← Chapters

အရေးကြီးအချက်တွေ တွေ့ပြီ

Vol. 28 Ch. 408

အရေးကြီးအချက်တွေ တွေ့ပြီ

Vol. 28 Ch. 408

လင်းချွမ် ပြုံး၍

“မင်းတို့သူဌေး ဘယ်မှာလဲ”

ကျန် လူမိုက် (၃) ဦးမှာ မှင်တက်နေမိကြသည်။ 

လင်းချွမ် လှုပ်ရှားမှုမှာ လျင်မြန်လွန်း၍ သူတို့ခေါင်းဆောင် ရှေ့တိုးသွားသည်အထိသာ တွေ့လိုက်၏။ ထို့နောက် ဖမ်းချုပ်ရိုက်နှက်ခံရကာ လဲကျနေသည်။ 

“ပြောလို့ မရဘူးမလား”

လင်းချွမ် ခပ်အေးအေးပြော၍ နောက်တစ်ဦးကို မြန်ဆန်စွာ တိုက်ခိုက်လိုက်ပြန်သည်။ 

မိနစ်ပိုင်းအတွင်း လူမိုက် (၄) ဦးစလုံး သူတို့ကားနောက်ခန်းထဲ တိုးကြိတ်၍ အထည့်ခံလိုက်ရ၏။ 

ထို့နောက် လင်းချွမ် လီဝမ်ချင်းဘက် သွား၍

“သူဌေး အကုန်ရှင်းပြီးပါပြီ”

လီဝမ်ချင်းမှာ လင်းချွမ်အား နားမလည်နိုင်စွာကြည့်၍ 

“ရှင် ခုနက အရမ်းမိုက်တာပဲ”

သူ လက်ထောက်များစွာ တွေ့ဖူးသော်လည်း လူမိုက် (၄) ယောက်ကို မိနစ်ပိုင်းအတွင်း အပြတ်တိုက်ခိုက်နိုင်သော လင်းချွမ်ကဲ့သို့သူမျိုးကိုတော့ တစ်ခါမှ မတွေ့ဖူးချေ။ 

“သူဌေး”

သူ မှင်တက်နေ၍ လင်းချွမ်မှ ထပ်ခေါ်လိုက်သည်။ 

လီဝမ်ချင်း ထိုအခါမှ သတိပြန်ဝင်ကာ လင်းချွမ်နောက်မှ လိုက်သွား၏။ 

“ကိုယ့်အကြောင်းကိုယ်သိပြီး ဝန်ခံလိုက်ရင် ကောင်းမယ်နော်။ ရဲတွေ ရောက်လာမှဆိုရင် ဓားပြတိုက်ခံရလို့ ခုခံတယ်ပဲ ပြောမှာ။ မင်းတို့ နောက်ကြောင်း အဲ့လောက်မရှင်းဘူးမလား။ အကုန်ပေါ်လာမှာနော်”

လင်းချွမ်မှ ကြိုပြောထားလိုက်၏။ 

လူဆိုးများမှာ မည်သည့်အကြောင်းကြောင့်မှ ရဲစခန်း မရောက်လိုပေ။ အရင်ပြစ်မှုများပါ ပေါ်လာမည်ကို စိုးရိမ်မိကြသည်။ 

“လင်းချွမ် မင်း အရည်အချင်းတွေ တိုးတက်လာတာပဲ”

လင်းချွမ်ပြုံး၍

“အရင်က ကျောင်းမှာ သိုင်းသင်ခဲ့တာလေ။ အစက လေ့ကျင့်ခန်းအနေနဲ့ဆိုပေမဲ့ ဒီလိုမျိုး အသုံးတည့်လာတာပဲ”

“သူတို့စီးပွါးရေးအကြောင်း သိထားပြီးသား ထင်တယ်”

