← Chapters

အလုပ်မိတ်ဖက်

Vol. 24 Ch. 348

အလုပ်မိတ်ဖက်

Vol. 24 Ch. 348

ယခုအခါ ညှိနှိုင်းမှုမှာ ပြီးဆုံးသွားလေပြီ။ 

“ဘယ်လိုဖြစ်သွားတာလဲ”

ရှန်ချန်းချန်း ကားပေါ်တွင် ထိုင်စောင့်ရင်း အမျိုးသား (၂) ဦး ဝင်လာသောအခါ အလောတကြီး မေးလိုက်သည်။ 

ထိုနှစ်ဦးမှာ သူ့အတွက် အရေးပါသူများ ဖြစ်လေ၏။ 

လင်းချွမ်နှင့် ရှန်ကျန်းဟွာတို့ ကားပေါ်တက်လာပြီး လင်းချွမ် ရှေ့ခုံ၌ ဝင်ထိုင်လိုက်သည်။ ထို့နောက် ကားခါးပတ်ပတ်ရင်း

“ထင်သလောက်တော့ မပြေခဲ့ဘူး”

“မပြေဘူးလား”

ရှန်ချန်းချန်း စိတ်ဝင်တစားကြည့်ရင်း

“ဘယ်လောက် ရနိုင်မယ်တဲ့လဲ”

လင်းချွမ် လက် (၃) ချောင်း ထောင်ပြလိုက်သည်။ 

“(၃) သန်းလား”

ရှန်ချန်းချန်း အမူအရာတင်းမာသွားပြီး စွံ့အနေမိ၏။ 

“ဒီကိစ္စက မြို့တော်ဝန်ကိုလည်း အပြစ်တင်လို့ မရဘူး”

လင်းချွမ်မှ

“မြို့တော်တိုးတက်ရေး စီမံကိန်းဆွဲတဲ့သူနဲ့ ဆိုင်တာ”

ကားနောက်ခန်းမှ ရှန်ကျန်းဟွာ သက်ပြင်းချ၍

“ဒါရိုက်တာဝမ်ရဲ့အခြေအနေကိုလည်း နားလည်ပါတယ်။ လက်ရှိအခြေအနေက စတီးလ်စက်ရုံကနေ စစ်လက်နက်စက်ရုံ ပြောင်းမှာကို အပြည့်အဝတော့ မထောက်ပံ့ပေးနိုင်ဘူးပေါ့”

ဒါရိုက်တာဝမ်ဆိုသည်မှာ အန်လင်းမြို့ဘဏ္ဍာရေးမှူး ဖြစ်၏။ 

သူ လင်းချွမ်တို့ကို ရှင်းလင်းအောင် ပြောခဲ့ပြီးလေပြီ။ 

ပထမဆုံး အန်လင်းမြို့တိုးတက်ရေးစီမံကိန်းမှာ ဟန်မြစ်အပိုင်းအထိ လူသိများပြီး နိုင်ငံတကာ ခရီးသွားမြို့တော် ဖြစ်လာရန် ရည်ရွယ်ပါသည်။ 

ဒုတိယအချက်မှာ စတီးလ်စက်ရုံ၏ စွမ်းဆောင်ရည် အလွန်ကျဆင်းနေပြီး စစ်လက်နက်စက်ရုံအဖြစ် ပြောင်းလဲလျှင်ပင် အန်လင်းမြို့အတွက် ကြီးမားသော အကျိုးအမြတ် ဖြစ်စေမည် မဟုတ်ချေ။ စက်ရုံမှာ သေး၍ အလုပ်အကိုင်အခွင့်အလမ်းနည်းပြီး ခရီးသွားလုပ်ငန်းအတွက်လည်း တိုးတက်မှု မရှိပေ။ 

ထို့အပြင် စစ်လက်နက်စက်ရုံမှာ အမြတ်အစွန်း နည်း၏။ 

အကြမ်းဖျင်းအားဖြင့် ၄% သာ အမြတ်ရှိပြီး ထုတ်လုပ်မှု ကုန်ကျစရိတ်၊ စစ်တပ်ပြန်လည် ထူထောင်ရေး၊ နည်းပညာ၊ ကြော်ငြာ စသဖြင့် အကုန်အကျများပြီး စတီးလ်စက်ရုံထက်ပင် ပိုရှုံးနိုင်သေးသည်။ 

