Chapters

အစည်းအဝေး အောင်မြင်ခြင်း

Vol. 24 Ch. 354

အစည်းအဝေး အောင်မြင်ခြင်း

Vol. 24 Ch. 354

“(၅) ခုလား”

လင်းချွမ် အမူအရာပြောင်းသွား၏။ 

သူ ထိုမျှပမာဏကိုတော့ မထင်ထားမိချေ။ 

လီယို ထိုဒုံးကျည်လောင်ချာအား စိတ်ဝင်စားသည်ဟု ပြောထား၍ သူနှင့် ကျန်းရှင်းရှင်းတို့ တစ်ညလုံး သေချာ ဆွေးနွေးခဲ့ပါသည်။ 

လောင်ချာ (၃) ခု အနည်းဆုံး မှာလောက်မည်ထင်၍ (၄) ခုယူလျှင် ဈေးလျှော့ပေးရန် ဆုံးဖြတ်ခဲ့၏။ 

သို့သော် (၅) ခုအထိ ဝယ်လိမ့်မဘ်ဟုတော့ မထင်ချေ။ 

လောင်ချာတစ်မျိုးတည်းဖြင့် ဒေါ်လာ (၂၅) သန်း ဖြစ်နေလေပြီ။ ယွမ်နှင့် ပြန်တွက်ပါက သန်း (၁၈၀) ဝန်းကျင်ရှိ၏။ 

အခြားလက်နက်များပါ ထပ်ပေါင်းလျှင် အားလုံးပေါင်း ယွမ် သန်း (၄၀၀) ပင် ကျော်နိုင်ပါသည်။ 

လင်းချွမ်၏ စစ်လက်နက်ရောင်းဝယ်ရေး မှတ်တမ်းတွင် အတွေ့အကြုံမရှိသေးသော်လည်း အလွန်အစကောင်းလေ၏။ 

ဟားစ်စစ်တပ်မှ စရံကြိုချသွားပြီး လင်းချွမ်တို့ အရုပ်စက်ရုံ တည်ထောင်ရေးအတွက် ရန်ပုံငွေ ရသွားတော့သည်။ 

ကိစ္စတိုင်းတွင် အစမှာ အခက်ဆုံး ဖြစ်၏။ 

ထိုအဖွင့်ရန်ပုံငွေဖြင့် အရုပ်စက်ရုံ ကောင်းစွာ လည်ပတ်တိုးတက်လာမည်ဟု လင်းချွမ် ယုံကြည်ပါသည်။ 

လက်နက်ဝိဇ္ဇာဟူသောစာအုပ်မှာ သူ့အတ္ထုပတ္တိပင် ဖြစ်၏။ 

အပြာရောင် ကောင်းကင်ပြင်မှာ တောက်ပသည့် နေရောင်ခြည်ကို ဖုံးကွယ်ထားပြီး တောင်တန်းနှင့် မြစ်ကမ်းမှ စုစည်းလာသည့် လေနုအေးများ ပေါင်းရင်ဟိုတယ်သို့ ခပ်ဖြည်းဖြည်း တိုက်ခတ်လာသည်။ 

ထိုအချိန်တွင် လီယိုမှာ နေရာတွင် မတ်တပ်ရပ်နေဆဲ ဖြစ်၏။ 

လင်းချွမ်၏ အံ့ဩသောမျက်ဝန်းများကို တွေ့မှ သတိပြန်ဝင်ပြီး ရယ်မောကာ

“ခုနကပြောတဲ့ ဈေးအတိုင်းဆိုရင် (၅) ခုအထိ ယူနိုင်ပါတယ်”

“ဟုတ်ကဲ့။ ရပါတယ်ဗျ”

လင်းချွမ် ခေါင်းငြိမ့်ပြ၍ ဆက်ပြော၏။ 

“ကျွန်တော့်မှာ ဒစ်စကောင့် ထပ်ရှိသေးတယ်ဗျ။ နားထောင်ဦးမလား”

“နောက်ထပ်လား”

လီယို လိမ္မော်ရည် ယူသောက်ရန် ပြင်လိုက်စဉ် လင်းချွမ်စကားကိုကြားကာ ချက်ချင်း ပြန်ချထားလိုက်သည်။ ထို့နောက် မျက်လုံးများ ပြူးကျယ်၍ နားမလည်နိုင်စွာ ကြည့်နေ၏။ 

ဒီ လက်နက်ရောင်းတဲ့သူက ရူးနေတာလား။ 

လီယို့ဘေးမှ လက်ထောက်များလည်း အံ့ဩမှင်တက်နေကြသည်။ သူ လီယို့နောက်လိုက်ရင်း လက်နက်ရောင်းသူ ကြီးငယ် မျိုးစုံကို တွေ့ဖူး၏။ မည်သူမျှ ဈေးညှိပေးသည်ဟု မရှိပေ။ 

ထို့ကြောင့် လင်းချွမ်ကဲ့သို့ ဈေးများစွာ လျှော့ပေးနေသူမျိုးအား ထူးဆန်းနေသည်။ 

ဝယ်သူမှ လက်ခံပြီးနေသည်ကို ဒစ်စကောင့် ထပ်ပေးနေသေး၏။ 

မစ္စတာလင်းက ဘာဖြစ်ချင်နေတာလဲ။ 

“ဒါပေါ့။ နောက်ထပ် ဒစ်စကောင့် ရှိပါသေးတယ်”

လင်းချွမ် အေးဆေးစွာ ပြောလိုက်၏။ 

“ကျွန်တော့်လက်နက်တွေဝယ်ဖို့ တခြားမိတ်ဆွေတွေကို ပြန်ပြောပေးရင် သူတို့ဝယ်တဲ့ လက်နက်ရဲ့ ၁၀% ကို လက်ဆောင်ပြန်ပေးပါမယ်”

လီယို နားထောင်ပြီးနောက် တိတ်ဆိတ်သွားလေ၏။ 

ထိုအခြေအနေမှာ ပုံမှန် စီးပွါးရေးလုပ်ငန်းများ၌ တွေ့တတ်ပါသည်။ 

သို့သော် လက်နက်ရောင်းဝယ်ရေးတွင်မူ လီယိုအတွက် ပထမဆုံး ကြားဖူးခြင်း ဖြစ်၏။ 

အဘယ်ကြောင့်ဆိုသော် သာမာန်လုပ်ငန်းများတွင် ဒစ်စကောင့်ပေးရင်း ရှုံးသွားလျှင်ပင် ချက်ချင်း ဈေးကွက်ကို အလွယ်တကူ ရှာနိုင်သည်။ 

သို့သော် လက်နက်ရောင်းဝယ်ရေးမှာတော့ မတူပေ။ 

ကုန်ကျစရိတ်ကို ကြပ်ကြပ်မတ်မတ် ထိန်းချုပ်၍ ဖောက်သည်မှာ ဒုတိယဦးစားပေး ဖြစ်၏။ 

“မစ္စတာလင်း…”

လီယို ခဏရပ်သွားပြီးမှ