လောကကြီး ပျက်စီးခြင်း
Vol. 23 Ch. 331
ဧည့်ခန်းထဲ၌။
မနက်ခင်းနေရောင်ခြည်မှာ ပြတင်းပေါက်မှတစ်ဆင့် အခန်းကြမ်းပြင်ပေါ်သို့ ကျရောက်နေသည်။
စွန်းချန်းမှာ မျက်လုံးအရောင်များလည်း တောက်လျက် မယုံနိုင်စွာဖြင့်
“မင်းမှာ တခြားနည်းလမ်းတွေ ရှိသေးတာလား”
ဘေးမှ နောက်လိုက်ဝန်ထမ်း (၂) ဦးလည်း မှင်တက်နေ၏။
မနေ့က အဝေးထိန်းဒုံးကျည်လောင်ချာကို လေ့လာ၍ပင် မပြီးသေးသည်ကို နောက်ထပ် ရှိသေးသည်ဟု ဆိုလေသည်။
လင်းချွမ် ပြုံး၍ ခေါင်းငြိမ့်ပြလိုက်၏။
စွန်းချန်း သက်ပြင်းချ၍ ဆိုဖာကိုမှီချလိုက်ပြီး
“လင်း မင်း… ငါ… ဒါကို…”
“အစ်ကိုစွန်း ရေလေး အရင်သောက်လိုက်ပါဦး”
လင်းချွမ် သူ့အတွက် ရေတစ်ခွက်ငှဲ့ကာ လှမ်းပေးလိုက်သည်။
စွန်းချန်း ရေတစ်ခွက်လုံး အဝသောက်ပြီးမှ အနည်းငယ် စိတ်ပြန်ငြိမ်သွားသည်။
“လင်း ဘယ်လိုနည်းပညာတွေ ထပ်ရှိသေးတာလဲ”
လင်းချွမ် ခဏစဉ်းစားပြီးနောက်
“ဥပမာ သင်္ဘောဒုံးကျည်လိုမျိုးပေါ့”
“ဘယ်လို”
စွန်းချန်း မျက်လုံးပြူးသွားပြီး
“လင်း ဒါ နောက်စရာကိစ္စ မဟုတ်ဘူးနော်”
“ကျွန်တော် မနောက်ပါဘူးဗျာ”
စွန်းချန်း ခဏတိတ်ဆိတ်သွားပြီး လင်းချွမ်အား ခေါင်းအစခြေအဆုံး ကြည့်နေမိသည်။
အသက် (၂၀) ကျော် ထိုလူငယ်လေးမှာ ရိုးရှင်း၍ လျှို့ဝှက်ချက်မရှိဟု ထင်ရလေသည်။
ပါရမီရှင်ဟူသော စကားလုံးသာ ထွက်လာ၏။
သို့သော် မနေ့ညက နောက်ကြောင်း စုံစမ်းထားသော ဖိုင်တွင်မူ ထိုပါရမီရှင်ဟူသော စကားလုံးနှင့် ငယ်စဉ်တည်းက လုံးဝ မသက်ဆိုင်ခဲ့ချေ။
ထို့ကြောင့် ပို၍ ထူးဆန်းနေ၏။
ယခုလည်း သင်္ဘောဒုံးကျည်အထိ ပြောနေပြန်သည်။
အခြားသူသာဆိုလျှင် သူသေချာပေါက် အပြစ်တင် ကျိန်ဆဲမိမည် ဖြစ်သော်လည်း ယခုတော့ လင်းချွမ် ဖြစ်နေ၏။
သူ ပြတင်းပေါက်အပြင်ဘက်သို့ငေးရင်း စဉ်းစားနေမိသည်။
တိမ်ဖြူဖြူများမှာ ငှက်သိုက်မုန့်နှင့်တူပြီး ရွှေဝါရောင် နေရောင်ခြည်များသည် စူးရှလွန်း၍ သူ့မျက်လုံးပင် နာလာ၏။
သို့သော် အခုထိ လက်တွေ့ဟု မခံစားမိချေ။
သွားပြီ။
လောကကြီးတော့ သွားပြီ။
လူတစ်ယောက်တည်းနဲ့ ကီလိုမီတာ (၆၀၀) အဝေးထိန်း ဒုံးကျည်လောင်ချာနဲ့ သင်္ဘောလောင်ချာတွေကို ဖန်တီးနိုင်တာလဲ။
အချိန်တစ်ခုကြာပြီးနောက် သူ လင်းချွမ်အား ရှင်းပြခွင့်ပေးရန် ဆုံးဖြတ်လိုက်သည်။
