Chapters

လျော်ကြေး

Vol. 24 Ch. 346

လျော်ကြေး

Vol. 24 Ch. 346

ထိုအချိန်တွင် မြေအောက်လောက၌လည်း ခေါင်းစဉ်အသစ် ထွက်ပေါ်နေလေပြီ။ 

လက်နက်ဝိဇ္ဇာ။ 

“ဒါက တကယ့်အစစ်ပဲ”

ဘေးမှ လက်ထောက်က ပြုံး၍ ပြောလိုက်သည်။ 

ဟော ဝက်ဘ်ဆိုဒ်ထဲ ခဏမွှေနှောက်ရှာပြီးနောက် လီယို့ကို လှမ်းကြည့်ကာ

“အစ်ကိုကြီး ဒါ မစ္စတာလင်းရဲ့ အကောင့်ပါ”

“အခု ဆက်သွယ်လို့ ရလား”

လီယိုမှာ မန်ဝမ်တစ်ယောက် နှစ်ပေါင်းများစွာ အထီးကျန်နေရာမှ ရွာအဝင်လမ်းတွင် မိန်းမလှလေး တွေ့သကဲ့သို့ မျက်လုံးအရောင်များ တောက်သွားသည်။ 

ဟောမှ 

“အစ်ကိုကြီး ကျွန်တော် ဒီဖိုရမ်ထဲ ဝင်ဝင်ကြည့်နေတတော့ ကြာပြီ။ ဒါပေမဲ့ မစ္စတာလင်း ကိုယ်တိုင် စကားဝင်ပြောတာ မတွေ့ဖူးသေးဘူး။ သူ့ပရိသတ်တွေပဲ ဟိုဟိုဒီဒီ ပြောလေ့ရှိတယ်။ အဖွဲ့ကိုလည်း သူ့ပရိသတ်တွေပဲ ထောင်ပြီး ကိုင်ထားတာ”

“ပရိသတ်လား”

လီယို အံ့ဩသွားကာ မေးလိုက်သည်။ 

“ဘယ်တစ်ယောက်လဲ”

ဟောမှ အကောင့်တစ်ခု ချက်ချင်းရှာ၍ အန်ဂျလီနာကို တွေ့သွားသည်။ 

“ဒီဟာပါ။ သူပဲ အဖွဲ့ကို ထောင်ပြီး ဦးဆောင်ထားတာ”

“အဲ့တစ်ယောက်ကို ချက်ချင်း ဆက်သွယ်လိုက်။ မစ္စတာလင်းကို ဆက်သွယ်ဖို့ အသေးစိတ် အချက်အလက် လိုချင်တယ်လို့”

လီယိုမှ အလျင်အမြန် ညွှန်ကြားလိုက်သည်။ 

ဟော တွေဝေမနေရဲဘဲ ချက်ချင်း လိုက်နာရလေ၏။ 

သို့သော် အန်ဂျလီနာမှာ စာပြန်မလာသေး၍ လီယိုတို့ ထိုင်စောင့်ရုံသာ ရှိသည်။ 

လီယိုမှ သူ့လက်ထောက်ကို လှမ်းကြည့်၍

“မစ္စတာလင်းကို အဲ့လို အတင်းကြီး ရုတ်တရက် ဆက်သွယ်တာက ရိုင်းတယ်မထင်ဘူးလား”

“မိတ်ဆက်တဲ့အချိန်မှာ လက်ဆောင်လေးတော့ ထည့်ပေးမလား”

လက်ထောက်ဖြစ်သူမှာ လီယို့ရည်ရွယ်ချက်ကို ကောင်းကောင်း နားလည်ပါသည်။ 

လီယို ခေါင်းငြိမ့်ပြ၍

“မစ္စတာလင်းက လက်နက်နားလည်သူတစ်ယောက် အနေနဲ့ သူ့ဝတ္ထုကို ခိုးရောင်းနေတာသိရင် စိတ်ပျက်သွားမှာပဲ။ စာရေးတာက ဝါသနာအရပဲ ဆိုပေမယ့်ပေါ့”

လက်ထောက်လေးမှ

“ဟုတ်တယ်။ ကျွန်တော့်ဖန်တီးမှုကို ခွင့်ပြုချက်မရှိ ခိုးထားတာသိရင် ကျွန်တော်သာဆိုလည်း ဒေါသထွက်မှာပဲ”

“အဲ့တော့ မစ္စတာလင်းကို ဒီကိစ္စအတွက် ကူညီပေးရမှာပေါ့”

