သူ ကျွမ်းကျင်စရာ မလိုဘူး
Vol. 27 Ch. 391
“ရှေ့နေဝူ ဘယ်လိုလဲ”
လင်းချွမ် ထပ်မေးလိုက်၏။
ဝူကျန်း ရှုံ့မဲ့သွားမိသည်။
ဆွေးနွေးခ ယွမ် (၃၀) မှာပင် သူ့အတွက် ရရန် ခက်လွန်းသည်။
သို့သော် လင်းချွမ်မှာ ရှားပါးဧည့်သည်ဖြစ်၍ ကျည်ဆံကိုခဲကာ ပြန်ဖြေရတော့သည်။
“ဒီမှာဗျ။ အခု ခင်ဗျားပြောတဲ့အမှုက တကယ့် ခိုးကူးမှုကြီးပဲ။ အမျိုးသား စစ်ရေးလျှို့ဝှက်ချက်တွေလည်း ပါသေးတယ်။ ဒီအတွက်ဆိုရင် ပြစ်ဒဏ်လည်း လျော့အောင် ကျွမ်းကျင်ရှေ့နေတစ်ယောက်ယောက်သာ ငှါးလိုက်ပါ”
စိတ်ထဲတွင်တော့ ကျွမ်းကျင်ရှေ့နေငှါးလည်း လွတ်မည်မဟုတ်ဟု တွေးမိ၏။
“နိုင်ငံတကာအမှုမျိုးမှာ နိုင်ငံခြားကုမ္ပဏီကနေ ကျွန်တော့်ကို တရားစွဲတာက စစ်ရေးလျှို့ဝှက်ချက်တွေတော့ မပါဘူးလေ။ ဒါဆို ဘာအဓိပ္ပာယ်လဲ”
လင်းချွမ်မှာ ဝူကျန်းအား ကျွမ်းကျင်အဆင့်ဟု သဘောထား၍ ဆက်မေးနေမိသည်။
အင်း…
ရှေ့နေဝူကျန်းလည်း မျက်မှောင်ကြုတ်ကာ တွေးနေသည်။
ဒီအမှုက တကယ်ပဲ ဒီလိုကြီး ဆက်သွားမှာလား။
ထို့ကြောင့် သူပြန်မေးလိုက်၏။
“အားတော့နာပေမဲ့ ခင်ဗျားက အွန်လိုင်းစာရေးဆရာလား”
“ဘယ်လိုလုပ် သိတာလဲ”
လင်းချွမ် ပြန်ပြောသည်။
တစ်ခါတစ်ရံ အွန်လိုင်းစာရေးဆရာများမှာ ထိုသို့ ပျင်းစရာကောင်းသော ကိစ္စများ ပြုလုပ်တတ်ကြ၏။
အထူးသဖြင့် အမှောင်ခန်းထဲ ပိတ်လှောင်ကာ စာအသည်းအသန် ရေးတတ်ကြသူများအနေဖြင့် အကြံဉာဏ်ကုန်သွားသောအခါ ကွန်ပျူတာစနစ်နှင့် စကားပြောကြတော့သည်။ အချို့လည်း ခွေးနှင့် နေ့တစ်ဝက်နီးပါး စကားပြောလေ၏။
အွန်လိုင်းစာရေးဆရာများသည် လက်တွေ့လောကတွင် အသိုင်းအဝိုင်းနည်းပြီး အွန်လိုင်းမိတ်ဆွေများသာ ရှိတတ်သည်။
ဥပမာ: အယ်ဒီတာ၊ အခြား စာရေးဆရာများနှင့် စာဖတ်ပရိသတ်တို့ ဖြစ်လေသည်။
“တကယ်ပဲ အွန်လိုင်းစာရေးဆရာပေါ့လေ”
ဝူကျန်း သူ့အတွေးများ ကွက်တိမှန်နေ၍ ပြန်အံ့ဩသွား၏။
ယခုရောက်လာသော စာရေးဆရာမှာ စာရေးရန် အကြံကုန်သွား၍ တခြားလုပ်စရာမရှိဘဲ ယွမ် (၃၀) ဖြုန်းကာ သူနှင့် စကားလာပြောနေခြင်းပင်။
