← Chapters

တိကျသော အစီအစဉ်

Vol. 25 Ch. 373

တိကျသော အစီအစဉ်

Vol. 25 Ch. 373

ကားလ်တစ်ယောက် သက်သေတစ်ခုခု ရှာချင်ပါသေးသည်။ 

AW အဖွဲ့ချုပ်မှာလည်း သူနှင့်အတွေးတူ၏။ 

သူတို့ နာရီဝက်အတွင်း လျင်မြန်စွာဖြင့် လင်းချွမ်အကြောင်း စုံစမ်းကြလေသည်။ လှုပ်ရှားမှုမှာတော့ အလွန်မြန်ဆန်၏။ 

အရင်က ထူးဆန်းသော ထိုလူကို ရှာဖွေရန်မှာ AW အဖွဲ့အတွက် ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသလို ဖြစ်နေသော်လည်း ယခုတော့ သံသယရှိသူ ပေါ်လာပြီဖြစ်၍ အရှိန်တိုးမြှင့်နိုင်လာသည်။ 

…

အချက်အလက်ရှာဖွေရေး၌ပင် AW မှာ သာမာန်အဖွဲ့ မဟုတ်မှန်း သိသာလေသည်။ 

အနည်းဆုံးတော့ မော်ဂန်အုပ်စုမှ လူးကပ်စ် ဦးဆောင်သော ဟက်ကာအဖွဲ့ထက် အင်အားကြီးပါသည်။ 

ထိုအချိန်တွင် နေပင် မဝင်သေးချေ။ 

ရွှေပိုးသားကဲ့သို့ နူးညံ့သောနေရောင်ခြည်များ ရုံးခန်း ပြတင်းပေါက်မှတစ်ဆင့် တိုးဝင်လာနေ၏။ 

ထိုအခါ စားပွဲ၊ ဖိုင်တွဲအချို့နှင့် ကားလ်မျက်နှာအထိ လွှမ်းမိုးနေလေသည်။ 

ကားလ်မျက်လုံးများ စူးရှ၍ ဖုန်းကို သားကောင်အား စိုက်ကြည့်သကဲ့သို့ ကြည့်နေရင်း ရုတ်တရက် ဖုန်းမြည်လာသောအခါ ချက်ချင်း ကောက်ကိုင်လိုက်၏။ 

AW ရုံးချုပ်မှ ဖြစ်လေသည်။ 

ကားလ် အရိုးရှင်းဆုံး မေးလိုက်သည်။ 

“သူလား”

တစ်ဖက်မှ

“လက်ရှိတွေ့ရတဲ့ အချက်အလက်နဲ့ သုံးသပ်ချက်အရတော့ ဖြစ်နိုင်ခြေက ၉၅% ပဲ”

ကားလ် ခေါင်းငြိမ့်၍

“ကျွန်တော် နားလည်ပါပြီ”

ဤသို့ဖြင့် စကားမှာ ပြီးဆုံးသွားသည်။ 

ကားလ် သူကိုယ်တိုင် ဘာဆက်လုပ်ရမည်ကို ကောင်းကောင်းသိ၏။ 

ထို့နောက် ခပ်ဖြည်းဖြည်း မတ်တပ်ထရပ်၍ နေရောင်ခြည်ကို ကျော်ဖြတ်ကာ တံခါးသွားဖွင့်လိုက်သည်။ 

ထိုအခါ အသင့်စောင့်နေသော အတွင်းရေးမှူးလေးမှ တစ်ဖက်ရုံးခန်းကို လိုက်ပို့လေ၏။ 

“ထိုင်ပါဦး”

