← Chapters

တွေ့စရာလူ ရှိတယ်

Vol. 28 Ch. 409

တွေ့စရာလူ ရှိတယ်

Vol. 28 Ch. 409

“ဆာနီယာနဲ့ သူတို့ကြား ဆက်သွယ်တာမျိုးတော့ မတွေ့ဘူး”

ရှချင်းချင်းမှ ပြန်ဖြေလိုက်၏။ 

“ဒါဆို အရင်ဆုံး သူတို့ရဲ့ မူးယစ်ဆေးချိတ်တွေပဲ အရင်စုံစမ်းထားလိုက်ပါ”

လင်းချွမ်မှ ပြောသည်။ 

သူ လိုချင်သောအဖြေမရ၍ နှမျောသွားမိသော်လည်း အဓိပ္ပာယ်တော့ ရှိပါသည်။ လူးကပ်စ် မူးယစ်ဆေးကိစ္စ၊ ပြည့်တန်ဆာလုပ်ငန်းနှင့် အရှေ့တောင်အာရှ လောင်းကစားအရေးတို့ကို ကိုင်တွယ်နေစဉ် ယုချင်းသည် စစ်လက်နက်စီးပွါးရေး လုပ်ဆောင်နေသည်ဟု သူ ခိုးနားထောင်စဉ်က ကြားထား၏။ 

“ကောင်းပါပြီ”

ရှချင်းချင်း သဘောတူလိုက်သည်။ 

သို့သော် နောက်ထပ်ပို့လာသော စာကြောင့် လင်းချွမ် စိတ်ဝင်စားသွားမိ၏။ 

“မူးယစ်ဆေးကိစ္စအပြင် လူးကပ်စ်ဘက်က ပြည်တွင်းအကောင့်တစ်ခုနဲ့ ဆက်သွယ်ဖူးတာ တွေ့ရတယ်။ အကောင့်ကို စုံစမ်းရင်တော့ မိသွားမှာစိုးလို့ မလှုပ်ရှားရသေးဘူး”

လင်းချွမ် မျက်မှောင်ကြုတ်မိသွား၏။ 

“ပြည်တွင်းအကောင့်လား”

“ဟုတ်တယ်။ အကောင့်ကို ဝှက်ထားပေမဲ့ ပြည်တွင်းကတော့ သေချာတယ်”

“အကောင့်က ဘာတဲ့လဲ”

“ကင်းမြီးကောက်တဲ့။ ကုဒ်နာမည် ဖြစ်မယ်”

ရှချင်းချင်းမှ ပြောလိုက်သည်။ 

လင်းချွမ် ထိုနာမည်ကို တရားမဝင် ဝက်ဘ်ဆိုဒ်များတွင် ကြားဖူးသလိုရှိပြီး စတင်ရှာဖွေလေတော့သည်။ 

လူးကပ်စ် အဘယ်ကြောင့် ဤသို့ ဆက်သွယ်နေသနည်း။ 

…

“သူဌေး စားလို့ရပြီနော်”

မကြာမီ ကျန်းရှင်းရှင်း၏ နေ့လယ်စာ အသင့်ဖြစ်နေသည်။ 

လင်းချွမ် နေ့လယ်မှ နိုးလာ၍ အတော်လေး ဗိုက်ဆာနေလေပြီ။ 

ကျန်းမှ လင်းချွမ်အကြိုက် ဝက်နံရိုးခေါက်ဆွဲကို ချက်ပေးထားသည်။ 

လင်းချွမ်လည်း စားပွဲတွင် ဝင်ထိုင်ကာ အားရပါးရ စားလေတော့သည်။ 

ကျန်း သူ့ကို ငေးကြည့်၍

“အရသာ ဘယ်လိုနေလဲ”

လင်းချွမ် ကျန်းအား ပြုံး၍ကြည့်ကာ

“မင်းလိုပဲ”

“ကျွန်မလိုပဲက ဘာကြီးလဲ”

ကျန်း နားမလည်နိုင်စွာ မေးလိုက်သည်။ 

လင်းချွမ် တူကိုခဏချ၍ ကျန်းနှာခေါင်းလေးအား တို့ကာ ရယ်မောလျက်

“မင်းလိုပဲ အရသာရှိတယ်လို့”

ထိုအခါ ကျန်းရှင်းရှင်း မျက်နှာလှလှလေးတွင် နီရဲသွားလေ၏။ 

“တခြားမိန်းမ ချက်တာဆိုရင်ရော အဲ့လိုပဲ ပြောမှာမလား”

“မဟုတ်ရပါဘူး”

လင်းချွမ် စိတ်ရင်းဖြင့် ပြော၏။ 

“တကယ်လား။ ဘယ်သူမှ ရှင့်ကို ချက်မကျွေးဖူးဘူးပေါ့”

ကျန်း နှုတ်ခမ်းလေးစူ၍ ပြောလေသည်။ 

“တကယ်ပေါ့”

“ချက်ရော မကျွေးစေချင်ဘူးလား”

လင်းချွမ် တောင့်သွား၏။ 

ထိုမေးခွန်းမျိုးမှာ အသက်အန္တရာယ်ရှိ၏။ 

ကျန်း၏ နူးညံ့သော ပုံစံလေးမှ ချက်ချင်း အင်အားကြီးသော အခြေအနေသို့ ပြောင်းလဲသွားနိုင်ပါသည်။ 

လင်းချွမ် ချောင်းဟန့်၍

“မေးခွန်းသတ်တာဆိုတော့ ဖြေဖို့ ငြင်းပါတယ်”

