လက်ဖက်ရည် သောက်မလား
Vol. 25 Ch. 366
ထိုအချိန်တွင် ရှန်ကျန်းဟွာမျက်နှာမှာ အရက်သောက်ထား၍ နီရဲနေ၏။
လင်းချွမ် ဘာမှပြန်မဖြေနိုင်မီပင် ရှန်ချန်းချန်းမှ ရှန်ကျန်းဟွာခွက်ကို လှမ်းယူကာ
“ဖေဖေ တော်ရုံပဲ လုပ်ကြတာပေါ့”
“ချန်းချန်း ဘာလုပ်တာလဲ”
ရှန်ကျန်းဟွာ သူ့သမီးကို လှည့်ကြည့်၍ ပြောလိုက်သည်။
“ထပ်သောက်နေရင် သမီး မျက်နှာထပ်ပျက်ရတော့မှာ”
ထိုအချိန်၌ မေမေရှန်လည်း ရောက်လာပြီး လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်ကာ
“မသောက်ပါနဲ့တော့။ လင်းရှေ့မှာ စကားတွေမှားပြီး နောက်ပိုင်း ဘယ်လို အလုပ်ဆက်လုပ်မလို့လဲ”
ထိုအခါမှ ရှန်ကျန်းဟွာ အနည်းငယ် သတိပြန်ဝင်လာကာ
“လင်း ဦးလေး အရက်မူးလို့ တစ်ခုခု ပြောမိလည်း စိတ်ထဲ မထားပါနဲ့ကွာ နော်ဎ
လင်းချွမ်မှ
“အစ်ကိုရှန်ရယ် ကျွန်တော့်အတွက် ဘယ်လိုမှ မနေပါဘူး”
“ညီလေးလင်း ဟားဟားဟား”
ရှန်ကျန်းဟွာ ချက်ချင်း အားရပါးရ ရယ်မော၍ အရက်ရှိန်ကြောင့် ပြန်ရီဝေလာပြန်သည်။
ရှန်ချန်းချန်းမှာတော့ ဘေးတွင် အလွန်မျက်နှာပျက်နေ၏။
လင်းချွမ်သည် နေရင်းထိုင်ရင်း သူ့ဦးလေးရာထူး ဖြစ်ပေတော့မည်။
ထိုအခြေအနေကို လက်မခံနိုင်စွာဖြင့် စကားဖြတ်ပြောလိုက်၏။
“လင်းလည်း သောက်တာ များနေပြီနော်”
“ကျွန်တော် (၃) ခွက်ပဲ ရှိပါသေးတယ်”
လင်းချွမ် ရှန်ချန်းချန်းအား မျက်ခုံးပင့်ကာ ကြည့်၍
“ပြီးတော့ ကျွန်တော့်ကို လင်းလို့ မဟုတ်ဘဲ ဦးလေးလင်းလို့ ခေါ်ရမှာမလား”
“ဟုတ်ပါ့။ မလေးမစားနဲ့”
ရှန်ကျန်းဟွာမှ ဝင်ပြော၏။
ရှန်ချန်းချန်းတစ်ယောက် လက်သီးလေးဆုပ်လျက် မကျေမနပ် ဖြစ်နေသော်လည်း ဦးလေးလင်းအား မည်သို့ကိုင်တွယ်ရမည်မသိ ဖြစ်နေသည်။
ရှန်ကျန်းဟွာနှင့် လင်းချွမ်တို့မှာ အားရပါးရ သောက်စားရင်း ပျော်ပါးခဲ့ကြ၏။
စားသောက်ပြီးသောအခါ ရှန်ကျန်းဟွာ အတော်လေး မူးနေပြီး မေမေရှန်မှ အိပ်ခန်းထဲ တွဲပို့ပေးရလေသည်။
ရှန်ချန်းချန်း လင်းချွမ်ကို လှမ်းကြည့်၍
“လမ်းသွားလျှောက်ကြတာပေါ့”
လင်းချွမ် တင်းကားနေသောဗိုက်ကို အနည်းငယ် ပွတ်၍ ချက်ချင်း သဘောတူလိုက်သည်။
ထို့နောက် နှစ်ယောက်သား အိမ်ထဲမှ ထွက်သွားချိန်တွင် ညနေ (၆) နာရီဝန်းကျင် ရှိလေပြီ။ အနောက်ဘက်သို့ ဝင်ရောက်သွားသော နေမင်းကြီးမှာ ရပ်ကွက်ဟောင်းလေးပေါ် ဖြာကျ၍ လမ်းတစ်လျှောက် အရိပ်ရှည်များကို တွေ့ရ၏။
