← Chapters

မူပိုင်ခွင့်ကြေးက အဲ့လောက် များလား

Vol. 28 Ch. 412

မူပိုင်ခွင့်ကြေးက အဲ့လောက် များလား

Vol. 28 Ch. 412

တစ်ဖက်တွင်။ 

ဟောမှာ အစ်ကိုဟောက်အား သန့်စင်ခန်းထဲအထိ ခေါ်သွားပြီး ကော်ဖီစွန်းသွားသော အင်္ကျီကို သုတ်ပေးရင်း

“ဘာဖြစ်နေတာလဲ အစ်ကိုဟောက်ရယ်”

အစ်ကိုဟောက်မှာ ဝက်ဘ်ဆိုဒ်၏သူဌေး၊ ဟော၏ ခေါင်းဆောင် ဖြစ်သော်လည်း ထိုကဲ့သို့ ဦးဆောင်မှုမရှိဘဲ အလွန်တုန်လှုပ်နေမိသည်။ 

ထို့နောက် သူ သက်ပြင်းချ၍

“ငါလည်း ဘာလို့လဲတော့မသိဘူး။ အဲ့လူကို တွေ့တာနဲ့ စိတ်ထဲမှာ လေးနေတယ်”

ဟော နားမလည်နိုင်စွာဖြင့်

“အဲ့တာ အရေးမကြီးပါဘူး။ သူက ချောတော့ အစ်ကိုဟောက်ကြည့်ရတာ စိတ်လှုပ်ရှားတာ နေမှာပေါ့”

အစ်ကိုဟောက် ခေါင်းယမ်း၍

“ဒီအတိုင်း စိတ်ထဲ တွေးနေမိတာပါ။ ဒါပေမဲ့ ငါ့အတွေးတွေက မှန်လေ့ရှိတယ်”

“အတွေးက အတွေးပါပဲ”

ဟောမှ 

“ဟို မစ္စတာလင်းမဟုတ်တာ သေချာပါတယ်ဗျာ။ ကျွန်တော် အာမခံတယ်နော်။ အဲ့မစ္စတာလင်းသာဆိုရင် သူ့ကောင်မလေးကို တခြား ဝက်ဘ်ဆိုဒ်မှာ ဘာလို့ လွှတ်ထားမှာလဲ။ သူ့ ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်မှာ အဆက်အသွယ်ကောင်းတွေ ရှိနေတာပဲလေ”

အစ်ကိုဟောက် စိတ်ငြိမ်အောင် ထိန်းလျက်

“မင်းပြောတာ ဟုတ်သလိုပဲနော်”

“မစိုးရိမ်ပါနဲ့။ နဂိုအစီအစဉ်တိုင်းသာ ဆက်သွားမယ်။ အစ်ကိုဟောက်ရဲ့ အရှိန်အဝါကို ပြလိုက်စမ်းပါ။ မဟုတ်ရင် ကျွန်တော်တို့ကို အထင်သေးကြလိမ့်မယ်။ ကျန်းရဲ့ စာအုပ်လိုမျိုးကို ယွမ် (၉၀၀၀) နဲ့ မူပိုင်ခွင့် ဝယ်နိုင်တာ တော်ရုံကိစ္စမှ မဟုတ်တာ”

ဟော ဘေးဘီကိုကြည့်၍ ခပ်တိုးတိုး ပြောလိုက်သည်။ 

အစ်ကိုဟောက်လည်း ဘေစင်တွင် ရေဖွင့်၍ လန်းဆန်းအောင် မျက်နှာသစ်လိုက်၏။ ထို့နောက် မှန်ကိုကြည့်ကာ ယုံကြည်ချက်အပြည့် ထားလိုက်သည်။ 

ဆံစတွင် ရေစက်များ စိုနေပုံမှာ ခပ်မိုက်မိုက် သူဌေးပုံနှင့်ပင် တူသေး၏။ 

“ဟုတ်တယ်။ ဒီလိုမှပေါ့”

ဟော မျက်လုံးအရောင်များလက်ကာ ပြောလိုက်သည်။ 

“သွားရအောင်။ ကျန်းနဲ့ သူ့ချစ်သူ လင်းကို သွားတွေ့ကြမယ်”

