နည်းပညာ ခိုးယူခြင်း
Vol. 26 Ch. 379
ယုချင်းလည်း ပြုံးနေမိသည်။
ထို့နောက် စကားလမ်းကြောင်း ပြောင်း၍
“မင်း တာဝန်ယူထားတဲ့ ဟားစ်စစ်တပ်ရဲ့ အချက်အလက်တွေရော ရပြီလား”
“ဒါပေါ့”
လူးကပ်စ် မျက်ခုံးပင့်လျက်
“ဒီကိစ္စလောက်ကတော့ အေးဆေးပါ”
“အဲ့တော့ ဘာတဲ့လဲ”
ယုချင်း ထပ်မေးလိုက်၏။
“အဲ့ဒီ ဟားစ်စစ်တပ်က လီယိုက ဟန်မြစ်အပိုင်းဘက်ကနေ ပြန်ရောက်တာနဲ့ တကယ်ပဲ လက်နက်တွေ အများကြီး မှာခဲ့တယ်တဲ့။ အဲ့ထဲမှာ အဝေးထိန်း ဒုံးကျည်လောင်ချာလည်း ပါတယ်”
လူးကပ်စ် ခေါင်းတငြိမ့်ငြိမ့်ဖြင့် ရှင်းပြသည်။
“ထင်တဲ့အတိုင်းပဲ”
ယုချင်း မျက်နှာပျက်ကာ
“သူတို့မှာတဲ့ လက်နက်အတိအကျ သိလား”
“ဟုတ်ကဲ့။ ကျွန်တော့်ဟက်ကာတွေ အခုပဲ ပို့ထားပါတယ်။ ကျွန်တော် အခု ပြန်ပို့ပေးလိုက်မယ်နော်”
လူးကပ်စ် ဂုဏ်ယူစွာ ပြောလိုက်၏။
“ကောင်းပြီ”
ယုချင်း ခေါင်းငြိမ့်ပြကာ ချိတ်ထိုင်ထားသော ခြေထောက်အား ချ၍ ကွန်ပျူတာအနီး တိုးလိုက်သည်။
ထိုအခါ ဟားစ်စစ်တပ် မှာယူထားသော လက်နက် စာရင်းများကို တွေ့ရလေ၏။
[မော်ဒယ် ၁၉၁ ရိုင်ဖယ်]
[အမျိုးအစား (၁၅) ကျည်]
[ZBL-08 တိုက်ခိုက်ရေးယာဉ်]
[KJ-2000 သတိပေးလေယာဉ်]
[J-16D လျှပ်စစ်လေယာဉ်]
[PHL-191 အဝေးထိန်း ဒုံးကျည်လောင်ချာ]
[…]
လက်နက်များမှာ အမျိုးအစားသာပါပြီး အရေအတွက် မပါပေ။
ယုချင်းမှာတော့ ကြည့်ရင်း ကြည့်ရင်းနှင့် မျက်မှောင်ကြုတ်လာမိ၏။
လူးကပ်စ်သည် ယုချင်းနှင့် မလှမ်းမကမ်း၌ ထိုင်နေပြီး သူ့အမူအရာကို တွေ့သောအခါ တစ်ခုခု ထူးခြားနေသည်အား သတိထားမိပြီး
“ဘာလို့လဲ။ ပြဿနာ ရှိလို့လား”
ယုချင်း ပြန်မဖြေဘဲ ကွန်ပျူတာထဲမှ မြေအောက်လောကဟူသော ဝက်ဘ်ဆိုဒ်ထဲ ဝင်ကြည့်နေသည်။
ထို့နောက် ဟက်ကာလောက၊ ရေခဲနက်၊ လက်နက်ဝိဇ္ဇာ ဟူ၍ ပေါ်လာသည်။
ချက်ချင်းပင် လက်နက်ဝိဇ္ဇာ ဝတ္ထုအောက်တွင် လက်နက် နည်းညာနှင့် ပတ်သက်၍ ဆွေးနွေးထားသည့် အကြောင်းများစွာ တွေ့ရ၏။
သူ ထိုဝက်ဘ်ဆိုဒ်ထဲ မကြာခဏ ရောက်ဖူးပါသည်။
ရင်းနှီးနေသလိုပဲ။
“လူးကပ်စ် ဒီကို ခဏလောက်”
ယုချင်း လှမ်းခေါ်လိုက်၏။
လူးကပ်စ် နားမလည်နိုင်စွာဖြင့် အနား ရောက်လာပြီး ယုချင်းကွန်ပျူတာအား ငုံ့ကြည့်၍
“ဘာလို့လဲ”
ယုချင်းမှ မျက်နှာပြင်ကို ထောက်ပြလိုက်ပြီး လက်နက်ဝိဇ္ဇာနှင့် ပတ်သက်သည့် အကြောင်းအရာများကို တွေ့ရသည်။
