← Chapters

စောင့်နိုင်ပါတယ်

Vol. 22 Ch. 330

စောင့်နိုင်ပါတယ်

Vol. 22 Ch. 330

အားလုံး နားမလည်နိုင် ဖြစ်နေကြဆဲပင်။ 

အရွေးခံရသည့်ပြိုင်ပွဲဝင်ပင် ထိုကဲ့သို့ ဆက်ဆံမခံရဘဲ နောက်တစ်ဆင့်မပါသူက အခွင့်ထူး ရနေသည်လား။ 

ဝမ်ကျီခန်တို့အားလုံး အံ့ဩနေကြ၏။ 

“သူငယ်ချင်းတွေ အားလုံး လက်နက်ပြိုင်ပွဲမှာ ပါခဲ့တာလား”

စွန်းချန်းမှာ အားလုံးကို ဝေ့ဝဲကြည့်၍ မေးလိုက်သည်။ 

ဝမ်ကျီခန် နေရခက်စွာဖြင့်

“ဒါရိုက်တာစွန်း ကျွန်တော်က အွန်လိုင်းစာရေးဆရာပါ”

“ကျွန်မရောပါပဲ”

ရွှယ်ချီချီကလည်း ဝင်ပြောသည်။ 

အွန်လိုင်းစာရေးဆရာများမှာ ထိုကဲ့သို့ပုဂ္ဂိုလ်မျိုးနှင့် မရင်းနှီးချေ။ 

“ကျွန်မကတော့ အန်လင်းရဲစခန်းက ဆိုက်ဘာလုံခြုံရေးဌာနမှာ အလုပ်လုပ်နေပါတယ်”

ရှချင်းချင်းကတော့ ရာထူးကြီးသူများနှင့် ဆက်ဆံနေကျဖြစ်၍ ပို၍ သက်တောင့်သက်သာ ရှိပုံပေါ်သည်။ 

စွန်းချန်း ခေါင်းငြိမ့်ပြပြီးနောက် အားလုံးနှင့် ရင်းရင်းနှီးနှီး ပြောဆိုလေသည်။ 

သူ လင်းချွမ်နှင့် ပတ်သက်ချင်၍ ကြိုးစားနေမှန်း သိသာလှ၏။ 

မဟုတ်လျှင် ဝမ်ကျီခန်တို့အထိ သူ ဂရုစိုက်နေရန် မလိုပါ။ 

“လင်းချွမ် ကျွန်မတို့ တခြားအလုပ်လေးတွေလည်း ရှိသေးလို့ ပြန်လိုက်ဦးမယ်နော်။ ဒါရိုက်တာစွန်းနဲ့ အေးအေးဆေးဆေး စကားပြောပါ”

ရှချင်းချင်းမှ မျက်နှာရိပ်ပြ၍ ထလိုက်သည်။ 

လင်းချွမ် စွန်းချန်းဘက် လှည့်ပြုံး၍

“ဒါရိုက်တာစွန်း ကျွန်တော် သူတို့ကို အပြင်လိုက်ပို့လိုက်ဦးမယ်။ ခဏလောက် စောင့်ပါဦးနော်”

စွန်းချန်း ပြုံး၍ ခေါင်းပြန်ငြိမ့်ပြလိုက်သည်။ 

ထို့နောက် အားလုံး အတူတူထွက်သွားကြလေ၏။ 

အပြင်ရောက်သောအခါ ဝမ်ကျီခန် သူ့ပုခုံးကို ခပ်ဖွဖွထိုးလျက်

“လူဆိုးကောင် နောက်ဆုံးအဆင့်အထိ မတက်ဘူးဆိုပြီး ဘယ်လိုလုပ် ဒါရိုက်တာစွန်းတို့နဲ့ လျှို့ဝှက်ဆက်သွယ်နေတာလဲ”

“ကျွန်တော်လည်း သူတို့ရောက်လာမယ်လို့ မထင်ထားပါဘူး”

လင်းချွမ် ရယ်မော၍ ပြောလိုက်သည်။ 

ရှချင်းချင်း နှုတ်ခမ်းလေးစူလျက်

“ဒီတစ်ခါလည်း လှောင်လို့ မရမယ့်ပုံပဲ”

သူ ထိုသို့ပြောလိုက်သော်လည်း ရင်ထဲတွင် အလွန် ဝမ်းသာနေမိပါသည်။ 

“အမလေး လှောင်ဖို့ပဲ တွေးနေတာပဲ”

