← Chapters

မော်ဂန်ဟက်ကာများ

Vol. 27 Ch. 398

မော်ဂန်ဟက်ကာများ

Vol. 27 Ch. 398

လင်းချွမ် ကြည့်နေရင်း ရင်ထဲ နွေးထွေးသွား၏။ 

ထို့နောက် အခန်းထဲ ပြန်ဝင်ကာ လက်ဖက်ရည်ခွက် ဘေးချ၍ အလုပ်စလုပ်လေသည်။ 

သူ အရင်တိုက်ပွဲတိုင်းကို အနိုင်ရရှိခဲ့သော်လည်း ယခုတစ်ခေါက်တွင်တော့ ထင်သလောက် မရိုးရှင်းတော့ပေ။ 

လင်းချွမ် ပုံရိပ်ယောင်လောကများ၌လည်း မော်ဂန်အုပ်စုကဲ့သို့ အမှောင်လောကမှ အုပ်စုများကို ကြုံဖူးသောကြောင့် မော်ဂန်အုပ်စု၏ နည်းလမ်းများကို ကြိုတွေးမိလေသည်။ 

ထို့ကြောင့် ပို၍ ဂရုတစိုက် ကြိုတင်ပြင်ဆင်ထားရ၏။ 

ယခုအချိန်တွင် ဒီဇင်ဘာလ (၂၀) ရက်နေ့၌ ကျရောက်မည့် ကြားနာမှုကို ပြည်တွင်းပြည်ပ အနှံ့အပြားမှ အားလုံး စိတ်ဝင်စားနေကြသည်။ 

အရေးကြီးအချက်အလက် ပိုရထားသူဘက်မှ အသာစီးရကာ နိုင်ပေလိမ့်မည်။ 

“လည်စင်းခံနေမှတော့ ငါ့ဓားကို လှုပ်ရှားပေးရတော့မှာပေါ့”

လင်းချွမ် ပြုံး၍ ကီးဘုတ်ပေါ်၌ လက်ချောင်းများအား လျင်မြန်စွာ လှုပ်ရှားကာ စတင် တိုက်ခိုက်လေတော့သည်။ 

အခန်းထဲ၌ ကီးဘုတ်မှအသံ တဒေါက်ဒေါက်မှာ ပျံ့နှံ့နေသည်။ 

တိုက်ပွဲမှ ဓားသံတချွင်ခွင်ကဲ့သို့ ခံစားရ၏။ 

ကွန်ပျူတာမျက်နှာပြင်ပေါ်တွင် ကုဒ်စာကြောင်းများစွာ ပေါ်လာပြီး မကြာမီ ပရိုဂရမ်တစ်ခုဖြစ်ကာ တစ်ဖက်ကွန်ယက်ထဲ ဝင်ရောက်နိုင်သွားသည်။ 

လင်းချွမ် ဟားစ်စစ်တပ်ထံမှ ကွန်ယက်ဝင်ရောက်ခွင့် ရရှိထားချိန်တွင် မော်ဂန်အုပ်စု ဟက်ကာများလည်း လီယိုလှုပ်ရှားမှုအားလုံးကို တောက်လျှောက် စစ်ဆေးကာ လက်နက်အချက်အလက်များအထိ ခိုးယူခဲ့၏။ 

လင်းချွမ် ဟားစ်စစ်တပ် ကွန်ယက်ထဲ ရောက်သည်နှင့် မော်ဂန်အုပ်စု ဝင်ခိုးထားသော အခြေအနေကို စုံစမ်းလေသည်။ 

ထို့နောက် ပစ်မှတ်ကို တွေ့သည်နှင့် ပရိုဂရမ်ရေးဆွဲကာ လက်နက်အချက်အလက်များကြား ညပ်ထည့်၍ ထောင်ချောက်ဆင်ထားလိုက်၏။ 

မော်ဂန်အုပ်စုမှ ဟက်ကာများမှာ ထင်ထားသည့်အတိုင်း ဂရုမစိုက်မိဘဲ ထောင်ချောက်ထဲ အလွယ်တကူ ကျရောက်သွားတော့သည်။ 

ထိုအခါ လင်းချွမ်မြှုပ်ထားသည့် ပရိုဂရမ်များ မော်ဂန်အုပ်စု အာရှ-ပစိဖိတ် ကွန်ယက်ထဲအထိ ရောက်ရှိသွားလေ၏။ 

