← Chapters

ထောင့်စေ့သော အစီအစဉ်

Vol. 27 Ch. 395

ထောင့်စေ့သော အစီအစဉ်

Vol. 27 Ch. 395

ဒီဇင်ဘာလ။ 

ဆောင်းရာသီသို့ အများအပြား ချင်းနင်း ဝင်ရောက်လာပြီဖြစ်သော်လည်း မော်ဂန်အုပ်စုရှိရာ ဒေသမှာတော့ အပူပိုင်းစိုစွတ်ရာသီနှင့် တူနေသေးပြီး နွေးထွေးမှုကို ခံစားရ၏။ 

ညမှောင်လာသည်နှင့် နီယွန်မီးအလင်းရောင်များ တစ်မြို့လုံး လက်၍ အုန်းပင်၊ ထန်းပင်များသည် လေယူရာယိမ်းနွဲ့နေတော့သည်။ သစ်ပင်ရိပ်နှင့် အဆောက်အဦများအရိပ်များမှာ ရောထွေးကာ လမ်းမပေါ်တွင် အသက်ဝင်နေ၏။ 

မော်ဂန်အုပ်စု အာရှ-ပစိဖိတ် ရုံးခွဲ၊ အထွေထွေ မန်နေဂျာရုံးခန်း။ 

ယုချင်းမှာ အနက်ရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး သေးငယ်သောမျက်နှာ၊ နှာတံမြင့်မြင့်နှင့် အေးစက်စက် အကြည့်များ ရှိလေသည်။ 

ထို့နောက် သူ့ဒေါက်ဖိနပ်ချွန်ချွန်ဖြင့် ရုံးခန်းတံခါးကို တွန်းဖွင့်လိုက်၏။ 

“လူးကပ်စ် လတ်တလော လူထုအမြင် ဘယ်လိုရှိလဲ”

ရုံးခန်းထဲတွင်။ 

လူးကပ်စ်မှာ ဆံပင်ကို သပ်ရပ်စွာ လှန်တင်ဖြီးလိမ်းထားပြီး အနက်ရောင် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ကာ ဖုန်းဖြင့် တပည့်ဖြစ်သူ ဟက်ကာအား ညွှန်ကြားနေသည်။ 

“လူထုအမြင်မှာ ငါတို့ဘက်ကို အရမ်းမယိမ်းစေနဲ့နော်”

“မင်း ရူးနေလား။ ငါတို့ဘက် အရမ်းယိမ်းနေရင် လင်းချွမ်ကို ငါတို့ ပစ်မှတ်ထားမှန်း သိသာသွားမှာပေါ့ကွ”

“ဟုတ်တယ်လေ။ ချက်ချင်း လင်းချွမ်အမြင်ဘက်ကနေ ပြန်တင်လိုက်။ လူတွေ ပိုသိလေ ပိုကောင်းလေပဲ။ ငါတို့လိုနေတာ လူထုအမြင်ပဲ။ ရန်သူကို ဖိအားပေးပြီး အမှုမှာ အနိုင်ယူရမယ်။ နားလည်လား”

လူးကပ်စ် စိတ်ထဲမှ ကျိန်ဆဲရင်း ဖုန်းချလိုက်ပြီး ယုချင်းအား လှမ်းကြည့်၏။ 

“သူတို့တွေလည်း လေ့ကျင့်ဖို့ လိုသေးတယ်”

“ရှင့်လေသံအရတော့ ဒီစနစ်က အဆင်ပြေနေပုံပဲ”

ယုချင်း ဝင်ထိုင်ရင်း ပြောလိုက်သည်။ 

“မဆိုးပါဘူး။ ကနဦးအစီအစဉ်တော့ အောင်မြင်ပြီ။ အခု လင်းချွမ်ရဲ့ စာအုပ်အောက်မှာရော၊ ဖိုရမ်ထဲမှာရော ကျွန်တော်တို့လူတွေချည်းပဲ။ နိုင်ငံတကာက အမြင်လည်း ဆွဲဆောင်ထားနိုင်တယ်။ စစ်လက်နက်နဲ့ ပတ်သက်တဲ့ အဖွဲ့တွေကလည်း ဒီအမှုကို တော်တော် အာရုံစိုက်နေကြပြီ”

လူးကပ်စ် ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြောလေသည်။ 

ယုချင်း ထောက်ခံမိ၏။ 

“အခု ဒီသတင်းကို တော်တော်များများ သိနေကြပြီ။ ခုနလေးတင် အရှေ့အလယ်ပိုင်းက ကျွန်မဖောက်သည်တစ်ယောက်ကလည်း မေးနေသေးတယ်”

လူးကပ်စ် နားထောင်ရင်း ဂုဏ်ယူနေမိ၏။ 

ထို့နောက် ကိုယ်ကိုမတ်ကာ ပြုံးလျက်

“ကြည့်ရတာ ဒီအခြေအနေနဲ့ဆို လင်းချွမ် ဒုက္ခရောက်ရုံတင် မကဘူး။ ကျွန်တော်တို့အတွက်ပါ အကျိုးရှိတယ်”

ယုချင်းလည်း ပြုံးကာ ထောက်ခံ၏။ 

“ဒါပေါ့”

“ရှိက်က အမှာစာတွေကရော”

လူးကပ်စ်မှ မေးလိုက်သည်။ 

“ယူမှာ သေချာတယ်တဲ့။ နောက်လထဲ စာချုပ်ချုပ်ပြီး စရံချမယ်တဲ့။ အဝေးထိန်း ဒုံးကျည်လောင်ချာတွေ (၁၀) ခုတောင် မှာတယ်”

