← Chapters

ဈေးများတယ်

Vol. 23 Ch. 339

ဈေးများတယ်

Vol. 23 Ch. 339

ရုံးခန်းထဲတွင်။ 

ယုချင်း လူးကပ်စ်အား အာရုံမစိုက်နိုင်ဘဲ စာအုပ်ကိုသာ ဆက်၍ဖတ်နေပြန်သည်။ 

‘အဲ့လိုနဲ့ ပို့ဆောင်ရမယ့်အချိန် ရောက်လာတယ်’

‘ကားလ်က ကျွန်တော်ထုတ်လုပ်ထားတဲ့ သေနတ်တွေကို တစ်လက်ပြီးတစ်လက် ပစ်ကွင်းထဲမှာ စမ်းကြည့်နေတယ်။ ဒိုင်း ဒိုင်း ဒိုင်း…။ ပစ်မှတ် ရာချီပြီးတဲ့နောက်မှာတော့ အောင်မြင်သွားတော့တယ်’

‘သူ လက်နက်တွေကို ကျွမ်းကျင်စစ်လက်နက်စက်ရုံနဲ့ နှိုင်းယှဉ်ပြီး အဆင့်မြင့်အဖြစ်လည်း သတ်မှတ်ပေးလိုက်တယ်’

‘ဒီလိုနဲ့ ကျွန်တော်လည်း ဒီလမ်းကြောင်းပေါ်ကို တွေဝေတုံ့ဆိုင်းမှုမရှိ၊ တည်ငြိမ်စွာနဲ့ ရောက်လာတော့တာပေါ့’

‘…’

ယုချင်းချင်း အလျင်စလိုမဖတ်ဘဲ ခပ်အေးအေး အချိန်ယူခံစားနေသည်။ 

အရေးအသားမှာ စာရေးဆရာကို ထင်ဟပ်သည် ဟူသည့်စကားအတိုင်း စာများကိုကြည့်၍ ရေးသားသူအကြောင်း သိနိုင်လေ၏။ 

သူ လက်နက်ရောင်းဝယ်ရေးတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော်လည်း တစ်ခါတစ်ရံ နူးညံ့သော ပန်းလေးကဲ့သို့ ခံစားချက်များ ရှိတတ်သည်။ 

သူကိုယ်တိုင်လည်း သူလုပ်နေသော အလုပ်အတွက် စိတ်ဆန္ဒ လိုအပ်လေသည်။ 

မဟုတ်လျှင် အသက်မပါဘဲ လှုပ်ရှားနေရုံမျှသာ ရှိသည်။ 

ထို့ကြောင့် ယုချင်းတစ်ယောက် အပြင်ပန်း၌ ဝတ္ထုဖတ်နေရုံ ဖြစ်သော်လည်း အမှန်တော့ သူ့ကိုယ်သူနှင့်ယှဉ်ကာ ပြန်သုံးသပ်နေခြင်း ဖြစ်သည်။ 

သူ့ကိုယ်သူ လက်နက်ဘုရင်မအဖြစ် တွေ့ချင်လာသည်။ ထိုကဲ့သို့ ကြီးမြတ်သော ဂုဏ်ထူးမှာ ကျွမ်းကျင်အဆင့်မှ ဖြစ်နိုင်ပေမည်။ သူတွေးရင်း တဖြည်းဖြည်း ပိုတပ်မက်လာ၏။ 

“သတိပေးမှ ဖြစ်တော့မယ်”

ထိုစဉ် ရုတ်တရက် အသံတစ်ခုကြောင့် သူ့အတွေးစများ ပြတ်သွားရသည်။ 

အသံပိုင်ရှင်မှာကား အခြားမဟုတ်။ လူးကပ်စ်ပင်။ 

ယုချင်း သူ့ခံစားချက်များကို နှောင့်ယှက်လာ၍ လူးကပ်စ်အား မကျေမနပ် မျက်စောင်းထိုးလိုက်၏။ 

လူးကပ်စ်မှ

“အစ်မ စာအုပ်ဖတ်နေတုန်း ဖြစ်နေတဲ့ အမူအရာက ပြုံးရွှင်နေတာပဲနော်။ အဲ့တာ အန္တရာယ်ရှိတဲ့ လက္ခဏာပဲ”

ယုချင်း အမူအရာ အနည်းငယ် ပြောင်းသွားကာ

“အဲ့လိုလား”

