← Chapters

လက်နက်တွေ အဆင်ပြေလား

Vol. 27 Ch. 397

လက်နက်တွေ အဆင်ပြေလား

Vol. 27 Ch. 397

လင်းချွမ် နည်းပညာလုံခြုံရေးကုမ္ပဏီထောင်ထားမှန်း လီယို သိထား၏။ 

ထို့ကြောင့် လင်းချွမ် သူ့အင်တာနက်ကွန်ယက်ထဲ ဝင်ချင်ကြောင်း ပြောသောအခါ အရေးကြီး သက်သေများဖြစ်သည့် မော်ဂန်အုပ်စု၏ တိုက်ခိုက်မှုများကို ကြည့်မည်ထင်၍ ပြန်မမေးတော့ဘဲ လက်ခံလိုက်၏။ 

လီယို အာမခံပေးသောကြောင့် ဟားစ်စစ်တပ်မှလည်း ချက်ချင်း သဘောတူကြလေသည်။ 

“ပူးပေါင်းပေးတာ ကျေးဇူးတင်ပါတယ်”

လီယိုနှင့် ဟားစ်စစ်တပ်မှာ လင်းချွမ်အပေါ် အကောင်းဆုံး ဆက်ဆံနေသေး၏။ 

ပြောရလျှင် လင်းချွမ်၏ လက်ရှိအခြေအနေတွင် ဝေးဝေးနေလိုသူ များပေမည်။ 

ပိုက်ဆံချေးရင် ဘယ်လိုလုပ်မလဲ။ 

ထိုအချက်ကို မည်သူမှ မသေချာပေ။ 

ဟားစ်စစ်တပ် ရင်ဆိုင်နေရသော အခြေအနေကိုလည်း နားလည်ပါသည်။ 

သို့သော် လင်းချွမ်ကို စွန့်ပစ်၍ အခြား လက်နက်ရုံနှင့် လက်တွဲသွားခြင်း မရှိဘဲ ခင်မင်ရင်းနှီးစွာ ပြောဆို ဆက်ဆံနေဆဲ ဖြစ်၏။ 

ထိုအပြုအမူနှင့်ပင် အတော်လေး လေးစား ယုံကြည်စရာ ကောင်းပါသည်။ 

ထို့အပြင် လင်းချွမ်၏ အရေးကြီးကိစ္စအတွက် မိမိတို့ ကွန်ယက်ထဲအထိ ပေးဝင်ခြင်းမှာ မိတ်ဆွေကောင်း ဖြစ်မှန်း သိသာစေ၏။ 

လင်းချွမ် တွေးရင်း ကျေနပ်နေမိသည်။ 

“ကျွန်တော်တို့ အစအဆုံးတော့ နားမလည်ပေမဲ့ လင်းကို ယုံကြည်ဖို့ပဲ ရွေးချယ်ထားပါတယ်”

လီယို စိတ်ရင်းဖြင့် ပြောလိုက်သည်။ 

လင်းချွမ် ခေါင်းငြိမ့်ပြလျက်

“စိတ်လျှော့ထားပါ။ လီယို ရွေးချယ်မှု မှန်ပါတယ်”

“အဲ့လိုပဲ မျှော်လင့်ပါတယ်”

လီယိုမှ ပြော၏။ 

“ဪ ဒါနဲ့ ကျွန်တော် နောက်ပိုင်းဝန်ဆောင်မှုလေး ပေးချင်လို့။ ကျွန်တော် ပို့လိုက်တဲ့ လက်နက်တွေ အဆင်ပြေရဲ့လား”

လင်းချွမ် ပြုံး၍ မေးလိုက်သည်။ 

ပစ္စည်းများ ပို့လိုက်သည်မှာ ရက်ပိုင်းမျှသာ ရှိသေး၏။ 

သို့သော် ဟားစ်စစ်တပ်ဘက်မှ သတင်းမကြားရ၍ သူ အရင်စမေးလိုက်သည်။ 

သူ့အတွက် စစ်ဆေးမှုတာဝန် ပြီးဆုံးရန် ကျန်နေပါသေးသည်။ 

စနစ်ထဲ၌ -

[စာအုပ်: လက်နက်ဝိဇ္ဇာ]

[လက်ရှိအခြေအနေ: ထုတ်ဝေပြီး]

[အောင်မြင်မှုစံနှုန်း: ၉၁,၇၈၀/၈၀,၀၀၀]

[စစ်ဆေးမှု တာဝန်: လက်နက်အသစ် တီထွင်၍ လူအယောက် (၁) သိန်း အသိအမှတ်ပြုရန် (မအောင်မြင်သေး] 