ရှန်ချန်းချန်း၏ ပန်းပွင့်ဂါဝန်လေးမှာ ဟင်းနံ့များ စွဲသွား၍ အဝတ်အသစ် လဲထားလေသည်။
အဖြူရောင်ရှပ်အင်္ကျီနှင့် ဂျင်းစကတ်ဒူးအထက်နားတို့ကို ဝတ်ဆင်ထားပြီး ရှည်သွယ်သော ခြေသလုံးသားများ ဝင်း၍ ပေါ်နေသည်။
နေဝင်ရီတရော အလင်းရောင်အောက်တွင် လျှောက်လှမ်းနေသော သူ့ပုံစံလေးမှာ ကာတွန်းကားထဲမှ ထွက်လာသော အရုပ်မလေးနှင့်ပင် တူ၏။
“ဘာတွေ ကြည့်နေတာလဲ”
ရှန်ချန်းချန်း လင်းချွမ်ဘက်သို့ လှည့်ကြည့်လိုက်သည်။
ထိုရပ်ကွက်နှင့် မနီးမဝေးတွင် အန်လင်းမြစ်ကမ်းဘေးမှ ပတ်လာသော အပန်းဖြေစရာနေရာလေး ရှိသည်။
ရှန်ချန်းချန်း နံရံကိုမှီလျက် ဆောင်းဦးလေပြည်များအား ရှူရှိုက်ရင်း အန်လင်းမြစ် အငွေ့အသက်ကို ပိုခံစားမိ၏။
သူ ဆံနွယ်များ မစည်းလာမိသောကြောင့် လေအဝှေ့တွင် တလွင့်လွင့် ဝဲပျံနေသည်။
အမှန်အတိုင်းဆိုရသော် အလွန်လှနေလေ၏။
လင်းချွမ်အမြင်တွင် ရှန်ချန်းချန်း၏အလှမှာ အလွန် ညှို့အားပြင်းပြီး နာမည်ကြီးမင်းသမီးများကိုပင် အေးဆေး ယှဉ်နိုင်ပါသည်။
အထူးသဖြင့် ခြေတံရှည်ရှည်များမှာ ပြီးပြည့်စုံလွန်း၏။
ထို့ကြောင့် အရက်အနည်းငယ် သောက်ထားသော လင်းချွမ်မှာ ထိုခြေထောက်များအား အတန်ကြာအောင် ငေးကြည့်နေမိလေသည်။
ရှန်ချန်းချန်းစကားကိုကြားမှ သတိမထားမိဘဲ ပြန်ဖြေလိုက်၏။
“ခြေထောက်တွေကိုပါ”
“နှာဘူး”
ရှန်ချန်းချန်း မကျေမနပ် ပြောလိုက်သည်။
လင်းချွမ် စိတ်လှုပ်ရှားသွားပြီး နေရခက်စွာ ရယ်မော၍ အမြန်ပြန်ရှင်းပြလေ၏။
“နားမလည်တာ ရှိလို့ပါ။ ချန်းချန်းက စုံထောက်ဆိုတော့ အလုပ်မှာ အရမ်း သွက်လက်ပြီး တာဝန်ကျေအောင် လုပ်ရတယ်လေ။ အဲ့တာဆို ပုံမှန်အားဖြင့် ခြေသလုံးမှာ ကြွက်သားတွေ အရမ်း တက်နေရမှာမလား။ ဒါပေမဲ့ အခု မတွေ့လို့”
“ပေါက်ကရတွေ”
ရှန်ချန်းချန်း သူ့ဖြေရှင်းချက်ကို လက်မခံပေ။
“ကျွန်မကို ရှင်းရှင်းများ မှတ်နေလား”
လင်းချွမ် ရီဝေဝေဖြင့် ရယ်မောလျက်
“သိတဲ့အတိုင်းပဲ။ ကျွန်တော်က မိန်းမတွေကို စိတ်မဝင်စာပါဘူး။ အလုပ်သဘောအရ အသေးစိတ် နားလည်မှဖြစ်မှာတွေ ရှိလို့”
“တကယ်လား”
ရှန်ချန်းချန်း လင်းချွမ်အနားကပ်သွားပြီး ခြေထောက်လေး ရှေ့တိုးပေး၍
“စမ်းကြည့်မလား”
“အဲ့လိုရလား”
လင်းချွမ် ခြေထောက်ဖြူဖြူလေးကို ပြုံးကြည့်၍ ပြောလိုက်သည်။