အစ်ကိုဟောက် တက်ကြွစွာ ပြောလေ၏။ 

လင်းတိုင်း တူညီသည် မဟုတ်ပါ။ 

နှစ်ယောက်သား စားပွဲတွင် ဝင်ထိုင်လိုက်သောအခါ အားလုံး သုတ်သင်ရှင်းလင်းပြီး၍ ကော်ဖီခွက် အသစ် (၂) ခွက်လည်း ရှိနေသည်။ 

“ခုနက နည်းနည်း နေလို့မကောင်း ဖြစ်သွားတယ်။ အားနာပါတယ်နော်။ ကျန်းရဲ့ချစ်သူဆိုတော့ လင်းလေးလို့ပဲ ခေါ်မယ်နော်”

အစ်ကိုဟောက်မှ တည်ငြိမ်စွာ ပြော၏။ 

သူ တမင် စမ်းသပ်ခြင်းဖြစ်ပါသည်။ မစ္စတာလင်း အစစ်မှာ ထိုကဲ့သို့ ခေါ်ခွင့်ပေးမည် မဟုတ်ပေ။ 

လင်းချွမ် ပြုံး၍

“ရပါတယ်”

အစ်ကိုဟောက်လည်း ပြုံးသွားပြီး

“ကျန်းမှာ အရည်အချင်းရှိမှန်း သိသာလို့ အရှေ့တောင်အာရှကနေတော့ လိုက်လာတာလေ။ အဲ့တာကြောင့် ဒီ ‘နတ်ဆေးဆရာမဟုတ်’ ဆိုတဲ့ ဝတ္ထုကို စာအုပ်အနေနဲ့ပါ ထုတ်ပြီး မူပိုင်ခွင့် ဝယ်ချင်တာပါ”

လင်းချွမ် ခေါင်းငြိမ့်ပြ၏။ 

ကျန်းမှ ရယ်မောကာ

“အစ်ကိုဟောက်က စာအုပ်ထုတ်ရင် တရုတ်လိုလား။ တခြားဘာသာနဲ့ ထုတ်မှာလား”

အစ်ကိုဟောက် ခဏစဉ်းစား၍ ဟောကို လှမ်းကြည့်ပြီးမှ

“နှစ်မျိုးလုံး ပြိုင်ထုတ်ရင် ကုန်ကျစရိတ် အရမ်း များလိမ့်မယ်။ တုံ့ပြန်ချက်ကောင်းအောင် တရုတ်လိုပဲ အရင်ထုတ်လိုက်မယ်လေ”

“ရပါတယ်”

ကျန်း ခေါင်းငြိမ့်ပြ၏။ 

“နောက်ပြီး မူပိုင်ခွင့်ကိစ္စလေးလည်း ပြောချင်လို့”

သူ လင်းချွမ်ကို တစ်ချက်လှမ်းကြည့်ပြီးမှ ပြော၏။ 

နှစ်ယောက်လုံးမှာ ဘွဲ့ရပြီးစ လူငယ်လေးများပုံ ဖြစ်၍ ခပ်လွယ်လွယ် ဖျောင်းဖျနိုင်မည်ဟု ထင်ပါသည်။ 

“မူပိုင်ခွင့်…”

ကျန်းမှာ ထိုအကြောင်း နားမလည်၍ လင်းချွမ်အား လှည့်ကြည့်လိုက်သည်။ 

လင်းချွမ်မှ

“အစ်ကိုဟောက် မူပိုင်ခွင့်ကိစ္စက ဈေးပြောကြည့်လေ။ အဆင်ပြေရင် ရောင်းပါမယ်”

အခြေခံကြေး ပေးရုံဖြင့် အများစုမှာ အသာတကြည် သဘောတူတတ်ကြသည်။ 

ထို့အပြင် ကျန်း၏ ပထမဆုံး စာအုပ်ဖြစ်သောကြောင့် ဂုဏ်နှင့်ပင် အတော်ကျေနပ်နေလေပြီ။ 

အစ်ကိုဟောက် ကော်ဖီယူသောက်လိုက်ပြီး

“ကော်ဖီဆိုင်လေးက ကောင်းတယ်နော်။ အနံ့အရသာက နူးညံ့ပြီး ခါးသက်သက်ကလည်း ကျန်းမာရေးကောင်းစေရုံလောက် စွဲနေတာ”