လင်းချွမ် မကျေမနပ် ပြန်ပြောလိုက်၏။ 

“လင်း မင်းကို အထူးအနေနဲ့ လက်နက်အဖွဲ့အစည်းက ခန့်လိုက်ရင် ငါတို့ သိပ်တွေ့ရတော့မှာ မဟုတ်ဘူးနော်”

ဝမ်ကျီခန်မှ စိုးရိမ်စွာ ပြောလေသည်။ 

“ဘာတွေပြောနေတာလဲ။ ကျွန်တော့် ဝတ္ထုတောင် မထုတ်ရသေးတာကို”

လင်းချွမ်စကားကြောင့် အားလုံး ရယ်မောမိကြသည်။ 

မှန်ပါသည်။ 

လင်းချွမ်အတွက် စာရေးခြင်းကသာ အဓိကအလုပ် ဖြစ်လေ၏။ 

“ဒါနဲ့ ချန်းချန်း အောက်မှာ ခဏစောင့်နေဦးနော်”

လင်းချွမ်မှ ပြောလိုက်သည်။ 

“ဟိုကိစ္စလား”

လင်းချွမ် ခေါင်းငြိမ့်ပြ၍ နှစ်ဦးတည်းသိသော အမူအရာဖြင့် ဆက်သွယ်လိုက်ကြသည်။ 

“ရှင်တို့တွေ ဘာရှုပ်ထားတာလဲ”

ရှချင်းချင်း မျက်မှောင်လေးကြုတ်၍ မေးလိုက်သည်။ 

“လျှို့ဝှက်ချက်”

ရှန်ချန်းချန်း သူ့ကို ဓာတ်လှေကားထဲ ဆွဲခေါ်ရင်း ပြောလိုက်၏။ 

“ချန်းချန်း နင်နော်”

“ဘာမှ မဟုတ်ပါဘူး။ အလုပ်အကြောင်းပါ”

ထို့နောက် အားလုံး ပြန်သွားကြပြီး လင်းချွမ်လည်း အိမ်ထဲ ပြန်ဝင်လာခဲ့သည်။ 

“ဒါရိုက်တာစွန်း စောင့်ရတာကြာသွားရင် အားနာပါတယ်နော်”

“အဲ့တာတွေ ပြောနေဖို့မလိုပါဘူး လင်းချွမ်ရယ်”

စွန်းချန်း လက်ယမ်း၍ လင်းချွမ်အား ပုခုံးပုတ်လိုက်ပြီး

“တစ်လလောက် စောင့်ဆိုရင်တောင် စောင့်နိုင်ပါတယ်ကွာ”

လင်းချွမ် ရယ်မောလျက်

“ဒါရိုက်တာစွန်းကတော့ လုပ်ပြီ”

ယခုအချိန်တွင် အိမ်၌ အခြားသူစိမ်း မရှိတော့သောကြောင့် စွန်းချန်း ရင်းနှီးမှု စယူလေ၏။ 

“ကျွန်တော်က အသက်လည်း ပိုကြီးတယ်ဆိုတော့ လင်းလို့ပဲ ခေါ်မယ်နော်။ လင်းလည်း အစ်ကိုစွန်းပဲ ခေါ်ပါ။ ဒါရိုက်တာတွေ ဘာတွေ ထည့်ခေါ်မနေနဲ့။ အရမ်း သူစိမ်းဆန်တယ်”

“အစ်ကိုစွန်းလား”

လင်းချွမ် စွံ့အနေမိသည်။ 

စွန်းချန်းမှာ ဝမ်းသာအားရဖြင့်

“လင်း မနေ့ညက အစ်ကိုတို့ဆီက ပညာရှင်တွေနဲ့ မင်းရဲ့ ဒုံးကျည်လောင်ချာကို စစ်ဆေးလိုက်တယ်”

လင်းချွမ် မျက်ခုံးပင့်မိသွား၏။ 

“ရလဒ် ထွက်ပြီလား”

“အခုထိတော့ လေ့လာနေဆဲပဲ”

စွန်းချန်း ရယ်မော၍ ပြောလေသည်။ 

“မင်းရဲ့ဒီဇိုင်းက အရမ်းခိုင်မာပြီး လက်တွေ့ကျတော့ သူတို့ သေချာအောင် နည်းနည်းတော့ အချိန်ယူရဦးမှာ”

“နောက်တစ်ဆင့်… တက်ဖို့ကရော”