အောင်မြင်မှုစံနှုန်းမှာ အလွန်မြင့်ပြီး မကြာမီ (၁) သိန်းအထိ ရောက်သွားနိုင်၏။ 

လင်းချွမ်၏ အွန်လိုင်းစာရေးခြင်အလုပ်တွင် ကြီးမားသော အောင်မြင်မှုမှတ်တိုင်ကြီး ဖြစ်လာပေမည်။ 

ဤမျှ Subscription မှာ တော်ရုံ မဟုတ်ပေ။ 

လက်နက်ဝိဇ္ဇာဝတ္ထုမှာ စာလုံးရေ (၁) သန်းကျော်နှင့် ခပ်တိုတို ဖြစ်သော်လည်း ကျစ်လျစ်၍ အဆင့်မြင့် နည်းပညာများအကြောင်း ပါဝင်၏။ ပျမ်းမျှ subscription (၁) သိန်း သာ ရရှိလျှင် ယခုနှစ်အတွက် အလွှမ်းမိုးနိုင်ဆုံး စာရေးဆရာဆု ရရှိရန် အခွင့်အရေး အများဆုံး ဖြစ်ပေမည်။ 

လင်းချွမ်မှာ ကုမ္ပဏီများစွာ ထောင်ထားပြီး အလုပ်များစွာ ရှိနေသော်လည်း သူ့ရင်ထဲ၌ အွန်လိုင်းစာရေးခြင်းကိုသာ စွဲလန်းနေသေးသည်။ 

အတိအကျဆိုရသော် ကျွမ်းကျင် အွန်လိုင်းစာရေးဆရာ ဖြစ်၏။ 

ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်ကို ဝယ်နိုင်ရန်လည်း တွေးထားသည်။ 

သို့သော် ကုမ္ပဏီတန်ဖိုးမှာ ဘီလီယံရာချီနေပြီဖြစ်၍ လင်းချွမ် အတော်လေး လျှောက်လှမ်းရဦးမည် ဖြစ်၏။ 

တရားဝင်နည်းလမ်းဖြင့် စာရေးနေသရွေ့ ထို ဘီလီယံရာချီတန်ဖိုး ရရှိရန်မှာ အိပ်မက်မက်နေသကဲ့သို့သာ ဖြစ်ပေလိမ့်မည်။ 

ကံကောင်းစွာဖြင့် လင်းချွမ်တွင် အခြားစီးပွါးရေးလုပ်ငန်းများ ရှိနေသေး၏။ 

နည်းပညာလုံခြုံရေး၊ ရှေးဟောင်းပစ္စည်း ရောင်းဝယ်ရေး၊ နည်းပညာ ထုတ်လုပ်ရေး၊ လက်နက်ရောင်းဝယ်ရေး စသဖြင့် စုံလင်လှသည်။ ထိုမျှသာမက တစ်ခါတစ်ရံ မှုခင်းအဖွဲ့နှင့် ပူးပေါင်းကာ လူဆိုးဖမ်းပေးရင်း ဆုကြေးများ ရသေးသည်။ 

အနာဂတ်တွင် အခွင့်အရေးများ အပြည့် ဖြစ်နေသည်။ 

စနစ်၏ စစ်ဆေးမှုတာဝန်အရ လက်နက် အမျိုးအစားအသစ်ကို ထုတ်လုပ်၍ လူအယောက် (၁) သိန်း အသိအမှတ်ပြုခံရရန် ဖြစ်သည်။ 

လက်ရှိတွင် လင်းချွမ် ထိုအရေအတွက်တော့ မပြည့်သေးချေ။ 

ထို့ကြောင့် လီယို့ထံမှ အခြေအနေမေးနေခြင်း ဖြစ်၏။ 

“အခုမှ ပစ္စည်းတွေ ပြန်စီနေတုန်းဗျ။ ဒါပေမဲ့ နောက် (၂) ရက်လောက်အတွင်း စစမ်းပြီး နောက်အပတ် တိုက်ပွဲမှာ သုံးတော့မှာပါ”

လီယို အမှန်အတိုင်း ပြောပြ၏။ 

“ဟုတ်ကဲ့ပါ”

လင်းချွမ် ပြုံးလျက် ပြောလိုက်သည်။ 

ဟားစ် စစ်တပ်အနေဖြင့် ထိုကဲ့သို့ လက်နက်အသစ်ကို ကျင့်သားရရန် အချိန်ပေးရဦးမည် ဖြစ်၏။ 

“လင်း အားနာပါတယ်နော်”

