ကျွန်တော့်ကို မထိရဲပါဘူး
Vol. 26 Ch. 385
လင်းချွမ် မျက်မှောင်ကြုတ်သွား၏။
“အဲ့တာ ဘယ်က သိလာတာလဲ”
ကျုံချန်း အဆောက်အဦ၊ (၁၇) ထပ်။
ရှချင်းချင်းပြောရင်း မျက်နှာကျက်ကို လက်ညှိုးထိုးပြလေသည်။
“ဘယ်လို ထင်လို့လဲ”
လင်းချွမ် ခဏငြိမ်သွားပြီး
“ပိုင်ရှန်အုပ်စုက ခေါင်းဆောင်ပေါင်ကို သတ်တဲ့သူကို သိနေတာလား”
ရှချင်းချင်း ခေါင်းငြိမ့်ပြလိုက်ပြီး
“အတိအကျပြောရရင် လုံးဝကြီး သိတာတော့ မဟုတ်ဘူး။ ဘယ်လုပ်ကြံသူအဖွဲ့ကလဲပဲ သိတာ။ ဒါပေမဲ့ ဘယ်သူ ဘယ်ဝါရယ်လို့ မသိရသေးဘူး”
လင်းချွမ် ချက်ချင်း သဘောပေါက်သွားကာ
“အထက်ပိုင်းက တော်တော် လုပ်ပိုင်ခွင့် ရှိတာပဲ”
“အမြဲတမ်း နောက်ကျမှ သိနေတာတော့ မဖြစ်သင့်ဘူးလေ”
ရှချင်းချင်းလည်း နည်းပညာလောကတွင် ကျင်လည်နေသောကြောင့် လုပ်ငန်းသဘောတရားကို အတော်လေး နားလည်ပါသည်။
“ကျေးဇူးတင်တယ်လို့ ပြောလိုက်ပါဦး”
လင်းချွမ်လည်း ပြောရင်း အပေါ်ကို လက်ညှိုးထိုးပြလေ၏။
သို့သော် ရှချင်းချင်းမှာ ပြုံးလျက်
“ကျွန်မကို အရမ်း အထင်ကြီးနေတာပဲ။ ဒီအတိုင်း သတင်းပြောပြရုံပါ။ ကျေးဇူးတင်စရာ မလိုပါဘူး”
လင်းချွမ် ရယ်မောလျက်
“ကြည့်ရတာ ချင်းချင်းက အဲ့လောက် အဆင့်မမြင့်သေးတဲ့ပုံပဲ”
“နောက် (၂) နှစ်လောက် အချိန်ပေးတာနဲ့ အခွင့်အရေး ရပါပြီနော်”
ရှချင်းချင်း မကျေမနပ် ပြောလေသည်။
“(၂) နှစ်လား။ အဲ့အချိန် ကျွန်တော်က ရှိပါဦးမလား မသိဘူး”
လင်းချွမ် ရယ်မောနေ၏။
ရှချင်းချင်းမှ
“ဘာတွေ လျှောက်ပြောနေတာလဲ။ မဟုတ်တာတွေ”
“အထက်ကလူတွေကတောင် သတိပေးနေပြီပဲ။ ဘာတတ်နိုင်မှာလဲ”
“ရှင်ကရော မစိုးရိမ်ဘူးလား”
ရှချင်းချင်း ပြန်မေး၏။
လင်းချွမ် အားရပါးရ ရယ်မောကာ
“ဘာစိုးရိမ်စရာ ရှိလို့လဲ။ သူတို့ ရောက်လာလည်း မင်းအောင်မြင်မှု ဖြစ်လာမှာလေ။ (၂) နှစ်က ကြာလွန်းပါတယ်။ မြန်မြန် ကြိုးစားရမှာပေါ့”
ရှချင်းချင်း နှုတ်ခမ်းလေးစူလျက်
“ရှင့်အောင်မြင်မှုတွေကို မလိုချင်ပါဘူး။ ရှင် ဘေးကင်းလုံခြုံဖို့ အရေးကြီးပါတယ်”
ဆောင်းဦးလေပြည်မှာ အေးစိမ့်စိမ့် တိုက်ခတ်နေ၏။
