← Chapters

ကွန်ယက်ထဲ ရောက်ရှိခြင်း

Vol. 27 Ch. 399

ကွန်ယက်ထဲ ရောက်ရှိခြင်း

Vol. 27 Ch. 399

ဒီဇင်ဘာ (၁၀) ရက်၊ မနက် (၄) နာရီ။ 

အန်လင်းမှာ တောင်ပိုင်းမြို့တစ်ခု ဖြစ်ပြီး ဆောင်းရာသီအစတွင် ညကောင်းကင်မှာ ခရမ်းပြာရောင် ရင့်ရင့်ဖြစ်နေသည်။ လေများ အဆက်မပြတ် တိုက်ခတ်နေသော်လည်း ဆူညံသံဟူ၍ မရှိပေ။ 

လမ်းမများနှင့် မြစ်ရေမျက်နှာပြင်မှာ တိတ်ဆိတ်လျက် အမှောင်ထုနှင့်အတူ ဝေဝါးနေ၏။ 

လင်းချွမ် တစ်ခါတစ်ရံ ဖြတ်သန်းသွားသော ကားအချို့၏ မီးရောင်နှင့် လမ်းမပေါ် ပွတ်တိုက်သံကို ကြားနေရသည်။ 

ထိုစဉ် အိပ်ရာဘေးရှိဖုန်းမှ သံစဉ်တစ်ခု ပေါ်လာ၏။ 

လင်းချွမ်၏ နှိုးစက်သံ ဖြစ်ပါသည်။ 

အသံကြားသည်နှင့် လင်းချွမ် ချက်ချင်း မျက်လုံးပွင့်ကာ နိုးလာ၏။ 

ထို့နောက် ဘေးတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ရှင်းရှင်း မနိုးစေရန် နှိုးစက်ကို အမြန် ပိတ်လိုက်သည်။ 

ထိုအချိန်တွင် အိပ်မောကျနေလေ့ ရှိသော်လည်း ရှင်းရှင်းမှာ အအိပ်စက်၍ နိုးလာ၏။ 

လင်းချွမ်ကို လှမ်းကြည့်ကာ အိပ်ချင်မူးတူးဖြင့် ပြောလေသည်။ 

“သူဌေး ဘယ်သွားမလို့လဲ”

လင်းချွမ် သူ့ကို ဖက်၍ ပါးလေးကို အသာဆွဲကာ ခပ်တိုးတိုး ပြောလိုက်၏။ 

“ဆက်အိပ်လိုက်ဦးနော်။ ကို ကိစ္စလေး တစ်ခုရှိလို့”

ကျန်း အိပ်ချင်နေသော်လည်း လင်းချွမ်အား ငေးကြည့်၍ သူ့လက်ကို ပွတ်လိုက်ပြီး

“အင်းပါ”

လင်းချွမ် ညအိပ်ဝတ်စုံဖြင့် အခန်းထဲမှ ထွက်သွားပြီး ရေနွေးတစ်ခွက်ငှဲ့ကာ မုန်ကျန်းလက်ဖက်ရည် ဖျော်လိုက်သည်။ 

ထိုအချိန်မှာ အိပ်ကောင်းရမည့်အချိန်ပင်။ 

သူ လက်ဖက်ရည်ခွက်ကိုယူ၍ ရုံးခန်းထဲ သွားကာ ကွန်ပျူတာ ဖွင့်လိုက်၏။ 

ကွန်ပျူတာမျက်နှာပြင်မှ အပြာရောင် လင်းလာသောအခါ လင်းချွမ် အနည်းငယ် အိပ်ချင်ပြေသွားသည်။ 

ထို့နောက် မျက်နှာကို ပွတ်လျက် လက်ဖက်ရည်တစ်ငုံ သောက်ကာ အိပ်ချင်စိတ်ကို အပြည့်အဝ တွန်းလှန်၍ တိုက်ပွဲဝင်ရမည့်စိတ် သွင်းထားလိုက်၏။ 

အမှန်တော့ ယခု အလုပ်ချိန် မဟုတ်သော်လည်း လင်းချွမ်တစ်ယောက် လူးကပ်စ် ကွန်ပျူတာမှ လှုပ်ရှားမှုကို ဆက်တိုက် စောင့်ကြည့်နေရသည်။ 

အထူးသဖြင့် မနက် (၄) နာရီနှင့် (၆) နာရီကြားအချိန်တွင် လူးကပ်စ် ကွန်ပျူတာ ပိတ်ထားလေ့ ရှိ၏။ 

ထို့ကြောင့် ထိုအချိန်အတွင်း လင်းချွမ်မှာ သူ လုပ်ဆောင်လိုသည်များကို အမြန် စီစဉ်ရ၏။ 

မိနိုင်ခြေနည်းသော အချိန် ဖြစ်ပါသည်။ 

“လူးကပ်စ် ငါ မင်းအကောင့်ကို ရှာနေတာ ကြာလှပြီ။ ဒီလိုမျိုး အိမ်ရှေ့အထိ တိုက်ရိုက်ရောက်လာမယ်လို့ မထင်ထားမိဘူး”

လင်းချွမ် ရေရွတ်ရင်း အာရုံစိုက်ကြည့်နေ၏။ 

သူ အရှေ့တောင်အာရှ မူးယစ်ဆေးအမှုအတွက် ရဲတပ်ဖွဲ့အား ကူညီဖူးသော်လည်း လူးကပ်စ်အကြောင်း မသိရဘဲ အောက်ဘက်မှ အကောင်ငယ်ကိုသာ ဖမ်းနိုင်ခဲ့သည်။ 

