← Chapters

စိတ်ကူးယဉ်လွန်းတယ်

Vol. 22 Ch. 324

စိတ်ကူးယဉ်လွန်းတယ်

Vol. 22 Ch. 324

တစ်ချက်ကြည့်ရုံဖြင့် ဇာတ်ကြောင်းများ ရှိနေသည့် အမျိုးသားပုံစံ ပေါ်သည်။ 

သေချာကြည့်လျှင် လှည့်စားခံနေရသလို ခံစားရသည်။ 

အသက်ငယ်သော်လည်း သူ့ဇာတ်ကြောင်းမှာ နာကျင်စရာများ ပြည့်နေပုံပင်။ 

[ခုနက မိန်းကလေးကတော့ ပြိုင်ပွဲကို ဗြောင်းဆန်နေအောင် လုပ်သွားတာပဲ။ အခု နောက်ပိုင်း ပြိုင်ပွဲဝင်တွေတော့ နေရခက်နေကြပြီ]

[ဟုတ်တယ်။ ငါလည်း အခု အဲ့သေနတ်ကိုပဲ မြင်ယောင်နေပြီ]

[ဒီလူချောလေးလည်း ခုနကမိန်းကလေး အရိပ်ကနေ ရုန်းထွက်မရ ဖြစ်နေလောက်တယ်]

[…]

တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် အားလုံး ဆူညံပွက်လောရိုက်နေကြသည်။ 

လင်းချွမ် ယဉ်ကျေးစွာ နှုတ်ဆက်လိုက်၏။ 

“မင်္ဂလာပါဗျ။ ကျွန်တော်ကတော့ နံပါတ်စဉ် (၈၀)၊ လင်းချွမ်ပဲ ဖြစ်ပါတယ်”

“မင်္ဂလာပါ လင်းချွမ်ရေ”

ကျောက်နန်နှင့် ကျောက်ရှောင်းလီတို့မှ ရင်းနှီးစွာ နှုတ်ဆက်လိုက်၏။ 

ကျောက်နန်နှင့်ယှဉ်လျှင် ကျောက်ရှောင်းလီ မျက်ဝန်း၌ ပို၍စိတ်ဝင်စားသော အရိပ်အယောင်များ တွေ့ရသည်။ သူတို့နှင့် ယခုဆက်သွယ်နေသူမှာ အမှန်ပင် အွန်လိုင်းစာရေးဆရာ ဖြစ်၏။ 

“လင်းချွမ်ရေ ဒီကိုယ်ရေးအကျဉ်းဖောင်အရ လင်းချွမ်လည်း ခုနက ပြိုင်ပွဲဝင်လို အန်လင်းမြို့၊ ဟန်မြစ်အပိုင်းကပဲနော်။ ဒါပေမဲ့ လင်းချွမ်ကကျတော့… အွန်လိုင်းစာရေးဆရာမလား”

ကျောက်နန်မှ လင်းချွမ်ကိုယ်ရေးအကြောင်း ချိုသာစွာ ဆက်သွယ်ပြောဆိုလိုက်သည်။ 

[အွန်လိုင်းစာရေးဆရာကလည်း အရမ်း ပြိုင်ဆိုင်ချင်တာပဲ။ နယ်ပယ်တိုင်းမှာ ထူးချွန်တဲ့သူတွေ ရှိတာတော့ အံ့ဩစရာပဲ]

[အွန်လိုင်းစာရေးဆရာတွေက စိတ်ကူးယဉ်ကောင်းတယ်လေ။ နှစ်ဖက်မြင် ခဲပတ်တို့၊ အာကာသလက်နက်တို့၊ ဓာတ်ရောင်ခြည်စက်တို့လို လာဦးမလား မသိဘူး]

[အွန်လိုင်းစာရေးဆရာတွေက အဲ့လောက် တော်တာလား]

[ကျွန်တော်ကတော့ အွန်လိုင်းဝတ္ထုတွေ သိပ်မဖတ်လို့ သိပ်မသိဘူး။ ဘာလို့ အဲ့လိုပြောရတာလဲ]

[ဒါဆိုရင် ကိုယ်တိုင်သာ သွားရှာဖတ်ကြည့်တော့။ အဲ့တာတွေထဲမှာဆိုရင် ထူးဆန်းတဲ့အကြောင်းတွေကိုတောင် အခြေခံလိုမျိုး ရေးကြတာ]

[အမလေး အံ့ဩစရာတွေပဲ]

[ဒီကောင်လေးကတော့ လေးနက်တဲ့ပုံပဲ။ နောက်ပြီး ပွဲကလည်း အရေးကြီးတော့ အဆင်ပြေတာလေးတော့ ထွင်ထားမယ် ထင်ပါတယ်]

[အရမ်းလည်း အတိအကျတွေ မပြောနဲ့ဦး။ နံပါတ်စဉ် (၇၈) လည်း ရှိသေးတယ်လေ]

[…]

ထိန်းချုပ်ခန်းထဲ၌ စွန်းချန်း အားရပါးရ ရယ်မော၍

“အွန်လိုင်းစာရေးဆရာကတောင် ဝင်ပြိုင်နေတာပဲ။ စစ်လက်နက် စိတ်ဝင်စားသူတွေလည်း နယ်ပယ်တိုင်း ရှိနေကြပြီ။ ဒီလူငယ်လေး ဘာတီထွင်ထားလဲ ကြည့်ကြသေးတာပေါ့”

