← Chapters

ဆွေးနွေးပွဲ စတင်ခြင်း

Vol. 24 Ch. 352

ဆွေးနွေးပွဲ စတင်ခြင်း

Vol. 24 Ch. 352

လင်းချွမ် အနည်းငယ် လန့်သွား၏။ 

ဟားစ်စစ်တပ်၏ အရင် လက်နက်ရုံမှာ မော်ဂန်အုပ်စု ဖြစ်နေမည်ဟု မထင်ထားပေ။ 

အဖြစ်အပျက်မှာ တိုက်ဆိုင်လွန်း၏။ 

လင်းချွမ် ပြုံးလျက်

“မစ္စတာလီယို အန်လင်းကို ဘယ်အချိန် ရောက်မှာလဲ။ ကျွန်တော် လာကြိုမယ်လေ”

အခြားဝယ်သူဆိုလျှင်ပင် လင်းချွမ် ဤမျှ ဂရုစိုက်မည် မဟုတ်ပါ။ 

သို့သော် လီယိုသည် မော်ဂန်အုပ်စုမှ ဝယ်သူဟောင်း ဖြစ်နေ၏။ 

မော်ဂန်နှင့် သူ့ကြားရှိ ရန်ညှိုးမှာ ပိုကြီးလာပြီး လက်စားချေမည်ဖြစ်၍ သူ့ဘက်ကလည်း ကြိုပြင်ထားရပေမည်။ 

အရင်ဆုံး စစ်လက်နက်ပစ္စည်း ရောင်းဝယ်ရေးနဲ့ စတိုက်ခိုက်လိုက်တာပေါ့။ 

အရှေ့တောင်အာရှတစ်နေရာ၌ လီယို လင်းချွမ်၏စကားကြောင့် မျက်ခုံးပင့်မိသွားပြီး

“မစ္စတာလင်း ကျေးဇူးတင်ပါတယ်ဗျာ။ ကျွန်တော် မနက်ဖြန်မနက် (၁၀) နာရီဝန်းကျင်လောက် ရောက်မယ်နော်”

“ကောင်းပါပြီ။ မျှော်နေပါ့မယ်”

လင်းချွမ် ပြုံးလျက် ဖုန်းချလိုက်ပြီး အကြောဆန့်ကာ ဝရံတာဆီ လျှောက်လာ၏။ 

အပြင်ဘက်ရှုခင်းတွင်။ 

အန်လင်းမြစ်ရေပြင်မှာ လှိုင်းအနည်းငယ် ထနေပြီး ရွှေရောင်အလင်းနှင့်အတူ စိန်ပွင့််များကဲ့သို့ တလက်လက် ဖြစ်နေ၏။ လှေငယ်လေးများမှာ လှိုင်းကြက်ခွပ်များကြားမှ တရွေ့ရွေ့ မောင်းနှင်နေလေသည်။ 

“သူဌေး ဘာတွေ အဲ့လောက် ပျော်နေတာလဲ”

အိမ်နေရင်း ဂါဝန်အပွင့်လေး ဝတ်ထားသော ကျန်းမှာ လင်းချွမ်ကိုတွေ့ပြီး လက်ထဲမှ နွားနို့ခွက်အား လှမ်းပေးလိုက်သည်။ 

လင်းချွမ် နွားနို့ လှမ်းယူရင်း ပြုံးလျက်

“အခုပဲ ဝယ်သူနဲ့ စကားပြောခဲ့တာလေ။ စတီးလ်စက်ရုံ ပြောင်းလဲဖို့ ကနဦးရန်ပုံငွေတော့ အဆင်ပြေသွားပြီ”

“ရှင့်စက်ရုံက မဖွင့်ရသေးဘဲ ဝယ်သူတောင် ရနေပြီလား”

ကျန်းရှင်းရှင်းလည်း ထိုစက်ရုံအကြောင်းကို အမြဲမပြတ် လေ့လာကာ ဂရုစိုက်ပေးပါသည်။ 

“အင်း မယုံလောက်ဘူးဆိုပေမဲ့ ဒီဝယ်သူက ကို့ပရိသတ်တွေထဲက တစ်ယောက်ပဲ”