ထိုသို့ဆိုလျှင် ယခု အမှုဆွေးနွေးခြင်းအား အလွယ်တကူ ဖြေရှင်းနိုင်လေပြီ။
“စာရေးတာက အဓိကအလုပ်ဆိုပေမဲ့ တစ်ခါတစ်လေ တခြားအလုပ်တွေလည်း လုပ်ပါတယ်”
လင်းချွမ် ပြုံး၍ ပြန်ပြောလိုက်သည်။
ဝူကျန်းမှာ စိတ်လက်ပေါ့ပါးစွာဖြင့်
“နားလည်ပါပြီ။ လက်ရှိအခြေအနေလည်း သိပ်မကောင်းတော့ စာရေးတာကနေ များများစားစား ရမှာ မဟုတ်ဘူးလေ။ တခြားအလုပ်တွေပါ လုပ်တာ ကောင်းပါတယ်”
လင်းချွမ် လျင်မြန်စွာ စာပြန်ပို့လိုက်သည်။
“ဟုတ်ပါ့ဗျာ။ ဒါပေမဲ့ တခြားအလုပ်က ပိုပြီး ပြဿနာ တက်နေတာ”
“ဒါဆို ဝတ္ထုပေါက်ဖို့ပဲ မျှော်လင့်ရမှာပေါ့”
ဝူကျန်းမှ အားပေးရင်း အမှုအကြောင်း ပြန်ပြောလေ၏။
“အဓိကအချက်ကို ပြန်ပြောရရင် နိုင်ငံခြား လက်နက်ကုမ္ပဏီကနေ ခင်ဗျားကို တရားစွဲတယ်ဆိုတော့ စဉ်းစားရမယ့်အချက်တွေ အများကြီးပဲ”
“ပြောပြပေးပါဗျာ”
နယ်ပယ်တိုင်းတွင် ကျွမ်းကျင်သူ သီးသန့် ရှိသောကြောင့် လင်းချွမ်မှ နှိမ့်ချ၍ မေးလိုက်၏။
“ကျွန်တော် မေးရမှာလေးတွေ ထပ်ရှိတယ်။ ဘယ်နိုင်ငံတရားရုံးကနေ တရားစွဲတာလဲ”
ဝူကျန်းမှ မေး၏။
“ဒီနိုင်ငံကပါပဲ”
“ဒီစိတ်ကူးယဉ်အမှုမှာ ခင်ဗျား ဘယ်လိုမျိုး နည်းပညာ ချိုးဖောက်ခဲ့တာလဲ”
“ကျွန်တော် နည်းပညာ တီထွင်တာတော့ ရှိပေမဲ့ အသေးစိတ်တော့ မပြောတတ်ဘူး”
“လက်ထဲမှာ (၃၀) ဘီလီယံရော ရှိလား”
“ရှိမယ်ထင်တယ်”
“တရားရုံးက ဒီငွေတွေကို ထိန်းချုပ်ထားလား”
လင်းချွမ် ကျန်းရှင်းရှင်းအား လှမ်းကြည့်လိုက်ရာ ကျန်း ခေါင်းယမ်းပြလေသည်။
“အခုထိပဲ”
“ဒါဆိုရင်တော့ အေးဆေးသာနေပါ။ ဒီလိုအခြေအနေမှာ အမှုက ဆက်ဖြစ်နေရင်တောင် ကျွန်တော် နိုင်အောင်လုပ်ပေးလို့ရတယ်ဎ
ဝူကျန်းမှ ရုပ်ရှင်မင်းသားများ ဇာတ်လမ်းထဲ ယုံကြည်ချက်အပြည့်ဖြင့် ပြောသလို ပြောလိုက်သည်။
တစ်ချက်ကြည့်ရုံဖြင့် အင်အားကြီးသယောင် ထင်ရ၏။
လင်းချွမ်လည်း ရယ်မောလျက်
“ရှေ့နေဝူ တာဝန်ယူနိုင်တာလား”
ဝူကျန်းမှာ သူ့ဝတ္ထုထဲက ဇာတ်ကောင်ကဲ့သို့ ပြန်ဖြေနေ၍ မေးလိုက်ခြင်း ဖြစ်သည်။
