← Chapters

လူရွေးမှန်သွားတာပဲ

Vol. 27 Ch. 386

လူရွေးမှန်သွားတာပဲ

Vol. 27 Ch. 386

လင်းချွမ် ပြုံးလျက်

“ခေါင်းဆောင်ဟီလည်း တကယ် ဆွဲဆောင်မှု ရှိတာပါ။ ကဲအပေါ်ထပ်မှာ အေးဆေး စကားပြောကြတာပေါ့”

နှစ်ယောက်သား ရယ်ရယ်မောမောဖြင့် ရုံးခန်းဆီ တက်လာကြသည်။ 

ရှချင်းချင်းမှာ လက်ဖက်ရည် ပြင်ဆင်ပြီးနောက် လင်းချွမ်တို့ အေးအေးဆေးဆေး စကားပြောနိုင်ရန် ထွက်သွားပေးလိုက်သည်။ 

ထိုအခါ လင်းချွမ်နှင့် ဟီစုန်းသာ ရုံးခန်းထဲ ကျန်ခဲ့လေသည်။ 

“အစ်ကိုလင်းက အခု ဘယ်အဆင့်တွေတောင် ရောက်ကုန်ပြီလဲ”

ဟီစုန်းမှာ ရှချင်းချင်းကိုကြည့်၍ အံ့ဩစွာ မေးမိ၏။ 

ဆိုက်ဘာအဖွဲ့၏ ထက်မြက်သူတစ်ဦးမှာ လင်းချွမ်ကုမ္ပဏီတွင် အလုပ်ဝင်လုပ်နေလေသည်။ 

“ပြည့်သူ့ရဲ ပူးပေါင်းမှုပေါ့ဗျာ”

လင်းချွမ် ရယ်မော၍ လက်နက်ထုတ်လုပ်ရေး အကြောင်းကို အသေးစိတ်ပြောပြလိုက်သည်။ 

ဟီစုန်း မျက်မှောင်ကြုတ်လျက် လင်းချွမ်အား စိတ်ဝင်တစားကြည့်ကာ

“အစ်ကိုလင်းကို အရင်တစ်ခါက ခဏပဲ တွေ့လိုက်တာတောင် တော်တော် အထင်ကြီးမိသွားတာ။ အခုတော့ ပိုပြီး ထူးဆန်းနေတာပဲ”

လင်းချွမ် နေရခက်စွာ ရယ်မော၍

“အဲ့လိုကြီး ဆက်ပြီး ချီးကျူးနေမယ်ဆိုရင် ကျွန်တော် မြောက်တက်သွားတော့မယ်နော်”

ခေါင်းဆောင်ဟီလည်း ပြုံးနေမိသည်။ 

သူတို့၏ ဒုတိယအကြိမ် တွေ့ဆုံခြင်းမှာ အတော်လေး လိုက်ဖက်ညီနေ၏။ 

မကြာမီ အဓိကအကြောင်းအရာဆီ ရောက်သွားလေသည်။ 

လင်းချွမ် လက်ဖက်ရည် ငှဲ့ပေးရင်း 

“အမှန်အတိုင်း ပြောရရင် ကျွန်တော် ခေါင်းဆောင်ဟီနဲ့ ဆွေးနွေးစရာလေး ရှိလို့ပါ”

“ပြောပါဗျ”

ရဲအရာရှိတစ်ဦးဖြစ်သော ဟီစုန်းမှာ သူကိုယ်တိုင် ထိုနယ်ပယ်ထဲ ကျင်လည်နေသောကြောင့် မည်သည်က လျှို့ဝှက်ရမည်၊ မည်သည်က အရေးကြီးသည်ကို ကောင်းစွာ သိ၏။ 

ထို့ကြောင့် ချက်ချင်း သဘောမတူလိုက်ဘဲ အရင် နားထောင်ရပေမည်။ 

လင်းချွမ်မှ

“ကျွန်တော် အရှေ့တောင်အာရှရဲ့ မူးယစ်ဆေး ဈေးကွက်ကို နားလည်ချင်လို့”

ထိုစကားကြောင့် ဟီစုန်း မျက်မှောင်ကြုတ်သွားပြီး

“အစ်ကိုလင်း ဒီတောင်းဆိုမှုက နည်းနည်းတော့ အထိမခံနိုင်စရာနော်”

လင်းချွမ် လက်ဖက်ရည်တစ်ငုံသောက်၍ ခေါင်းငြိမ့်ပြကာ

“အတိအကျပြောရရင် မော်ဂန်အုပ်စုရဲ့ အရှေ့တောင်အာရှနဲ့ ကျွန်တော်တို့နိုင်ငံထဲက လုပ်ငန်းအကြောင်း သိချင်တာပါ”