ယုချင်း ပြုံးရွှင်၍ ဝမ်းသာအားရ ပြော၏။ 

ရှိက်ဆိုသည်မှာ သူတို့နှင့် အရင်တည်းက ပတ်သက်ဖူးသော ဖောက်သည် ဖြစ်လေသည်။ 

ဟားစ်စစ်တပ်မှ လောင်ချာဝယ်ယူရန် တွေဝေနေချိန်တွင် ရှိက်မှ (၁၀) ခုမှာ၍ အမိအရ ဆုပ်ကိုင်ခဲ့၏။ 

ယခု နောက်လထဲ စာချုပ်ချုပ်ရန်သာ ကျန်ပါတော့သည်။ 

“ဒီနှစ် ရောင်းအားကတော့ တားဂတ်ထက် ကျော်နေတော့မှာပဲ”

လူးကပ်စ် အားကျစွာ ပြော၏။ 

မော်ဂန်အုပ်စုထဲတွင် အပိုင်းအမျိုးမျိုးရှိပြီး တစ်ခုချင်း ခွဲထားလေသည်။ 

ထိုအပိုင်းအားလုံး ညီမျှနေရန် နှစ်စဉ်ရောင်းအားသည် အရေးကြီးဆုံး ကိန်းဂဏန်း ဖြစ်၏။ 

ရှင်းအောင်ပြောရလျှင် အရည်အချင်းရှိလေ၊ အကျိုးအမြတ်များလေ ဖြစ်ပါသည်။ 

စစ်လက်နက်စီးပွါးရေးတွင်တော့ ယုချင်းမှာ မော်ဂန်အုပ်စု၏ ဂုဏ်ကို ဦးဆောင်လျက် ရှိလေသည်။ 

ယခုအချိန်၌ လင်းချွမ်၏အမှုကိုသာ ပိုတောက်လောင်အောင် ပြုလုပ်နိုင်လျှင် အရှေ့အလယ်ပိုင်းနှင့် အရှေ့တောင်အာရှ၌သာမက မြောက်ဥရောပနှင့် အမေရိကဘက်အထိ စီးပွါးရေး ချဲ့ထွင်နိုင်ပေလိမ့်မည်။ 

ဤသို့ဖြင့် မော်ဂန်အုပ်စုထဲ၌ ပထမဆုံး နိုင်ငံတကာ လက်နက်ရောင်းဝယ်သူ ဖြစ်လာမည် ဖြစ်၏။ 

ခဲတစ်လုံးတည်းဖြင့် ငှက်နှစ်ကောင် ပစ်နိုင်ပါသည်။ 

သာမာန် အွန်လိုင်းစာရေးဆရာ လက်နက်ရောင်းဝယ်သူ ပေါက်စလေးသည် သူ့ခြေထောက်အောက် နင်းချေ ပျောက်ကွယ်သွားတော့မည်။ 

“ဒီအမှုနိုင်ရင် အရှေ့အလယ်ပိုင်းက ဈေးကွက် ၅% ပိုရလာမယ်လို့ ယုံကြည်ချက်ရှိတယ်။ နောက်နှစ်ထဲဆို ၃၀% လောက်အထိ တိုးလာမှာ”

ယုချင်း ခန့်မှန်းပြောဆိုရင်း ပျော်နေ၏။ 

“ဆာနီယာလက်နက်ကုမ္ပဏီမှာက လိုတာအကုန် ပြင်ထားတယ်မလား”

“ဒါပေါ့။ အားလုံး ကွက်တိပဲ။ သူတို့ ဒီဇိုင်နာခေါင်းဆောင် စတီဖင်ကိုယ်တိုင် တရားရုံး တက်လိမ့်မယ်။ အခု အထူးအဖွဲ့က လင်းချွမ်ရဲ့ စစ်လက်နက်ပစ္စည်းတွေကို အတည်ပြုစစ်ဆေးနေပြီ”

ယုချင်းမှ ပြော၏။ 

“ဒါနဲ့ ကားလ်ရော ပြဿနာတက်တာ မရှိသေးဘူးမလား”

“မရှိပါဘူး။ သူသာမရှိရင် လင်းချွမ်ကုမ္ပဏီကို နည်းပညာတိုက်ခိုက်ဖို့လည်း မဖြစ်နိုင်ဘူး။ အခု အားလုံး အသင့်ပဲ။ အခွင့်အရေးရဖို့ပဲ လိုတော့တာ”

ယုချင်းမှာ ခြေထောက်ချိတ်ထိုင်ရင်း ခပ်အေးအေး ပြောနေသည်။ 

အစီအစဉ်မှာ သူပြောသည့်အတိုင်း အလွန် အကွက်စေ့၏။ 

လင်းချွမ်နိုင်ကွက် မပေးထားချေ။ 

တစ်ဖက်မှ လူထုအမြင်ကို ဂရုမစိုက်ဘဲ လင်းချွမ်အား ကာကွယ်လျှင်သာ ပြဿနာရှိပါသည်။ 

ထိုအခြေအနေလည်း ဖြစ်စရာအကြောင်း မရှိပေ။ 

လင်းချွမ်ကို ကာကွယ်လျှင် (၃၀) ဘီလီယံ ကုန်ကျမည်ဖြစ်၏။ 

တီ တီ တီ…

ယုချင်း ဖုန်းမြည်လာသည်။ 

လီယို့ထံမှ ဖြစ်လေ၏။ 

“မင်္ဂလာပါ မစ္စတာလီယို။ ကျွန်မတို့ ပူးပေါင်းဖို့အတွက် အမြဲမျှော်နေတာပါ”

ယုချင်းမှ ကော်ဖီကို ဝိုင်ခွက်ကဲ့သို့ ဝှေ့ပြီးမှ တစ်ငုံသောက်ကာ ပြောလိုက်သည်။ 

All Chapters