← Chapters

အလုပ်ကိစ္စ

Vol. 24 Ch. 349

အလုပ်ကိစ္စ

Vol. 24 Ch. 349

[ကျွန်တော့်တောင်းဆိုမှုကို ချက်ချင်းကြီး မငြင်းလိုက်ပါနဲ့နော်]

[ဆရာ့ဝတ္ထုတွေကို အရှေ့တောင်အာရှ ဝက်ဘ်ဆိုဒ်တစ်ခုက ခိုးရောင်းနေတယ်နော်။ အဲ့တာ ကျွန်တော် ရှင်းလိုက်ပြီးပြီ။ ဆရာ့ဝက်ဘ်ဆိုဒ်ကနေ ပြန်ပြောမယ် ထင်ပါတယ်]

လင်းချွမ် ထိုစာကို ဖတ်ပြီးနောက် မျက်မှောင်ကြုတ်သွားမိ၏။ 

ယုယွီ ထိုကိစ္စကို ပြောဖူးသော်လည်း တစ်အုပ်၊ နှစ်အုပ်မျှသာ ထင်ခဲ့ပါသည်။ 

ယခုတော့ အားလုံး ဖြစ်နေ၏။ 

တီ တီ တီ။ 

ထိုစဉ် ယုယွီထံမှ စာဝင်လာသည်။ 

“ကောင်လေးရေ အာလူးဝက်ဘ်ဆိုဒ်အကြောင်း သိလား”

“ဘာကြီးလဲ”

“ဝတ္ထုတွေ ခိုးရောင်းနေတဲ့ အရှေ့တောင်အာရှက ဝက်ဘ်ဆိုဒ်လေ။ ရှင့်စာအုပ်တွေ အားလုံး ပါတယ်”

လင်းချွမ်မှ

“အဲ့တာဆိုရင် အားလုံး သိပြီးပါပြီ”

“အခု အာလူးဝက်ဘ်ဆိုဒ်ဘက်က ဆက်သွယ်လာတယ်။ ရသမျှ အမြတ်တွေအပြင် နောက်ထပ် နှစ်ဆ လျော်ကြေး ပေးပါမယ်တဲ့။ ဝတ္ထုတွေလည်း အကုန် ပြန်ဖျက်ပြီး တရားဝင် မူပိုင်ခွင့် လျှောက်ထားတယ်”

ယုယွီ ပြုံးရွှင်၍ သတင်းပေးလေသည်။ 

“မဆိုးပါဘူး”

လင်းချွမ်လည်း ပြုံးသွားမိ၏။ 

ပရိသတ်က သေချာလေး ကြိုးစားထားတာပဲ။ 

ပုံမှန်အားဖြင့် ထိုသို့ ခိုးကူးသည့်ကိစ္စများကို စာရေးဆရာများမှာ ထိုင်ကြည့်နေရုံသာ တတ်နိုင်လေသည်။ 

အနည်းငယ် ရန်ဖြစ်ငြင်းခုန်၍သာ ပြီးသွား၏။ 

ဝတ္ထုပလက်ဖောင်း၏ ထောက်ပံ့မှု အပြည့်အဝ မရရှိသော သာမာန် စာရေးဆရာများအတွက် ပို၍ပင် ခက်ခဲလေသည်။ 

“အဲ့တာ ရင့်ပရိသတ်ထဲက ကူညီပေးလိုက်တာလား”

လင်းချွမ် ရယ်မောလိုက်မိပြီး

“ဘယ်လိုလုပ် သိတာလဲ”

“ဒီအတိုင်း မှန်းကြည့်ရုံပါ။ ရှင့်ပရိသတ်တွေက ရှင့်လိုပဲလေ”

လင်းချွမ် မျက်နှာပျက်လျက်

“အဟမ်း ကျွန်တော်က စာရေးဆရာပါပဲ။ စာရေးတာက ထူးဆန်းတာ မဟုတ်ဘူးလေ”

“ဟုတ်ပါပြီ ဟုတ်ပါပြီ ထားပါတော့”

လင်းချွမ် မျောက်ဟူသော အကောင့်ကိုကြည့်ရင်း ခဏစဉ်းစား၍ စာလှမ်းပို့လိုက်လေသည်။ 

“ကျေးဇူးပါဗျ”