လင်းချွမ် ကျောက်နန်မေးခွန်းကို ခေါင်းငြိမ့်ပြ၍

“ဟုတ်ပါတယ်။ ကျွန်တော်ကတော့ လက်နက်ပစ္စည်းတွေ စိတ်ဝင်စားတဲ့ အွန်လိုင်းစာရေးဆရာပါ”

“ဒီလိုမျိုး လက်နက်တွေနဲ့ပတ်သက်တဲ့ ဝတ္ထုမျိုးရော ရေးဖူးလားဗျ”

ကျောက်နန်မှာ တိုက်ရိုက်ထုတ်လွှင့်မှု၌ စိတ်ဝင်စားစရာ ပိုကောင်းစေရန် သွက်လက်စွာ တင်ဆက်နေသည်။ 

ပရိသတ်အားလုံးမှာလည်း ခုနက သေနတ်အကြောင်းကိုသာ တွေးနေမိကြဆဲ ဖြစ်၏။ 

လင်းချွမ် ပြုံးလျက်

“ကျွန်တော် မကြာခင် လက်နက်တွေနဲ့ ပတ်သက်တဲ့ဝတ္ထုကို ထုတ်ဖို့ ရှိပါတယ်ဗျ”

ကျောက်နန်နှင့် ကျောက်ရှောင်းလီတို့ အချင်းချင်း ကြည့်မိပြီး သဘောပေါက်သွား၏။ 

ကျောက်ရှောင်းလီ လင်းချွမ်၏ ပြိုင်ပွဲဝင်ရသည့် ရည်ရွယ်ချက်ကို ကောင်းကောင်း နားလည်ပါသည်။ 

သူ့စာအုပ်အသစ်အတွက် ကြော်ငြာရန် ဖြစ်၏။ 

ပရိသတ်များလည်း ထိုအကြောင်းကို ရိပ်မိကြပါသည်။ 

[ကိစ္စကတော့ ပြတ်ပြီ။ ဒီကနေ အကျိုးအမြတ် လိုချင်နေတာပဲ]

[အွန်လိုင်းစာရေးဆရာ လုပ်ရတာ ပင်ပန်းရှာမှာပေါ့။ စာပဲရေးရုံနဲ့ ပိုက်ဆံများများ မရဘူးလေ။ ကိုယ့်ဟာကိုယ် ကြော်ငြာရသေးတာပေါ့]

[သူသာ အရည်အချင်းရှိလို့ ဒီလို လာကြော်ငြာတာဆိုရင် ဘာမှ မပြောလိုပါဘူး။ ဒါပေမဲ့ အခြေအနေကို အရင်ကြည့်ကြသေးတာပေါ့]

[အမှန်ပဲ]

[…]

“လင်းချွမ်ရေ လက်နက်အကြောင်းလေး မိတ်ဆက်ပေးပါဦး”

ကျောက်ရှောင်းလီ ပြုံး၍ လင်းချွမ်အား စမိတ်ဆက်ရန် အချက်ပြလိုက်သည်။ 

လင်းချွမ်မှာ တင်ဆက်သူများနှင့် ပရိသတ်၏ တုံ့ပြန်မှုများကို တစ်ချက်ကြည့်ပြီးမှ ကိုယ်ကို မတ်ကာ တည်ငြိမ်အောင် ထိန်းလိုက်သည်။ 

“ဟုတ်ကဲ့။ ကျွန်တော် တီထွင်ထားတဲ့ လက်နက်ကတော့ အဝေးထိန်း ဒုံးကျည်လောင်ချာ ဖြစ်ပါတယ်။ ဒါကို ဒုံးကျည်စက်နဲ့ တွန်းကန်အား သုံးပြီး တိကျတဲ့ အဝေးထိန်း နည်းပညာကို ပြန်အသုံးပြုထားတာပါ။ လက်ရှိမှာတော့ အတိအကျ ပြောရရင် ကီလိုမီတာ (၆၀၀) အထိ သက်ရောက်နိုင်ပါတယ်”

ထိုစကားကို ကြားသောအခါ ကျောက်နန် တစ်ချက် တွန့်သွား၏။ 

ထိန်းချုပ်ခန်းထဲမှ စွန်းချန်းလည်း အားရပါးရ ရယ်မောရ၍ စိတ်ပင် ပေါ့ပါးသွားလေသည်။ 

ထုတ်လွှင့်မှုကို ကြည့်ရှုနေသော ပရိသတ်များမှာတော့ အလွန်အံ့ဩမှင်တက်နေကြတော့၏။ 

[ထူးဆန်းလိုက်တာ။ အတိအကျ ကီလိုမီတာ (၆၀၀) တဲ့]

[မယုံနိုင်ဘူး။ သူ လျှောက်ကြွားနေတာ ဖြစ်မယ်]

[တကယ်သာမှန်ရင် live လွှင့်ပြီး ကီးဘုတ်ပါ ဝါးစားပြမယ်]

[ကျွန်တော်တို့ရဲ့ စစ်တပ်အတွက် ဒီလို ဝန်ခံပေးကြတာ လေးစားပါတယ်]

[(၆၀) ကီလိုမီတာဆိုရင်တောင် ယုံဦးမယ်]

[ကီလိုမီတာ (၆၀၀) ကတော့ ဘယ်နိုင်ငံမှတောင် မထွင်ဖူးဘူးမလား]

[သေချာစဉ်းစားကြည့်။ အနည်းဆုံးတော့ ဓာတ်ရောင်ခြည်စက် မလုပ်ပြဘူးဆိုတော့ တော်သေးတယ်မလား]

All Chapters