← Chapters

ဧည့်သည် 

Vol. 25 Ch. 365

ဧည့်သည် 

Vol. 25 Ch. 365

“မိတ်ဆွေအချင်းချင်းတွေပဲဗျာ”

လင်းချွမ် ရယ်မော၍ ပြောလိုက်၏။ 

နှစ်ဦးနှစ်ဖက် စာချုပ်ချုပ်ပြီးနောက် အလွန် ကျေနပ်နေကြသည်။ 

ထိုတစ်ပတ်လုံး လင်းချွမ်တစ်ယောက် ဟားစ်စစ်တပ်မှ လိုအပ်သော စာချုပ်နှင့် ပစ္စည်း အချက်အလက်များကို ပြင်ဆင်နေခဲ့၏။ 

ယခုအခါ ငွေကြေးအနည်းငယ်ကိုစောင့်၍ အန်လင်း အရုပ်စက်ရုံကြီး တရားဝင်စတင်နိုင်ပေတော့မည်။ 

လင်းချွမ် ပေါင်းရင်ဟိုတယ်ထဲမှ ထွက်လာ၏။ 

ဆောင်းဦးရာသီဖြစ်၍ ကောင်းကင်မှာ ကြည်လင်လျက် တိမ်ဖြူဖြူများ မျောလွင့်နေကြသည်။ နေ့လယ်အချိန် ဖြစ်သောကြောင့် နေမင်းကြီးမှာ ခပ်စူးစူး တောက်ပနေလေ၏။ 

လင်းချွမ် မျက်စိကိုမှေးလျက် အလင်းဒဏ်အား ကျင့်သားရအောင်နေပြီးမှ ရှန်ချန်းချန်း ကားဆီသို့ ပြေးလာခဲ့သည်။ 

ဟိုတယ်ရှေ့၌ ကားများစွာ ရပ်ထားပြီး ထိုထဲတွင် ရဲမှူး ဟူတာချန်း၏ကားလည်း ပါလေသည်။ 

ယခုရက်ပိုင်း အရပ်ဝတ်ဖြင့် လင်းချွမ်အနား အနီးကပ် စောင့်ရှောက်ရန် အမိန့်ချထားသောကြောင့် ရဲများ အလုပ်ရှုပ်နေ၏။ 

လင်းချွမ် ဘာလုပ်နေသည်ကိုတော့ ဟူတာချန်းတို့ သေချာ မသိကြပေ။ 

ရှန်ချန်းချန်းမှလည်း မပြောပြသေး။ 

ယခုကိစ္စမှာ ထိပ်တန်းလျှို့ဝှက်ချက် ဖြစ်လေသည်။ 

လင်းချွမ် ကားထဲဝင်ထိုင်ပြီးနောက် ခါးပတ်ပတ်ရင်း

“အားလုံး ပြီးပြီ”

ရှန်ချန်းချန်းမှာ အဖြူရောင်ပေါ်တွင် ခရမ်းရောင် ပန်းပွင့်လေးများပါသော ဂါဝန်ကို ဝတ်ဆင်ထားပြီး နူးညံ့သော အသွင်အပြင်အား ပို၍ ငယ်ရွယ် လန်းဆန်းနေစေသည်။ 

နေကာမျက်မှန်အား နှာခေါင်းအပေါ်နား ဆွဲချရင်း

“တခြားအလုပ် ရှိသေးလား”

“ဒီနေ့တော့ နားတော့မယ်။ ဒီအလုပ်က ဝတ္ထုရေးတာထက်တောင် ပိုပင်ပန်းသေးတယ်”

လင်းချွမ် ခပ်ညည်းညည်း ပြော၏။ 

“ကောင်းပြီလေ။ အခု နေ့လယ်စာ သွားစားကြတာပေါ့”

ရှန်ချန်းချန်း ပြုံး၍ ပြောလိုက်သည်။ 

“ကောင်းပါပြီ”

“သွားကြမယ်”

