← Chapters

ရူးလောက်စရာ ဈေးနှုန်း

Vol. 24 Ch. 358

ရူးလောက်စရာ ဈေးနှုန်း

Vol. 24 Ch. 358

“အဲ့လိုကိုး”

လီယို အခက်တွေ့သွားသလို ဟန်ဆောင်၍ ပြောလိုက်သည်။ 

“ဈေးကရော ဒေါ်လာ (၁၀) သန်းပဲလား”

“လီယို ကျွန်မတို့ လက်တွဲလာတာ နှစ်တွေ ဘယ်လောက်တောင် ကြာပြီလဲ။ ဟားစ်စစ်တပ်က ဒီတစ်လော ခက်ခဲနေတာ သိပါတယ်။ တခြား ဝယ်သူတွေက စိတ်ဝင်စားလို့ဆိုပြီ အတင်းလာတောင်းဆိုကြတာတောင် မရောင်းရက်ဘူးလေ။ အဲ့တာကြောင့်ပဲ ရှင်တို့နဲ့ အရင် လာဆွေးနွေးတာပေါ့။ ဈေးကတော့ နည်းနည်း ထပ်ပြောကြတာပေါ့”

ယုချင်းမှာ အရောင်းအဝယ်ညက်သည့် စီးပွါးရေးသမားတစ်ဦး ဖြစ်သည်။ 

သူ စကားကို ပေါ့ပေါ့ပါးပါးပြောရင်း သူ့ဘက်မှ အသာစီးရနေသေးပုံဖြင့် ဆိုလေသည်။ 

အနည်းဆုံး သူ့အမြင်တွင် အရေးပါနေပုံ ဖြစ်၏။ 

“ယု နားလည်ပေးတာ ကျေးဇူးပါဗျာ”

လီယိုပြုံးလျက်

“ဈေးက ဘယ်လို လျှော့ပေးမှာလဲ”

“အဲ့တာအတွက် အပြင်မှာ သေချာတွေ့ပြီး ဆွေးနွေးကြမလား”

ယုချင်း စိတ်ဝင်တစား ပြောလိုက်သည်။ 

ထိုသို့ မကြာခဏ တွေ့ဆုံဆွေးနွေးရသည်မှာ ပုံမှန်ကိစ္စ ဖြစ်၏။ သို့သော် သူ့ကို အံ့ဩသွားစေသည်မှာ လီယို အပြတ်ငြင်းလိုက်၍ပင်။ 

“အားနာလိုက်တာ ယုရယ်။ ကျွန်တော် အခုက အရေးကြီးကိစ္စလေး ရှိနေလို့ လူချင်းတွေ့ပြီး ဆွေးနွေးလို့တော့ မရဘူး။ ဖုန်းထဲကပဲ ဈေးအရင် ပြောကြမလား”

ယုချင်း ထိုစကားကြားရမည်ဟု မမျှော်လင့်ထားမိပေ။ 

“ဖုန်းထဲကပြောတာကျတော့ လူချင်းတွေ့တာလောက် အဆင်မပြေဘူးလေ”

“ရပါတယ်။ မမြင်ရပေမဲ့ စကားပြောလို့ ရနေသေးတာပဲ”

တစ်ဖက်မှ လီယိုတစ်ယောက် ပြုံးရွှင်၍ ပြောလိုက်သည်။ 

ယုချင်း ရုတ်တရက် လူးကပ်စ်အား လှမ်းကြည့်လိုက်မိသော်လည်း သူလည်း ဘာမှ ဝင်မကူညီနိုင်ပေ။ 

သူ အံကြိတ်၍သာ လက်ခံလိုက်ရ၏။ 

“ကောင်းပြီလေ။ အရေးကြီးကိစ္စ ရှိနေတယ်ဆိုတော့လည်း ဖုန်းနဲ့ပဲ ပြောကြတာပေါ့”

ယုချင်း စကားပြောနေရင်း သူ အရင် စဆက်သွယ်မိ၍ ရှုံးနိမ့်ပြီဟု သတိထားလိုက်မိသည်။ 

နောက်ပိုင်း ဆွေးနွေးညှိနှိုင်းရေးအတွက် ကြီးမားသော အဟန့်အတား ဖြစ်နိုင်ပါသည်။ 

သို့သော် ထိုနည်းလမ်းသာရှိ၍ သူ မတတ်သာဘဲ သုံးခဲ့ရ၏။ 

“ဈေးက အရမ်းမြင့်လွန်းတော့ ကျွန်တော်တို့ မတတ်နိုင်ဘူးဗျ”

လီယို ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်သည်။ 

ယုချင်း ခဏစဉ်းစား၍

“လီယို ကျွန်မတို့လည်း ဒီဒုံးကျည်လောင်ချာကို တီထွင်ဖို့ အချိန်တွေ၊ ငွေတွေ အများကြီး အကုန်ခံထားရတာ။ အဲ့တော့ ဒီဈေးက တော်တော်လေး သက်သာနေပြီလို့ ပြောလို့ရတယ်။ ဒါပေမဲ့ အကြာကြီး ပူးပေါင်းခဲ့တဲ့ မျက်နှာကို ထောက်ပြီး အများကြီးဂရုစိုက်ပေးလိုက်မယ်။ ဒေါ်လာ (၁) သန်း လျှော့ပေးမယ်။ (၉) သန်းပဲပေး။ ဘယ်လိုလဲ”