“အိပ်မက်သာ မက်နေစမ်းပါ။ ကျွန်မက တွေ့ကရာ မိန်းကလေး မဟုတ်ဘူး”
ရှန်ချန်းချန်း နှာခေါင်းရှုံ့၍ ပြော၏။
“ချန်းချန်းက အသက် (၂၅) နှစ်တောင် ရှိပြီလေ။ မိန်းကလေးတော့ မဟုတ်တော့ဘူး ထင်တယ်”
လင်းချွမ် ပြုံး၍ စနောက်လိုက်၏။
“ရှင်…”
ရှန်ချန်းချန်း အသက်ကို ထိန်းရှူ၍ စိတ်ငြိမ်အောင် ကြိုးစားနေသည်။
စိတ်လျှော့။ သူ့ကို သွားရိုက်လို့ မဖြစ်ဘူး
အမှန်အတိုင်းဆိုရသော် အသက် (၂၅) နှစ်မှာ မရင့်ကျက်လှသေးပေ။
တက္ကသိုလ်မှ ဘွဲ့ရပြီး၍ (၂) နှစ်သာ ရှိသေး၏။
ထို့ကြောင့် ရှန်ချန်းချန်းလည်း အနည်းငယ် ကလေးဆန်သည့် အခြေအနေများ ရှိပါသည်။
အထူးသဖြင့် လင်းချွမ်ရှေ့တွင် ဖြစ်၏။
ညနေခင်းလေညင်းမှာ မြစ်ကိုဖြတ်၍ တိုက်ခတ်လာသောကြောင့် အေးမြ လန်းဆန်းစေလေသည်။
လင်းချွမ်သည် အဖြူရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး ကုတ်ကို လက်တွင် ကိုင်လျက် ရှန်ချန်းချန်းနှင့်အတူ လမ်းဆက်လျှောက်လာကြ၏။
နာရီဝက်ခန့် လျှောက်ပြီးနောက် ရှန်ချန်းချန်းမှ လက်ညှိုးထိုးပြ၍
“ဒီလမ်းကို ဖြတ်ပြီးရင် ကျွန်မတိုက်ခန်း ရောက်ပြီ။ ရှင် လိုက်ခဲ့ဦးမလား။ အမူးပြေအောင် လက်ဖက်ရည် ဖျော်တိုက်လို့တော့ ရပါတယ်။ ရှင့်ကြည့်ရတာ မူးနေတုန်းပဲ”
ရှန်ချန်းချန်းမှာ မိဘများနှင့် အတူမနေတော့ပေ။
ရှန်ကျန်းဟွာ ရထားသော အခန်းသည် အနည်းငယ် ကျဉ်းပြီး ရေချိုးခန်း၊ အိမ်သာ တစ်ခန်းတည်း ရှိသောကြောင့် သိပ်အဆင်မပြေလှ၍ ရဲစခန်းအနီးတွင် အခန်းဝယ်လိုက်ခြင်း ဖြစ်သည်။
အလုပ်သွားရာတွင် အချိန်ကုန်သက်သာကာ စုံထောက်တစ်ဦးအနေဖြင့် (၂၄) နာရီအသင့် ရှိနေနိုင်၏။
မဟုတ်လျှင် လမ်းပိတ်သည်နှင့် အလုပ်ကို အမြဲနောက်ကျနေနိုင်ပါသည်။
“အဲ့လို တကယ်ရလား”
လင်းချွမ် ရှန်ချန်းချန်းလက်ညှိုးထိုးရာကို လှမ်းကြည့်ရင်း ပြောလိုက်ပြီးမှ ခေါင်းယမ်းမိ၏။
သူကိုယ်တိုင် အွန်လိုင်းစာရေးဆရာ ဖြစ်သောကြောင့် ဇာတ်လမ်းအသွားအလာကို ကောင်းကောင်း နာလည်ပါသည်။ နောက်ပိုင်းဆက်လာမည်မှာ အချစ်အကြောင်း ဖြစ်တော့မည်။
မဖြစ်ဘူး။ မကောင်းဘူး။
သူ့ရင်ထဲ၌ ရှန်ချန်းချန်းအပေါ် ထူးဆန်းသော ခံစားချက်များ ရှိနေသေးသည်။
အမျိုးသားများမှာ လှပသော အမျိုးသမီးများအပေါ် သဘောကျတတ်၏။
ထို့အပြင် ရှန်ချန်းချန်းမှာ သာမာန် လှပရုံ မဟုတ်ဘဲ အလွန် ညှို့အားပြင်းလွန်းပါသည်။