ဤသို့ဖြင့် ကားလေးမှာ ပေါင်းရင်ဟိုတယ်ရှေ့မှ ပျောက်ကွယ်သွားတော့၏။ 

မကြာမီ ချင်းရှုနယ်ထဲ ဝင်ရောက်လာပြီး သာမာန်ကျသော ရပ်ကွက်ထဲ၌ ရပ်သွားလေသည်။ 

သို့သော် လင်းချွမ် အရင်ငှါးနေခဲ့သော ပျော်ရွှင်ခြင်း ရပ်ကွက်ထက်တော့ သာပါသည်။ 

အဆောက်အဦအသစ်များ အရမ်းမရှိသော်လည်း ရှေးကျသလို ခံစားရ၏။ 

“ကျွန်တော်တို့ နေ့လယ်စာသွားစားမယ်ဆို”

လင်းချွမ် ကားပေါ်မှဆင်းရင်း နားမလည်နိုင်စွာ ပြောလိုက်၏။ 

“ဟုတ်တယ်လေ။ ကျွန်မ ချက်မှာ”

ရှန်ချန်းချန်း နေကာမျက်မှန်ကို ချွတ်လိုက်သောအခါ တောက်ပသော မျက်ဝန်းလေးများ ပေါ်လာသည်။ 

“ဟင်”

လင်းချွမ် အံ့ဩသွားပြီး

“ချန်းချန်းကလား”

“ရှင် တစ်ခါမှ မတွေ့ဖူးသေးဘူးမလား”

“တွေ့ဖူးရမှာလား”

“တကယ်ပါပဲ”

ရှန်ချန်းချန်း နေရခက်စွာ ပြုံးလျက် ရှင်းပြလေသည်။ 

“အမှန်တော့ ဖေဖေက ရှင့်ကို နေ့လယ်စာ ဖိတ်ကျွေးချင်လို့တဲ့”

“ဦးလေးရှန်လား”

လင်းချွမ် ထိုအခါမှ သဘောပေါက်သွား၏။ 

“အဲ့တာများ စောစောက ပြောရောပေါ့။ ပုလင်းလေး ဘာလေး နည်းနည်းပါးပါး ဝယ်လာလို့ရအောင်။ လက်ဗလာကြီးနဲ့ လာရတာ အားနာစရာကြီး”

ရှန်ချန်းချန်း ကားနောက်ဖုံးဖွင့်လိုက်ပြီး ဝူလျန်ကျဲ (၂) ပုလင်းထုတ်ကာ လင်းချွမ်အား ပေးလိုက်သည်။ 

“ဒီမှာပါ။ သူက ဒါပဲ ကြိုက်တာလေ။ ဒါပေမဲ့ အရမ်းတော့ မသောက်စေနဲ့နော်”

လင်းချွမ် သူ့ကို ကြည့်လျက်

“အဲ့လောက်တောင် ပြင်ဆင်ထားတာလား”

“ဟင့်အင်း လမ်းကြုံလို့ပါ”

ရှန်ချန်းချန်း သူ့လက်ကို ဆွဲသွားပြီး

“ကဲပါ ဝင်ရအောင်။ အသီးအရွက်တွေလည်း ဆေးပြီး ချက်ပြုတ်ရဦးမယ်။ အဲ့တာ အချိန်ပေးရမှာ”

လင်းချွမ်လည်း ပြုံးလျက် ရှန်ချန်းချန်းအနောက်မှ လိုက်ပါလာတော့သည်။ 

အဆောက်အဦမှာ အရမ်းမကြီးဘဲ အရင်တော့ အန်လင်း သံထည်နှင့် စတီးလ်စက်ရုံ အလုပ်သမားများအတွက် နေရာချပေးထားခြင်း ဖြစ်သည်။ 

ရှန်ကျန်းဟွာမှာ အနည်းငယ် ပိုအဆင်ပြေသော နှစ်ယောက်ခန်းပါသည့် တိုက်ခန်း ရထားသည်။ 

(၅) လွှာတွင် ဖြစ်၏။ 

ကျွီ—

သံတံခါးအဟောင်းကို တွန်း၍ ရှန်ချန်းချန်း လှမ်းအော်လိုက်၏။ 

“ဖေဖေ မေမေ လင်းချွမ် ရောက်လာပြီ”

ထိုအခ် ရှန်ကျန်းဟွာ အမြန်ထွက်လာပြီး အနောက်မှ အေပရွန်ဝတ်ထားသော အမျိုးသမီးတစ်ဦးလည်း ပါလာ၏။ 