“မော်ဒယ် ၁၉၁ ရိုင်ဖယ်၊ အမျိုးအစား (၁၅) ကျည်၊ ZBL-08 တိုက်ခိုက်ရေးယာဉ်…”
လူးကပ်စ် ခပ်တိုးတိုး ရေရွတ်ရင်း ရုတ်တရက် သတိရသွားကာ
“ဒါ ဟားစ်စစ်တပ်က မှာတဲ့ လက်နက်တွေမလားရ
ယုချင်းလည်း မျက်မှောင်ကြုတ်ကာ
“ဒါတွေက လင်းချွမ်ရဲ့ လက်နက်ဝိဇ္ဇာဝတ္ထုထဲ ပါတဲ့ လက်နက်တွေပဲ”
“သူ့စာအုပ်ထဲက လက်နက်တွေအတိုင်း ဟားစ် စစ်တပ်ကို ရောင်းလိုက်တာလား”
လူးကပ်စ်မှ သုံးသပ်မိသည်။
“မဟုတ်ဘူး”
ယုချင်း ခေါင်းယမ်းပြ၍ ငြင်းလေ၏။
“ဒီလက်နက်တွေ အားလုံးနီးပါးက တွေ့တောင် မတွေ့ဖူးဘူး။ သူ့မှာ ဘယ်လိုလုပ် ဒီလို ထူးဆန်းတဲ့ လက်နက်နည်းပညာနဲ့ ပုံကြမ်းတွေ ရှိနေရတာလဲ”
“ဟုတ်တယ်နော်”
လူးကပ်စ် ခေါင်းငြိမ့်၍ ထောက်ခံမိသည်။
သို့သော် ခဏအကြာတွင် နားမလည်နိုင်သော အချက် ထပ်ပေါ်လာသည်။
“ဒါဆို ဟားစ်စစ်တပ်ရဲ့ အမှာစာက ဘာလို့ ဒီဝတ္ထုထဲကအတိုင်း တူနေတာလဲ”
ယုချင်း ခဏစဉ်းစား၍ ပြုံးကာ
“မင်းက လက်နက်လောကအကြောင်း သေချာ နားမလည်လို့ပါ။ လက်နက် ရောင်းဝယ်သူတွေက ကုဒ်နာမည်တွေပဲ အသုံးများတယ်”
“အဲ့တာကို သိပ်နားမလည်ဘူး”
လူးကပ်စ် အမှန်အတိုင်း ပြောလိုက်၏။
“ဥပမာဆိုရင် ဖောက်သည်က SIG Sauer P365-AXG ပစ်စတို လိုချင်တယ်ဆိုပေမဲ့ သေနတ်အပိုင်က Sig Sauer ကလေ။ ငါ ထုတ်လုပ်ပြီး ရောင်းရင် ကူးချတာ ဖြစ်သွားပြီ။ အဲ့တော့ တခြားနာမည် သုံးရတယ်။ စစ်ရေး လျှို့ဝှက်ချက်ထဲမှာ ဒါလည်း ပါတယ်လေ။ တချို့လူတွေက ဒါကိုသုံးပြီး သူတို့ရဲ့ စစ်အင်အားကို ကြည့်ကြတာ”
ယုချင်းမှ စိတ်ရှည်ရှည် ရှင်းပြလိုက်၏။
“နားလည်ပြီ”
လူးကပ်စ် ချက်ချင်း သဘောပေါက်သွား၏။
“အဲ့တော့ ပြောချင်တာက ဒီလက်နက်တွေက လင်းချွမ် ခိုးကူးမှုကနေ ရှောင်နိုင်အောင် သုံးတဲ့ အသုံးအနှုန်းတွေပေါ့”
“အမှန်ပဲ”
ယုချင်း ခေါင်းငြိမ့်ပြ၍ ကွန်ပျူတာမျက်နှာပြင်အား အောက်သို့ ဆက်ဆွဲသွားရင်း PHL-191 အဝေးထိန်း ဒုံးကျည်လောင်ချာကို တွေ့ရသည်။
“ဒီလက်နက်ကို ကြည့်လိုက်”
လူးကပ်စ်မှ သူပြသည့်အတိုင်း လိုက်ကြည့်မိသည်။
ထိုနေရာတွင် လက်နက်အကြောင်း အသေးစိတ်ကို တွေ့ရပါသည်။
[အမည်: PHL-191 အဝေးထိန်း ဒုံးကျည်လောင်ချာ]
[အမျိုးအစား: အဝေးထိန်း ဒုံးကျည်လောင်ချာ]
