ဘာအမှုလဲ
Vol. 27 Ch. 390
လင်းချွမ် ထိုကြော်ငြာထဲ ချက်ချင်း ဝင်ကြည့်လိုက်သည်။
“မင်္ဂလာပါ။ ရွေးချယ်ပေးမှုအတွက် ဝမ်းသာပါတယ်။ လိုအပ်သော ဝန်ဆောင်မှုအား ရွေးပါ”
ထိုအချိန်တွင် အလိုအလျောက် ဖြေကြားခြင်း စတင်လာ၏။
လင်းချွမ်လည်း ပြစ်မှု ဆွေးနွေးခြင်းကို ရွေးကာ ဆွေးနွေးချိန် တစ်ချိန်စာ ယွမ် (၃၀) ဖြင့် ဝယ်လိုက်သည်။
အရင်ကလိုဆိုလျှင် လင်းချွမ်မှာ ထိုသို့ ယွမ် (၃၀) သုံးရန် အိပ်မက်ပင် မမက်ဖူးချေ။
သို့သော် ယခုတော့ စိတ်ဝင်စားမိပါသည်။
သူသာ အမှန်တကယ် ပြစ်ဒဏ်ကျခံရလျှင် ထောင်ထဲ၌ မည်မျှ နေရမည်နည်း။
ကျန်းရှင်းရှင်းမှာ ပို၍ပင် သိချင်သေး၏။
ချက်ချင်း ငွေလွှဲ၍ ပြန်စာကို စောင့်နေသည်။
ထိုစဉ် အနောက်တိုင်းဝတ်စုံ သပ်ရပ်စွာ ဝတ်ဆင်၍ လက်ပိုက်ထားသော ပုံဖြင့် အမျိုးသားတစ်ဦးမှ စာပို့လာ၏။
“မင်္ဂလာပါ။ ဘာအကြောင်းများ ဆွေးနွေးချင်လို့လဲဗျ”
သူသည် တရားဝင် ပြစ်မှုဆွေးနွေးရေး ဝန်ဆောင်မှုမှ ရှေ့နေ ဝူကျန်း ဖြစ်လေသည်။
တင်ထားသောပုံအရ မျက်နှာမှာ အနည်းငယ် နုနေပါသေးသည်။
လင်းချွမ်မှ လိုရင်းကို တန်းမေးလိုက်၏။
“မင်္ဂလာပါ ရှေ့နေဝူ။ ကျွန်တော် သိချင်တာက ကျွန်တော့်အနေနဲ့ တခြားနည်းပညာတစ်ခုကို ခိုးမိတဲ့အခါ ပျမ်းမျှ ထောင်ဘယ်နှစ်နှစ်လောက် ကျနိုင်လဲလို့ပါ”
ရှေ့နေဝူမှ ဂရုတစိုက် ပြောလေသည်။
“နည်းပညာဆိုတာ ဘယ်လိုဟာမျိုးလဲ ပြောပြလို့ ရမလားဗျ။ ဒါကို ဖြေဖို့ အတိအကျသိရမှ ဖြစ်မှာမို့လို့ပါ”
“ဘာအမျိုးအစားပဲ ဖြစ်ဖြစ်ပါ”
လင်းချွမ် ပြန်ဖြေလိုက်သည်။
နည်းပညာဆိုသည့်ထဲတွင် တီထွင်ခြင်း၊
အသုံးပြုခြင်း၊ ဒီဇိုင်းရေးဆွဲခြင်း စသဖြင့် ပါတတ်၏။ လင်းချွမ်လည်း လက်နက်ဝိဇ္ဇာတစ်ဦးအနေဖြင့် အတော်လေး သိပြီးဖြစ်ပါသည်။
ရှေ့နေဝူ ခဏငြိမ်နေပြီးမှ ထပ်မေး၏။
“ဘယ်နှစ်ခုလောက် ချိုးဖောက်ခဲ့တယ်ဆိုတာရော ပြောလို့ရမလား”
လင်းချွမ် မကျေမနပ်ဖြင့်
“ဒါနဲ့ ရှင်းအောင် ပြောထားရရင် လုပ်ဖူးတယ်လို့ မေးတာ မဟုတ်ဘူး။ အဲ့လိုဆိုရင်ပဲ ပြောတာ”
“တောင်းပန်ပါတယ်ဗျာ။ စိတ်ကူးယဉ် အခြေအနေမှာ ဘယ်နှစ်ခုလောက် ချိုးဖောက်ခဲ့လဲ”
ရှေ့နေဝူမှ ချက်ချင်း ပြန်ပြင်ပြောလိုက်သည်။
သူ မြင်ဖူးသော အတွေ့အကြုံများအရ ၉၉% သော လူအများစုမှာ သူတို့ကိုယ်သူတို့ စိတ်ကူးယဉ်အခြေအနေဟုသာ ပြောလေ့ ရှိကြသည်။
ဥပမာ ကျွန်တော် ငွေမည်းပေးပြီး ပြည့်တန်ဆာ ခေါ်အိပ်တယ် ဆိုပါတော့။ အဲ့တာ ပြည့်တန်ဆာမှုထဲ ပါမှာမလား။