မနက်ခင်း နေရောင်ခြည်သည်လည်း ပြတင်းပေါက်မှ တစ်ဆင့် စားပွဲပေါ်သို့ တိုက်ရိုက် ကျရောက်နေလေသည်။
ရှချင်းချင်းမျက်နှာလေးသည် နေရောင်ခြည်အောက်တွင် ပွင့်သော နေကြာပန်းကဲ့သို့ လင်းလက် လန်းဆန်းနေ၏။
“မစိုးရိမ်ပါနဲ့။ သူတို့ ကျွန်တော့်ကို ဒုက္ခရောက်သွားမှာပေါ့ဗျ”
လင်းချွမ် နွေးထွေးစွာ ပြော၏။
ရှချင်းချင်း ထိုသို့ သတင်းလာပေးသည်မှာ အကြီးအကဲကျုံ၏ တောင်းဆိုချက်ကြောင့် ဖြစ်နိုင်သည်။
သူ ကျားဖြန့်အမှု၌ ပတ်သက်စဉ်ကလည်း အစစအရာရာ အဆင်ပြေအောင် ကူညီပံ့ပိုးခဲ့လေ၏။
လင်းချွမ် စိတ်ထဲတွင် တစ်ယောက်တည်း တွေးနေမိသည်။
ယခုအခါ ပိုင်ရှန်အုပ်စုသည် ကျားဖြန့်စက်ရုံ နောက်ကွယ်၌ ရှိနေကြောင်း သတင်းရသည်နှင့် ချက်ချင်း အကြောင်းကြားပေးလာသောကြောင့် သူ့စိတ်ထဲ ကြည်နူးရပါသည်။
သို့သော် လင်းချွမ်တစ်ယောက် အမျိုးသား လက်နက် လေ့လာရှာဖွေရေးဌာနနှင့် ပူးပေါင်း၍ စွန်းချန်းနှင့် ဆက်သွယ်နေကြောင်းကိုတော့ အကြီးအကဲကျုံ မသိသေးပေ။
ပိုင်ရှန်အုပ်စုမှာ မည်သို့ပင်ဖြစ်စေ လင်းချွမ်အပေါ် သိသိသာသာ မထိခိုက်ရဲသေးပေ။ သက်သေမကျန်ဘဲ တိုက်ခိုက်ရန် အစီအစဉ် သေချာ ချရဦးမည်။
မဟုတ်လျှင် နောက်ဆက်တွဲကိစ္စများမှာ ကြောက်စရာ ကောင်း၏။
ထို့ကြောင့်လည်း လင်းချွမ် လက်နက် ထုတ်လုပ်ရေးဘက်ကို အာရုံစိုက်ထား၏။ အနည်းဆုံးတော့ တစ်ဖက်အဖွဲ့မှာ သူတို့ကို တိုက်ခိုက်မည်ဆိုလျှင် ပြန်စဉ်းစားရပေမည်။
လင်းချွမ်ကဲ့သို့ ပြစ်မှုအတွေ့အကြုံများစွာ ရှိထားသူမှာ ပိုင်ရှန်အုပ်စု၊ မော်ဂန်အုပ်စုနှင့် AW ဟက်ကာအဖွဲ့တို့နှင့် တွေ့သောအခါ အတော်လေး ခံနိုင်ရည်ရှိ၏။
ထိုအချိန်အတွင်း လင်းချွမ်၏ ကီလိုမီတာ (၆၀၀) အဝေးထိန်း ဒုံးကျည်လောင်ချာလည်း အောင်မြင်ပြီးသွားပြီ ဖြစ်သည်။
ထို့ကြောင့် လင်းချွမ်အား တိုက်ခိုက်ရန် တွေးနေသူများလည်း ပြန်တွေးနေရ၏။
လင်းချွမ်၏ ယုံကြည်ချက်မှာအပြည့် ဖြစ်လာသည်။
“ဒါနဲ့ ကျွန်တော်တို့ နောက်ဆုံးတစ်ခေါက် မူးယစ်ဆေး အဖွဲ့က ခေါင်းဆောင်ဟီစုန်းနဲ့ အဆက်အသွယ်လုပ်ဖို့ အဆင်ပြေလား”
လင်းချွမ် ရှချင်းချင်းအား ရုတ်တရက် ထမေး၏။