လီယိုမှ စိတ်ဝင်တစား ပြောလိုက်သည်။ 

ထို့နောက် အစ်ကိုဟောက်ကို လှမ်းကြည့်၏။ 

အစ်ကိုဟောက်လည်း သူတို့စကားကို နားထောင်ရင်း ဇက်ကလေးပု၍ 

“အစ်ကိုကြီး ကျွန်တော်က ခိုးကူးရုံပဲ ရှိတာပါ။ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး”

“မကောင်းတဲ့ ရည်ရွယ်ချက်တဲ့လား”

လီယိုမှ ခပ်အေးအေး ပြန်မေးလိုက်သည်။ 

အစ်ကိုဟောက် တုန်တုန်ရီရီ လှမ်းကြည့်ရင်း လီယို့ခါးမှ ပစ္စည်းကိုတွေ့ပြီး မျက်နှာဖြူဖျော့သွားလေ၏။ 

ဝါး… တကယ်ကြီး လက်နက်ရှိတာပဲ။ 

အစ်ကိုဟောက် စိတ်ထဲတွင် အမြန်ဆုံးဖြတ်ချက် ချ၍

“သူတို့ရဲ့ ဥပဒေအဖွဲ့ကို အခုချက်ချင်း ဆက်သွယ်ပြီး မူပိုင်ခွင့် တောင်းလိုက်ပါမယ်”

“ဒါပေမဲ့ အဲ့လောက်နဲ့ မရဘူးမလား”

လီယို လက်ကို သေနတ်ပုံစံ ပြုလုပ်၍ အစ်ကိုဟောက် နဖူးကိုချိန်ထားလိုက်၏။ 

“မင်း မစ္စတာလင်းဝတ္ထုတွေနဲ့ အရှေ့မှာ အကျိုးအမြတ် အများကြီး ရဖူးတယ်မလား”

“အ အရမ်းမများပါဘူး”

သူ အံကြိတ်ကာ ကြောက်လန့်၍ ဖြေလေသည်။ 

စောစောတည်းက ရဲခေါ်လိုက်ရမှာ။ ရဲဆိုရင်တောင် သူ့လို သေနတ်နဲ့ပစ်မယ်တော့ ခြိမ်းခြောက်မှာ မဟုတ်ဘူး။ 

“ခဏနေ အခြေအနေကို စစ်ဆေးကြည့်လိုက်မယ်လေ။ အဲ့လို ရတယ်မလား”

လီယို ပြန်မေးလေ၏။ 

အစ်ကိုဟောက် တံတွေးမျိုချ၍

“ရ ရပါတယ်ဗျ”

“ရတဲ့အမြတ်တွေအကုန် မစ္စတာလင်းကို ပြန်ပေးရမယ့်အပြင် လျော်ကြေးက နှစ်ဆနော်။ ဘယ်လိုလဲ”

လီယိုမှ တရားမျှတမှုအတွက် တရားသူကြီး ဝင်လုပ်လေသည်။ 

တစ်ဆပြန်ပေး၍ နှစ်ဆ လျော်ရပေမည်။ 

အစ်ကိုဟောက်မျက်နှာ ဖြူဖျော့လျက်

“ဒါပေမဲ့…”

“အဆင်ပြေတယ်လို့ ပြောချင်တာမလား”

လီယို လက်တစ်ဖက်မှ ခါးတွင်ချိတ်ထားသော သေနတ်ကိုကိုင်ရင်း မေးလိုက်သည်။ 

အစ်ကိုဟောက်မှာ တစ်ခုခု ပြန်ပြောချင်သော်လည်း သူ့လုံခြုံရေးအရ ချက်ချင်း ခေါင်းငြိမ့်လိုက်ရသည်။ 

“ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ”

“စိတ်ရင်းကို ပြဖို့အတွက်ကတော့ တောင်းပန်စာ ရေးရမှာသိတယ်မလား”

လီယို ထပ်ပြောပြန်၏။ 

“ရပါတယ်”

အစ်ကိုဟောက် ငြင်းဆန်နိုင်စွမ်းမရှိဘဲ လက်ခံရလေသည်။ 

လီယိုမှာ လင်းချွမ်၏ အလုပ်သမားလေး ဖြစ်နေ၏။ 

အစ်ကိုဟောက်မှာတော့ စာအုပ်လေးခိုးကူးရာမှ စစ်တပ်ပါ လိုက်လာလေသည်။ 

“အန်ဂျလီနာဆီက ပြန်စာရပြီ”

ထိုစဉ် ဟောမှ လှမ်းအော်လိုက်လေသည်။