← Chapters

ပစ်မှတ်

Vol. 25 Ch. 369

ပစ်မှတ်

Vol. 25 Ch. 369

ကံဆိုးစွာဖြင့် မည်သည့်လမ်းကြောင်းမျှ ရှာမတွေ့ချေ။ 

“သူ့ကြည့်ရတာ တကယ် ကျွမ်းကျင်အဆင့်ပဲ။ အခုချိန် ပြေးသွားလောက်ပြီ”

လင်းချွမ် မျက်မှောင်ကြုတ်လျက် ပြောမိ၏။ သူ့မျက်စိရှေ့တင် ပုန်းကွယ် ထွက်ပြေးသွားနိုင်သူမှာ အတော်လေး အရည်အချင်းပြည့်လွန်းသည်။ 

“ကျွန်မက နောက်တစ်မှု ဖမ်းနိုင်ပြီ ထင်နေတာ”

ရှန်ချန်းချန်း နှုတ်ခမ်းလေးစူ၍ အားမရစွာ ပြောလိုက်သည်။ 

“အမြဲတမ်း ဖမ်းဖို့ပဲ တွေးလို့မရဘူးလေ။ အောင်မြင်မှုထက် ဘေးကင်းလုံခြုံရေးက ပိုအရေးကြီးတယ်”

လင်းချွမ်မှ သတိပေးလေ၏။ 

“အဲ့သူခိုးသာ တကယ် ဝင်လာနိုင်ရသ် ဘယ်သူနိုင်တယ် ဘယ်သူရှုံးတယ် သိရမှာပဲ”

ရှန်ချန်းချန်း နှာခေါင်းရှုံ့၍ ပြောလေ၏။ 

“ချန်းချန်းရယ် သေချာပေါက် နိုင်စရာတော့ မလိုဘူးလေ”

လင်းချွမ် ပြုံး၍ ပြောလိုက်ရင်း ရုတ်တရက် အမူအရာ ပြောင်းသွား၏။ 

တစ်ခုခု မှားနေလေပြီ။ 

မည်သို့သော ကျွမ်းကျင်ပညာရှင် သူခိုးက တံခါးခေါက်၍ ခိုးမည်နည်း။ 

ပုံမှန်အားဖြင့် ထိုသို့ တံခါးခေါက်သူမှာ ပိုက်ဆံအရေးတကြီး လိုအပ်လွန်း၍ ချမ်းသာသော ရပ်ကွက်များ၌ နှောင့်ယှက်ခြင်းသာ ဖြစ်နိုင်သည်။ 

ချမ်းသာသောအိမ်များမှ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ၊ နာရီ စသဖြင့် သိန်းပေါင်းရာချီတန်သော ပစ္စည်းများ ရနိုင်၏။ 

သို့သော် ရှန်ချန်းချန်းနေရာမှာ…

သာမာန်ရပ်ကွက်တစ်ခုဖြစ်ပြီး ရှန်ချန်းချန်း၏ နေပုံထိုင်ပုံ၊ ဝတ်စားဆင်ယင်ပုံမှာလည်း သူခိုးကြီးများ ပစ်မှတ်ထားချင်စရာ မဟုတ်လှပေ။ 

လင်းချွမ် တွေးနေရင်း ပို၍ ရှုပ်ထွေးလာသည်။ 

ယခုရောက်လာသူ၏ ရည်ရွယ်ချက်မှာ ပိုက်ဆံလည်း မဟုတ်၊ တဏှာရူး၍လည်း မဟုတ်ပေ။ မိန်းမရှားသူပင် ဤသို့ အန္တရာယ်များသော အလုပ်ကို စိန်ခေါ်၍ ကျူးလွန်မည် မဟုတ်။ 

အဖြေမှာ ရှန်ချန်းချန်း ဖြစ်နေ၍လား။ 

ရှန်ချန်းချန်းမှာ ရဲဝန်ထမ်းတစ်ဦးဖြစ်၍ သူနှင့်လည်း အမှုများစွာ အတူတူ လိုက်ဖူးပါသည်။ 

ထိုအခါ ပစ်မှတ်မှာ သူလည်း ဖြစ်နိုင်လာသည်။ 

ဤသို့ဖြင့် တစ်ချက်ချင်း ဖြစ်နိုင်ခြေများကို လျှော့လိုက်သောအခါ အရင်းအမြစ်မှာ သူ့ကို ညွှန်ပြနေလေ၏။ 

သူ့ကို မည်သူက ပစ်မှတ်ထားနေသနည်း။ 

အဖြေမှာ ရှင်းပါသည်။ 

မော်ဂန်အုပ်စုပင်။ 

“ဘာဖြစ်တာလဲ။ ရုတ်တရက် မျက်နှာဖြူဖျော့နေတာပဲ”