သူ အရင်တစ်ခါ သန့်စင်သော မူးယစ်ဆေး ထုတ်လုပ်စဉ်က ဟီစုန်းမှာ သက်သေတစ်ယောက် ဖြစ်ပါသည်။
ရုံးခန်းထဲတွင်။
ရှချင်းချင်း စားပွဲပေါ်မှ ဖိုင်များကို စီစဉ် ရှင်းလင်းရင်း
“ခေါင်းဆောင်ဟီကို ပြောစရာ ရှိလို့လား”
“အင်း မေးစရာလေး ရှိလို့ပါ”
လင်းချွမ် ပြုံး၍ ပြောလိုက်၏။
“သူ့ဖုန်းနံပါတ် ပို့ပေးလိုက်မယ်လေ”
ရှချင်းချင်း ပြောပြောဆိုဆိုနှင့် ဖုန်းထုတ်၍ ရှာနေသည်။
“ကျေးဇူးပါဗျာ”
လင်းချွမ် ဖုန်းနံပါတ်ရသည်နှင့် ချက်ချင်း အပြင်ထွက်သွားကာ ဖုန်းခေါ်လေသည်။
တီ တီ တီ…
“ဟယ်လို အမိန့်ရှိပါခင်ဗျ”
ဟီစုန်းအသံ ထွက်ပေါ်လာ၏။
“ခေါင်းဆောင်ဟီ ကျွန်တော် လင်းချွမ်ပါ။ ကျွန်တော့်ကို မှတ်မိသေးရဲ့လား”
လင်းချွမ် ရယ်မောကာ မိတ်ဆက်လိုက်သည်။
“မှတ်မိတာပေါ့ဗျာ”
ဟီစုန်းအသံမှာ အလွန် စိတ်လှုပ်ရှားနေ၏။
“ဘယ်လိုလုပ် မေ့မှာတုန်းဗျာ။ အရင်တစ်ခါက လုံးဝ အချီကြီး လုပ်ပြထားတာလေ”
“နည်းနည်းလေးပါဗျာ။ ဘာမှ မဟုတ်ပါဘူး”
လင်းချွမ် ရယ်မော၍ ပြောလိုက်၏။
“နည်းနည်းတော့ မဟုတ်သေးပါဘူး။ ခင်ဗျား ဖော်စပ်ပေးတဲ့ ဆေးကြောင့် တော်တော်လေး အဆင်ပြေသွားတာ။ တစ်ခါလောက် ထပ်တွေ့ရအောင်လေ”
ဟီစုန်းမှ ဝမ်းသာစွာ ပြောလေသည်။
“ဒါဆို အခု တွေ့ကြမလားဗျ”
“အခုလား”
လင်းချွမ် ခေါင်းငြိမ့်လျက်
“ဟုတ်တယ်လေ။ ကျွန်တော်လည်း အကူအညီ တစ်ခုလောက် တောင်းစရာရှိလို့ဗျ”
ဟီစုန်းမှ ချက်ချင်းပင်
“အခု ဘယ်မှာလဲဗျ။ ကျွန်တော် လာခဲ့လိုက်မယ်လေ”
လင်းချွမ် ရုံးခန်းကို တစ်ချက် လှမ်းကြည့်မိ၏။
ရှန်ချန်းချန်းမှာ ရဲစခန်းတွင် အလုပ်ရှိနေသောကြောင့် ယနေ့ ရှချင်းချင်းသာ ရှိနေသည်။
“ကျွန်တော် ကျုံချန်းအဆောက်အဦမှာ စောင့်နေမယ်လေ”
“ကောင်းပါပြီဗျာ”
ဟီစုန်း ဖုန်းချလိုက်ပြီး မကြာမီ ပေါ့ပေါ့ပါးပါးပုံစံ ဝတ်ဆင်ထားသော ဟီစုန်းတစ်ယောက် ကျုံချန်းရှေ့ ရောက်လာ၏။
“ခေါင်းဆောင်ဟီ”
လင်းချွမ်မှာ အောက်တွင် ကြို၍ ဆင်းစောင့်နေသောကြောင့် သူ့ကို တွေ့သည်နှင့် ချက်ချင်း နှုတ်ဆက်လိုက်သည်။
“လင်းချွမ်ကတော့ ကြည့်ကောင်းနေတုန်းပဲဗျာ။ ကျွန်တော့်ကိုတောင် မှီတော့မယ်”
ဟီစုန်း ရယ်မော၍ စနောက်လိုက်လေ၏။