လီဝမ်ချင်းမှ ဝင်ပြောသည်။ 

လင်းချွမ် နေရခက်စွာ ရယ်မော၍ 

“ကျွန်တော် ငယ်ငယ်က ဘာမှ သိပ်နားမလည်တော့ တချို့စီနီယာတွေနောက်လိုက်ရင်း လမ်းမှားမလို ဖြစ်ဖူးတယ်လေ။ အဲ့လိုနဲ့ သူဌေးဆီရောက်တော့ ဒီအလုပ်အကြောင်း ပိုနားလည်လာတာ”

လီဝမ်ချင်း မျက်ခုံးပင့်လျက်

“လေလွင့်မသွားတာ တော်သေးတာပေါ့။ ဒီတစ်ခါ ကူညီတာတော့ အကြီးကြီးပဲ။ နောက်ဆို ပြိုင်ဘက်ကုမ္ပဏီတွေလည်း လက်လွတ်စပယ် ဆက်ဆံရဲတော့မှာ မဟုတ်ဘူး”

“ဒါဆို ဘောနပ်စ်ပေးဖို့ မမေ့နဲ့နော်”

လင်းချွမ် အားရပါးရ ရယ်မောမိသည်။ 

လီဝမ်ချင်းလည်း ပြုံးရွှင်၍ 

“စိတ်မပူပါနဲ့။ ရသင့်ရထိုက်တာ ရမှာပါ”

ထို့နောက် နှစ်ဦးသား ပို၍ ရင်းနှီးသွားကြ၏။ 

လီဝမ်ချင်း၏ ယုံကြည်မှုကို ရရှိရန် လွယ်ကူလှသည် မဟုတ်ပါ။ 

…

လက်တွေ့ဘဝတွင်။ 

ညမှ အရုဏ်တက်ချိန် ရောက်လာပြီး ကောင်းကင်လည်း ကြည်လင်လာသည်။ 

မိုးရွာထားသောကြောင့် လေညင်းမှာ ပို၍ အေးမြနေပြီး လင်းချွမ်လည်း တဖြည်းဖြည်း လက်တွေ့ကမ္ဘာထဲ ပြန်ရောက်လာ၏။ 

ဟူး…

သူ သက်ပြင်းချလိုက်မိသည်။ 

မနေ့ညက ကျွမ်းကျင် အေးဂျင့်ဘဝဖြင့် တစ်ညလုံး ပင်ပန်းခဲ့ရပြီး အောင်မြင်စွာ ပြီးဆုံးသွား၏။ 

“ဦးနှောက်စားလိုက်တဲ့အလုပ်”

လင်းချွမ်တစ်ယောက် ခေါင်းပေါက်ထွက်မလိုအထိ ခံစားနေရသည်။ 

ထိုစဉ် စနစ်မှ အချက်ပေးသံ ထွက်လာ၏။ 

[ဂုဏ်ယူပါသည်။ အေးဂျင့် အတွေ့အကြုံ အောင်မြင်စွာ ပြီးဆုံး၍ ထိပ်တန်းအဆင့် ရောက်ရှိပါပြီ]

[သင့်ကိုယ်ကာယလုပ်ငန်းများနှင့် ပျမ်းမျှ အရည်အချင်း တိုးတက်လာပါသည်]

[ထို့အပြင် သင်၏စီမံခန့်ခွဲမှုကြောင့် ထိပ်တန်းအေးဂျင့်ဟူသော ဝတ္ထု ထွက်ရှိပါမည်]

[စာအုပ်: ထိပ်တန်းအေးဂျင့်]

[လက်ရှိအခြေအနေ: ရိုက်နှိပ်ဆဲ]

[အောင်မြင်မှုစံနှုန်း: ၀/၁၀၀၀၀၀]

“ဟင်”

လင်းချွမ် မျက်မှောင်ကြုတ်မိသွား၏။ 

“စစ်ဆေးမှုတာဝန် မရှိတော့ဘူးလား”

[မရှိပါ]