“အဲ့တော့ မလိုချင်တာတော့ မဟုတ်ဘူးပေါ့”

ကျန်း နှာခေါင်းလေးရှုံ့ကာ ပြောလေသည်။ 

လင်းချွမ် ရှုံ့မဲ့သွားမိကာ

“ရှင်းရှင်း အဲ့လိုမျိုးတော့ မပြောပါနဲ့။ ကို ဘာမှ ပြန်မဖြေရသေးဘူးလေ”

“ဟားဟား”

ကျန်း အားရပါးရ ရယ်မော၍

“နောက်နေတာပါကွယ်။ စား စား။ ပြီးရင် သွားတွေ့စရာလူ ရှိတယ်”

“ဘယ်သူလဲ”

လင်းချွမ် အံ့ဩသွား၏။ 

ကျန်း မျက်တောင်လေး တဖျတ်ဖျတ် ခတ်၍

“အခု မပြောပြဘူး။ ရောက်ရင် သိလိမ့်မယ်”

“အဲ့လောက် လျှို့ဝှက်တာလား။ ဒါဆို မြန်မြန် စားမှပဲ”

လင်းချွမ် မျက်ခုံးပင့်၍ ခပ်သွက်သွက် စားလိုက်သည်။ 

“ဖြည်းဖြည်းစားပါ။ နင်နေဦးမယ်”

ကျန်းမှ သတိလှမ်းပေးလေသည်။ 

လင်းချွမ် ပြုံးပြပြီးမှ ပြီးအောင် ဆက်စားလိုက်သည်။ 

ထို့နောက် ကိုယ်လက်သန့်စင်ကာ အဝတ်လဲလေ၏။ 

ဆောင်းရာသီဖြစ်သောကြောင့် လင်းချွမ် အနက်ရောင်ကုတ်အင်္ကျီကို ထပ်ဝတ်ကာ လူငယ်ဆန်သော အသွင်ကို သိသာစေသည်။ 

မျက်ဝန်းများမှာတော့ ရိုးသားနူးညံ့ခြင်းထက် အောင်မြင်နေသည့် စီးပွါးရေးလုပ်ငန်းရှင်ငယ်လေးနှင့် တူ၏။ 

ထို့နောက် အောက်ထပ်ဆင်းကာ ကားပေါ်တက်သွားသည်။ 

မကြာမီ ကားလေးမှာ အရှိန်ဖြင့် မောင်းနှင်ရင်း ကော်ဖီဆိုင်ဆီသို့ ဦးတည်သွားတော့၏။ 

သစ်နီ ကော်ဖီဆိုင်။ 

ဆိုင်၌ လူအရမ်းမများဘဲ နံရံညိုညို၊ မီးရောင်ဖျော့ဖျော့တို့ရှိပြီး နံရံပေါ်၌ အနုပညာလက်ရာမြောက်သော ပန်းချီအချို့ ချိတ်ဆွဲထား၏။ 

လင်းချွမ်အကြိုက်တော့ သိပ်မဟုတ်လှပေ။ 

ကျန်းရှင်းရှင်းမှ ဦးဆောင်၍ လင်းချွမ်အား ဆိုင်ထဲ ခေါ်သွားပြီး ထောင့်နားရှီခုံတွင် ထိုင်လိုက်ကြ၏။ 

“ဘာများ သုံးဆောင်မလဲရှင့်”

စားပွဲထိုးမလေး ရောက်လာကာ မေးလေသည်။ 

“လက်တေး (၂) ခွက်”

ကျန်း လက်လေး (၂) ချောင်းထောင်၍ ပြောလိုက်သည်။ 

“ဟုတ်ကဲ့ရှင့်”

စားပွဲထိုးမလေး ထွက်သွားသောအခါ လင်းချွမ် ဟိုဟိုဒီဒီကြည့်၍ ကျန်းအား မေးလေ၏။ 

“ဒီနေ့ ဝတ်ထားတာ အရမ်းအလုပ်သဘောဆန်နေတယ်နော်။ တွေ့မယ့်သူက အရေးကြီးလို့လား”

ကျန်းရှင်းရှင်းမှာ ရှပ်အင်္ကျီအဖြူကို လည်ပင်းစေ့အောင် တပ်ထားပြီး အပေါ်မှ ကုတ်င်္အကျီလေး ထပ်ဝတ်ကာ ဂျင်းဘောင်းဘီအပြာကို စတိုင်လ်ကျကျ ဆင်မြန်းထားသည်။ 

ဆံပင်ကိုလည်း အနောက်ဘက်တွင် သပ်ရပ်စွာ ထုံးဖွဲ့၍ ထက်မြက်ကျက်သရေရှိသော အသွင်ကို ဆောင်နေ၏။ 

လင်းချွမ်ပင် ကြည့်နေရင်း ထူးခြားသော ခံစားချက်မျိုး ရလေသည်။ 

ကျန်းမှာ လင်းချွမ်စကားကြောင့် ရှက်ရယ်လေး ရယ်လျက် 

“သူဌေးရယ် အဲ့လိုမကြည့်ပါနဲ့။ ရှက်တောင် ရှက်လာပြီ”

“ကိုတို့ ရင်းနှီးလာတာ ဒီလောက်ကြာနေပြီ။ ဘာရှက်စရာ ရှိလို့လဲ”

လင်းချွမ် ရယ်မောကာ ပြောလိုက်၏။ 

ကျန်းမှာ ရှက်သလိုလေးဖြင့်

“ဒီနေ့ ရှင့်ကို အယ်ဒီတာနဲ့တွေ့ဖို့ ခေါ်လာတာ”

All Chapters