လင်းချွမ်၏ ဆုံးဖြတ်ချက်
Vol. 26 Ch. 377
ရှချင်းချင်း အတင်းပြုံး၍
“ချန်းချန်း အခု ရင်ထဲအေးလာသလို မခံစားရဘူးလား”
“ချင်းချင်း”
ရဲမေ (၂) ဦးမှာ ဘေးချင်းကပ် ထိုင်နေ၍ ရှန်ချန်းချန်းမှ ရှချင်းချင်းခါးလေးကို လှမ်းတို့ရင်း ပြောလိုက်၏။
ရှချင်းချင်း ရယ်မောရင်း ရှောင်လိုက်လေသည်။
လင်းချွမ် သူတို့ကိုကြည့်ရင်း နှာခေါင်းလေးပွတ်၍ နေရခက်စွာဖြင့်
“ကျွန်တော် ရေထဲအရမ်းများပြီး ညစာ မစားနိုင်မှာစိုးလို့ပါ”
“ဘယ်သူက ရေသယ်ခိုင်းနေလို့လဲ”
ရှန်ချန်းချန်း စနောက်သလို ပြန်ပြောလေသည်။
ရှချင်းချင်း လိမ္မော်ရည်တစ်ငုံသောက်၍
“လင်းချွမ် ကျွန်မတော့ လိမ္မော်ရည် သောက်နေတာပဲ။ ရေမဟုတ်ပါဘူး”
လင်းချွန် ပြိုင်မပြောနိုင်တော့ဘဲ သက်ပြင်းချ၍ ပုစွန်များသာ ထိုင်စားနေသည်။
ထိုအခါမှ ရှန်ချန်းချန်းနှင့် ရှချင်းချင်းတို့လည်း စစားလေ၏။
“ခုနက ဘာလို့ အဲ့လောက် ကြာနေတာလဲ”
ရှချင်းချင်းမှ မေးလိုက်သည်။
လင်းချွမ် တူများချ၍
“ကုမ္ပဏီကတစ်ယောက်နဲ့ တွေ့နေလို့ပါ။ နောက်ထပ် ဝန်ထမ်းအသစ်ခေါ်ဖို့ကိစ္စ ပြောနေတာလေ။ ပုံစံ ကြည့်ရုံနဲ့တော့ အရည်အချင်းရှိမယ်လို့ ထင်ရပါတယ်”
ကားလ်ဆံပင်များမှာ ခပ်ကျဲကျဲဖြစ်နေပြီး နည်းပညာ ကျွမ်းကျင်သူဖြစ်ကြောင်း သိသာ၏။
ရှချင်းချင်း ရယ်မော၍
“ရှင့်ကုမ္ပဏီက တကယ် တိုးတက်လာတာပဲ။ ဝန်ထမ်းတွေတောင် များလာပြီ”
“ဟုတ်ပါ့”
လင်းချွမ် ပြုံး၍
“အခုတစ်ခေါက်ကတော့ နိုင်ငံခြားသားကို ခေါ်မှာလေ”
“ကုမ္ပဏီရဲ့စီးပွါးရေး ကျယ်ပြန့်လာတာလည်း တော်တော် မြန်တယ်”
ရှချင်းချင်း ပြုံး၍ စိတ်ဝင်တစား ပြောလေသည်။
“ကျွန်မ ဆိုက်ဘာရဲအလုပ်က နားရင် ရှင့်ကုမ္ပဏီမှာ လာလုပ်ဦးမှပဲ။ လခများများနဲ့ ခန့်မယ်မလား”
“ချင်းချင်းရဲ့ အရည်အချင်းနဲ့ဆို နည်းပညာ ဒါရိုက်တာအနေနဲ့လောက်မှ ဖြစ်မှာပေါ့”
လင်းချွမ် ရယ်မော၍ ပြောလိုက်သည်။
“ကျွန်မကရော”
ရှန်ချန်းချန်းမှ ဝင်မေး၏။
လင်းချွမ် ခဏစဉ်းစား၍
“ချန်းချန်းကတော့ ကုမ္ပဏီရဲ့ လုံခြုံရေးစနစ်အတွက်ဆိုတော့…”
“လုံခြုံရေးအဖွဲ့ ခေါင်းဆောင်”
ရှချင်းချင်း ပြုံး၍ ဝင်ပြောလေသည်။
လင်းချွမ်မှ အမြန် ပြန်ရှင်း၏။