ထို့ကြောင့် လက်ရှိအခြေအနေတွင် ထိုကဲ့သို့ စစ်လက်နက်စက်ရုံကို ထောက်ပံ့ခြင်းသည် မြစ်ထဲ ပိုက်ဆံထုတ်ပစ်ချလိုက်သည်နှင့် တူနေ၏။ 

“(၃) သန်းပဲလား။ အဲ့တာနဲ့ ဘာလုပ်လို့ ရမှာလဲ”

ရှန်ချန်းချန်း ဒေါသတကြီး ရေရွတ်မိသည်။ 

“ဒါရိုက်တာဝမ်ကတော့ ဒီပိုက်ဆံနဲ့ လက်နက်ပုံစံငယ်တွေ အရင်ထုတ်ဖို့ အကြံပေးတာပဲ။ အဲ့လိုနဲ့ အမှာစာတွေ ရလာမှ ရန်ပုံငွေ ထပ်တောင်းတာ ပိုကောင်းတယ်တဲ့”

ရှန်ကျန်းဟွာမှ ရှင်းပြ၏။ 

ပြောရလျှင် မသေချာသည့်အလုပ်ကို မရင်းနှီးနိုင်ခြင်း ဖြစ်သည်။  

“(၃) သန်းက ပစ္စည်းလေးတွေ နည်းနည်း အစားထိုးလို့ပဲ ရမှာ”

ရှန်ချန်းချန်း ရေရွတ်မိသည်။ 

“အမှန်တော့ အခြေအနေက အဲ့လောက် မဆိုးပါဘူး”

လင်းချွမ် ပြန်နှစ်သိမ့်လိုက်၏။ 

“ရှင့်မှာ တခြားအကြံအစည် ရှိလို့လား”

ရှန်ချန်းချန်း မျက်ခုံးလေးပင့်၍ ပြန်မေးလေသည်။ 

စတီးလ်စက်ရုံကို စစ်လက်နက်စက်ရုံအဖြစ် ပြောင်းလဲရန်မှာ အနည်းဆုံး (၄၆) သန်းခန့် လိုအပ်ပါသည်။ 

အစိုးရဘဏ်တစ်ခုတည်း မှီခို၍ မရပ်တည်နိုင်ချေ။ 

စတီးလ်စက်ရုံ ရှိစဉ်ကလည်း အဓိက ကျောရိုး ပျက်စီး၍ ဈေးကွက်ထိုးချကာ ဒေဝါလီခံခဲ့ရလေသည်။ 

“ပိုက်ဆံချေးမယ်လေ”

လင်းချွမ်ပြုံး၍ အဖြေရှာပေးလိုက်၏။ 

“ရှင့်မှာ အသိရှိလို့လား”

“ဒီစက်ရုံ ဝယ်လိုက်လို့ ဘာမှတော့ မဖြစ်ပါဘူး”

လင်းချွမ် ခပ်အေးအေး ပြောလေသည်။ 

သူ့စိတ်ထဲတွင် မအောင်မြင်သေးသည့် လက်နက် နည်းပညာများကို တွေးနေသည်။ ဥပမာ အဝေးထိန်း ဒုံးကျည်လောင်ချာကို ပြုလုပ်နိုင်သူ အရမ်းမရှိသေး၍ အတော်လေး တန်ဖိုးကြီးပါသည်။ 

သို့သော် ထိုသို့ ရှာဖွေခြင်းမှာလည်း အချိန်တစ်ခု ကြာနိုင်၏။ 

စတင်ရာ၌ပင် နှစ်လနီးပါးကြာကာ ပိုက်ဆံရရန်အထိဆိုလျှင် (၃) လ အသာလေးရှိသည်။ 

“ပစ္စည်းမှာတဲ့သူ မရှိဘဲ အရှုံးပေါ်ကုန်ရင်ရော”

ရှန်ချန်းချန်းမှ ပြန်မေးသည်။ 

“မှာတာလား”

လင်းချွမ် ရယ်မော၍

“နောက်ဆုံးပေါ် နည်းပညာနဲ့ပဲကို ပစ္စည်းမမှာ,မှာ စိုးရိမ်စရာ မရှိပါဘူး”

ထိုစဉ် 

တီ တီ တီ…

လင်းချွမ်ဖုန်းမှ အချက်ပေးသံ မြည်လာ၏။ 

အန်ဂျလီနာ၏စာ ဖြစ်သည်။ 

“မစ္စတာလင်း ပရိသတ်ထဲက လူတစ်ယောက်က ရှင့်ကို အလုပ်ကိစ္စ ပြောချင်လို့ဆိုပြီး ဆက်သွယ်ခိုင်းတယ်”