“လင်း မင်းရဲ့ သင်္ဘောဒုံးကျည်က…”
သူ့စကားကို သဘောပေါက်ကာ လင်းချွမ်မှဆက်၍
“အစ်ကိုစွန်း သံသယဝင်နေတာ ဖြစ်နိုင်ပေမဲ့ ကျွန်တော့်နည်းပညာအကြောင်းလည်း သိသင့်တယ် ထင်တယ်”
စွန်းချန်း ခေါင်းငြိမ့်ပြ၍
“သိပါတယ်။ မင်းရဲ့ ပြစ်မှုကျူးလွန်နိုင်လောက်တဲ့ အရည်အချင်းကောင်းတွေ…”
“ကျွန်တော် ဟက်ကာတစ်ယောက် ဆိုတာရော”
“သိပါတယ်။ မင်း ဟန်မြစ်အပိုင်း ဝက်ဘ်ဆိုဒ်ကို နိုင်ငံခြားဟက်ကာတွေ တိုက်ခိုက်လာတုန်းက ကူညီဖူးတယ်။ မော်းန်အုပ်စုနဲ့လည်း မူးယစ်ဆေးကိစ္စ တိုက်ခိုက်ကြဖူးတယ်”
“အဲ့တာဆို ကျွန်တော် စစ်လက်နက်တွေအကြောင်း နားလည်တဲ့အဖြေ ပေါ်လောက်ရောပေါ့”
လင်းချွမ် သူ့ကိုကြည့်၍ မေးလိုက်၏။
“အဖြေကတော့ ပေါ်ပါတယ်။ ဒါပေမဲ့ မင်းရဲ့ ဒုံးကျည်လောင်ချာနဲ့တင် တော်တော် ထူးဆန်းနေပြီလေ”
လင်းချွမ် အဖြေကို ကြိုပြင်ထားပုံဖြင့် ပြုံးကာ
“ကျွန်တော့်အကြောင်း စုံစမ်းထားပြီးပြီပဲ။ ကျွန်တော် လေ့လာအားကောင်းတာ သိမှာပေါ့။ လက်နက်တွေအကြောင်းလည်း ဒီလိုပဲလေ”
“ဟုတ်ပါတယ်။ အရည်အချင်းကတော့ ရှိပါတယ်”
သူ မျက်နှာငယ်ဖြင့် ပြောမိ၏။
“အစ်ကိုစွန်း ကျွန်တော် ဖန်တီးမယ့် သင်္ဘောဒုံးကျည်က အသံထက် (၆) ဆမြန်ပြီး ရုတ်တရက် တိုက်ခိုက်တာအတွက် သင့်လျော်တယ်။ အသံရဲ့ အရှိန်ဂိတ်ဆုံးအထိ ရတယ်ဗျာ”
“ဒါဆိုရင် တစ်စက္ကန့်ကို (၃.၄) ကီလိုမီတာပေါ့”
စွန်းချန်း ရေရွတ်လိုက်မိ၏။
“ဒီလိုအရှိန်နဲ့ ဘယ်သူ မထုတ်လုပ်ဖူးဘူးလေ။ မင်း ဘယ်လိုရတာလဲ”
လင်းချွမ်ပြုံး၍ သူ့ကို သေချာရှင်းပြလေ၏။
စွန်းချန်းမှာ ကျောင်းသားလေးကဲ့သို့ သေချာ နားထောင်နေပြီး ဘာမှထပ်မေးစရာပင် မရှိချေ။
အကြောင်းမှာ အားလုံးနားလည်နေ၍ မဟုတ်ဘဲ ဘာထပ်မေးရမည်မသိ၍ပင်။
တစ်နာရီဝန်းကျင် ကြာသောအခါ။
“လင်းလုပ်တာ ငါ့ကိုယ်ငါတောင် အရူးလို့ ထင်လာမိပြီ”
စွန်းချန်း ရေတစ်ခွက်ယူသောက်ရင်း ရယ်မော၍ ပြောလိုက်သည်။
လင်းချွမ်မှာတော့ပြုံးလျက်
“အားလုံး သူ့အရည်အချင်းနဲ့သူ ရှိပါတယ်။ အစ်ကိုစွန်းဆိုရင် အချက်အလက်ထိန်းသိမ်းရေးအတွက် တာဝန်ရှိသူလေ”
“ဟားဟားဟား”
သူ ထောက်ခံရင်း ရယ်မိ၏။
“အစ်ကိုစွန်း ဒါနဲ့ အန်လင်းက သံထည်နဲ့ စတီးလ်စက်ရုံကို စစ်လက်နက်စက်ရုံအဖြစ် ပြောင်းဖို့က…”
