← Chapters

ဆင့်ခေါ်စာ

Vol. 27 Ch. 388

ဆင့်ခေါ်စာ

Vol. 27 Ch. 388

အန်လင်းမြို့တရားရုံးက စာလား။ 

လင်းချွမ် အိပ်ချင်မူးတူး ဖြစ်နေရာမှ ရုတ်တရက် မှင်တက်နေ၏။ 

“ဘာလို့လဲ”

ဘေးမှ ကျန်းရှင်းရှင်း နိုးလာပြီး မေးလေသည်။ 

“တရားရုံးက ဆက်သွယ်လာတာ”

လင်းချွမ် ထထိုင်ကာ ပြောလိုက်သည်။ 

“ကျွန်မတို့ကုမ္ပဏီကနေ တရားစွဲထားတာမျိုး မရှိပါဘူး။ ကျွန်မတို့ကို ပြန်တရားစွဲတာလား”

ကျန်းမှာ ကုမ္ပဏီကိစ္စများ စီစဉ်လေ့ရှိသောကြောင့် ထိုအကြောင်းကို ကောင်းစွာ သိပါသည်။ 

လင်းချွမ် ခေါင်းငြိမ့်ပြ၍

“ဘယ်လိုလူက တရားလာစွဲနေလဲတော့ မသိဘူး။ ကို တရားရုံး လိုက်သွားကြည့်လိုက်ဦးမယ်”

ထို့နောက် ကိုယ်လက်သန့်စင် အဝတ်အစားလဲကာ လင်းချွမ် ချက်ချင်း ထွက်သွားတော့သည်။ 

တရားရုံးသို့ ရောက်သောအခါ တရားစွဲထားသည့်သူမှာ တရားရုံးမှပင် ဖြစ်လေသည်။ 

ထိုစွဲဆိုချက်များထဲတွင် တိုက်ရိုက် ဝန်ဆောင်မှု၊ ထိန်းသိမ်းခ၊ လျှပ်စစ်ခွန်၊ အမြတ်ငွေနှင့် ပို့ဆောင်ခြင်း၊ လူထုအသိပေးစာ၊ လမ်းပန်း ဆက်သွယ်ရေးအခွန် စသဖြင့် ပါဝင်သည်။ 

လင်းချွမ်လည်း အိမ်ပြန်ရောက်ပြီးမှ စာကို အသေးစိတ် ဖတ်ကြည့်လိုက်သည်။ 

A4 စာရွက်တစ်ရွက်တွင် ထိပ်ဆုံး၌ ‘အန်လင်း ပြည်သူ့တရားရုံးမှ စွဲဆိုချက်’ ဟု ခေါင်းစဉ် တပ်ထား၏။ 

အောက်တွင်မူ-

[အမှုနံပါတ်: (၂၀၂၄) ပြစ်မှုဆိုင်ရာ ပထမ အရေးယူခြင်း နံပါတ်***]

[အမှုအကြောင်း: သိပ္ပံပညာရပ်ဆိုင်ရာ တီထွင်မှု ချိုးဖောက်ခြင်း]

[လက်ခံသူ: လင်းချွမ်]

[လိပ်စာ: လင်းကျန် အဆောက်အဦ၊ ချင်းရှုနယ်၊ အန်လင်းမြို့]

[ရောက်ရှိရမည့်အချိန်: ဒီဇင်ဘာလ (၂၀)၊ ၂၀၂၄ ခုနှစ်။ မနက် (၉) နာရီ]

[လာရောက်ရမည့် နေရာ: အန်လင်းမြို့ ပြည်သူ့တရားရုံး]

[မှတ်ချက်: တရားစွဲဆိုခံရသူသည် သတ်မှတ်ထားသော နေရာသို့ အချိန်မီ လာရောက်ရမည်။ 

တရားရုံးကို တရားစွဲဆိုခံရသူ ကိုယ်တိုင်သာ လာရမည်။ 

ဤစာကို လက်ခံရရှိကြောင်း လက်မှတ်ထိုး၍ သို့မဟုတ် တံဆိပ်တုံး ရိုက်နှိပ်၍ အကြောင်းကြားရမည်]