မနေ့ညက အန်ဂျလီနာမှ သတိပေးလာသည်။ 

မော်ဂန်အုပ်စု အရှေ့တောင်အာရှရုံးခွဲ ခေါင်းဆောင်ကို ရှာဖွေရန် အွန်လိုင်းတစ်ခုတည်းဖြင့် အလုပ်မဖြစ်ပေ။ ထို့ကြောင့် ဈေးကွက်မှ အရင်စရပေမည်။ 

အရှေ့တောင်အာရှတွင် မော်ဂန်အုပ်စု၏ အဓိက ထုတ်ကုန်မှာ မူးယစ်ဆေးဖြစ်၏။ 

ထို့ကြောင့် ဟီစုန်းကဲ့သို့ မူးယစ်ဌာနမှ ခေါင်းဆောင်ကို တွေးမိပြီး အကူအညီတောင်းခြင်း ဖြစ်လေသည်။ 

ဟီစုန်း ချက်ချင်း ပြန်မဖြေဘဲ လက်ဖက်ရည် တစ်ကျိုက်မော့ပြီးမှ

“အစ်ကိုလင်းနဲ့ မော်ဂန်အုပ်စုက…”

“ရန်ညှိုးတွေ ရှိပါတယ်”

လင်းချွမ် ဝေ့ဝိုက်မနေဘဲ ဒဲ့ဒိုးသာ ပြောလိုက်သည်။ 

ဟီစုန်း ပြုံး၍ လက်ဖက်ရည်ခွက်အား ပြန်ချကာ 

“အစ်ကိုလင်းက ပွင့်လင်းတာပဲ”

လင်းချွမ် မျက်ခုံးပင့်လျက်

“ဒါဆို ခေါင်းဆောင်ဟီအနေနဲ့ အချက်အလက်တွေ ပြောပြပေးလို့ အဆင်ပြေမလားဗျ”

“လူရွေးမှန်သွားတာပဲ။ ကျွန်တော်တို့ ဒီတစ်လော နိုင်ငံတကာ မူးယစ်ရဲအဖွဲ့နဲ့ပါ ပူးပေါင်းရင်း တော်တော် အလုပ်ရှုပ်နေတာ”

ဟီစုန်း ခဏငြိမ်နေပြီးမှ

“ဒါပေမဲ့ သိတဲ့အတိုင်းပဲ ကျွန်တော်တို့မှာ စည်းမျဉ်းတွေ ရှိတယ်လေ။ အသေးစိတ်ကိုတော့ ဒါရိုက်တာကျန်းနဲ့ ပြောကြည့်လိုက်ဦးမယ်”

“ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ဟီ”

ဟီစုန်း ကျန်းပြောင်အား ချက်ချင်း မဆက်သွယ်သေးဘဲ လင်းချွမ်ကိုကြည့်၍

“အစ်ကိုလင်း ဒါရိုက်တာကျန်း သဘောတူရင် ကျွန်တော်တို့ကိုရော ပြန်ကူညီနိုင်မလား”

လင်းချွမ် ရယ်မောလျက်

“ကျွန်တော်က ဆွေးနွေးချင်ရုံပါ။ ဘယ်လို ကူညီရမှာလဲ”

“အစ်ကိုလင်းနဲ့ မော်ဂန်ကြားမှာ ရန်ညှိုးတွေ ရှိတယ်ဆိုတော့ ဒီတစ်ခါ ဝင်ပါလိုက်ရင် ကွက်တိပဲလေ။ ရတဲ့အချက်အလက်တွေ ပြန်ပေး။ ကျွန်တော်တို့က ဖမ်းမယ်”

လင်းချွမ် ပြုံးလျက်

“ဦးဆောင်ပေးမယ့်သူ ရှိရင်တော့ လွယ်ပါတယ်။ ဒါရိုက်တာကျန်း အရင်စဉ်းစားကြည့်ပါစေဦး”

“ကောင်းပါပြီ”

ထို့နောက် ဟီစုန်း ကျန်းပြောင်အား ဖုန်းသွားဆက်လေသည်။ 

လင်းချွမ် အခန်းထဲ၌ တိတ်တဆိတ် စောင့်နေ၏။ 

ဟီစုန်းထံမှ အချက်အလက် အနည်းငယ် သိရလျှင်ပင် မော်ဂန်အုပ်စု၏ နွယ်ကြိုးတစ်မျှင်ကို ဖမ်းဆုပ်ရင်း လူးကပ်စ်အား ရှာနိုင်လေပြီ။ 

ဤသို့ဖြင့် မော်ဂန်တစ်ခုလုံးအထိ ဖျက်ဆီးချင်၏။ 

သို့သော် အရည်အချင်းကို တိုက်ရိုက်မပြဘဲ သေချာမှ ရိုက်ချမည် ဖြစ်သည်။ 

ကျားတစ်ကောင်မှာ အင်အားကို ချက်ချင်းမပြဘဲ နေမကောင်းသော ကြောင်လေးသဖွယ် ထင်ရအောင် ပြုတတ်၏။ 