“ဟုတ်တယ် ဟုတ်တယ်”

ဟောမှလည်း ဘာသာပြန်ရင်း ဝင်ထောက်ခံ၏။ 

အမှန်တော့ အစ်ကိုဟောက် ကြွား၍ ပြောလိုက်ခြင်း ဖြစ်သည်။ 

မည်သို့ပင်ဖြစ်စေ ထိုသို့ ခပ်မိုက်မိုက်ပြောခြင်းကို သဘောကျပါသည်။ 

လင်းချွမ်အတွက်တော့ အသင့်ထုပ်များထက် အနည်းငယ် ပိုကောင်းရုံသာ ရှိ၏။ 

ထို့နောက် အစ်ကိုဟောက်ကိုကြည့်၍

“ဘယ်လောက်နဲ့ ဝယ်ဖို့ စဉ်းစားထားလဲဗျ”

သူ လက် (၇) ချောင်း ထောင်ပြလေသည်။ 

“(၇) ထောင်”

ထိုအခါ ဟော မျက်လုံးပြူး၍ အစ်ကိုဟောက် လက်အား လှမ်းဆွဲလိုက်သည်။ 

“အစ်ကိုဟောက် အဲ့လောက်က များလွန်းတယ်လေ။ ကျွန်တော်တို့ မွဲသွားမှာပေါ့”

ထိုအခါ အစ်ကိုဟောက်မှ

“ငါ ကျန်းနဲ့ လင်းအပေါ် ခံစားချက် ကောင်းနေတယ်။ ထပ်ပေးရင်ရော ဘယ်လိုလဲ။ နောက်လည်း ရှေ့ဆက်ပြီး အတူလက်တွဲ အလုပ်လုပ်ချင်ပါတယ်လို့။ အဲ့အတိုင်း အတိအကျ ဘာသာပြန်လိုက်”

“(၇) သန်းလား”

လင်းချွမ် မျက်မှောင်ကြုတ်သွား၏။ 

လင်းချွမ် သူတို့စကားကို နားလည်ပြီး (၇) သန်းဟု  ကြား၍ ထည့်စဉ်းစားစရာ ဖြစ်ပါသည်။ 

“ဒီလောက်က နည်းသေးတယ်ထင်ရင် ထပ်တိုးပေးမယ်လို့”

အစ်ကိုဟောက် ဆက်၍ ပြော၏။ 

“အစ်ကိုဟောက်”

ဟော မနေနိုင်တော့ဘဲ ထပြောလိုက်သည်။ 

လင်းချွမ် မျက်မှောင်ကြုတ်၍

“ဘယ်လောက် ထပ်ပေးမှာမို့လို့လဲ”

“စကားတွေ အများကြီး မပြောတော့ဘူးဗျာ။ အများဆုံး ဒီလောက် ထပ်တိုးပေးမယ်”

ပြောပြောဆိုဆိုနှင့် လက် (၂) ချောင်း ထောင်ပြလေ၏။ 

လင်းချွမ် အလွန် အံ့ဩသွားသည်။ 

အားလုံးပေါင်းလျှင် (၉) သန်းအထိ ဖြစ်ပါသည်။ 

ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်ပင် ထိုကဲ့သို့ ပမာဏမျိုး ကမ်းလှမ်းမည် မဟုတ်ပါ။ 

မားစ် ဝက်ဘ်ဆိုဒ် ဤမျှ ချမ်းသာသည်လား။ 

ဘေးမှ ကျန်းကိုကြည့်ကာ 

“ရှင်းရှင်း မင်းရဲ့ ဝတ္ထုက အဲ့လောက် အခြေအနေကောင်းတာလား”

ရှင်းရှင်း ခေါင်းယမ်းပြကာ

“ပြည်တွင်း အချက်အလက်တွေပဲ တွေ့ရတာတော့ အဲ့လောက် မဆိုးပါဘူး။ ဒါပေမဲ့ အရှေ့တောင်အာရှမှာတော့ မပြောတတ်ဘူး။ ပြည်ပ အချက်အလက်တွေ ကြည့်လို့ မရဘူးလေ”

