← Chapters

နားထောင်ကောင်းလိုက်တာ

Vol. 27 Ch. 401

နားထောင်ကောင်းလိုက်တာ

Vol. 27 Ch. 401

“မစိုးရိမ်ပါနဲ့။ ဒီတစ်ခါတော့ လုံးဝ ထီပေါက်တာပဲ”

လင်းချွမ်မှ ခပ်အေးအေး ပြောလေသည်။ 

“တကယ်ဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်”

ရှန်ချန်းချန်းမှ မျက်ခုံးလေးပင့်လျက် ပြော၏။ 

ရုံးခန်းထဲတွင် လူများနေပြီး မနက်စာစားရင်း အရေးကြီးကိစ္စများ ဆွေးနွေးကြသည်။ 

လင်းချွမ် ရှချင်းချင်းအား USB လှမ်းပေး၍

“ဒီထဲမှာ အရေးကြီးတဲ့အချက်အလက်တွေ ထည့်ထားတယ်။ သေချာလေး ကြည့်ပေးပါဦး”

ရှချင်းချင်း ပဲနို့သောက်လျက် ကွန်ပျူတာ၌ USB ထိုးလိုက်သည်။ ထိုအခါ (၂) စက္ကန့်အတွင်း သူ့ပါးစပ်ထဲမှ ပဲနို့များ ပြန်ပန်းထွက်မလို ဖြစ်သွားသည်။ 

“လင်းချွမ် ဒီလောက် (၂၀) Gb က နည်းနည်းလား”

လင်းချွမ် ဂုဏ်ယူစွာ ပြုံးလျက်

“ကျွန်တော် အပိုင်း (၄) ခု ခွဲထားသေးတယ်”

ဟူး… 

ရှချင်းချင်း အသက်ကို မနည်းဝအောင် ရှူပြီးမှ ဖိုင်အမည်များကို ဖတ်ကြည့်လိုက်၏။ 

“မော်ဂန်အုပ်စုကပဲ။ ရှင် ဒီလောက် အချက်အလက်တွေ အများကြီးကို ဘယ်က ရလာတာလဲ”

လင်းချွမ် ဘေးမှ ရှန်ချန်းချန်းကို တစ်ချက် လှမ်းကြည့်၍ ပြုံးကာ

“နည်းနည်းတော့ မသမာတဲ့နည်းနဲ့ဆိုပေမဲ့ ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ပါ”

“ရှင်ကတော့လေ”

ရှန်ချန်းချန်း ပြုံး၍ ကြည့်နေမိသည်။ 

ကျန်းရှင်းရှင်းသည် ဆန်ပြုတ်စားနေရင်း ထပြောလေ၏။ 

“ဟုတ်တယ်။ သူ ဒီမနက် (၄) နာရီတည်းက ထကြိုးစားနေတာ”

ရှန်ချန်းချန်းနှင့် ရှချင်းချင်းတို့ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီးမှ

“ရှင်းရှင်း အစ်မတို့နဲ့သာ လာအိပ်တော့။ အစ်မတို့ဆို မနက် (၄) နာရီတော့ မထဘူး”

ကျန်းမျက်နှာလေး ရဲလျက်

“သူဌေးတစ်ယောက်တည်းဆို မဟုတ်တာတွေ လုပ်နေမှာစိုးလို့။ ကျွန်မ စောင့်ကြပ်ပေးမှ ရမှာ”

“ဆန်ပြုတ်သာ အေးဆေးစားပါ”

လင်းချွမ် ရယ်မောရင်း လှမ်းဆူလိုက်သည်။ 

ထို့နောက် အလုပ်အကြောင်း စကားပြန်လှည့်၏။ 

“ဒီအချက်အလက်တွေရဖို့ အများကြီး စွန့်စားထားရတာ။ သေချာ ကြည့်ပေးကြဦး။ အောင်မြင်သွားရင် ကျွန်တော့်ကိုလည်း နာမည် တပ်ပေးရမယ်နော်”

“ရှင့်မှာ ပိုက်ဆံထားစရာနေရာ ရှိသေးရဲ့လား”

ရှချင်းချင်း ရယ်မော၍ ပြောလိုက်၏။ 

လင်းယုန်နည်းပညာကုမ္ပဏီတွင် အဖွဲ့ဝင် (၄) ဦးရှိပြီး (၂) ဖွဲ့ ခွဲထားလေသည်။ 

ရှချင်းချင်းမှ ရှန်ချန်းချန်းနှင့် ကျန်းရှင်းရှင်းတို့ကို ဦးဆောင်ကာ အချက်အလက်များ စိစစ် ထိန်းသိမ်းပေး၏။ 