မကြာမီ။ 

ဟီစုန်း ကျန်းပြောင်နှင့် ဖုန်းပြောပြီးကာ အခန်းထဲ ပြန်ဝင်လာ၍ လင်းချွမ်အား တောက်ပစွာ ပြုံးပြလေသည်။ 

“အစ်ကိုလင်း ဒါရိုက်တာကျန်းက ကြိုက်တာ တောင်းကြည့်တဲ့”

လင်းချွမ် ဝမ်းသာသွား၏။ 

ဒါရိုက်တာကျန်းမှာ သူ့အပေါ် အမြဲ သဘောကောင်းပါသည်။ 

လင်းချွမ်လည်း ပြုံးရွှင်လျက်

“ကြိုးစားပေးတာ ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ဟီရယ်။ ကျွန်တော် ဒီကနေ အချက်အလက် နည်းနည်းရတာနဲ့ အဆင်ပြေပြီ။ ဒါပေမဲ့ အခြေအနေ အရင်ကြည့်ရမှာပေါ့။ ချက်ချင်းတော့ လှုပ်ရှားလို့ မရဘူး”

“ရပါတယ်ဗျာ”

ဟီစုန်း ကျေနပ်စွာ ပြောလိုက်သည်။ 

လင်းချွမ်ပါလျှင် အမှုဖြေရှင်းရာ၌ ပို၍ အထောက်အကူ ဖြစ်နိုင်ပါသည်။ 

လုံးဝ ပါရမီရှင်ကို ရလိုက်ခြင်း ဖြစ်၏။ 

သူတို့၏ ကနဦးအစီအစဉ်တွင် လူ (၃) ယောက် ပါဝင်သည်။ 

လင်းချွမ်၊ ဟီစုန်း၊ ရှချင်းချင်းတို့ ဖြစ်ပါသည်။ 

ရှချင်းချင်းမှာ ယုံကြည်ရသူထဲ ပါဝင်၍ နှစ်ဦးသဘောတူစွာ အသိပေးခေါ်ယူလိုက်ကြသည်။ ထို့နောက် မူးယစ်ဆေးဈေးကွက်အကြောင်း ရှင်းပြ၏။ 

အန်လင်းမူးယစ်အဖွဲ့၌ မော်ဂန်အုပ်စုအကြောင်း သိပ်မရှိလှပေ။ တစ်ဦးချင်း ဝယ်ယူသူများအကြောင်းသာ မှတ်တမ်းရှိသည်။ 

ကံကောင်းစွာဖြင့် လင်းချွမ်မှာ အချက်အလက် ရှာဖွေရေး ကျွမ်းကျင်သောကြောင့် နွယ်ကြိုးတစ်ခု ရရန် သိပ်မခက်တော့ပေ။ အထူးသဖြင့် ဆိုက်ဘာ ရှာဖွေရေးတွင် ဖြစ်သည်။ 

မော်ဂန်အုပ်စုမှ လူးကပ်စ်ကို ရှာတွေ့ရန် အချိန်တစ်ခုသာ ပေးရတော့မည်။ 

…

ဟက်ချိုး!

ဟက်ချိုး!

အရှေ့တောင်အာရှ တစ်နေရာမှ လူးကပ်စ်မှာ ဆက်တိုက် နှာချေနေသည်။ 

ယုချင်းလည်း နှာချေလာပြီး နှစ်ယောက်သား လှမ်းကြည့်မိကြ၏။ 

“မနေ့ညက အဲကွန်းအောက်မှာ အိပ်လိုက်မိလို့ ထင်တယ်။ လေအေးတွေ ခေါင်းကို တိုက်ရိုက်ကျတာ”

လူးကပ်စ်မှ နှာခေါင်းလေးပွတ်ရင်း ပြောလိုက်သည်။ 

ယုချင်း မတ်တပ်ထရပ်ကာ လေကောင်းလေသန့် ရရန် ပြတင်းပေါက် ထဖွင့်လိုက်လေ၏။ 

လူးကပ်စ် စွံ့အ၍ ကြည့်နေသော်လည်း ဘာမှ မပြောနိုင်ပေ။ 

ထို့နောက် ဖိုင်အချို့ရှာ၍ ယုချင်းအား လှမ်းပေးကာ

“ဒါ ဟားစ်စစ်တပ်ကို ဆက်တိုက် စောင့်ကြည့်နေတဲ့ ကျွန်တော့်ဟက်ကာ ရထားတဲ့ အချက်အလက်တွေ”

ယုချင်း ဖိုင်ကို လှမ်းယူကာ

“မင်းဟက်ကာက အသုံးတော့ ဝင်သားပဲ”

“ဒါပေါ့ဗျ”

လူးကပ်စ် ဂုဏ်ယူစွာဖြင့်

“ကျွန်တော်တို့ AW ထက် ပိုတော်ပါတယ်ဗျာ”

All Chapters