တိုက်ဆိုင်မှု
Vol. 24 Ch. 355
“အဲ့တာကို နားလည်နေတာကမှ ထူးဆန်းမှာပေါ့”
လင်းချွမ် ရယ်မောကာ ပြောလိုက်မိသည်။
ရုံးခန်းထဲတွင် မီးရောင်များ ထိန်လင်းနေသော်လည်း သီးသန့်ဆန်၏။
“အခု ဘယ်လိုဖြစ်သွားပြီလဲ”
ရှင်းရှင်း စိုးရိမ်စွာ မေးလိုက်သည်။
လင်းချွမ် လက် (၄) ချောင်း ထောင်၍ ပြုံးပြ၏။
“လောင်ချာ (၄) ခုတောင် ယူမယ်တဲ့လား”
ကျန်း မျက်လုံးအရောင်လေးများတောက်ကာ ပြန်မေးလိုက်သည်။
လင်းချွမ် ခေါင်းယမ်းပြလိုက်ပြီး
“(၅) ခု ယူမယ်တဲ့”
ကျန်း ရုတ်တရက် မှင်တက်သွားပြီးမှ အလွန်ပျော်ရွှင်လျက်
“ဒါ တကယ့် ဖောက်သည်ကြီးပဲ။ အဲ့တာဆို ခုနက လက် (၄) ချောင်း ထောင်ပြတာက ဘာလဲ”
“(၄) ဘီလီယံ”
လင်းချွမ် ရယ်မော၍ ပြောလိုက်သည်။
ကျန်း ပါးစပ်အဟောင်းသားဖြင့်
“လက်နက်ရောင်းတဲ့သူတွေ အဲ့လောက်တောင် ပိုက်ဆံရှာနိုင်တာလား”
လင်းချွမ် ကျန်း၏နဖူးလေးကို အသာတို့၍
“မှတ်ထား။ ကိုတို့က အခု အရုပ်စက်ရုံ ထောင်ထားတာ။ လက်နက်နဲ့ ဘာမှမဆိုင်ဘူး”
“ဪ ဪ အရုပ်”
ကျန်း ချက်ချင်း ပြင်ပြောလိုက်ပြီးနောက်
“ဒီအမှာစာကနေ ၂၀% စရံရထားတယ်ဆိုတော့ သန်း (၈၀၀) ပေါ့။ အရုပ်စက်ရုံ စလည်ပတ်ဖို့တော့ အဆင်ပြေပါပြီ”
“အလုပ်ပြီးဖို့ပဲ ကျန်တော့တယ်”
လင်းချွမ် ကျန်းဆံနွယ်များ ခပ်ဖွဖွ ကစားရင်း ပြောလိုက်၏။
ထို့နောက် နှစ်ယောက်သား စာချုပ်ကိစ္စနှင့် ပုံကြမ်းများ စတင် ပြင်ဆင်လေသည်။
မကြာမီ ညဉ့်နက်လာ၏။
ထိုစဉ် တိတ်ဆိတ်နေသော ကုမ္ပဏီထဲ၌ ခြေသံတစ်စုံ ကြားရလေသည်။
“ဘယ်သူလဲ”
လင်းချွမ် လန့်သွား၏။
“မမချန်းချန်းက ညလယ်စာ လာပို့မယ် ပြောထားတယ်”
ကျန်းမှ အမြန် ရှင်းပြလိုက်သည်။
“ရှန်ချန်းချန်းကိုး”
လင်းချွမ် ရုတ်တရက် မော်ဂန်အုပ်စုမှ ထင်ကာ လန့်သွားခြင်း ဖြစ်သည်။
“အဖွင့်အောင်မြင်သွားတာ ဂုဏ်ယူပါတယ်နော်”
ရှန်ချန်းချန်း ပါဆယ်ထုပ်များ ဆွဲလာရင်း ပြောလိုက်၏။
“ကျေးဇူးပါ မမချန်းချန်း”
ရှင်းရှင်း ရှန်ချန်းချန်းထံမှ အထုပ်များ ထယူကာ လင်းချွမ်စားပွဲပေါ် တင်ပေးလိုက်သည်။
လင်းချွမ်လည်း အားနာမနေတော့ဘဲ နှုတ်ဆက်ပြီးသည်နှင့် ချက်ချင်း ဖွင့်စားလိုက်သည်။