“မင်းတို့က AW ထက်တောင် ညံ့တာပဲ”

လင်းချွမ် အခြေအနေကိုကြည့်၍ ရေရွတ်မိ၏။ 

AW သာဆိုလျှင် ထိုသို့ခိုးရာ၌ပင် လက်နက်အချက်အလက်များကို ပို၍ အသေးစိတ် စစ်ဆေးပေလိမ့်မည်။ 

လင်းချွမ် အာရှ-ပစိဖိတ်ကွန်ယက်ထဲ ရောက်ရှိပြီးနောက် ပို၍ သတိထားလာရသည်။ 

ထို့ကြောင့် ဘာမှ ချက်ချင်း မလှုပ်ရှားသေးဘဲ ငြိမ်နေလိုက်သည်။ 

ထိုပရိုဂရမ် အချက်အလက်မှာ ခေါင်းဆောင်အထိ ရောက်ရှိသွားမှ သူ့အဓိက ပစ်မှတ်ကို တိုက်ရိုက်ထိပေမည်။ 

ထင်သည့်အတိုင်း အချက်အလက်များ လူးကပ်စ် ကွန်ပျူတာအထိ ရောက်လာသည်။ 

“ယု နောက်ထပ် အချက်အလက်တွေ ရပြီ”

ရုံးခန်းထဲ၌ လူးကပ်စ်တစ်ယောက် ပြုံးရွှင်၍ လှမ်းပြော၏။ 

“မဆိုးပါဘူး။ ရှင့်ဟက်ကာတွေကို အရင်က မကောင်းပြောခဲ့မိတာတွေ ပြန်ရုတ်သိမ်းပါတယ်”

သူ့ရှေ့မှ ယုချင်းလည်း ပြုံး၍ ပြော၏။ 

ယုခီခီ အဖမ်းခံရပြီးစက ယုချင်း စိတ်တိုတိုနှင့် လူးကပ်စ်ဟက်ကာများကို အပြစ်ပြောဖူးပါသည်။ 

အမှန်လည်း သူတို့ကြောင့် ယုခီခီအဖမ်းခံရခြင်းထဲ ပါ၏။ 

ယခုတစ်ခေါက်တွင်တော့ ဟားစ်စစ်တပ်ထံမှ အချက်အလက်များ အောင်မြင်စွာ ခိုးယူနိုင်ပြီး တစ်ဖက်ကို ကောင်းကောင်း ခြိမ်းခြောက်နိုင်လိုက်ပါသည်။ 

ထို့ကြောင့် ယုချင်းလည်း အမြင်ပြန်ကြည်လာ၏။ 

အရင်တစ်ခါ အဖြစ်အပျက်မှာ မတော်တဆ ဖြစ်နိုင်ပါသည်။ 

AW အဖွဲ့ပင် အမှားလုပ်တတ်သေး၍။ 

“ဒီတိုက်ပွဲမှာ ကျွန်တော့်ဟက်ကာအဖွဲ့လည်း အဆင့် မနိမ့်ဘူးဆိုတာ ပြပေးမယ်”

လူးကပ်စ် ယုံကြည်ချက်အပြည့်ဖြင့် ပြော၏။ 

“ကြိုးစားကြည့်ပေါ့”

“စောင့်ကြည့်နေလိုက်ပါ။ သက်သေပြပးမယ်။ လင်းချွမ် မင်းလည်း စောင့်နေ။ အရင်တစ်ခါက မကျေပွဲ နွှဲသေးတာပေါ့”

လူးကပ်စ်မှ အားတက်သရော ပြောလေ၏။ 

သူ့ဟက်ကာအဖွဲ့ကိုလည်း အကြွင်းမဲ့ ပို၍ ယုံကြည်လာသည်။ 

ထို့နောက် နောက်ထပ် အချက်အလက်များ ရရှိရန် ဆက်တာဝန်ပေးထား၏။ 

သို့သော် လင်းချွမ်မှ ထိပ်တန်းနည်းပညာနှင့် မော်ဂန်အုပ်စုအား ပြန်တိုက်ခိုက်တော့မည်ကို မသိကြသေးချေ။ 