လင်းချွမ်မှာတော့ ရန်သူ့အချက်အလက်များ ခိုးယူခြင်းကို လုပ်ဆောင်လေသည်။ 

သူတစ်ယောက်တည်း အချက်အလက်များ မစိစစ်နိုင်ပ်။ 

မကြာမီ အမျိုးသမီး (၃) ယောက် အလုပ်စတင်ကြတော့၏။ 

တရားရုံးအချက်အလက်များ ပြင်ဆင်ရာတွင် ရှချင်းချင်းမှ ဦးဆောင်၍ ညွှန်ကြား ပြသပေးပြီး မြန်ဆန်စွာ လုပ်ဆောင်နိုင်လေသည်။ 

လင်းချွမ်မှာတော့ နားကြပ်တပ်လျက် ခိုးနားထောင်ခြင်းကို စတင်၏။ 

လင်းချွမ် ပရိုဂရမ်စ၍ ခလုတ်နှိပ်လိုက်သည်နှင့် အသံများ ဝင်လာသော်လည်း လူသံများ မဟုတ်ချေ။ 

နောက်ခံ လေတိုးသံများသာ ဖြစ်၏။ 

ထိုအချိန်တွင် လူးကပ်စ် အလုပ်စမလုပ်သေးပေ။ 

မနက် (၈:၃၀)။ 

လင်းချွမ် နားကြပ်ထဲမှ ခြေသံအချို့ ကြားရသည်။ 

သူ ပို၍ အာရုံစိုက်ထားလိုက်၏။ 

ရှပ် ရှပ် ဒေါက် ဒေါက်။ 

လင်းချွမ်မှာ လုပ်ကြံသူ အတွေ့အကြုံလည်း ရှိသောကြောင့် ခြေသံကို နားထောင်ရုံဖြင့် လူအရေအတွက်ပါ ခန့်မှန်းနိုင်လေသည်။ 

ကျွီ-

ရုံးခန်းတံခါးပွင့်၍ လူနှစ်ယောက် ဝင်လာ၏။ 

“ယု သိပြီးပြီလား”

ယောက်ျားတစ်ယောက်အသံဖြစ်ပြီး စိတ်လှုပ်ရှားနေမှန်း သိသာလေသည်။ 

လင်းချွမ် ခန့်မှန်းချက်အရ ထိုလူမှာ လူးကပ်စ် ဖြစ်နိုင်၏။ 

‘ယု’ ဆိုသည်မှာရော။ 

လင်းချွမ် ထိုင်ခုံကိုမှီလျက် မျက်မှောင်ကြုတ်နေမိ၏။ 

ထိုအမည်မှာ သူနှင့် စိမ်းလာသည်တော့ မဟုတ်ချေ။ 

သူ ယုခီခီနှင့်လည်း ပတ်သက်ဖူးပါသည်။ 

ဒီယုဆိုတာ ယုခီခီနဲ့ ဆိုင်တဲ့သူလား။ 

နားကြပ်ထဲ၌ လူးကပ်စ်၏အသံကို ဆက်ကြားရသည်။ 

“မနေ့ညကပဲ ကျွန်တော့်ဟက်ကာအဖွဲ့ ဟားစ်စစ်တပ်ထဲမှာ နောက်ထပ် ချိုးဖောက်မှုတွေ လုပ်လိုက်နိုင်တယ်။ အခုလောက်ဆို တော်တော်လေး အင်အားကြီးနေပြီလို့ ခံစားရတယ်။ AW ကို စိန်ခေါ်နိုင်မယ့် အခြေအနေမျိုးပဲ”

ထို့နောက် ယုဟူသော အမျိုးသမီး၏ အသံကို ကြားရ၏။ 

“ဒီနယ်ပယ်မှာ အောင်မြင်နေပေမဲ့ ဟားစ်စစ်တပ်ရဲ့ ခုခံရေးက စစ်ရေးမှာ အဓိကထားတာ။ လက်နက် အချက်အလက်တွေကို စောင့်တဲ့သူ သိပ်မရှိလို့ ထင်တယ်။ နားလည်တယ်မလား”