တစ်ဖက်အဖွဲ့မှာ ကွန်ပျူတာရှေ့တွင် အဆင်သင့် စောင့်နေကြပြီး လင်းချွမ်၏စာကိုတွေ့သည်နှင့် ချက်ချင်းပင်

“မစ္စတာလင်း နောက်ဆုံးတော့ ဆက်သွယ်လို့ ရပြီပဲ။ ဝတ္ထုခိုးရောင်းတဲ့ကိစ္စကို ဖြေရှင်းရုံလောက်က ကျေးဇူးတင်စရာ မဟုတ်ပါဘူးဗျာ”

လီယိုမှာ အာလူးဝက်ဘ်ဆိုဒ်ရုံး၌ပင် ရှိသေးပြီး ဟော၏အကောင့်ဖြင့် ဆက်သွယ်ထားခြင်း ဖြစ်၏။ 

ဟောနှင့် အစ်ကိုဟောက်တို့မှာမူ အခန်းထောင့်လေးတွင် တုန်ရီစွာ ထိုင်နေကြသည်။ 

သူတို့ ဝတ္ထုများ ခိုးရောင်းရင်း မည်သည့် စာရေးဆရာကိုမှ မကြောက်ခဲ့ဖူးပါ။ 

သို့သော် ယခုတော့ စစ်သားများဟု ထင်ရသော မထင်မှတ်ထားသည့်အဖွဲ့ ရောက်လာကာ အမာခံပရိသတ်များ ဖြစ်နေပြီး ထိုစာရေးဆရာအတွက် တရားမျှတမှု ဖော်ထုတ်နေကြ၏။ 

ထူးဆန်းလိုက်တာ။ 

သို့သော် အမူအရာလည်း မပျက်ရဲဘဲ ကြောက်ကြောက်လန့်လန့်ဖြင့် အရိပ်အခြည် ကြည့်နေရသည်။ 

လင်းချွမ် ချက်ချင်းပင်

“အန်ဂျလီနာပြောတယ်။ ကျွန်တော်နဲ့ အလုပ်ကိစ္စ ပြောချင်လို့ဆို”

လီယိုလည်း သူ့လက်ဆောင်ကို သဘောကျမှန်း နားလည်သွားပြီး 

“အမှန်တော့ ဒါက အာလူးဝက်ဘ်ဆိုဒ်ရုံးရဲ့ အကောင့်ကနေ ငှါးပြောနေတာပါ။ ကျွန်တော့်နာမည် လီယိုပါ။ လက်နက် ထုတ်လုပ်ရေးအကြောင်းလေး နည်းနည်း ဆွေးနွေးချင်လို့”

“လက်နက် ထုတ်လုပ်ဖို့လား။ ရပါတယ်ဗျ”

လင်းချွမ် တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ 

“ကျွန်တော် တိုက်ရိုက်ဆက်သွယ်လို့ ရနိုင်မလား”

သူ လင်းချွမ်၏ဝတ္ထုကို ဖတ်ပြီးတည်းက အရည်အချင်းကို အပြည့်အဝ ယုံပါသည်။ 

လက်နက်ဈေးသာ တတ်နိုင်လျှင် မော်ဂန်အုပ်စုကို ချက်ချင်း စွန့်ခွါမည် ဖြစ်၏။ 

ယုချင်းရယ် မင်းတောင်းတိုင်း ပေးစရာလား။ 

“ဟုတ်ကဲ့။ ကျွန်တော် ဆက်သွယ်လိုက်ပါ့မယ်။ နံပါတ် ပေးခဲ့ပါ”

“ကောင်းပါပြီ”

လီယို ချက်ချင်း သူ့အချက်အလက်ကို ရေးပေးလိုက်သည်။ 

ထို့နောက် ပြုံးရွှင်စွာဖြင့် ထွက်သွားလေသည်။ 

သူ လှေကားမှဆင်းရင်း တစ်ခုခု သတိရသွားပြီး လှည့်အော်လိုက်၏။ 

“ဟောက်နဲ့ ဟော သတိထားနေနော်။ မင်းတို့ မစ္စတာလင်းစာအုပ်တွေ ထပ်ပြီး ခိုးရောင်းနေတာမိရင် ငါ…”