“ဒီအလုပ်က အဖေနဲ့လည်း ဆိုင်ပေမဲ့ သူက ညမိုးချုပ်တဲ့အထိ မနေနိုင်လို့ ကျွန်မက အစားလာခဲ့တာပါ”
ရှန်ချန်းချန်း ပြုံး၍ ပြောလိုက်၏။
“တကယ် အချိန်ကိုက် ရောက်လာတာပဲ”
လင်းချွမ်မှ ရင်းနှီးစွာဖြင့်
“အခု ဆွဲလက်စရိုင်ဖယ်ကို ချန်းချန်းပုံအတိုင်း ဆက်ဆွဲလိုက်ပါ။ ကျွန်တော် သန့်စင်ခန်း သွားလိုက်ဦးမယ်”
“ရှင်ကတော့လေ။ ကျွန်မကို ဆွဲခ ပြန်ပေးရမှာနော်”
ရှန်ချန်းချန်း လှမ်းအော်၍ နောက်လိုက်၏။
ထို့နောက် ကွန်ပျူတာရှေ့ဝင်ထိုင်ကာ ပုံကြမ်းအား ဆက်ဆွဲပေးနေသည်။
“ကျွန်တော်တို့ သိတာလည်း ကြာနေပြီပဲ။ ဒီလောက်က ရမှာပါ”
ကျုံးချင်းအဆောက်အဦ (၁၇) ထပ်တွင် ရယ်မောသံများ ပြည့်နှက်သွားသည်။
ရှန်ချန်းချန်း ရောက်လာပြီးနောက် အလုပ်ပိုတွင်ကာ လုံခြုံရေးလည်း ပိုစိတ်ချရပါသည်။
လင်းချွမ် အန္တရာယ်ရှိလာမည်ကို အရမ်းကြောက်နေစရာ မလိုတော့ချေ။
…
တစ်ပတ်ခန့်အကြာတွင်။
မော်ဂန်အုပ်စု အရှေ့တောင်အာရှ ရုံးခွဲ။
ရုံးခန်းတစ်ခုထဲ၌ အလယ်တွင် သစ်သားခုံကြီးတစ်ခု ချထားပြီး ယုချင်းနှင့် လူးကပ်စ်တို့ မျက်နှာချင်းဆိုင် ထိုင်နေကြ၏။
မီးရောင်ခပ်မှိန်မှိန်အောက်တွင် အနေအထားမှာလည်း စိတ်ဖိစီးစရာ ကောင်းနေသည်။
ယခုညတော့ အရင်လို တက်ဘလက်ကိုင်၍ ဝတ္ထု ဖတ်မနေတော့ပေ။
သူ လက်နက်ဝိဇ္ဇာ ဝတ္ထုကို မဖတ်သည်မှာ ရက်ပိုင်းမျှ ရှိပြီး မကြိုက်၍ မဟုတ်ဘဲ ပိုစွဲလာ၍ ဖြစ်၏။
ထို့အပြင် အခြား စိတ်ရှုပ်ထွေးစရာလည်း ရှိနေလေသည်။
သူ့ညီမ ခီခီကိစ္စ ဖြစ်၏။
လူးကပ်စ်မှာတော့ စားပွဲပေါ် လက်တင်လျက် လက်ညှိုးဖြင် ခပ်ဖွဖွ ခေါက်နေသည်။
“ဟင်း”
သူ သက်ပြင်းချလိုက်ကာ
“ဒီလိုဖြစ်လာမယ်လို့ တစ်ခါမှ မတွေးဖူးဘူး”
လူးကပ်စ် နားမလည်နိုင်စွာ ပြောလိုက်သည်။
ယုချင်း အမူအရာမှာလည်း ပိုအေးစက်၍ ကြောက်စရာ ကောင်းလာ၏။
အချိန်အတော်ကြာ ငြိမ်သက်နေပြီးနောက် မျက်မှောင်ကြုတ်၍ စကားစပြောလေသည်။
“ဆာနီယာကုမ္ပဏီကနေ လိုတဲ့ အချက်အလက်တွေ အကုန်ရပြီး မူပိုင်ခွင့်လည်း ရှိတာကို။ ခီခီ့ အယူခံက ဘာလို့ ပယ်ချခံရတာလဲ”
အရင်အပတ်က သူကိုယ်တိုင် အလွန်ကြိုးစား၍ ရလာသော နည်းပညာကို ခီခီအား ပို့လိုက်ပြီး ထိုတီထွင်မှုဖြင့် အယူခံဝင်စေခဲ့၏။
