေးလိုက်သည်။ 

လင်းချွမ်လည်း အဖြေကို မျှော်လင့်ကာ စောင့်နေ၏။ 

“အဓိပ္ပာယ် မရှိဘူးတဲ့”

ရှန်ကျန်းဟွာ မျက်နှာပျက်လျက်

“တစ်ဖက်မှာ စစ်လက်နက်အတွက် လိုအပ်ချက်ကလည်း အရမ်းတင်းကြပ်တယ်လေ။ သာမာန်စက်ရုံကနေ အဆင့်မီဖို့ မလွယ်ဘူး။ ဒီဘက်မှာက ကိရိယာအစုံအလင်လည်း မရှိဘူး”

ရှန်ချန်းချန်းလည်း ငြိမ်ကျသွား၏။ 

ထိုသို့သော ဆုံးဖြတ်ချက်ကြီးမှာ လွယ်ကူသည့်အရာ မဟုတ်ပေ။ 

လင်းချွမ်မှာ ပြုံးလျက်

“ဦးလေးရှန် ကျွန်တော်က ဒီအတွက် ဖြေရှင်းပေးမယ်ဆိုရင်ရော”

“လင်းကလား”

ရှန်ကျန်းဟွာ ရင်ခုန်သွားကာ မျက်မှောင်ကြုတ်မိလေ၏။ 

All Chapters