လူးကပ်စ် ရယ်မော၍

“ဒါပေါ့။ သိပါတယ်။ ယုလည်း မော်ဂန်အုပ်စု ဟက်ကာအဖွဲ့ရဲ့ လုပ်နိုင်စွမ်းကို သိစေချင်တာပါ”

“သိပါတယ်”

ယုမှ ဆက်ပြော၏။ 

“ဒီတာဝန် အကုန်ပြီးသွားရင် ကားလ်ကို ပြောပြီး ရှင်တို့နဲ့ AW အဖွဲ့ ပြိုင်လို့ရအောင် စီစဉ်ပေးမယ် ဘယ်လိုလဲ”

“ရတယ်လေ”

လူးကပ်စ် ယုံကြည်ချက်အပြည့်ဖြင့် ပြော၏။ 

ခိုးနားထောင်နေသော လင်းချွမ်မှာ မျက်မှောင်ကြုတ်လိုက်မိသည်။ 

ကားလ်လား။ 

သူတို့၏ ၇၂၀ ကုမ္ပဏီမှ ဝန်ထမ်းသစ်နှင့် နာမည်တူနေသည်။ 

အတူတူပဲလား။ တိုက်ဆိုင်တာလား။ 

သူ ဆက်မတွေးနိုင်သေးဘဲ သူတို့စကားကို ပြန်အာရုံစိုက်လိုက်၏။ 

ယုမှ

“လူးကပ်စ် ဒီအချိန်အတွင်း ရှင့်ဟက်ကာအဖွဲ့ကို ကွန်ယက် လုံခြုံရေးအတွက် သေချာ သတိထားဖို့ မှာထားနော်”

“ကျွန်တော်တို့ ခုခံရေးက အမြဲ အသင့်ပဲ”

လူးကပ််စ် ယုံကြည်ချက်အပြည့်ဖြင့် စိတ်ချလက်ချ ပြောလေသည်။ 

ယု ခဏငြိမ်နေပြီးမှ

“လင်းချွမ်က တကယ်တော်တဲ့ ဟက်ကာနော်။ မဟုတ်ရင် ကားလ်ရဲ့ (၂) ကြိမ် ခုခံမှုကို ထိုးဖောက်နိုင်မှာ မဟုတ်ဘူး။ ဒုတိယတစ်ခေါက်မှာ ကားလ် လုံးဝ ပြင်ဆင်ထားတာတောင် လင်းချွမ် နိုင်သွားသေးတယ်။ ရှင်ရော သူ့ကို တားနိုင်မယ် ထင်လား”

လင်းချွမ် မေးစေ့လေးပွတ်လျက် နားထောင်နေ၏။ 

ခိုးနားထောင်နေရင်း ရုတ်တရက် သူ့အကြောင်း ပါလာကာ ချီးကျူးပြောဆိုနေလေသည်။ 

နားထောင်၍ အလွန်ကောင်း၏။ 

ယုရယ် ပြောလက်စနဲ့ ဆက်ပြောပါဦး။ 

“သူ့အမှုနဲ့သူ ရှုပ်နေတာ။ ကျွန်တော့်ကို ဂရုတောင် မစိုက်နိုင်သေးပါဘူး။ နောက်ကွယ်မှာ ကျွန်တော်တို့ရှိမှန်း သိရင်တောင် သက်ပြင်းချရုံပဲ တတ်နိုင်လိမ့်မယ်။ နောက်ပြီး ကျွန်တော့် ဟက်ကာအဖွဲ့က နောက်ဆုံးတစ်ခါ ပြဿနာတက်ပြီး အကာအကွယ် တိုးမြှင့်ထားတယ်။ ၂၀၀% တောင် တိုးထားတာ။ သူ ဝင်တိုက်ခိုက်လည်း တန်းသိပြီး တားလို့ရပါတယ်”

လင်းချွမ် နားထောင်ရင်း ရယ်မောမိ၏။ 

တော်လိုက်တာကွာ။ 

လင်းချွမ် သူ့ယုံကြည်ချက်ကို ရယ်မောခြင်း မဟုတ်ပေ။ 

မော်ဂန်အုပ်စု၏ ဟက်ကာ လုံခြုံရေး အလွန်မြင့်မှန်း နားလည်ပြီး တော်ရုံ မထိုးဖောက်နိုင်ပေ။ 

သို့သော် သူကိုယ်တိုင်မှာ​တော့ ကမ္ဘာ့ထိပ်ဆုံး ဟက်ကာတစ်ဦး ဖြစ်လေသည်။ 

All Chapters