ရှန်ချန်းချန်း သူ့ကိုကြည့်၍ ပြောလိုက်၏။ 

လင်းချွမ်လည်း ရှန်ချန်းချန်းကို ငေးကြည့်ရင်း အားနာနေမိသည်။ 

သူ့ကြောင့် အန္တရာယ်တောထဲ ရောက်နေရလေပြီ။ 

သူကတော့ ဘာမှ ပြန်မပေးနိုင်ပေ။ 

လင်းချွမ် သက်ပြင်းချ၍ တစ်ခုခု ပြောရန် ပြင်လိုက်ပြီးမှ မျိုသိပ်ကာ 

“ချန်းချန်း ဘေးကင်းဖို့တော့ ပိုဂရုစိုက်နော်”

သူ့စကားကြောင့် ရှန်ချန်းချန်း အမူအရာ ပြောင်းသွားလေ၏။ 

လင်းချွမ် သူ့ကို ထိုစကားမျိုး မပြောခဲ့ဖူးပါ။ 

ယခု သူ့အသံလေးမှာ ချိုမြိန်လွန်း၍ နွေဦးလေညင်းလေး တိုက်ခတ်သွားသကဲ့သို့ သာယာနေလေ၏။ 

“ဘာပြောလိုက်တာလဲ”

ရှန်ချန်းချန်း မကြားချင်ယောင်ဆောင်ကာ ပြန်မေးလိုက်သည်။ 

“ဘေးကင်းအောင် ပိုဂရုစိုက်ဦးလို့ ပြောတာ”

လင်းချွမ် လေးနက်စွာ ပြော၏။ 

ရှန်ချန်းချန်း တောက်ပစွာ ပြုံးလျက် မျက်လုံးလေးများ ဝိုင်းကာ

“ကောင်းပါပြီရှင်”

“ဒါဆို…”

လင်းချွမ် ရုတ်တရက် ဘာဆက်ပြောရမည်မသိ ဖြစ်နေသည်။ 

“ရှင် ခဏလိုက်ထိုင်ဦးမလား”

ရှန်ချန်းချန်းမှ မေး၏။ 

လင်းချွမ် ခေါင်းငြိမ့်ပြလိုက်ကာ

“တံခါးထပ်လာခေါက်ရင် တွေ့ကြသေးတာပေါ့”

“လာရဲ လာကြည့်ပါလား။ မနက်ဖြန် ကျွန်မ ရာထူး တိုးပြီးသာမှတ်”

ရှန်ချန်းချန်း နှာခေါင်းလေးရှုံ့ကာ ပြောလေသည်။ 

လင်းချွမ် သူနှင့် ခဏဆက်နေပေးဦးမည်ဟု ဆို၍ အလွန်ပျော်ရွှင်နေမိ၏။ 

နှစ်ယောက်သား ဧည့်ခန်းထဲ ပြန်ရောက်လာကြလေသည်။ 

လင်းချွမ်တစ်ယောက် ဘဝအတွေ့အကြုံ များစွာရှိ၍ အရည်အချင်းအသစ်များ လေ့လာထားပြီး လက်တွေ့၌ အမျိုးသမီးမိတ်ဆွေများစွာ တွေ့ဖူးသော်လည်း မိန်းကလေးနှင့် နှစ်ယောက်တည်း ရှိနေချိန်တွင် မည်သို့နေရမည်ကိုတော့ မသိချေ။ 

ကျန်းရှင်းရှင်းမှလွဲ၍ ဖြစ်၏။ 

ကျန်းရှင်းရှင်းနှင့်တော့ ထူးထူးထွေထွေ နေရခက်ခြင်း မရှိလှပေ။ သက်တောင့်သက်သာ ဖြစ်လွယ်ပါသည်။ 

ရှန်ချန်းချန်းလည်း ထိုအပိုင်းတွင် အားနည်း၏။ 

ထို့ကြောင့် နှစ်ယောက်သား နှစ်နာရီနီးပါးကြာသော ရုပ်ရှင်ကို ထိုင်ကြည့်ကြလေသည်။ 

ဇာတ်လမ်းမှာ အချစ်အကြောင်း မဟုတ်ဘဲ လျှို့ဝှက်သည်းဖိုဖြစ်၏။ 

ရုပ်ရှင်ကြည့်ပြီးနောက် ရှန်ချန်းချန်း အနည်းငယ် နောင်တရနေမိပါသည်။ 

ရုပ်ရှင်မှာ ကောင်းမွန်၍ စိတ်ဝင်စားစရာ ဖြစ်သော်လည်း ယခုအခြေအနေနှင့် မကိုက်ချေ။ 

အခြား အချစ်ဇာတ်လမ်းများ၊ အနမ်းခန်းများစွာပါသော ဇာတ်လမ်းများ၊ အီစီကလီ စကားများပါစော ဇာတ်လမ်းမျိုး ကြည့်ခဲ့သင့်ပါသည်။ 