ရှန်ချန်းချန်း၏ အမေ ဖြစ်ရမည်။ 

မေမေရှန်မှာ ပြုံးရွှင်၍ မျက်လုံးထောင့်နားများတွင် အရေးအကြောင်း အနည်းငယ် ရှိပြီး လင်းချွမ်ကို လှမ်းကြည့်နေ၏။ 

“ဦးလေးနဲ့ အန်တီ”

လင်းချွမ် ဝင်လာရင်း ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။ 

“လင်းဆိုတာကိုး။ ချောလိုက်တာကွယ်”

မေမေရှန်မှ ခေါင်းတငြိမ့်ငြိမ့်ဖြင့် သမက်လေးကို တွေ့သကဲ့သို့ ပြောလေ၏။ 

တိုက်ခန်းမှာ အရမ်းမကြီးသောကြောင့် တံခါးအဝ၌ (၄) ယောက် ရပ်နေသည်မှာ အနည်းငယ် ကြပ်သယောင် ဖြစ်နေသည်။ 

ရှန်ချန်းချန်းမှ

“နှစ်ယောက်လုံး လမ်းပိတ်နေပြီလေ။ လင်း ဘယ်လိုလုပ် ဝင်ရတော့မှာလဲ။ ဟုတ်တယ်မလား”

သူ လင်းချွမ်ဘက်သို့ ပြုံး၍ လှည့်မေးလိုက်၏။  

ထိုအခါ ရှန်ကျန်းဟွာနှင့် အမျိုးသမီးတို့ လင်းချွမ်အား အိမ်ထဲဝင်စေပြီး လက်ဖက်ရည်၊ သစ်သီးတို့ဖြင့် ဧည့်လံလေသည်။ 

ရှန်ချန်းချန်းမှာ အေပရွန်ယူဝတ်ရင်း မေမေရှန်နှင့်အတူ မီးဖိုချောင်ထဲတွင် ညစာပြင်နေသည်။ 

“ချန်းချန်း ကောင်လေးက မဆိုးဘူးနော်”

မေမေရှန်မှ ခပ်တိုးတိုး ပြော၏။ 

“ဘာမဆိုးတာလဲ”

ရှန်ချန်းချန်း နေရခက်စွာ ပြန်မေးလိုက်သည်။ 

“အကုန်လုံး ကောင်းနေတာပဲလေ။ သမီးတို့သိတာ ဘယ်လောက် ကြာပြီလဲ”

ရှန်ချန်းချန်း သူ့အမေကို သေချာစိုက်ကြည့်၍

“မေမေ ဘာတွေပြောနေတာလဲ”

“နင့်အဖေပြောတာတော့ ဒီနေ့ အရေးကြီးဧည့်သည် ခေါ်ထားတယ်ဆို။ အဲ့တာ သမီးချစ်သူ မဟုတ်ဘူးလား”

မေမေရှန် အံ့ဩစွာ ပြန်မေးလိုက်၏။ 

ရှန်ချန်းချန်း သက်ပြင်းချ၍

“ဖေဖေကတော့လေ ဇာတ်လမ်းအစအဆုံးကို ဘယ်တော့မှ သေချာ မပြောဘူး”

ထို့ကြောင့် ရှန်ချန်းချန်းမှသာ လက်နက်ရောင်းသည့် ကိစ္စမှလွဲ၍ လင်းချွမ်သည် အန်လင်း သံထည်နှင့်စတီးလ် စက်ရုံ၏ ကယ်တင်ရှင်ဖြစ်ကြောင်း အစအဆုံးကို ရှင်းပြလိုက်ရသည်။ 

မေမေရှန် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး 

“သူက တကယ်ကောင်းတာပဲ။ သမီး ဘယ်လိုမှ မတွေးမိဘူးလား”

“သူ့မှာ ချစ်သူရှိတယ် မေမေရဲ့”

“အဲ့တော့ သမီးက စိတ်ထဲ မရှိဘူးပေါ့”

မေမေရှန်မှာ သိနေသလိုပြုံး၍ ထပ်မေးလေ၏။ 

“အာ လင်းချွမ်မှာ ရည်းစားရှိတယ်ဆို ပြီးပြီပေါ့”