ယုချင်းနှင့် လူးကပ်စ်တို့မှ ခပ်အေးအေး ကြိုဆိုသည်။ 

ကားလ်ကို တွေ့သည်နှင့် ယုချင်းကိုယ်တိုင် လက်ပြ၍ ရင်းရင်းနှီးနှီး ပြောလိုက်၏။ 

လူးကပ်စ်သည် သူနှင့် မျက်နှာချင်းဆိုင်၌ ထိုင်နေလေသည်။ 

ဘဲဥပုံစားပွဲ၌ လူ (၃) ယောက်ထိုင်နေပြီး နာမည်ကြီး မှောင်ခိုကုမ္ပဏီကြီး (၂) ခုမှ တရားမဝင်လောက၏  အရေးပါသူများ ဖြစ်ကြသည်။ 

ယခုစားပွဲမှ ပေါ်ထွက်လာမည့် ဆုံးဖြတ်ချက်များမှ အသက်တမျှ အရေးကြီးလေ၏။ 

အတွင်းရေးမှူးလေးမှ ကားလ်အတွက် ကော်ဖီတစ်ခွက် ယူလာပေးသည်။ 

“ကော်ဖီ ရပါပြီရှင့်”

“ကျေးဇူးပါ”

ကားလ်မှာ လူကြီးလူကောင်းဆန်စွာ ပြန်ပြောလိုက်ပြီး ဇွန်းဖြင့်မွှေကာ တစ်ငုံသောက်လိုက်၏။ 

ထို့နောက် မျက်လုံးများ ဝိုင်းသွားပြီး 

“နှပ်ကော်ဖီပဲ။ ယု ကျွန်တော့်အကြိုက်ကို မှတ်မိနေသေးတာကိုး”

ယုချင်း ပြုံး၍ လူးကပ်စ်အား လက်ညှိုး ထိုးပြကာ

“ဒီတစ်ခေါက်က လူးကပ်စ်ကိုယ်တိုင် အထူး ပြင်ဆင်ပေးထားတာပါ”

ကားလ် ရယ်မော၍

“လူးကပ်စ် ခုနက အထင်လွဲမိသွားပါတယ်။ ခင်ဗျား ဟက်ကာတွေ ရှုံးရတာ အကြောင်းအရင်း ရှိတာပဲ”

ထိုင်ခုံကို မှီထိုင်နေသော လူးကပ်စ်မှာ ကိုယ်ကို ရှေ့သို့ ကိုင်းလာပြီး စားပွဲပေါ် လက်ထောက်လျက် ပြုံးကာ

“ကြည့်ရတာ AW အနေနဲ့ အဖြေရသွားပြီ ထင်တယ်”

“ဒါပေါ့။ ကျွန်တော်တို့ စုံစမ်းရေးက မြန်တယ်လေ”

ကားလ်မှာ ကော်ဖီတစ်ငုံ ထပ်သောက်ရင်း ပြောလိုက်သည်။ 

“လင်းချွမ်က သာမာန်လူ မဟုတ်ဘူး။ နိုင်ငံအဆင့် လုံခြုံရေးအဖွဲ့က ရှုံးရင်တောင် မဆန်းပါဘူးလေ”

ယုချင်း ကားလ်ကို ထောက်ခံရင်း လင်းချွမ်အား ချီးကျူးမိ၏။ 

တစ်ချိန်တည်းတွင် AW ကိုလည်း နှိမ့်ချခြင်း မဟုတ်ပေ။ 

ကားလ် ခေါင်းငြိမ့်ပြ၍ ပြုံးကာ

“သူက တကယ်ကို တော်တာ။ ဒါပေမဲ့ အရမ်းကြီး စိတ်ပူစရာတော့ မလိုပါဘူး။ အချက်အလက်တောင် ရှာနိုင်ပြီးရင် နိုင်မယ့်နည်းလည်း ရှာနိုင်ပါတယ်။ ဘယ်နည်းကို သုံးမလဲပဲ”

ယုချင်း မျက်လုံးအရောင်လေး တောက်သွားပြီး

“ကားလ် ကျွန်မတို့ ပူးပေါင်းရေးအတွက် စပြောကြမလား”