သူ့ခါးပတ်ကို ပုတ်ပြလေသည်။ 

ဟောက်နှင့်ဟောတို့ အလျင်အမြန် ခေါင်းငြိမ့်ပြ၏။ 

ထို့နောက် လင်းချွမ်နှင့် ကိုယ်ပိုင်အကောင့်မှ စာဆက်ပို့လေသည်။ 

“မစ္စတာလင်း ဒီလိုခင်မင်ခွင့်ရတာ ဝမ်းသာမိပါတယ်ဗျာ။ ကျွန်တော့်ကို လီယိုလို့ပဲ ခေါ်ပါ”

“ဟုတ်ကဲ့ပါ လီယို”

“ကျွန်တော် လောသလိုဖြစ်သွားရင် အားနာပါတယ်နော်။ လက်နက်ဝိဇ္ဇာဝတ္ထုက အရမ်း လက်တွေ့ဆန်ပြီး ဆွဲဆောင်မှုရှိလွန်းလို့ တစ်ညတည်း အပြီးဖတ်ဖြစ်လိုက်တယ်…”

သ့အကြောင်းနှင့် ဝတ္ထုကြိုက်ကြောင်းကို ရှင်းပြလေသည်။ 

“လီယို ညမိုးချုပ်တဲ့အထိနေတာက ကျန်းမာရေးအတွက် မကောင်းဘူးနော်။ ဂရုစိုက်ပါဦး”

လင်းချွမ် သူ့ပရိသတ်ကို စိုးရိမ်စွာ ပြော၏။ 

“ဂရုစိုက်ပေးတာ ကျေးဇူးပါဗျာ”

လီယို အလွန်ကျေနပ်နေမိသည်။ 

“မစ္စတာလင်း ကျွန်တော် သိချင်တာကလေ ဝတ္ထုထဲမှာ လက်နက်တွေအကြောင်း အသေးစိတ် ရေးထားတယ်မလား။ အဲ့တာ အပြင်မှာရော တကယ် ထုတ်လုပ်နေတာလားလို့”

“ဒါ အန္တရာယ်များတဲ့ မေးခွန်းပဲ”

လင်းချွမ် ရယ်မော၍

“ဒါပေမဲ့ လက်နက်ထုတ်လုပ်တယ်ဆိုတာ ထင်သလောက် မခက်ပါဘူး”

လီယို လက်သီးဆုပ်မိပြီး စိတ်လှုပ်ရှားစွာဖြင့် သူ့လက်ထောက်ကို လှည့်ပြောလိုက်သည်။ 

“တွေ့လား။ သူ တကယ် လက်နက်ထုတ်နိုင်ပါတယ်ဆို”

“ဟုတ်တယ်။ အဝေးထိန်း ဒုံးကျည်လောင်ချာအကြောင်း စပြောမလား။ လက်နက် ရောင်းပေးဖို့ အရင်ပြောမလား”

လက်ထောက်မှ မေး၏။ 

လီယို သက်ပြင်းချ၍ ခဏစဉ်းစားပြီးနောက်

“မစ္စတာလင်း လက်နက်တွေ ရောင်းလားဟင်”

လင်းချွမ်ဘက်မှ တိတ်ဆိတ်သွားသည်။ 

လီယို မျက်နှာပျက်၍ ခပ်တိုးတိုး ပြန်ရေရွတ်မိ၏။ 

“ငါတို့ အရမ်းစည်းကျော်သွားလား”

လက်ထောက်မှ

“ဖြစ်နိုင်တယ်။ ကျွန်တော်တို့ကို အလိမ်တွေလားလို့ တွေးနေမှာ”

လီယို စာအမြန် ပြန်ပို့လိုက်ရသည်။ 

“မစ္စတာလင်း ကျွန်တော်မေးတာ အရမ်းလောသွားလို့ပါ။ အလိမ် မဟုတ်ပါဘူးနော်။ မစ္စတာလင်းဆီက တကယ် အလုပ် အတူတူ လုပ်ချင်တာပါ”

လင်းချွမ်မှာ ငြိမ်သက်လျက် သူ့အကောင့်အား အမြန် စစ်ဆေးနေသည်။ 

မကြာမီ အကာအကွယ်များ ဆောင်ရွက်ပြီးမှ

“ဘယ်လို အလုပ်လဲ”

လီယို သက်ပြင်းချ၍ ခပ်မြန်မြန် စာထပ်ရိုက်လိုက်သည်။ 

“မစ္စတာလင်း ကျွန်တော် စိတ်ဝင်စားနေတဲ့ လက်နက်တွေ ရှိပါတယ်။ အဲ့တာလေးတွေ ရောင်းပေးနိုင်မလား”

All Chapters