တစ်ဖက်တွင် လီယို ရယ်မောနေမိ၏။ 

သူ အန်လင်းသို့ရောက်နေသည်မှာ ရက်ပိုင်းမျှရှိပြီး ဆွေးနွေးရေးကိစ္စများမှလွဲလျှင် အွန်လိုင်း live လွှင့်ခြင်းများကိုသာ ကြည့်နေပြီး ဈေးရောင်းသည်များလည်း ပါ၏။ 

ရုတ်တရက် ယုချင်းအသံမှာ ထို live လွှင့်၍ ဈေးရောင်းသူများနှင့် တူသည်ဟု ထင်လိုက်မိသည်။ 

‘ချစ်တို့ရေ’ ဟု ထည့်ပြောလျှင် ကွက်တိဖြစ်ပေမည်။ 

“(၉) သန်းက ဈေးကြီးသေးတယ်”

လီယို တုံ့ဆိုင်းမှုမရှိ ထပ်ပြောလိုက်၏။ 

“လီယိုရယ် ဈေးကြီးတယ်ဆိုပေမဲ့ သူ့မှာ အားနည်းချက်က အဲ့ဈေးတစ်ခုပဲ ရှိတာလေ။ အရည်အသွေးကတော့ ရှင်ဝယ်လိုက်တာနဲ့ လုံးဝ ပြိုင်ဘက်မရှိ ဖြစ်ပြီ”

ယုချင်းမှ ထပ်ပြော၏။ 

“ထပ်လျှော့လို့ မရတော့ဘူးလား”

ယု သက်ပြင်းချကာ 

“(၈.၅) သန်း”

လီယို စဉ်းစားဟန်ဆောင်ပြီးနောက်

“ထပ်လျှော့လို့ မရတော့ဘူးလား”

“မစ္စတာလီယို တကယ်ရော ဝယ်ဖို့ စိတ်ကူး ရှိရဲ့လား”

ယုချင်း လေးနက်စွာ မေးလိုက်၏။ 

“ဒါပေါ့”

“ဒါဆို နောက်ဆုံးနှုန်းပဲ။ (၈) သန်း”

ယုချင်း ထပ်လျှော့ပေးလိုက်၏။ 

အရင် (၁၀) သန်းနှင့်ယှဉ်လျှင် (၂) သန်းတောင် လျှော့ပေးထား၍ သူ့စိတ်ရင်းပေါ်ပြီဟု ယုံကြည်ပါသည်။ 

သူ့အတွက်လည်း အစတည်းက တွက်ထားသော ဈေးနှုန်းဖြစ်၏။ 

“ဟားစ်စစ်တပ်ရဲ့ အခြေအနေကိုလည်း ကောင်းကောင်း သိနေတာပဲဗျာ။ ဒီဈေးက ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ ပူးပေါင်းဖို့…”

လီယို စကားဆုံးအောင် မပြောလိုက်သော်လည်း သူ့ရည်ရွယ်ချက်မှာ ထင်ရှားပါသည်။ 

ယုချင်း အလွန်အံ့ဩသွားပြီး မျက်လုံးပြူးလျက် မှင်တက်နေသည်။ ထိုစကားထွက်လာခြင်းမှာ ဟားစ်စစ်တပ်အနေဖြင့် လက်နက် မလိုတော့သည်လား။ 

စစ်ပွဲမှာ ထိုသို့ လွယ်လွယ်ကူကူ ရပ်တန့်နိုင်သည်မျိုး မဟုတ်ပေ။ 

ဒါမှမဟုတ် ဟားစ်မှ အမှန်ပင် အခြား လက်နက်ရုံ ရရှိသွားသည်လား။ 

ယုချင်း အချိန်တိုအတွင်း များစွာ မတွေးနိုင်တော့ပေ။ 

သူ အမြန်စဉ်းစား၍ ဟားစ်ထံမှ ဈေးကွက်ကို မဆုံးရှုံးချင်သောကြောင့် နှုတ်ခမ်းလေးကိုက်လျက် ပြောလိုက်သည်။ 

“မစ္စတာလီယို ဒီလိုလုပ်ပါလား။ ရှင် တတ်နိုင်သလောက် ပြောကြည့်လေ။ ကျွန်မ အထက်ကို ပြန်တင်ပြပေးမယ်”

(၈) သန်းမှာ သူတင်ထားဆဲဈေးဖြစ်၏။  

ပုံမှန်ဈေးကွက်ထဲ၌ အခြားကုမ္ပဏီများမှာ (၇-၇.၅) သန်း ဝန်းကျင် ရောင်းကြသောကြောင့် ထိုအတိုင်းအတာထဲဝင်လျှင် ယုချင်း လက်ခံနိုင်ပါသေးသည်။ 

ထို့နောက် ရသည့်အမြတ်ဖြင့် ပြန်ရင်းရမည် ဖြစ်၏။ 

မည်သို့ပင်ဖြစ်စေ မရှုံးသေးပါ။ အမြတ်နည်းသွားသည်သာ ရှိ၏။ 

“ကျွန်တော့်ကြိုက်ဈေး ပြောရမှာလား”

“ဒါပေါ့။ မစ္စတာလီယို ပေါ့ပေါ့ပါးပါး ပြောပါ”

“အင်း တတ်နိုင်သလောက်ဆိုရင်တော့ (၄) သန်းပေါ့”

လီယိုပြောလိုက်သည့် ကြောက်စရာဈေးနှုန်းကြောင့် ယုချင်း မျက်လုံးများ ပြုတ်ကျမတတ် ပြူးထွက်လာပြီး မှင်တက်နေ၏။ 

“ရှင် ရူးသွားပြီလား”

All Chapters