စာရွက် ဘယ်ဘက်အောက်ထောင့်၌ ယနေ့ရက်စွဲဖြစ်သည့် ဒီဇင်ဘာလ (၆) ရက်နှင့် တရားရုံးတံဆိပ် ပါလေသည်။ 

“သိပ္ပံပညာရပ်ဆိုင်ရာ တီထွင်မှု ချိုးဖောက်ခြင်းလား”

လင်းချွမ် ခပ်တိုးတိုး ရေရွတ်ရင်း နားမလည်နိုင် ဖြစ်နေ၏။ ကျန်းမှ

“ကျွန်မတို့ သူများဒီဇိုင်း ခိုးနေလို့လား”

“မသိဘူးလေ”

လင်းချွမ် ထိုအခြေအနေမျိုး ပထမဆုံး ကြုံဖူးခြင်း ဖြစ်လေသည်။ 

သူ အခြားပုံစံများစွာကို စိတ်ကူးယဉ်ကြည့်ဖူးသော်လည်း ယခုလို အမှုဖြင့် တရားစွဲခံရမည်ဟု မထင်ချေ။ 

ရဲစခန်းမှာ သူနှင့်ရင်းနှီးသည့် ဒုတိယအိမ်ဖြစ်နေသည့်တိုင် တရားရုံးကိုတော့ မရောက်ဖူးချေ။ 

ယုခီခီအမှုအတွက် ကြားနာရန် ရှန်ချန်းချန်းနှင့် တစ်ခေါက်သာ လိုက်ဖူး၏။ 

ထို့ကြောင့် သဘောတရားများကိုလည်း သိပ်နားမလည်လှပေ။ 

သို့သော် ကျန်းမှ မျက်ခုံးလေးပင့်လျက်

“ကျွန်မတို့ မေးလို့ရမယ့်သူ ရှိပါတယ်”

“တရားရုံးမှာ အသိရှိလို့လား”

ကျန်း ရယ်မော၍ ရှန်ချန်းချန်းအား ဖုန်းဆက်လိုက်၏။ 

“ဟယ်လို မမချန်းချန်းရေ။ အကြာကြီး စောင့်ခဲ့ရတဲ့ သတင်းကောင်း ရောက်လာပြီ။ ပြောပြရမလား”

လင်းချွမ် တစ်ချက် ရှုံ့မဲ့သွား၏။ 

ကောင်းလိုက်တာ။ 

သူဌေးက တရားရုံးဆင့်ခေါ်စာ ရောက်လာတာကို သတင်းကောင်းတဲ့လား။ 

လင်းချွမ် ကြည့်နေရင်း ကျန်းအား အနောက်မှ ခပ်တင်းတင်း ဖက်ထားလိုက်၏။ 

“အို”

ကျန်း ရုတ်တရက် အာမေဋိတ်သံ ထွက်သွားသော်လည်း ဖုန်းပြောလက်စဖြစ်၍ လင်းချွမ်အား မျက်စောင်းထိုးလိုက်သည်။ 

“ဘာသတင်းကောင်းလဲ။ လင်းချွမ် အဖမ်းခံရပြီလား။ ကျွန်မအဖွဲ့သားတွေကို ပြောထားလိုက်မယ်လေ”

ရှန်ချန်းချန်းအသံမှာ စိတ်လှုပ်ရှားနေမှန်း သိသာ၏။ 

လင်းချွမ် ပို၍ ရှုံ့မဲ့သွားသည်။ 

ရှန်ချန်းချန်း သူ့ကို အလွန် ချုပ်နှောင်ထားချင်ပုံ ပေါ်ပါသည်။ 

ကျန်းရှင်းရှင်းမှ ရှင်းပြလိုက်၏။ 

“သူ အဆင်ပြေပါတယ်။ အဖမ်းမခံရသေးဘူး”