လျှို့ဝှက်ပရိုဂရမ်များ လူးကပ်စ်ကွန်ပျူတာထဲအထိ ရောက်နေလေပြီ။ 

မုဆိုးစစ်စစ်မှာ စိတ်ရှည်သည်းခံရပါသည်။ 

မော်ဂန်အုပ်စုမှ ဟားစ်စစ်တပ်၏ အချက်အလက်များ ခိုးလေ လင်းချွမ်၏ ပရိုဂရမ်များများ ရောက်လေ ဖြစ်ပါသည်။ 

ထိုအခါ လင်းချွမ်အတွက် မျက်စိရှေ့တွင် ရှိနေသကဲ့သို့ မော်ဂန်အုပ်စု လှုပ်ရှားမှုအား ကွက်ကွက်ကွင်းကွင်း တွေ့လာရတော့သည်။ 

အစပိုင်းတွင် လူးကပ်စ် ကွန်ပျူတာ ဖွင့်မှသာ တွေ့ရပြီး တဖြည်းဖြည်းနှင့် လူးကပ်စ် အကာအကွယ်ထဲအထိ ချိုးဖောက်လာနိုင်ပြီး အသာစီး ရလာ၏။ 

…

ခြောက်ကပ်နေသော လမ်းများတွင် ညမှာ ပို၍ နက်နဲ လျှို့ဝှက်နေသည်။  

အိမ်ပြတင်းတစ်ခုချင်းဆီတိုင်းတွင် ပုံပြင်တစ်ပုဒ် ရှိနေကြပြီး ဆောင်းရာသီနှင့် လိုက်ဖက်စွာ တိတ်ဆိတ် လွမ်းမောဖွယ် ကောင်း၏။ 

လေအေး တစ်ချက်တိုက်လိုက်တိုင်း အသည်းထဲအထိ စိမ့်သွားသော်လည်း နွေးထွေးသော မီးရောင်အောက်တွင် ဘဝမျှော်လင့်ချက်များ တစ်ဖန် ပြန်ရှင်သန်လာကြ၏။ 

သစ်ပင်များမှာ လေတိုက်တိုင်း ယိမ်းနွဲ့နေပြီး အဝါရောင် သစ်ရွက်ခြောက်များ မြေပြင်ပေါ် ဟိုတစ်စ ဒီတစ် ကျဲပြန့်ကာ ရွှေရောင်ခင်းထားသော လမ်းကဲ့သို့ သဘာဝကျကျ လှပနေလေသည်။ 

အချို့ လမ်းဘေးဈေးသည်များလည်း မိုးချုပ်လာသည်နှင့် အင်္ကျီကော်လံကို လည်ပင်းလုံအောင် ဆွဲတင်၍ အအေးဓာတ်ကို အံတုကာ နွေးထွေးသော အိမ်ဆီသို့ ခပ်သွက်သွက် ပြန်နေကြ၏။ တစ်ခါတစ်ရံ ကားအင်ဂျင်သံအချို့ကို ကြားရပြီး ညအမှောင်ထဲသို့ ဖြတ်ခနဲ လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။ 

နွေးထွေးသော နိဗ္ဗာန်ငယ်ဖြစ်သည့် (၂၄) နာရီဖွင့်သော စတိုးဆိုင်အချို့မှလွဲ၍ ဆိုင်အတော်များများလည်း ပိတ်သွားကြပြီ ဖြစ်၏။ 

အိမ်များ၌ ပြတင်းမှန်များ ပိတ်ထားကြသော်လည်း အထဲမှ လင်းလက်သော အရောင်ကို ကောင်းစွာ မြင်နေရသည်။ 

ကောင်းကင်ယံကို မော့ကြည့်လျှင်မူ တောက်ပသော လမင်းကြီး ချိတ်ဆွဲလျက် ကြယ်ရောင်စုံ ဝန်းရံထားကြသည်။ ထိုကဲ့သို့ ညမျိုးတွင် ကျေးလက်ဒေသ၌မူ လွမ်းဆွေးစရာကောင်းသလို အေးချမ်းသာယာမှုကိုလည်း ခံစားရစေသည်။ 

တစ်လောကလုံး တူညီမှုမှာတော့ ကောင်းမွန်သော နှစ်သစ်ကို အားလုံး စောင့်ဆိုင်းနေကြလေပြီ။ 

All Chapters