လင်းချွမ် ရယ်မော၍ ဇာတ်လမ်းအစအဆုံးကို ရှင်းပြလိုက်သည်။ 

ကျန်း လန့်သွားပြီး

“အဲ့တော့ ကျွန်မတို့က မော်ဂန်အုပ်စုကို ထပ်အနိုင်ပိုင်းလိုက်နိုင်တာလား”

လင်းချွမ် နွားနို့တစ်ငုံသောက်၍ ခေါင်းငြိမ့်ပြကာ

“ကိုတို့ အရင်မတိုက်ခိုက်ရင် သူတို့က တိုက်ခိုက်တော့မှာလေ။ အရင် စရမှာပေါ့”

“မှန်လိုက်တာ သူဌေးရယ်။ အကုန် ရှင်းပစ်ကြမယ်”

ကျန်း မျက်မှောင်ကြုတ်၍ ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြောလေ၏။ 

“မနက်ဖြန် လီယိုနဲ့ ပူးပေါင်းရေးကိစ္စ ဆွေးနွေးတော့မှာလေ”

ကျန်း ခဏစဉ်းစား၍

“မစ္စတာလီယိုရဲ့နေထိုင်ရေးကိစ္စတွေရော အကုန် စီစဉ်ပြီးပြီလား”

“ဟင့်အင်း”

လင်းချွမ် ပြုံးလျက် 

“ဒါတွေက မင်းအပိုင်းပဲမလား။ ကြည့်လုပ်ပေးပါဦး”

“ရပါတယ်။ အရမ်းလည်း မသိသာစေဘဲ အဆင်ပြေမှာဆို ပေါင်းရင်မှာ ထားလိုက်မယ်လေ။ အနောက်မှာ တောင်တန်း၊ အရှေ့မှာ ရေကန်နဲ့ ရှုခင်း အရမ်းလှတာ။ ကျွန်မ အသေးစိတ် ထပ်ပြင်ထားလိုက်မယ်”

ထိုကိစ္စများတွင် ကျန်းက လင်းချွမ်ထက် သာပါသည်။ 

လင်းချွမ် ကျန်းပါးလေးကို ခပ်ဖွဖွ ညှစ်လိုက်ပြီး

“ငါ့ရှင်းရှင်းကတော့ တကယ် ကျွမ်းကျင်အဆင့် ဖြစ်နေပြီပဲ”

“ကျွန်မကြောင့် ရှင်မျက်နှာငယ်ရလို့ မဖြစ်ဘူးလေ”

လင်းချွမ် ပြုံး၍ ကြည့်နေရင်း တစ်ခုခု သတိရသွားကာ

“ဦးလေးကျန်း ဆေးစစ်တာရော ဘယ်လိုဖြစ်သွားပြီလဲ။ ဘာမှ ထူးခြားတာ မရှိဘူးမလား”

“အကုန်ကောင်းပါတယ်”

ကျန်း ရယ်မောလျက်

“ဆရာဝန်က လေ့ကျင့်ခန်း ပိုလုပ်ဖို့ပဲ ပြောလိုက်တယ်။ အဲ့တာပါပဲ”

“တော်သေးတာပေါ့”

“သူဌေးရော စစ်ကြည့်ပါလား။ အမြဲတမ်း နောက်ကျမှ အိပ်နေတာတွေ စိတ်ပူတယ်”

လင်းချွမ် အံ့ဩစွာကြည့်၍

“ဘာကို စိုးရိမ်တာလဲ”

“အားနည်းနေမှာကိုပေါ့”

“ဒီလောက် အားကြီးတဲ့သူကို ဘယ်လို ပြောလိုက်တာလဲ”

ကျန်းရယ်မော၍ အလုပ်ကိစ္စ ဆက်ပြော၏။ 

“ဒါနဲ့ ဒီကိစ္စကို မမချန်းချန်းရော ပြောရဦးမလား”

“ကို အားကြီးတာ ဘာလို့ ပြောရမှာလဲ”

ကျန်း လင်းချွမ်ကို ဗိုက်ကြော အသာလိမ်ဆွဲ၍

“မဟုတ်ဘူးလေ။ လက်နက်ရောင်းတာ ပြောတာ။ ဘာတွေ လျှောက်တွေးနေတာလဲ”

“ဪ အဲ့တာ”

လင်းချွမ် ရယ်မော၍

“သူ့အဖေကို ပြောလိုက်ပါမယ်။ အလုပ်သမားနဲ့ အလုပ်ခွင် ကြီးကြပ်ဖို့လည်း လိုမှာလေ”