“ကျွန်တော် သေချာတွေ့လိုက်တယ်။ လင်းချွမ်ဝတ္ထုမှာ မှော်အစွမ်းရှိလားတော့ မပြောတတ်ပေမဲ့ သတိပေးမှ ဖြစ်တော့မှာမို့လို့ပါ။ ဒါ ကျွန်တော်တို့ရန်သူရဲ့ ဝတ္ထုနော်။ အခု အစ်မအခြေအနေက အရမ်း ထူးဆန်းနေတယ်”

လူးကပ်စ် လေးနက်စွာ ပြောလိုက်၏။ 

“မဖြစ်နိုင်တာ”

ယုချင်း ပြန်ပြောလိုက်သည်။ 

“ကောင်းပြီလေ။ ကိုယ့်ဖာသာ ကြည့်လုပ်တော့။ မနက်ဖြန် ဟားစ်စစ်တပ်နဲ့ ညှိနှိုင်းရေးကိစ္စသာ မနှောင့်နှေးစေနဲ့ပေါ့။ အဲ့တာ ကျွန်တော်တို့ရဲ့ အရေးကြီး ဝယ်သူပဲ”

လူးကပ်စ် ထပ်သတိပေးလိုက်၏။ 

ယုချင်းမှာ လူးကပ်စ်အား ဂရုမစိုက်သလိုကြည့်၍ ဘာမှမပြောဘဲ အပြင်ထွက်သွားတော့သည်။ 

ရုံးခန်းမှာ သူ့အတွက် အလွန်ဆူညံနေ၏။ 

စာအုပ်ဖတ်ရန် အာရုံမစိုက်နိုင်တော့ချေ။ 

…

နောက်တစ်နေ့။ 

ညနေစောင်းအချိန်တွင် လိမ္မော်နီရောင် နေမင်းမှာ အနောက်ဘက်သို့ ဦးတည်ဝင်ရောက်နေပြီး အရှေ့တောင်အာရှထောင့်တစ်နေရာ၌ ရောင်စုံအလင်းများ တောက်ပနေ၏။ 

ယုချင်းမှာ ကျက်သရေရှိလှသော အနီရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး နာမည်ကြီး ပန်းချီကားများကို ကိုင်ဆောင်လျက် ကော်ရစ်တာကိုဖြတ်ကာ လျှို့ဝှက် အစည်းအဝေးခန်းသို့ လျှောက်လာခဲ့သည်။ 

“မစ္စတာလီယို ဘယ်တော့ ရောက်မလဲ”

ယုချင်း သူ့လက်ထောက်အား လှမ်းမေးလိုက်သည်။ 

“နောက် (၁၀) မိနစ်ဆို ရောက်ပါပြီ”

ယုချင်း ခေါင်းငြိမ့်၍ စားပွဲတစ်ဖက်တွင် ဝင်ထိုင်ကာ တက်ဘလက်ထုတ်လိုက်ပြီး ဝတ္ထုကို ဆက်၍ ဖတ်နေသည်။ 

သူ မနေ့ညတည်းက ယခုအချိန်အထိ အစည်းအဝေးကိစ္စ အနည်းအကျဉ်း စီစဉ်သည့်အချိန်မှလွဲ၍ တစ်လျှောက်လုံး လင်းချွမ် စာအုပ်ကိုသာ ဖတ်နေခဲ့သည်။ 

လင်းချွမ်မှာ ရန်သူဖြစ်သော်လည်း စာအုပ်ကောင်း ထုတ်နိုင်သည်ကိုတော့ ဝန်ခံရပေမည်။ 

ယုချင်း ဝတ္ထုထဲ လုံးဝ နစ်မျောနေလေပြီ။ 

အစည်းအဝေးခန်းထဲ၌။ 

လာဗန်ဒါပန်းရနံ့များ လေထုထဲ ထုံမွှန်းလျက် မျက်နှာကျက်တွင် ကျောက်မီးဆိုင်းတစ်ခု ဆွဲထားပြီး ယုချင်းပေါ်သို့ မီးရောင် ခပ်ဖျော့ဖျော့ ဖြာကျနေ၏။ 

သူ့ပုံစံမှာ ရက်စက်သော လက်နက်ဘုရင်မနှင့် မတူဘဲ ရိုးသားသည့် စာဖတ်ပရိသတ်ပုံ ဖြစ်လေသည်။ 