ဤသို့ဖြင့် သေဒဏ်ကို အချိန်ဆွဲကာ နောက် (၂) နှစ်အတွင်း ကောင်းမွန်စွာ စည်းကမ်းလိုက်နာ၍ နေထိုင်လျှင် တစ်သက်တစ်ကျွန်းသို့ ပြောင်းလဲ လျှော့ချနိုင်ပါသည်။
သူ ရှားပါးသော နည်းပညာကို ပိုက်ဆံပေးဝယ်ကာ ကယ်တင်ပေးခြင်း ဖြစ်၏။
သို့သော် မထင်မှတ်ထားသောကိစ္စ ဖြစ်လာ၏။
ခီခီ့အယူခံ ပယ်ချခံလိုက်ရသည်။
လူးကပ်စ်မှ
“ယု ကျွန်တော် ဒီကိစ္စကို စုံစမ်းဖို့ လွှတ်ထားပြီးပါပြီ။ ဒါပေမဲ့ ဘာသတင်းမှ ထွက်မလာဘူး။ လျှို့ဝှက်ချက်အနေနဲ့ပဲ ထားကြတယ်”
အခန်းထဲရှိ အနေအထားမှာ အလွန်အေးစက်နေပြီး မည်သူမျှ လာမနှောင့်ယှက်ရဲကြပေ။
“ပြန်ချိတ်ပေးတာက အတိုင်းအတာ ရှိလား”
လင်းချွမ် ခေါင်းယမ်းပြ၍ ပြုံးကာ
“ဝယ်သူအသစ် ဖြစ်ရင်ပြီးရော”
“ကောင်းပြီ”
လီယို ချက်ချင်း သဘောတူလိုက်ပြီး မျက်နှာမှာ ဝင်းပနေတော့၏။
သူ လင်းချွမ်အတွက် တွေးနေစရာ မလိုတော့ပေ။
သူလိုအပ်သော လက်နက်များ ဈေးသက်သက်သာသာ ရရန်သာ ရှိတော့သည်။
ယခုအခါ ပြန်တွက်ကြည့်လျှင် လင်းချွမ်၏ ဈေးနှုန်းများမှာ မော်ဂန်အုပ်စုထက် ၅၀% မျှ လျော့သေး၏။
လက်နက်များလည်း အရည်အသွေးကောင်းလျှင် ဟားစ်စစ်တပ်အတွက် အောင်မြင်မှု ဖြစ်ပါသည်။
ဝယ်မယ် ဝယ်မယ် ဝယ်မယ်။
လင်းချွမ်နှင့် လီယိုတို့ အချင်းချင်း ပြုံးပြလိုက်ကြ၏။ “မစ္စတာလင်းလို ဒဲ့ဒိုးပြောတဲ့ လက်နက်ရောင်းသူမျိုး တစ်ခါမှ မတွေ့ဖူးသေးဘူး”
လီယို ချီးကျူးစကား ပြောလိုက်သည်။
“ကျွန်တော် တွေ့ဖူးတဲ့ ဖောက်သည်တွေထဲမှာလည်း မစ္စတာလီယိုက ပွင့်လင်းတာပါပဲ။ ပူးပေါင်းခွင့်ရတာ ဝမ်းသာပါတယ်”
လင်းချွမ်မှ တစ်ဖန်ပြန်ပြောလိုက်သည်။
“မစ္စတာလင်း ဒီဒုံးကျည်လောင်ချာအပြင်ကိုလေ”
လီယို သူ့ဖိုင်ကို လက်ညှိုးထိုးပြ၍
“ကျွန်တော်တို့က တခြားလက်နက်ကိုလည်း သုံးချင်လို့ စောင့်နေတာ”
“ရပါတယ်”
ထို့နောက် နှစ်ဦးသား အခြားဈေးနှုန်းများပါ ညှိနှိုင်းပြီးနောက် လင်းချွမ် အတတ်နိုင်ဆုံး လျှော့ပေးလိုက်သည်။
လီယိုမှာည်း ပြုံးပျော်နေ၏။ သူ ယခုခရီးကို ရောက်လာသည်အား မှန်ကန်သည်ဟု တွေးနေမိ၏။
ရောင်းဝယ်ရေးအတွက် ပြောဆိုဆက်ဆံရသည်မှာ အလွန်လွယ်ကူနေသည်။
ဤသို့ဖြင့် ကနဦးဆွေးနွေးပွဲမှာ ချောမွေ့စွာ ပြီးဆုံးသွားတော့၏။