[ဒီဇိုင်းပုံစံ: ထိုဒုံးကျည်လောင်ချာကို ရှင်းလင်းသော အနေအထားဖြင့် တပ်ဆင်ထားပြီး ဒုံးကျည် အမျိုးအစား အမျိုးမျိုး ပြောင်းလဲ တပ်ဆင်နိုင်ပါသည်…]
[လမ်းညွှန်မှု: အဆင့်မြင့် လမ်းညွှန်မှုပုံစံ ပါရှိပြီး အရှိန်၊ ဂြိုဟ်တုနှင့် လေဖိအားတို့ကို ကြည့်ရှုပေးကာ ကီလိုမီတာ ရာချီအထိ သက်ရောက်နိုင်ပါသည်…]
[အကွာအဝေး: ဒုံးကျည်ပစ္စည်း အမျိုးမျိုး ပြောင်းလဲရင်း အကွာအဝေး ပြောင်းလဲနိုင်၏]
[…]
လူးကပ်စ် စိတ်ရှည်လက်ရှည် ဖတ်ပြီးနောက်
“ဒီဒုံးကျည်လောင်ချာရဲ့ ထူးခြားချက်ကရော”
ယုချင်း မျက်မှောင်ကြုတ်လျက်
“ဆာနီယာက အဝေးထိန်း ဒုံးကျည်လောင်ချာနဲ့ တော်တော်လေး ဆင်တူတယ်”
“ဘယ်နားတွေလဲ”
“အသေးစိတ်တော့ မပြောတတ်ပေမဲ့ တပ်ဆင်ပုံတွေ၊ လမ်းညွှန်မှုတွေ အကြမ်းဖျင်းတော့ တော်တော် တူတယ်”
ယုချင်းမှ ဂရုတစိုက် စဉ်းစားကာ ပြောလိုက်၏။
လူးကပ်စ် သူ့စကားကို သဘောပေါက်သွားလေသည်။
လင်းချွမ်သည် ဆာနီယာကုမ္ပဏီမှ နည်းပညာကို ခိုးယူ၍ လက်နက်ကိုယ်တိုင်ထုတ်ကာ ဟားစ် စစ်တပ်ကို ရောင်းခဲ့သည်ဟု ထင်ထား၏။
သို့သော် ယခုမှ ထိုသို့မဟုတ်သလို ထင်လာ၏။
လူးကပ်စ် ကွန်ပျူတာကို လက်ညှိုးထိုး၍
“ဝတ္ထုထဲမှာ အဝေးထိန်းဒုံးကျည်လောင်ချာကို (၇၅၀) မီလီမီတာ ပစ္စည်းသုံးရင် ကီလိုမီတာ (၆၀၀) အထိ သက်ရောက်တယ်လို့ ပြောတယ်နော်”
ယုချင်း ခေါင်းယမ်းလျက်
“အဲ့လောက်က ငါတို့ လုပ်နိုင်တာထက်တောင် ပိုနေသေးတယ်”
ယုချင်း စိတ်မရှည်တော့ဘဲ ဆာနီယာကုမ္ပဏီမှ စတိဗ်ကို ချက်ချင်း လှမ်းမေးလိုက်သည်။
စတိဗ်မှ မဖြစ်နိုင်ကြောင်း ချက်ချင်း ပြန်ပြောလေ၏။
“ဒီလို အကွာအဝေးက အရူးဆီကပဲ ရလိမ့်မယ်။ နောက် (၅) နှစ်လောက်အထိ ဒီနည်းပညာ ပေါ်ဦးမှာ မဟုတ်ဘူး”
သူ၏ ခိုင်မာသောအဖြေကြောင့် ယုချင်း ယုံကြည်မိ၏။
ထို့နောက် ချက်ချင်း လှည့်ပြောလိုက်လေသည်။
“အဲ့တာ အတုကြီးတဲ့”
လူးကပ်စ် ခဏငြိမ်သွားပြီးမှ လက်ညှိုး ထပ်ထိုးကာ
“ဒီ (၃၇၀) ကီလိမီတာကရော”
ယုချင်း အရမ်းတွေးမနေဘဲ ချက်ချင်း ပြန်ဖြေသည်။
“အပိုတွေပဲပေါ့”
“နားလည်ပါပြီ။ လင်းချွမ်က ဆာနီယာကုမ္ပဏီရဲ့ နည်းပညာကို ခိုးပြီး အကွာအဝေးများတယ် ဆိုတဲ့အချက်နဲ့ လိုက်ရောင်းနေတာပဲ”
ယုချင်း ပြုံးရွှင်လျက်
“တရားစွဲဖို့ ပြင်ထားလိုက်တော့”