အချိန် (၁၀) မိနစ်မှာ လျင်မြန်စွာ ကုန်ဆုံးသွား၏။ 

ဒေါက် ဒေါက် ဒေါက်။ 

ဟားစ်စစ်တပ်မှ တာဝန်ရှိသူ ကိုယ်စားလှယ် လီယို ရောက်လာပြီး ယဉ်ကျေးစွာ တံခါး (၃) ချက် ခေါက်လိုက်သည်။ 

ယုချင်း တက်ဘလက်ကို အမြန်သိမ်းကာ လှည့်ကြည့်လိုက်ပြီး အနက်ရောင် အနောက်တိုင်းဝတ်စုံနှင့် အရပ်မြင့်မြင့်၊ စူးရှသော မျက်လုံးနှင့်လူတစ်ယောက် သူ့ကို ပြုံးပြရင်း ဝင်လာသည်ကို တွေ့ရ၏။ 

“ယု မတွေ့တာတောင် ကြာပြီနော်”

ယုချင်း မတ်တပ်ထရပ်ကာ ပြုံး၍ နှုတ်ဆက်လေသည်။ 

“မစ္စတာလီယို မတွေ့တာ တကယ်ကြာပြီနော်။ ထိုင်ပါဦးရှင်”

နှုတ်ဆက်စကားဆိုပြီးနောက် နှစ်ဦးသား မျက်နှာချင်းဆိုင် နေရာယူလိုက်ကြသည်။ 

လက်ထောက်လေးမှာ ဝိုင်နီ တစ်ယောက်တစ်ခွက် ငှဲ့ပေးပြီးနောက် ဘေးသို့ ရှောင်ရပ်နေ၏။ 

လီယို ဝိုင်ခွက်ကို လှမ်းယူကာ ခပ်သာသာ လှုပ်ယမ်း၍

“အခုဆို အလုပ်အတူတွဲလုပ်တာလည်း ကြာနေပြီနော်”

“ဟုတ်ပါ့ရှင်”

“ကျွန်တော်တို့ ဒဲ့ဒိုးပဲ ပြောကြတာပေါ့”

လီယို လေးနက်စွာ စကားစလိုက်၏။ 

“ကျွန်တော် လက်နက် အများကြီး လိုတယ်ဗျ။ တင့်ကားဒုံးကျည်တွေ၊ လေယာဉ် စက်သေနတ်တွေလ်ုမျိုးပေါ့။ နောက်ပြီး ကီလိုမီတာ (၃၅၀) အထိ သက်ရောက်နိုင်တယ်ဆိုတဲ့ အဝေးထိန်း ဒုံးကျည်လောင်ချာကိုလည်း တော်တော်လေး စိတ်ဝင်စားတယ်”

“ကိစ္စမရှိပါဘူး”

ယုချင်း ပြုံး၍ ပြန်ဖြေလိုက်သည်။ 

“မော်ဂန်ဘက်ကနေ အမြန်ဆုံး စီစဉ်ပေးပါ့မယ်။ တစ်လအတွင်းဆို အဆင်ပြေလား”

“ယုကတော့ တကယ့် စီးပွါးဖက်ကောင်းပဲ”

သူ ရယ်မော၍ ပြောပြီးနောက် အရေးကြီးကိစ္စကို မေးလိုက်၏။ 

“ဒါနဲ့ ဈေးကရော”

ယုချင်း ဝိုင်ခွက်ကိုချလျက် ပြုံးကာ

“မစိုးရိမ်ပါနဲ့။ လက်နက်ကြီးတွေကတော့ အရင်ဈေးပါပဲ”

“ဒါဆို ဒုံးကျည်လောင်ချာကရော”

“အဲ့တာက…”

ယုချင်း ခဏတုံ့ဆိုင်းနေပြီးမှ လက်တစ်ချောင်း ထောင်ပြသည်။ 

လီယို မျက်မှောင်ကြုတ်သွားပြီး

“ဒေါ်လာ (၁၀) သန်းလား”

“ဟုတ်ပါတယ်”

ယုချင်း ပြုံး၍ ခေါင်းငြိမ့်ပြ၏။ 

သူတို့နှစ်ဦးကြား အခြေအနေလည်း ရုတ်တရက် တင်းမာသွားသည်။ 

“ဈေးက ကျွန်တော်တို့ မှန်းထားတာထက် အရမ်းမြင့်နေတယ်”

လီယို သူ့ကို စိုက်ကြည့်လျက်

“အမေရိကန်က HIMARS စနစ်တောင် ဒေါ်လာ (၅) သန်းပဲ ရှိတယ်။ သူ့အကွာအဝေးက (၃၀၀) ကီလိုမီတာလေ”

All Chapters