“အဲ့တာ ကျွန်တော်ပြောတာ မဟုတ်ဘူးနော်”
“ချင်းချင်း ဒီည အိပ်ရာပေါ်မှာ မအိပ်ချင်ဘူး ထင်တယ်”
ရှန်ချန်းချန်း မကျေမနပ် ပြောလေသည်။
“အိပ်မှာပေါ့။ ဆိုဖာပေါ်မှာ အိပ်လို့မကောင်းဘူး”
ရှချင်းချင်း အမြန်ပြန်ဖြေ၏။
“မင်းတို့ အခု အတူတူ နေနေကြတာလား”
လင်းချွမ် အံ့ဩစွာ မေးလိုက်သည်။
ရှန်ချန်းချန်း ခဏငြိမ်နေပြီးမှ
“ချင်းချင်း ကျွန်မအိမ်မှာ ပြောင်းနေပြီလေ။ အလုပ်အတွက်လည်း ပိုအဆင်ပြေတယ်”
“အလုပ်လား”
လင်းချွမ် မျက်မှောင်ကြုတ်၍ မေးလိုက်၏။
ရှချင်းချင်းသည် ချင်းရှုနယ်၌ပင် မိဘများနှင့် နေသည်ဟု သိထားသောကြောင့် ရုတ်တရက် ပြောင်းရွှေ့မှုကို မထင်ထားပေ။
“တခြား ရှိသေးရင်ရော”
ရှချင်းချင်းမှ စပြော၏။
“ချင်းချင်းလည်း တံခါးခေါက်သံ ကြားရလို့လား”
လင်းချွမ် ရုတ်တရက် သတိရကာ ထမေးလိုက်သည်။
ရှချင်းချင်း ချက်ချင်း မဖြေဘဲ လက်ထဲမှ တူကိုချ၍ ငြိမ်နေသည်။
ထိုအခါ လင်းချွမ်လည်း မှင်တက်သွားလေ၏။
နှစ်ဦးလုံး ရဲဝန်ထမ်းများ ဖြစ်နေ၍ တော်ပါသေးသည်။
“မိဘတွေကလည်း ဟိုတစ်လောကမှ နယ်ပြန်သွားတာလေ။ ကျွန်မတစ်ယောက်တည်း ဖြစ်နေတော့ ချန်းချန်းဆီ ပြောင်းလာလိုက်တယ်။ အလုပ်သွားလည်း ကားနဲ့ အတူတူ သွားရတာ ကောင်းတယ်လေ”
ရှချင်းချင်း အကြောင်းပြချက်ရှာ၍ ရှင်းပြလိုက်သည်။
သူ့ပုံစံမှာ အမြဲ တက်ကြွလန်းဆန်းနေတတ်သော်လည်း စိတ်ထဲတွင် ခံစားနေရသည်အား ထုတ်မပြဘဲ ကျိတ်နေတတ်၏။
ကျန်းရှင်းရှင်း၊ ရှန်ချန်းချန်းတို့နှင့် မတူပေ။
တံခါးခေါက်သည့်ကိစ္စလောက်နှင့် လင်းချွမ်အား စိတ်မပူစေချင်၍ ထည့်မပြောခြင်း ဖြစ်လေသည်။
“မစိုးရိမ်ပါနဲ့။ ကျွန်မက ကိုယ်ခံပညာ တတ်တယ်လေ။ သူခိုးစုတ် လာရဲလာကြည့်။ ကျွန်မအတွက်တောင် နောက်ထပ် အောင်မြင်မှု ဖြစ်သွားဦးမယ်”
ရှန်ချန်းချန်း ရယ်မော၍ ပြောလိုက်သည်။
“ဟုတ်တယ်။ ချန်းချန်းက အရမ်းတော်တာ။ အိမ်မှာဆို ဆုတံဆိပ်တွေ အများကြီးပဲ”
ရှချင်းချင်းမှလည်း ပြုံး၍ ထောက်ခံလေ၏။
သို့သော် လင်းချွမ်မှာ မပြုံးနိုင်တော့ပေ။
ထို့နောက် လိမ္မော်ရည်တစ်ငုံ သောက်ကာ စိုးရိမ်သလို ကြည့်၍
“နှစ်ယောက်လုံး အောင်မြင်မှု လိုချင်လား”
“ဘာကိုလဲ”
ရှန်ချန်းချန်း မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