ဒါပေမဲ့…
စိတ်ကူးထဲမှာ ကျွန်တော်က A ဆိုတဲ့သူကို မိန်းကလေးတစ်ယောက် မုဒိန်းကျင့်ခိုင်းမယ်။ ဒါပေမဲ့ A က အထင်လွဲပြီး ကျွန်တော့်ကို ကျင့်လိုက်ရော။ အဲ့တာဆို A ကို ဘယ်လိုကိုင်တွယ်မှာလဲ။ လျော်ကြေး ရမှာလား။
အမှန်တော့ လူအများစု လာဆွေးနွေးတဲ့အခါ စိတ်ကူးကြည့်တာတို့၊ တကယ်လို့တို့၊ အဲ့လိုဆိုရင်တို့ ပြောလာရင် လုံးဝ ဖြစ်ပြီးတဲ့ အကြောင်းအရာပဲ။
ဤသည်မှာ ရှေ့နေဝူကျန်း၏ သံမဏိစိတ်ဓာတ်ပင်။
“(၃၀၀) ကျော်ပါ”
လင်းချွမ် ပြန်ဖြေလိုက်၏။
ရှေ့နေဝူမှာ ရုတ်တရက် မှင်တက်သွားမိသည်။ လင်းချွမ်၏အဖြေမှာ အလွန်အံ့ဩစရာ ကောင်းလှသည်။
“လာကြွားနေတာလားဟင်”
သူ မနေနိုင်တော့ဘဲ စိတ်ထဲမှ ရေရွတ်မိ၏။
ထို့နောက် အလုပ်ကို အလုပ်နှင့်တူအောင်ထိန်း၍
“အဲ့အတွက် ဈေးနှုန်းရော ရှိလားဗျ”
“အဲ့လိုတော့ မသိဘူး”
လင်းချွမ် ပြန်ဖြေပြီးမှ သတိရကာ ဆာနီယာကုမ္ပဏီ ဝက်ဘ်ဆိုဒ်ထဲ ဝင်ကြည့်လိုက်သည်။
“လျော်ကြေးက (၃၀) ဘီလီယံတော့ တောင်းတယ်”
ရှေ့နေဝူ ရှုံ့မဲ့သွားမိပြီး
“အစ်ကိုရေ ဒီဆွေးနွေးမှုက ယွမ် (၃၀) ပဲ တန်တာနော်။ ဘီလီယံ (၃၀) တန် အမှုကို လာဆွေးနွေးလို့ တန်ပါ့မလား”
“ခင်ဗျားက တရားဝင် အမှုဖြေရှင်းတဲ့ ကျွမ်းကျင်သူ မဟုတ်ဘူးလား”
လင်းချွမ်မှ ပြန်မေးလိုက်၏။
“တရားဝင် ကျွမ်းကျင်သူတော့ ဟုတ်ပေမဲ့ အဲ့တာဆိုလည်း လက်တွေ့ကျတာကို မေးလေ။ ခင်ဗျားက ဒီလအတွက် ကျွန်တော့်ရဲ့ ပထမဆုံး လာဆွေးနွေးတဲ့သူပဲ”
ရှေ့နေဝူ စိတ်မထိန်းနိုင်တော့ဘဲ ပြန်ပြောလိုက်သည်။
“အခုပြောနေတာ လက်တွေ့မကျလို့လား။ ကျွန်တော် အမှန်အတိုင်း ပြောနေတာလေ”
လင်းချွမ် ထပ်ပြောလိုက်သည်။
“ဒါဆို ပြောပါဦး။ ဒီအမှုအတွက် ဘယ်လိုလုပ်ပေးရမလဲ”
ရှေ့နေဝူ စိတ်ထိန်း၍ အကောင်းဆုံး ပြန်ဖြေလိုက်သည်။
သူကိုယ်တိုင်လည်း ဘွဲ့ရသည်မှာ မကြာသေးသော ဥပဒေကျောင်းသားဖြစ်ပြီး အလုပ်ရရန် အလွန်ခက်ခဲခဲ့၏။ ထို့ကြောင့် သည်းခံလိုက်ပါသည်။
“အမှုမှာ သေနတ်၊ ဒုံးကျည်လောင်ချာ၊ ဗုံးလောင်ချာ၊ တင့်ကားတွေပါတယ်။ အဲ့တော့ စစ်လက်နက် နည်းပညာအောက်ထဲ ပါမယ်ထင်တယ်”
လင်းချွမ် အမှန်အတိုင်း ပြောလိုက်၏။
“ဟင်”
လင်းချွမ် ပြောနေရင်း ရုတ်တရက် သတိပြန်ဝင်လာသည်။
နေပါဦး။
သွားပြီ။
လက်နက်နယ်ပယ်မှာ နည်းပညာဥပဒေ ချိုးဖောက်တာအတွက် (၃၀) ဘီလီယံ တောင်းထားတာပဲ။ ထောင်ထဲမှာ သေသွားရတာ မလုံလောက်သေးဘူး။
စစ်လက်နက် နည်းပညာခိုးယူတာဆိုရင် အနည်းဆုံး အကုန် ပစ်ချလိုက်လို့ ရတာပဲ။