“အဖမ်းမခံရသေးဘူးလား”

ရှန်ချန်းချန်း စိတ်ပျက်သွားသောအသံဖြင့် ပြောမိ၏။ 

လင်းချွမ် ဒီနောက်ပိုင်း အဖမ်းမခံရသည်မှာ ကြာပြီဖြစ်၍ သူ့အတွက် တစ်ခုခုလိုအပ်နေသလို ခံစားရသည်။ 

“ဒါပေမဲ့ သူ တရားစွဲခံရလို့”

သူတို့စကားကြောင့် လင်းချွမ်မှာ ရယ်ရခက် ငိုရခက် ဖြစ်နေသည်။ 

ကျန်းသာ ဖုန်းပြောမနေလျှင် လင်းချွမ် ခပ်ကြမ်းကြမ်း အပြစ်ပေးမိမည် ဖြစ်၏။ 

“လင်းချွမ် တရားစွဲခံရတာလား”

ရှန်ချန်းချန်း တကယ် အံ့ဩသွား၏။ 

“သိပ္ဖံပညာရပ်ဆိုင်ရာ တီထွင်မှု ချိုးဖောက်ခြင်းတဲ့”

ရှန်ချန်းချန်းမှာ ရဲမေတစ်ဦးဖြစ်သည့်အလျောက် ဥပဒေအကြောင်း သေချာ သိနေသည်။ 

သူ ခဏငြိမ်၍ စဉ်းစားပြီးနောက်

“ဆိုးလိုက်တာ”

ကျန်း ပြုံးမိသွားကာ

“အရမ်းတော့ အရေးမကြီးဘူးမလား”

“လင်းချွမ် လက်နက် ထုတ်လုပ်ရေးနဲ့ တပ်ဆင်တာကို ကျွန်မနဲ့ ချင်းချင်းတို့ လုပ်ပေးတာလေ။ အမျိုးသား လက်နက်ရုံးကလည်း စစ်ဆေးပြီးပြီ။ ဘာပြဿနာမှ မရှိလို့ ထုတ်ခွင့်ရတာပေါ့။ သူတို့ကို သက်သေလိုက်ခိုင်းရင် ရပါတယ်”

ရှန်ချန်းချန်း ဂရုတစိုက် ရှင်းပြလိုက်၏။ 

“တော်သေးတာပေါ့”

ကျန်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် စိတ်အေးသွားသည်။ 

“ဘယ်သူက တရားစွဲတာလဲရော သိလား”

ရှန်ချန်းချန်း ဆက်မနောက်တော့ဘဲ လေးနက်စွာ မေးလေ၏။ 

သူတို့ လင်းချွမ်ကို တကယ် ဒုက္ခမရောက်စေချင်ပေ။ 

ထိုအမှုမှာ အခြေအနေအပေါ် မူတည်၍ သေးသည်လည်း ဖြစ်နိုင်သလို ကြီးသည်လည်း ဖြစ်နိုင်၏။ 

မတော်တဆ ပြစ်မှု ထင်ရှားလျှင် ထောင်လည်း ကျနိုင်ပါသည်။ 

ကျန်းနှင့် လင်းချွမ်တို့ အချင်းချင်း ကြည့်မိကာ ခေါင်းယမ်းလိုက်ကြသည်။ 

“အခုထိတော့ မသိသေးဘူး”

“ဒါဆို ကျွန်မ စုံစမ်းကြည့်ပေးမယ်။ တရားရုံးမှာ အသိတွေ ရှိတယ်”

ရှန်ချန်းချန်း ချက်ချင်း သဘောပေါက်သွား၏။ 

“ဟုတ်ကဲ့ပါ။ အဲ့တာဆို မမချန်းချန်းကို အားကိုးပါတယ်နော်”

ကျန်း ပြုံး၍ ပြောလိုက်သည်။ 

“အားနာစရာ မလိုပါဘူး။ ကျွန်မစီးပွါးရေးဆိုလည်း ဟုတ်တယ်လေ”

All Chapters