လင်းချွမ်မှ

“ဘယ်လိုအလုပ်လဲ ပြောလား”

သူ့ပရိသတ်ထဲတွင် လူပေါင်းစုံ ပါလေသည်။ 

လုပ်ကြံသူ၊ ဟက်ကာ၊ လူလိမ်၊ ဆေးသမား၊ ရှေးဟောင်းပစ္စည်း ရောင်းဝယ်သူ၊ ရဲ၊ အတတ်ပညာရှင်များစွာရှိ၏။ 

နိုင်ငံတကာဖိုရမ်အဖွဲ့ထဲတွင် တစ်နေ့တစ်နေ့ သူ့ဆီ ထူးဆန်းသော စာများစွာ ရောက်နေကျဖြစ်သည်။ 

ဥပမာ တချို့သည် မူးယစ်ဆေးလောကထဲ ဝင်ရန် ဖိတ်ခေါ်ပြီး အချို့မှာ တစ်ချက်တည်း ချမ်းသာမည့်လမ်းရှိသည်ဟု ဆိုကြသည်။ အချို့လည်း သူဌေးမကြီးများမှ သူ့ကိုကြိုက်၍ လိုက်မလားဟု ခေါ်သေး၏။ 

အမှုမျိုးစုံ ဖြစ်သည်။ 

ထို့ကြောင့် လင်းချွမ် သူ့နိုင်ငံတကည ပရိသတ်များနှင့် အလွန်သတိထားကာ ပြောဆိုဆက်ဆံရလေသည်။

သူ့ပရိသတ်အကြောင်း သူ အသိဆုံး ဖြစ်၏။ 

အန်ဂျလီနာမှ

“အလုပ်အကြောင်းက အသေးစိတ်တော့ မပြောဘူး။ ဒါပေမဲ့ ရှင်နဲ့ အရမ်း ဆက်သွယ်ချင်နေတာ။ ရှင့်ကို နိုင်ငံတကာဖိုရမ်ကနေ စာပို့သေးတယ် ပြောတယ်။ ရှင်က စာမပြန်လို့တဲ့” 

“ကျွန်တော် ခဏနေ ဝင်ကြည့်လိုက်မယ်။ ခဏစောင့်ဖို့ ပြောထားလိုက်ပါ”

ထို့နောက် လင်းချွမ် ရှန်သားအဖကိုကြည့်၍

“ရန်ပုံငွေကိစ္စကို ကျွန်တော် ခပ်စဉ်းစားထားပေးပါမယ်။ အခုတော့ ပြန်ကြတာပေါ့”

သူတို့ ထပ်မမေးတော့ဘဲ လက်ခံကာ လင်းချွမ်အား လင်းကျန်အိမ်ရာသို့ ပြန်ပို့လိုက်ကြ၏။ 

အိမ်ရောက်သည်နှင့် လင်းချွမ် ကွန်ပျူတာကိုဖွင့်၍ နိုင်ငံတကာဖိုရမ်အကောင့်ထဲ ဝင်လိုက်သည်။ 

ထိုအခါ စာများထောင်ချီ၍ ဝင်နေသည်ကို တွေ့ရ၏။ 

“ခဏလေးပဲ ရှိသေးတာကို အဲ့လောက် စာတွေ များနေပြီလား။ ငါ့ကွန်ပျူတာကြီး ပေါက်ကွဲတော့မယ်”

လင်းချွမ် ရယ်မော၍ ရေရွတ်လိုက်သည်။ 

ထို့နောက် အန်ဂျလီနာပို့ထားသည့် မျောက်ဟူသော အကောင့်ကို ရှာကာ စာအား ဖွင့်ကြည့်လိုက်၏။ 

အမှန်ပင် မနက်စောစောတည်းက ထိုလူမှ စာများစွာ ပို့ထားလေသည်။ 

[မင်္ဂလာပါ။ လက်နက်ဝိဇ္ဇာလင်း]

[ကျွန်တော်က ဆရာ့ရဲ့ အမာခံပရိသတ်ပါ။ ဆရာ့ လက်နက်အရည်အချင်းတွေကိုလည်း တကယ် လေးစားမိပါတယ်]

[ကျွန်တော် ဆရာနဲ့ အတူတူ အလုပ်တွဲလုပ်ချင်ပါတယ်]

All Chapters