လင်းချွမ် မဝံ့မရဲ မေးလိုက်သည်။ 

သူ့နဂိုအကြံအစည်မှာ သူ့လက်နက်ကို လူသိများ၍ တာဝန်ပြီးမြောက်ရန် ဖြစ်၏။ 

သို့သော် လက်နက်မှာ အလွန် အဆင့်မြင့်သွားပြီး ပညာရှင်များပင် တစ်ညလုံး စစ်ဆေး၍ မပြီးနိုင်ဘဲ ထိပ်တန်းစစ်ရေးလျှို့ဝှက်ချက် ဖြစ်သွားရသည်။ 

စွန်းချန်းမှ

“လင်းရဲ့ လက်ရာက အရမ်းအဆင့်မြင့်လို့ မထုတ်လုပ်သေးခင်အထိ လူသိခံလို့မရဘူးတော့ ဖြစ်နေတယ်”

လင်းချွမ် သက်ပြင်းချ၍

“အစ်ကိုစွန်း ဒီပုံကြမ်းလေ့လာတာ ဘယ်လောက်ကြာမယ်လို့ မှန်းလဲ”

စွန်းချန်း နေရခက်သွားပြီး

“စာတွေ့ လက်တွေ့နဲ့ဆို အနည်းဆုံး (၂) ရက်ပေါ့”

သူ ပညာရှင်အားလုံးကို ညတွင်းချင်း ခေါ်ထား၍ ဤမျှ မြန်ဆန်ခြင်း ဖြစ်လေသည်။ 

“(၂) ရက်လား။ မဆိုးပါဘူး”

လင်းချွမ် ခေါင်းငြိမ့်ပြ၏။ 

“လင်း ငါ မနေ့ညတည်းက တစ်ရေးမှတောင် မအိပ်ရသေးဘူး။ အန်လင်းကို ချက်ချင်း ထွက်လာတာလေ”

သူ လင်းချွမ်အမူအရာကို တစ်ချက်ကြည့်ပြီးမှ 

“မနက်ကျတော့ ရောက်တာနဲ့ မင်းအိမ်ကို တန်းလာလိုက်တာ”

“အစ်ကိုစွန်းပြောချင်တာ နားလည်ပါတယ်”

နှစ်ဖက်စလုံးမှာ ပြောရခက်နေသည်။ 

“နားလည်ရင် တော်သေးတာပေါ့ကွာ”

စွန်းချန်း ထိုအခါမှ သက်ပြင်းချနိုင်၏။ 

“အစ်ကိုစွန်း ကျွန်တော်လည်း ရင်းရင်းနှီးနှီးပြောဆိုလို့ အကူအညီလေးတစ်ခုလောက် တောင်းချင်ပါတယ်”

လင်းချွမ် တိုက်ရိုက်သာ ပြောလိုက်သည်။ 

“ကောင်းတယ် ဒါမျိုးမှကြိုက်တာ”

လင်းချွမ် ပြုံးလျက်

“အစ်ကိုစွန်း ကျွန်တော်တို့ဆီမှာ စီးပွါးရေး မလည်ပတ်နိုင်လို့ ပိတ်ထားရတဲ့ သံထည်နဲ့ စတီးလ်စက်ရုံ ရှိပါတယ်။ အဲ့တာကို စစ်လက်နက် စက်ရုံအဖြစ် ပြောင်းပြီး လက်နက်တွေ ထုတ်စေချင်တာပါ”

“စစ်လက်နက်စက်ရုံ ပြောင်းမှာလား”

“ဟုတ်ပါတယ်”

“အင်း လိုအပ်တဲ့အချက်အလက်တွေတော့ ပြောပြပေးလို့ ရပေမဲ့ အဲ့လိုပြောင်းလိုက်ဖို့က လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူးနော်”

စွန်းချန်းမှာ တာဝန်ရှိသူတစ်ဦးအနေဖြင့် သတိပေး၏။ 

လင်းချွမ် ပြုံးလျက်

“နည်းပညာပိုင်းဆိုရင် ကျွန်တော် ကိုင်တွယ်နိုင်ပါတယ်”

“မင်းမှာ တခြားနည်းပညာတွေရော ရှိတာလား”

လင်းချွမ် ခေါင်းငြိမ့်ပြ၍

“ဒီလို ဒုံးကျည်လောင်ချာနဲ့ ဆင်တူတဲ့ တခြားလက်နက်တွေ ရှိပါသေးတယ်”

All Chapters