“ဟုတ်ကဲ့ပါ”

ထို့နောက် မနက်ဖြန် ဆွေးနွေးပွဲအတွက် လိုအပ်သည်များ ပြင်ဆင်ကာ အိပ်ရာဝင်ခဲ့ကြလေသည်။ 

…

နောက်တစ်နေ့ မနက် (၁၀) နာရီ။ 

အရှေ့တောင်အာရှမှ အန်လင်းသို့ ပျံသန်းလာသော လေယာဉ်ကြီး လေဆိပ်ဆီ စိုက်ရောက်လာ၏။ 

မကြာမှ နက်ပြာရောင် အနောက်တိုင်းဝတ်စုံ ဝတ်ဆင်လျက် သပ်ရပ်သောပုံဖြင့် လီယိုမှာ လက်ထောက်များနှင့်အတူ ဆင်းလာသည်။ 

...

“မစ္စတာလီယို မင်္ဂလာပါ”

လင်းချွမ် လီယိုကို ချက်ချင်း သတိထားမိကာ နှုတ်ဆက်လိုက်၏။ 

သူ လီယိုတို့၏ အာရပ်စကားကို ကောင်းကောင်း လေ့လာထားပြီး အတော်ကျွမ်းနေလေပြီ။ 

“မင်္ဂလာပါ”

လီယိုမှာလည်း တရုတ်စာ လေ့လာထား၍ တရုတ်လို နှုတ်ဆက်၏။ 

အခြေအနေမှာ ထူးဆန်းသွားသော်လည်း အချင်းချင်း ပိုရင်းနှီးမိလေသည်။ 

နှစ်ယောက်သား လက်ဆွဲနှုတ်ဆက်ပြီးနောက် လီယိုမှ

“မစ္စတာလင်း ကျွန်တော့် တရုတ်စကား အဆင်မပြေရင် နားလည်ပေးပါနော်”

လင်းချွမ် ရယ်မောကာ

“ရပါတယ်။ အာရပ်လိုပဲ ပြောကြတာပေါ့”

“မစ္စတာလင်း အသံထွက်က တကယ်အထင်ကြီးစရာပဲ”

လီယို အံ့ဩစွာ ဆို၏။ 

ထို့နောက် သူ သိထားသော သမိုင်းနှင့် ယဉ်ကျေးမှုများ အကြောင်းပါ ပြောရင်း ပိုပေါ့ပါးလာကြသည်။ 

လင်းချွမ်မှာ ဒီဇိုင်နာချုပ် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး အရပ်ရှည်ရှည်၊ ခန့်ညားသော ရုပ်ရည်တို့ကြောင့် အရှိန်အဝါတစ်ခု ရှိနေသလိုပင်။ 

နူးညံ့သော်လည်း ရန်မစနိုင်သည့် အရှိန်အဝါ ရှိ၏။ 

လီယို ထိုခံစားချက်မျိုး ပထမဆုံး ကြုံဖူးခြင်း ဖြစ်သည်။ 

ယုချင်းနှင့် တခြားစီ ဖြစ်လေ၏။ 

လင်းချွမ် ပြုံးလျက်

“မစ္စတာလီယို ကျွန်တော် ဘဝအကြောင်း သေချာ မသိသေးပေမဲ့ ဒီလိုလူကောင်းတွေနဲ့ တွေ့ရတာပဲ”

“မစ္စတာလင်းကသာ ဘုရားသခင်ပို့ပေးလိုက်တဲ့ တမန်တော်ပါ။ ကျွန်တော်တို့က ပိုမျှော်လင့်မိပါတယ်”

“အဲ့လိုလား”

ထို့နောက် အန်လင်းမြို့၊ ပေါင်းရင်ဟိုတယ်ကို ထွက်လာခဲ့ကြ၏။ 

လင်းချွမ် ဟားစ်စစ်တပ်နှင့် ရေရှည်လက်တွဲခွင့်ရရန် မျှော်လင့်ပါသည်။ ထိုမှသာ နောက်ပိုင်း အခြားဝယ်သူကောင်းများ ထပ်ရလာမည် ဖြစ်၏။ 

ဤသို့ဖြင့် လက်နက်ဝိဇ္ဇာ သို့ အရုပ်ဝိဇ္ဇာဘဝ စတင်လေသည်။ 

All Chapters