လင်းချွမ် ထိုစကားကြောင့် ခေါင်းကိုက်တစ်ဝက်မျှ သက်သာသွား၏။ 

အစက အေးဂျင့်နှင့်ပတ်သက်သော တာဝန်ခိုင်းမည်ထင်၍ စိတ်ညစ်နေသော်လည်း ယခုတော့ အဆင်ပြေသွားသည်။ 

Subscription (၁) သိန်းမှာ သူ့အတွက် အရမ်းမခက်လှပေ။ 

အချိန်အနည်းငယ် ပိုပေးရုံသာ ရှိသည်။ 

“အိပ်ကြမယ် အိပ်ကြမယ်”

လင်းချွမ် ပြုံးရွှင်၍ ရေရွတ်ရင်း အခန်းထဲ ပြန်ကာ ကျန်းရှင်းရှင်းကိုဖတ်၍ အိပ်ပျော်သွားတော့သည်။ 

…

နောက်တစ်နေ့။ 

လင်းချွမ် အိပ်ရာထချိန်တွင် နေ့လယ်ခင်းပင် ရောက်နေလေပြီ။ 

တစ်ညလုံး ပင်ပန်းထားသမျှလည်း ပျောက်ကွယ်သွား၏။ 

အန်လင်းတစ်မြို့လုံး ပြာလဲ့သောကောင်းကင်အောက်တွင် တောက်ပလန်းဆန်းနေသည်။ 

လင်းချွမ် ထကာ ပြတင်းပေါက်တံခါးများ ဖွင့်လိုက်၏။ 

ထိုအခါ လတ်ဆတ်သောလေညင်းများ ဝင်ရောက်လာပြီး အတော်လေး လန်းဆန်းသွားသည်။ 

“သူဌေး နိုးပြီလား”

ဧည့်ခန်းဘက်မှ ကျန်း၏ ကြည်လင်ချိုမြသောအသံလေးကို ကြားလိုက်ရသည်။ 

“နိုးပါပြီ”

လင်းချွမ် အခန်းထဲမှ ပြုံး၍ ထွက်လာသည်။ 

“အခု မနက်စာ နွှေးပေးမယ်နော်။ ဪ မဟုတ်သေးဘူး။ နေ့လယ်စာစားချိန်တောင် ရောက်နေပြီပဲ”

ကျန်း ဆိုဖာပေါ်မှထ၍ လင်းချွမ်အတွက် စားစရာ ပြင်ပေးနေသည်။ 

“ကောင်းပါပြီ”

လင်းချွမ် ဖုန်းမှ စာများကို ဝင်ကြည့်လိုက်သောအခါ ရှချင်းချင်းကိုပါ တွေ့ရ၏။ 

“ရှင်ပေးတဲ့ အချက်အလက်တွေထဲမှာ အဓိက အချက်တွေ တွေ့ပြီ”

လင်းချွမ် ခဏစဉ်းစား၍

“မော်ဂန်အုပ်စုရဲ့ ပြစ်မှုလား”

“ဟုတ်တယ်”

ရှချင်းချင်း ချက်ချင်း ပြန်ဖြေလာ၏။ 

“ကိစ္စမရှိပါဘူး။ ကြည့်လုပ်ထားလိုက်။ အဆင်မပြေမှ ကူပေးမယ်နော်”

“အဲ့တာဆို ရှင်ရမယ့်ဘောနပ်စ်တွေ ကျွန်မပါ ခွဲယူမှာနော်”

ရှချင်းချင်းမှ နောက်လိုက်၏။ 

“ဒါနဲ့ သူတို့နဲ့ ဆာနီယာ ဆက်သွယ်တာရော တွေ့လား”

…

အပြင်ဘက်မှ ရာသီဥတုနှင့် ရှုခင်းမှာတော့ လူတိုင်း စွဲလန်းစရာ ကောင်းလောက်အောင် လှပနေလေသည်။ 

All Chapters