ညနေပိုင်းတွင် လင်းချွမ် လီယိုတို့အဖွဲ့နှင့် ပေါင်းရင်ဟိုတယ်တွင် ညစာအတူစားပြီးမှ ပြန်ခဲ့သည်။
နေဝင်ချိန်ရောက်၍ အန်လင်းမြို့လေးမှာ မီးရောင်၊ ကြယ်ရောင် တလက်လက် ဖြစ်လာသည်။
လင်းချွမ်နှင့် ကျန်းရှင်းရှင်းတို့ ကားဖြင့် လင်းယုန် နည်းပညာကုမ္ပဏီသို့ ထွက်လာကြ၏။
သွားလာရေးလွယ်ကူစေရန် ၇၂၀ ကုမ္ပဏီ၏အပေါ်ထပ်တွင်သာ ယူထားခြင်း ဖြစ်သည်။
ကျုံချန်းအဆောက်အဦ (၁၇) ထပ်။
“သူဌေး ဒီနေ့ပြောသွားတာတွေ နားမလည်ဘူး”
ရှင်းရှင်းအတွက် ပင်ပန်းရသော နေ့တစ်ရက် ဖြစ်ခဲ့ပါသည်။
အစည်းအဝေးတောက်လျှောက်တွင် လင်းချွမ် အာရပ်လိုသာ ပြောနေ၍ ကျန်းတစ်ယောက် ကိုယ်ဟန်အမူအရာကိုသာ လိုက်ကြည့်ရင်း အချိန်ကုန်သွားရလေ၏။
“သူတို့မှာ ဒီနည်းပညာ ရှိထားပြီးလို့များလား”
လူးကပ်စ်မှ ပြော၏။
ယုချင်း ခေါင်းယမ်းကာ
“မဖြစ်နိုင်ဘူး။ သူတို့ ဒါကို စမ်းသပ်နေတာ ကြာပြီ။ ဘယ်သူမှ လိုက်မလုပ်နိုင်သေးဘူး”
“ဒါဆို ပယ်ချစရာအကြောင်း လုံးဝ မရှိဘူးလေ”
“ငါလည်း အဲ့တာကိုပဲ နားမလည်တာ”
ထိုကဲ့သို့ ရှားပါးလက်နက်ပုံကြမ်း နည်းပညာကို ငြင်းပယ်စရာအကြောင်း လုံးဝ မရှိပေ။
ယုချင်း၏ ယုံကြည်ချက်များပင် ကျသွား၏။
“ကျွန်တော် တခြားနည်းပညာတွေလည်း ထပ်ရှာထားလိုက်ပါမယ်။ ဖြစ်နိုင်တာ အကုန် လုပ်ကြည့်ရမှာပေါ့”
လူးကပ်စ်မှ ပြောလိုက်၏။
ယုချင်း ခေါင်းငြိမ့်ပြလေသည်။
နာရီဝက်ခန့်အကြာတွင် တံခါးခေါက်သံ ခပ်ဖြည်းဖြည်း ကြားရ၏။
ဒေါက် ဒေါက် ဒေါက်။
“ဝင်ခဲ့လေ”
လူးကပ်စ် ပြန်ဖြေလိုက်၏။
အတွင်းရေးမှူးဟု ထင်ရသော မိန်းမငယ်လေးမှာ လူးကပ်စ်ထံသို့ USB တစ်ခု လှမ်းပေး၍
“မန်နေဂျာ ဒီထဲမှာ အဝေးထိန်း ဒုံးကျည်လောင်ချာနဲ့ ပတ်သက်တဲ့ သတင်းတွေ ပါပါတယ်။ အဲ့ထဲမှာ မစ္စတာလင်းလည်း ရှိနေတယ်”
လူးကပ်စ် မျက်မှောင်ကြုတ်သွားပြီး
“မစ္စတာလင်းက အဝေးထိန်း ဒုံးကျည်လောင်ချာနဲ့ ဘာဆိုင်လို့လဲ”
“ဗီဒီယိုထဲမှာ သူက အဝေးထိန်းဒုံးကျည်လောင်ချာ ဒီဇိုင်းတစ်ခု လုပ်ပြထားတာပါ”
မိန်းကလေးမှ ရှင်းပြလိုက်၏။
လူးကပ်စ်နှင့် ယုချင်းတို့ အံ့ဩစွာ ကြည့်လိုက်မိသည်။
လင်းချွမ်က ဒုံးကျည်လောင်ချာ ဒီဇိုင်းဆွဲတာလား။
တိုက်ဆိုင်လိုက်တာလား။