လီယို ရယ်မောလျက်

“လင်းရဲ့ ဒီစနစ်က ကျွန်တော်တို့ အရင်သုံးဖူးတာနဲ့ မတူဘူးဗျ။ ကျွန်တော်တို့ အင်ဂျင်နီယာတွေလည်း တော်တော်ကြာအောင် လေ့လာနေရတယ်။ အဲ့တာကြောင့်ပါ”

“ရပါတယ်ဗျာ။ ကိစ္စမရှိပါဘူး။ တစ်ခုခုဆို ဆက်သွယ်လိုက်နော်။ အချိန်တစ်ခုစီစဉ်ပြီး အင်ဂျင်နီယာတွေကို ပြန်ပြောပေးပါ့မယ်”

လင်းချွမ်မှ လှိုက်လှဲစွာ ကမ်းလှမ်းလိုက်သည်။ 

“တကယ် ကျေးဇူးတင်ပါတယ်ဗျာ”

လီယို ပြုံးရွှင်နေ၏။ 

လက်နက်အင်ဂျင်နီယာ အများစုမှာ အရေးကြီးသော အခြေအနေဖြစ်၍ ငွေကုန်ကြေးကျများစွာခံ၍ သင်တန်းတက်ရလေ့ ရှိ၏။ 

ယခု လင်းချွမ်ကဲ့သို့ သင်တန်းမျိုးမှာ မော်ဂန်အုပ်စု၌ဆိုလျှင် အတော်လေး ကုန်ကျစရိတ် များပေမည်။ 

လင်းချွမ်မှာ စေတနာထား၍ ပူးပေါင်းလုပ်ဆောင်ပေးခြင်း ဖြစ်၏။ 

လီယို စိတ်ထဲမှ ကျိတ်၍ ချီးကျူးမိပါသည်။ 

…

ညတဖြည်းဖြည်း မှောင်မိုက်လာ၏။ 

လရောင်သည် ဆောင်းရာသီ၏ အအေေးဓာတ်နှင့် ရောယှက်ကာ တစ်မြို့လုံးကို အေးမြတောက်ပသော အလင်းရောင်များ ဖြာကျနေသည်။ 

ပြတင်းပေါက် အပြင်ဘက် လှမ်းကြည့်လျှင် ငွေနှင်းမှုန် တစ်လက်လက်ကဲ့သို့ မြစ်ရေပြင်ကို တွေ့ရပြီး ဘေး၌ တောင်တန်းများ၊ အဆောက်အဦများ အထပ်ထပ် ခြုံလွှမ်းထားလေ၏။ 

ရာသီဥတု အေးလာပြီဖြစ်၍ လင်းကျန်လမ်းမပေါ်၌ ပြေးရင်း အားကစားပြုလုပ်နေသူများကို တွေ့ရပြီး အချို့လူငယ်စုံတွဲများ မြစ်ကမ်းဘေး၌ လေညင်းခံ လမ်းလျှောက်နေကြသည်လည်း ရှိ၏။ 

လင်းချွမ် လက်ဖက်ရည်ခွက်ကို ကိုင်လျက် ပြတင်းပေါက်နား လာရပ်သည်။ 

ထို့နောက် လမ်းမထက်မှ လူငယ်စုံတွဲများကို ကြည့်ကာ ရယ်မောမိလေသည်။ 

သူ ငယ်ရွယ်စဉ်ကမူ ထိုအခြေအနေမျိုး မကြုံခဲ့ဖူးချေ။ 

မကြာမီ ပြန်၍ ခေါင်းယမ်းမိ၏။ 

သူလည်း လွန်ခဲ့သော (၂) နှစ်ကမှ ဘွဲ့ရ၍ လူငယ်တစ်ဦးသာ ဖြစ်ပါသေးသည်။ 

ထို့နောက် လက်ဖက်ရည်သောက်ရင်း ဟိုဟိုဒီဒီ အတွေးများ မိုင်ပေါင်းများစွာအထိ ပျံ့လွင့်သွားသည်။ 

အခန်းထဲတွင် ဥပဒေဆိုင်ရာ စာရွက်စာတမ်းများ ဂရုတစိုက် စီစဉ်နေသော ကျန်းရှင်းရှင်းအား လှမ်းကြည့်မိ၏။ 

သူ့အရှေ့တွင် ရှန်ချန်းချန်း၊ ရှချင်းချင်းတို့ကိုလည်း ဗီဒီယိုကောလ် ခေါ်ထားသည်။ 

(၃) ယောက်သား အတူပူးပေါင်း၍ ညဉ့်နက်သည်အထိ သူ့အတွက် ကြိုးစားပေးနေကြလေသည်။ 

All Chapters