“ဒီကိစ္စရဲ့ နောက်ကွယ်က ခေါင်းဆောင်ကို ဖော်ထုတ်ရမယ်”
လင်းချွမ် ဆုံးဖြတ်ချက်ချ၍ ပြောလိုက်သည်။
တစ်ဖက်မှ ပြင်ဆင်တိုက်ခိုက်လာ၍ သူလည်း ငြိမ်မနေနိုင်တော့ပေ။
“မော်ဂန်အုပ်စုကို ဖော်ထုတ်ဖို့က နည်းနည်း မခက်ဘူးလား”
ရှန်ချန်းချန်းသည် ယုခီခီအမှု၌ ပါဝင်ခဲ့ဖူးပြီး မော်ဂန်အုပ်စုအကြောင်း ကောင်းကောင်း သိနေပါသည်။
“ယုခီခီကိုတောင် ဖမ်းနိုင်သေးတာပဲ။ တခြားသူတွေလည်း ရတာပေါ့”
လင်းချွမ် လေးနက်စွာ ပြောလေသည်။
“ယုခီခီနဲ့ ပတ်သက်ပြီး…”
ရှန်ချန်းချန်း တစ်ခုခု သတိရသွား၏။
“သူက ဘာလို့လဲ”
လင်းချွမ် ပြန်မေးမိသည်။
“သူ့ကို အခုထိ မစီရင်ရသေးဘူး”
သူ့စကားကြားသောအခါ လင်းချွမ်နှင့် ရှချင်းချင်းတို့ မှင်တက်သွားကြ၏။
ရှချင်းချင်းမှ
“သူ့ကို သေဒဏ်ချထားတာ မဟုတ်ဘူးလား”
ရှန်ချန်းချန်း မျက်နှာပျက်၍ ပြန်ရှင်းပြလေသည်။
“အခုက သေဒဏ်ကို အယူခံဝင်နေတာ”
“ဘယ်လို”
လင်းချွမ် မျက်မှောင်ကြုတ်နေမိသည်။
“ဘာလို့ ပြောင်းသွားတာလဲ”
ရှချင်းချင်း အမှုအကြောင်း သေချာမသိ၍ ထပ်မေးလိုက်၏။
ပုံမှန်အားဖြင့် (၇) ရက်အတွင်း စီရင်ပြီးပါသည်။
သို့သော် အယူခံဝင်လိုက်သောအခါ (၂) နှစ် စောင့်ကြည့်ပြီး ထိုအချိန်အတွင်း ပြောင်းလဲနိုင်ပါက ပြစ်မှုလျှော့ပေးပါသည်။
ရှန်ချန်းချန်းမှ ဆက်၍
“ကျွန်မ သိသလောက်တော့ သူ နည်းပညာတစ်ခုခု တီထွင်လိုက်လို့ လွတ်သွားတယ် ကြားတာပဲ”
“ဉာဏ်ကောင်းသားပဲ”
လင်းချွမ် ခေါင်းယမ်းလိုက်သည်။
ပိုက်ဆံနဲ့ အသက်ကို ဝယ်လို့ရတာပဲ။
“အဲ့တော့ ယုခီခီ ဒီပုံအတိုင်းဆို ပိုပြီး ပြစ်မှု လျော့နိုင်သေးတာပေါ့”
ရှချင်းချင်းမှ သုံးသပ်မိသည်။
“အဲ့လိုမျိုးပေါ့”
လင်းချွမ် မျက်မှောင်ကြုတ်ကာ သေချာ စဉ်းစားနေသည်။
သူ အစက မော်ဂန်အုပ်စုကို ယှဉ်နိုင်မည်ဟု ထင်ထားသော်လည်း ယခုလို တွေ့သောအခါ ရန်သူ၏ အင်အားကို မျက်မြင် သိလိုက်ရသည်။
တစ်ချိန်တည်းတွင် ဒုစရိုက်အဖွဲ့ကြီးကို အမြစ်ဖြတ် ချေမှုန်းချင်မိ၏။
လင်းချွမ် သူ့ခွက်ထဲမှ လိမ္မော်ရည်ကို တစ်ခွက်လုံး ကုန်အောင်မော့ပြီးနောက်
“ဘာမှ မစိုးရိမ်နဲ့။ မော်ဂန်အုပ်စုကို ကျွန်တော့်လက်ထဲသာ အပ်လိုက်”