ယခုတော့ ဆာနီယာကုမ္ပဏီ တရားစွဲမှုဖြင့် လူးကပ်စ်အား ခြေရာခံမိလေပြီ။ 

ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင် ပစ်ခြင်းပင်။ 

လင်းချွမ် မောက်စ်ကို ရွေ့လျားရင်း လူးကပ်စ် ကွန်ပျူတာထဲမှ ပရိုဂရမ်များကို သေချာ စစ်ဆေးနေသည်။ 

မကြာမီ မျက်နှာပြင်ပေါ်တွင် ကုဒ်များ တစ်ကြောင်းပြီး တစ်ကြောင်း ပြည့်လာတော့၏။ 

အချိန်ကို လှမ်းကြည့်လိုက်သောအခါ (၄:၁၂) ဖြစ်လေသည်။ 

ပြုံးရွှင်၍ ကျေနပ်စွာ ကြည့်နေသော်လည်း အလောတကြီး မတိုက်ခိုက်သေးချေ။ 

“ပိတ်ထားလိုက်တာ ပိုလုံခြုံတယ်”

မုဆိုးအစစ်မှာ သားကောင်ဖမ်းရန် စိတ်ရှည်ရပါသည်။ 

ထိုအချိန်တွင် လင်းချွမ်မှာ ထိပ်တန်းဟက်ကာ တစ်ယောက် ဖြစ်ရုံတင်မကဘဲ လုပ်ကြံသူလည်း ဖြစ်၏။ 

ထို့ကြောင့် တော်ရုံအဖြစ်အပျက်နှင့် တုန်လှုပ်မည် မဟုတ်ချေ။ 

လင်းချွမ် လျှို့ဝှက်ပရိုဂရမ်ဖြင့် ကွန်ယက်ကိုသာ သေချာ စစ်ဆေးနေသည်။ 

ယခုအချိန်တွင် မော်ဂန်အုပ်စု အာရှ-ပစိဖိတ် ရုံးခွဲ၏ ကွန်ယက်သည် လင်းချွမ်၏ ထိန်းချုပ်မှုအောက် ကျရောက်နေပြီ ဖြစ်၏။ 

ထိပ်တန်းဟက်ကာတစ်ဦး၏ တန်ပြန်တိုက်ခိုက်မှုပင်။ 

လင်းချွမ် အကောင်းဆုံးအချိန်ကို သေချာ တွက်ချက်ပြီးမှ တိုက်ခိုက်မည် ဖြစ်၏။ 

သူ လက်ဖက်ရည်တစ်ငုံသောက်ကာ ကီးဘုတ်ပေါ်တွင် လက်ချောင်းများ ပြေးလွှား လှုပ်ရှားနေပြန်သည်။ 

ဟားစ်စစ်တပ်၏ ကွန်ယက်ထဲမှ အချက်အလက်များနှင့်အတူ လျှို့ဝှက်ပရိုဂရမ်များလည်း လူးကပ်စ် ကွန်ပျူတာထဲ နေရာယူထားလိုက်၏။ 

အင်အားအပြည့် ဖြည့်ထားပြီးလေပြီ။ 

ထို့နောက် ကွန်ပျူတာအား ပြန်ပိတ်ထားလိုက်၏။ 

အခြေအနေမှာ ထူးဆန်းသည်ဟု ထင်ရသော်လည်း ဟက်ကာလောက၌ အထူးသဖြင့် ထိပ်တန်းဟက်ကာများကြားတွင် ဤသည်မှာ လုံးဝ အောင်မြင်နေခြင်း ဖြစ်သည်။ 

ကွန်ပျူတာတစ်ခုကို တိုက်ခိုက်ထိန်းချုပ်ခြင်း ခံရပါက ပိတ်ထားရုံဖြင့် အဆင်ပြေမည်လား။ 

မဟုတ်ပါ။ ကွန်ပျူတာတွင် အားရှိနေသရွေ့ တစ်ဖက်ဟက်ကာမှ ကုဒ်များဝင်၍ ရေးဆွဲ အသုံးပြုနိုင်ပါသည်။ 

ဤသည်ကို ကာကွယ်ရန် ကွန်ပျူတာ ဘက်ထရီအား ရှိစေမည့် စက်အားလုံးကို ဖြုတ်၍ hard drive များလည်း ဖယ်ထားရမည်။ 

ထို့ကြောင့် ကွန်ပျူတာကို ကွန်ယက်ထဲမှ လုံးဝ ပျောက်ကွယ်သွားအောင် ပြုလုပ်၍ ပစ်မှတ်ကို တားဆီးရမည် ဖြစ်၏။ 

သို့ရာတွင် လူးကပ်စ် ဟားစ်စစ်တပ်ကို တိုက်ခိုက်နေချိန်၌ လင်းချွမ်ကလည်း သူ့ကို စောင့်ကြည့်နေလေသည်။ 

သူ ဆိုက်ဘာတိုက်ခိုက်မှုများ၏ ခုခံရေးတိုက်ပွဲ

စည်းမျဉ်းကို နားမလည်၍လည်း ဖြစ်နိုင်သည်။  

လင်းချွမ်မှာ ထိုရက်ပိုင်းအတွင်း မော်ဂန်အုပ်စု၏ လုံခြုံရေးအချက်အလက်များစွာကို ရရှိထားပြီးလေပြီ။ 

All Chapters