“ကောင်းပါပြီ”

ကားလ် ထိုရုံးခန်းကို ပထမဆုံး ရောက်စဉ်က ယုချင်းမျက်နှာကြောင့် ဖြစ်ပြီး ယခုတော့ လင်းချွမ်ကြောင့် ဖြစ်၏။ 

သူတို့တွင် ရန်သူတူနေလေပြီ။ 

အရင်တစ်ခါ လင်းချွမ် နည်းပညာတိုက်ခိုက်၍ သူတို့၏ လုပ်ငန်းများ အတော်လေး ထိခိုက်သွားရပါသည်။ 

ယုချင်းနှင့် လူးကပ်စ်တို့ အချင်းချင်း လှမ်းကြည့်လိုက်ကြပြီးနောက်

“ကားလ် ကျွန်မတို့က ရင်းနှီးပြီးသား မိတ်ဆွေတွေပဲ။ ပွင့်ပွင့်လင်းလင်း ပြောတာပေါ့။ AW အနေနဲ့ရော ဘယ်လို ကိုင်တွယ်ဖို့ စဉ်းစားထားလဲ”

ကားလ် ကော်ဖီကို မွှေရင်း ပြုံးလျက်

“လင်းချွမ်မှာ ၇၂၀ စတူဒီယိုဆိုပြီး နည်းပညာ ကုမ္ပဏီ ရှိတယ်မလား။ အဲ့တာကို ဈေးကွက်ဖျက်ဖို့ ပြင်ဆင်ပြီးပြီ။ ဒီတစ်ခါတော့ တိုက်ရိုက် ဆွဲချပစ်မယ်”

“အဲ့တာ အကုန်ပဲလား”

ယုချင်း ရင်းရင်းနှီးနှီး ပြောလိုက်၏။ 

“ကုမ္ပဏီကို ဖျက်ဆီးပြီးရင် သူ့ဘဝကိုပါ သေတာထက်ဆိုးတဲ့ အခြေအနေလုပ်ဖို့ နည်းလမ်းတွေ အများကြီး ရှိတာပေါ့”

ကားလ်အမူအရာမှာ အလွန်ပျက်နေပြီး မျက်ဝန်း၌ နာကျည်းမုန်းတီးမှုများ ပြည့်နေကြောင်း ထင်ရှား၏။ 

ဟန်မြစ်အပိုင်းကို စိုးမိုးသွားနိုင်သူအား မမုန်းဘဲ မနေပေ။ 

သူ အမြဲတမ်း ထိုဒေသကို အနိုင်ရရှိကာ တတိုင်းရ ဖြစ်ခဲ့သည်။ 

AW မှ ထိန်းချုပ်နိုင်သော အခြေအနေများ ရှိဖူး၏။ 

သို့သော် ယခုတော့ အရှုံးကို ရင်ဆိုင်ရလေပြီ။ 

လင်းချွမ်အား ဖျက်ဆီးရန်အတွက် သူကိုယ်တိုင် ဦးဆောင်ကာ စစ်ပွဲစရပေမည်။ 

“ကားလ် သူ့ကုမ္ပဏီကို ဖျက်ဆီးနိုင်ဖို့ ဘယ်လောက် ယုံကြည်ချက် ရှိလဲ”

“၁၀၀% ပေါ့”

ကားလ် ခပ်တည်တည်ဖြင့် ဖြေသည်။ 

“တကယ်လား”

လူးကပ်စ် မျက်မှောင်ကြုတ်လျက်

“ဟန်မြစ်အပိုင်းဒေသကလည်း အရင်တစ်ခါ ဖြစ်ဖူးတော့ အခု လင်းချွမ်နဲ့ ပူးပေါင်းပြီး တော်တော် အကာအကွယ်တွေ လုပ်ထားမယ်ထင်တယ်။ နောက်ပြီး ကုမ္ပဏီက သေးတယ်ဆိုတော့ ဟန်မြစ်အပိုင်း နည်းပညာဌာနရဲ့ ထောက်ပံ့မှု ယူထားရပုံပဲ။ ခင်ဗျား လုပ်နိုင်မှာ သေချာရဲ့လား”