‘ရှန်ချန်းချန်း နင် ဘာတွေ တွေးနေတာလဲ’

‘အဲ့လိုကားတွေ လင်းချွမ်နဲ့အတူတူ မကြည့်လိုက်တာ တော်သေးတာပေါ့။ မဟုတ်ရင် မကောင်းတာတွေ ဖြစ်ပြီးလောက်ပြီ’

ရှန်ချန်းချန်း စိတ်ထဲမှ သူ့ကိုယ်သူ တားနေ၏။ 

လင်းချွမ်မှာတော့ စိတ်ရှုပ်ထွေးလျပ် ရှိလေသည်။ 

သူ အစက ရည်ရွယ်ချက်မှာ တိုက်ခန်းတွင် ခဏနေပေးရင်း လူဆိုးများ ပြန်ရောက်လာမည်ကို စောင့်ကြည့်ရန် ဖြစ်၏။ 

ထိုအခါ ယုံကြည်ချက်ရှိရှိ ဖမ်းလိုက်မည် ဖြစ်သည်။ 

လင်းချွမ် နေရခက်စွာဖြင့် ရုပ်ရှင်အကြောင်း ပြောလိုက်သည်။ 

“သိုင်းက လီဝေ့ကျဲ တကယ် တော်တယ်နော်။ သိုးလေးကလည်း သရုပ်ဆောင်ကောင်းလိုက်တာ”

“ဟုတ်ပါ့”

ရှန်ချန်းချန်း စိတ်မပါတပါဖြင့် ပြန်ဖြေသည်။ 

“ဟိုလူ ပြန်မလာလောက်တော့ဘူးနဲ့ တူပါတယ်။ ကျွန်တော် ပြန်သင့်ပြီ။ ဂရုစိုက်နေနော်”

လင်းချွမ် သူ့ကို ထပ်သတိပေးလိုက်သည်။ 

“ကျွန်မ လိုက်ပို့ပေးမယ်လေ”

ရှန်ချန်းချန်း မတ်တပ်ထရပ်ကာ ပြော၏။ 

“ဒါဆို အပြန်က တစ်ယောက်တည်း ဖြစ်နေမှာပေါ့။ အဲ့မှာ အန္တရာယ် ရှိနိုင်တယ်”

လင်းချွမ် ပြန်ရန် ထပြင်ရင်း ပြောလေသည်။ 

“ကောင်းပါပြီ”

လင်းချွမ် တံခါးဝရောက်သောအခါ ထပ်သတိပေးပြန်၏။  

“တံခါးကို သေချာပိတ်ထားနော်။ တံခါး လာခေါက်တာမျိုးရှိရင် လွယ်လွယ် ဖွင့်မပေးနဲ့”

“မစိုးရိမ်ပါနဲ့။ ကျွန်မက ရဲမေပါနော်။ ချာတိတ်မလေး မဟုတ်ပါဘူး”

ရှန်ချန်းချန်း ပြုံး၍ ပြောလိုက်သည်။ 

သူ့ကိုယ်သူ ခုခံကာကွယ်ရန်တွင် ယုံကြည်မှုအပြည့် ရှိပါသည်။ 

လင်းချွမ်သာ သူ့အကြောင်း သေချာ မသိသေး၍ ဖြစ်ပေမည်။ 

ပထမဆုံးစတွေ့စဉ်က ရဲမေပေါက်စရှန်ကဲ့သို့ ထင်နေသေး၏။ 

လင်းချွမ် ဓာတ်လှေကားဖြင့် အောက်ဆင်းကာ တက္ကစီငှါး၍ ပြန်လာခဲ့သည်။ 

ဆောင်းဦးညမှာ အေးစိမ့်စိမ့် ရှိ၏။ 

တော်သေးသည်မှာ ရှန်ချန်းချန်းအိမ်နှင့် လင်းကျန် အိမ်ရာတို့ အရမ်းမဝေးသောကြောင့် မကြာမီ အိမ်ပြန်ရောက်သွားသည်။ 

“သူဌေး ပြန်ရောက်ပြီလား”

လင်းချွမ် ဝင်လာသည်နှင့် ကျန်းမှ ထဖက်၍ နှုတ်ဆက်လိုက်သည်။ 

All Chapters