“ဒါပေါ့။ ကျွန်တော့်ဆရာက မစ္စတာလောင်လေ။ ကျွန်တော်က ကျွမ်းကျင် တရားဝင်ရှေ့နေပါ။ နောက်ပြီး အဆင်ပြေမယ်လို့ ခံစားရတယ်။ အဲ့တော့ ကျွန်တော့်ကိုသာ အပ်မယ်ဆိုရင် ကွင်းလုံးကျွတ် လွတ်မယ်လို့ အာမခံပါတယ်”
လင်းချွမ် ကျန်းရှင်းရှင်းအား လှည့်ကြည့်၍
“ရှေ့နေတော့ ရသွားပြီ”
ကျန်းမှာ လင်းချွမ်နှင့် ဝူကျန်းတို့၏ စကားပြောခန်းကို ကြည့်ကာ ပြုံးသွားမိသည်။
သို့သော် အမှန်တကယ် ရှေ့နေ ခန့်အပ်ရာတွင်တော့ ပို၍ သတိထားရပေမည်။
ထို့ကြောင့် ကျန်း လေးနက်စွာကြည့်၍
“သူ့ကြည့်ရတာ သိပ်မကျွမ်းကျင်သေးပုံပဲနော်”
“ကိုတို့က ကျွမ်းကျင်တာကို လိုချင်တာမှ မဟုတ်တာ”
လင်းချွမ် ခဏစဉ်းစား၍ ခေါင်းငြိမ့်ရင်း ရေရွတ်လိုက်၏။
“သူကဘာမှ ပြောစရာမလိုဘူး။ ကိုတို့ဖာသာ နိုင်အောင်လုပ်မှာ”
“သူဌေးက ယုံကြည်ချက် ရှိလှချည်လား”
ကျန်းရှင်းရှင်း အံ့ဩစွာ ကြည့်နေ၏။
လင်းချွမ် ကျန်းဆံနွယ်များကို ခပ်ဖွဖွ သပ်ပေးရင်း ရှေ့နဖူးမှ ဆံမြိတ်လေးကို နေရာတကျ ပြင်ပေးနေသည်။
နွမ်းနယ်နေပုံပေါ်သော်လည်း လှပနေဆဲ သူ့ပုံစံမှာ ချစ်စရာကောင်းလွန်း၏။
လင်းချွမ်မှ
“ဝူကျန်းက ကျွမ်းကျင်မဟုတ်ရင် ကိုကတော့ ဟုတ်တယ်လေ”
“ရှင့်အလုပ်ပ ဘာလဲ”
“ကိုက လက်နက်ရောင်းတယ်။ ဒါပေမဲ့ ဆာနီယာကုမ္ပဏီကနေ မကူးချဖူးဘူး။ လင်းယုန်နည်းပညာ ကုမ္ပဏီရဲ့ အပိုင်ပဲ။ အန်လင်းမှာ အမှုရင်ဆိုင်ရမှာ ရှုပ်ပေမဲ့ ရှုံးစရာအကြောင်း မရှိဘူး”
လင်းချွမ် ထိုကိစ္စကို သိပ်တော့ စိတ်မပူလှပေ။
ယုံကြဘ်ချက်အပြည့် ရှိနေ၏။
အမျိုးသား လက်နက်ရှာဖွေရေးဌာန၏ နောက်ခံအင်အားရှိနေလျက်ဖြင့် နိုင်ငံခြားလက်နက်ကုမ္ပဏီ၏ တရားစွဲဆိုခြင်းကို ရှုံးသွားလျှင် ရှက်စရာကောင်းပေတော့မည်။
ထို့အပြင် တိုက်ဆိုင်စွာဖြင့် ထို ဒီဇင်ဘာလ (၂၀) ရက်နေ့၏အရှေ့ (၁၉) ရက်နေ့တွင် ကီလိုမီတာ (၆၀၀) အဝေးထိန်းဒုံးကျည်လောင်ချာ စမ်းသပ်ပစ်လွှတ်ခြင်း ရှိ၏။
ဆာနီယာကုမ္ပဏီမှ စွပ်စွဲချက်တွင် ကီလိုမီတာ (၃၇၀) သာ ပါဝင်ပါသည်။