ကားလ် နှာခေါင်းရှုံ့လျက်

“ဟန်မြစ်အပိုင်းဆိုတာ ဘာမှမဟုတ်ပါဘူးကွာ”

လင်းချွမ်ကြောင့်သာ မဟုတ်လျှင် အခုချက်ချင်းပင် သိမ်းပိုက်နိုင်၏။ 

“အဲ့အထက်ကရော”

လူးကပ်စ်မှ ဆက်မေးသည်။ 

“အထက်လား”

ကော်ဖီမွှေနေသောလက်မှာ ရပ်သွားပြီး မျက်မှောင်ကြုတ်သွား၏။ 

လူးကပ်စ် ခေါင်းငြိမ့်ပြ၍

“ဆိုရိုး ရှိတယ်လေ။ အတိတ်ကို သတိရပါ။ အနာဂတ်ကို လမ်းညွှန်ပေးပါလိမ့်မယ်တဲ့။ ကြားဖူးလား မသိဘူး”

“အဲ့တာတော့ မကြားဖူးဘူး”

ကားလ် ခေါင်းယမ်းပြသည်။  

သို့သော် လူးကပ်စ်မှ ဆက်၍

“သူတို့ရဲ့ အတိတ်ကို သင်ခန်းစာယူပုံက ကြောက်စရာ ကောင်းတယ်။ အဲ့တော့ အရင်လောက် အောင်မြင်မှုအတိုင်း ရမယ်လို့ တွက်ထားလို့ မရဘူး။ နောက်ပြီး သူတို့ကုမ္ပဏီကို ဖျက်ဆီးဖို့ အများကြီး ကုန်ကျလိမ့်မယ်”

သူ့စကားမှာ မှန်နေကြောင်း ကားလ် နားလည်ပါသည်။ 

သူ ကုမ္ပဏီကို ဖျက်ဆီးနိုင်လျှင်ပင် လင်းချွမ်၏

နောက်ခံကောင်းပါက သူ ဘာမှ ဆက်လုပ်နိုင်မည် မဟုတ်ပါ။ 

အသေလုပ်ကြံခြင်းမှ လွဲလျှင်ပေါ့။ 

AW မှ ရရှိထားသော အချက်အလက်များအရ လင်းချွမ်သည် ‘ကျွမ်းကျင်လှသော လုပ်ကြံသူ’ ဟူသော စာအုပ်ကိုလည်း ရေးဖူး၍ ထိုအခြေအနေနှင့် ရင်းနှီးပြီး ဖြစ်ပါသည်။ 

လုပ်ကြံရာ၌ပင် အောင်မြင်မည်ဟု အာမခံချက် မရှိချေ။ 

ထိုအစား သူတို့မှန်း ပေါ်သွားလျှင် အမှုပိုကြီးနိုင်၏။ 

ထို့ကြောင့် ပထမဆုံး အခြေအနေကို အလွန် သတိထားရမည်။ 

ယုချင်း လက်ထဲမှ ဖိုင်အချို့ကို ကားလ်ထံ လှမ်းပေးရင်း

“ကားလ် ဒါ ကျွန်မတို့ အစီအစဉ်ပဲ။ ရှင်လည်း စဉ်းစားကြည့်ပေါ့”

ကားလ် ရယ်မောလျက်

“သေချာ ပြင်ဆင်ထားတာကိုး”

“ဒါပေါ့”

ယုချင်း ခပ်အေးအေးဖြင့်

“လင်းချွမ်နဲ့ ရင်ဆိုင်ဖို့ နည်းနည်းမှ ဟာကွက်ရှိလို့ မဖြစ်ဘူးလေ”

All Chapters