လင်းချွမ် လမ်းကြောင်းမလွဲအောင် ပြန်တည့်ပေးလိုက်သည်။
စွန်းချန်းမှာ မနေ့ကမှ စသိသော ထိုလူငယ်လေးအား အံ့ဩစွာ ငေးကြည့်ရင်း ပြုံးလျက်
“ဒီလိုဆိုရင်တော့ လွယ်ပါတယ်။ အရည်အချင်း တကယ် ပြည့်မီတယ်ဆိုရင် ပြောင်းခွင့်ပေးမှာပဲ။ ဒါပေမဲ့ မင်း တစ်ချက်ကျန်နေတာ ရှိတယ်”
“ဟုတ်ကဲ့ ပြောပါဗျ”
စွန်းချန်း ထိုစကားစုကို ခပ်ဖြည်းဖြည်း ပြောလိုက်သည်။
“အရင်းအနှီး”
အစပိုင်း အန်လင်း သံထည်နှင့် စတီးလ်စက်ရုံမှ စစ်လက်နက်စက်ရုံပြောင်းလျှင် ပြည်တွင်းစစ်တပ်မှ ထောက်ပံ့ရသည်။
စက်ရုံ၌ အရင်ထက် ပိုရှုပ်ထွေးသော စက်ပစ္စည်းများ လိုအပ်ပြီး ပြည်တွင်းစစ်တပ်ကိုလည်း နိုင်ငံတော် ရန်ပုံငွေဖြင့် သုံးရလေသည်။
ထိုအခါ မြို့ကြီးများ၌ အနည်းနှင့်အများ ပြဿနာရှိတတ်၍ စက်ရုံအခြေအနေ ပြောင်းလဲခြင်းမှာ ထင်သလောက် မရိုးရှင်းလှချေ။
“နားလည်ပါပြီ”
လင်းချွမ် ခေါင်းငြိမ့်ပြလိုက်၏။
သူတို့ချင်းလည်း အတော်လေး ရင်းနှီးလာလေပြီ။
“အစ်ကိုစွန်း တစ်ညလုံးလည်း မအိပ်ရသေးဘူးဆို။ ခဏလောက် နားသွားပါဦးလား”
စွန်းချန်း လက်ပတ်နာရီကို တစ်ချက် ငုံ့ကြည့်၍
“မနားတော့ပါဘူးဗျာ။ အခုမှ နေ့လယ်တောင် မရောက်သေးဘူး။ မင်း စိတ်လောနေတာ သိပါတယ်။ ကဲ အန်လင်းစက်ရုံ သွားကြည့်လိုက်တာပေါ့”
“ကောင်းပါပြီဗျာ”
ထို့နောက် မတ်တပ်ထရပ်လိုက်ကြပြီး
“ဒီဇိုင်နာခေါင်းဆောင်လင်း ရှေ့က လမ်းပြပေးပါ”
“အစ်ကိုစွန်းကလည်း ဘာမှမသေချာသေးတာကို”
“မကြာခင် ဖြစ်လာတော့မယ်လို့ အာရုံရနေတယ်ဗျ။ မင်းရဲ့ ဒုံးကျည်လောင်ချာ အဆင်ပြေရင် (၂) လအတွင်း အကောင်အထည် ပေါ်လိမ့်မယ်။ ပိုမြန်ရင် (၁) လပေါ့။ အဲ့အခါ မင်းက ဒီဇိုင်နာခေါင်းဆောင် ဖြစ်လာမှာလေ။ စစ်ရေးလျှို့ဝှက်လျက်အရ နောက်ေုံးအဆင့် မတက်ခိုင်းလိုက်တာကိုတော့ နားလည်ပေးနော်”
သူ လေးနက်စွာ ပြောလေ၏။
မည်သို့ပင်ဖြစ်စေ စက်ရုံကိစ္စ အဆင်ပြေပါက သူ့လက်နက် လူသိများစေလိမ့်မည်။ အချိန် (၂) လနီးပါး ကြာနိုင်သော်လည်း နောက်ဆုံး အောင်မြင်မှာ သေချာ၏။
“ဒါနဲ့ လင်း”
စွန်းချန်း တစ်ခုခု သတိရသွားကာ
“လက်နက်လေ့လာရှာဖွေရေး အဖွဲ့ထဲဝင်ဖို့များ စိတ်ဝင်စားလား။ ဒါမှမဟုတ် ရာထူးတစ်ခုခု လိုချင်လား”