“သမီးတစ်သက်လုံး ပျော်ရွှင်ဖို့ကို တွေးမိလို့ပါ။ သမီးက အမြဲ အလုပ်အလုပ်နဲ့။ ဘယ်မှာ ရည်းစားထားချိန် ရှိလို့လဲ။ နောက်ဆုံး ဖြစ်နိုင်ခြေရှိတာလေး ပေါ်လာတော့လည်း အခွင့်အရေးကို မဆုပ်ကိုင်တတ်ဘူး”

မေမေရှန်မှာ အသီးအရွက်များ ဆေးနေရင်း ပြော၏။ 

“သမီးကတော့ တရားခံတွေအပေါ်ပဲ အခွင့်အရေးကို ဆုပ်ကိုင်တတ်တယ်”

ရှန်ချန်းချန်း ပြန်ပြောလိုက်လေသည်။ 

ဧည့်ခန်းထဲ၌။ 

လင်းချွမ်နှင့် ရှန်ကျန်းဟွာတို့ စက်ရုံကိစ္စများ ပြောရင်း ပို၍ ရင်းနှီးလာကြသည်။ 

(၂) နာရီနီးပါးအကြာ၌။ 

အားလုံး ထမင်းစားပွဲဝိုင်းတွင် ထိုင်နေကြသည်။ 

ရှန်မိသားစု၏ လင်းချွမ်အပေါ် ဂရုစိုက်မှုများမှာ အတိုင်းထက်အလွန်ပင် ဖြစ်ပါသည်။ 

ဟင်းပွဲအားလုံး လင်းချွမ်အကြိုက် ဖြစ်နေသည်မှာတော့ ရှန်ချန်းချန်းနှင့် ထမင်း ခဏခဏ စားဖူးရာမှ မှတ်ထားပေးခြင်း ဖြစ်၏။ 

ထိုစဉ် ရှန်ကျန်းဟွာမှ

“လင်း အန်လင်းသံထည်နဲ့ စတီးလ်စက်ရုံ ပြောင်းသွားတဲ့ အထိမ်းအမှတ်လေး သောက်ရအောင်”

“ဖေဖေ လင်းချွမ်က မသောက်ဘူး”

ရှန်ချန်းချန်းမှ ဝင်တား၏။ သူ လင်းချွမ် အရက်သောက်သည်ကို တစ်ခါမှ မတွေ့ဖူးချေ။ 

“လင်း မသောက်တတ်ဘူးလား။ အဲ့တာဆိုလည်း အအေးပဲ ပြင်လိုက်မယ်လေဎ

ရှန်ကျန်းဟွာ ခွက်ကိုပြန်ယူရင်း ပြောလိုက်သည်။ 

“နည်းနည်းပါးပါးတော့ သောက်ပါတယ်”

လင်းချွမ် ပြုံး၍ ပြန်ပြော၏။ 

ရှန်ချန်းချန်းမှာ မျက်စောင်းထိုး၍ အချက်ပေးလေသည်။ 

နောက်မှမူးရင် ဂရုမစိုက်ဘူးဟူသည့် အကြည့်မျိုး ဖြစ်၏။ 

ရှန်ကျန်ဟွာမှ သူ့သမီးကို လှမ်းကြည့်လျက်

“ချန်းချန်းရဘ်ေ လင်းမူးသွားလည်း ပေးသိပ်လိုက်ရင် ရပါတယ်။ အခန်းတွေမှ အများကြီးပဲကို”

“အဟမ်း အဟမ်း”

ရှန်ချန်းချန်း နေရခက်သွားမိသည်။ 

လင်းချွမ် အရမ်းတော့ မသောက်ပေ။ 

ရှန်ကျန်းဟွာသာ စက်ရုံကိစ္စ အဆင်ပြေသွား၍ အပျော်လွန်ကာ အဆက်မပြတ် သောက်ရင်း ရီဝေလာသည်။ 

“လင်း ဦးလေးတော့ မင်းနဲ့ ရေစက်ရှိသလို ခံစားရတယ်။ အသက်ကွာပေမဲ့ ညီအစ်ကိုတွေလိုပဲ”

All Chapters