“(၉) သန်းက အရမ်းတော့ မနည်းပါဘူး”

လင်းချွမ် သတိပေးလိုက်၏။ 

ငွေပမာဏများသောကြောင့် လိမ်နေခြင်းလည်း ဖြစ်နိုင်သည်။ 

သူ စတွေ့ရန် ကြားတည်းက မော်ဂန်အုပ်စုနှင့် ပတ်သက်နေမည်ကိုလည်း စိုးရိမ်၏။ 

သို့သော် အပြင်၌ တွေ့လိုက်သောအခါ ထိုအတွေးတော့ ပျောက်ကွယ်သွားပါသည်။ 

မော်ဂန်အုပ်စုနှင့် ပတ်သက်နိုင်သောပုံ မဟုတ်ပေ။ 

သို့ရာတွင် မူပိုင်ခွင့်ကြေး များနေသောကြောင့် သံသယ ဝင်လာမိပြန်၏။ 

“သူဌေး ကျွန်မက ဒီကိစ္စတွေ သိပ်နားမလည်ဘူး။ သူဌေးပဲ ကြည့်ဆုံးဖြတ်လိုက်ပါ”

လင်းချွမ် ခေါင်းငြိမ့်ပြ၍

“အစ်ကိုတို့ (၉) သန်းက ထင်ထားထက်တော့ တော်တော်များတယ်”

အစ်ကိုဟောက်နှင့် ဟောတို့ အချင်းချင်း ကြည့်လိုက်မိ၏။ 

အစ်ကိုဟောက် လက်ယမ်းပြကာ

“လင်း နားကြားလွဲနေပြီ ထင်တယ်။ (၉) ထောင်လို့ ပြောတာပါ”

“(၉) ထောင်လား”

လင်းချွမ် မှင်တက်၍ ထပ်မေးလိုက်သည်။ 

“(၉) ထောင်လား။ သန်းမဟုတ်ဘဲ”

အစ်ကိုဟောက် ခေါင်းငြိမ့်ပြ၏။ 

အဟွတ်!

လင်းချွမ်မှာ စိတ်ထိန်းထားသော်လည်း ကျန်းကတော့ သောက်လက်စ ကော်ဖီ ပြန်ထွေးမိကာ ရယ်မောနေသည်။ 

လင်းချွမ် မသီးစေရန် သူ့ကို ကျောကုန်း ပုတ်ပေးလိုက်၏။ 

“(၉) ထောင်ဆိုတာ အမေရိကန်ဒေါ်လာလား”

အစ်ကိုဟောက်မှ

“ယွမ်နဲ့ပါ”

လင်းချွမ်လည်း နောက်ဆုံးတော့ မထိန်းနိုင်ဘဲ ရယ်မိလေသည်။ 

နေ့ခင်းကြောင်တောင် ဓားပြတိုက်နေတာလား။ 

“အစ်ကိုတို့ ဆက်ဆွေးနွေးစရာအကြောင်း မရှိတော့ပါဘူး။ အားနာပါတယ်နော်။ ကော်ဖီဖိုးတော့ ကျွန်တော် ရှင်းလိုက်ပါ့မယ်”

“လင်းက ဒီပမာဏကို မကျေနပ်ဘူးလား”

အစ်ကိုဟောက် ထပ်မေး၏။ 

“ဒါပေါ့ဗျ။ ကျွန်တော်လည်း စာရေးဆရာပဲ။ အရှေ့တောင်အာရှဈေးကွက်လည်း သိပြီးသား။ ဒီ ယွမ် (၉၀၀၀) ဆိုတာ တစ်ခါမှတောင် မကြားဖူးဘူး”

အစ်ကိုဟောက် ရုတ်တရက် မှင်တက်သွားသည်။ 

“မင်းရော ဝတ္ထုရေးတာလား”

လင်းချွမ် ခေါင်းငြိမ့်ပြ၏။ 

အစ်ကိုဟောက် တုန်တုန်ရီရီ ဖြစ်လာပြီး

“ဘာဝတ္ထုတွေ ရေးထားလဲ”

All Chapters