← Chapters

သူ့ကိုသိလား

Vol. 28 Ch. 414

သူ့ကိုသိလား

Vol. 28 Ch. 414

ကျန်းရှင်းရှင်း တစ်ခုခု ထူးခြားနေသည်ကို ခံစားမိလိုက်၏။ 

လင်းချွမ် ခေါင်းငြိမ့်ပြ၍

“နည်းနည်းတော့ ထူးဆန်းတယ်နော်။ သွားရအောင်ပါ။ အိမ်ရှင်တွေအနေနဲ့ ကူညီပေးရမယ်မလား”

ထို့နောက် နှစ်ယောက်သား ဆိုင်ထဲမှ ထွက်လာလိုက်ကြ၏။ 

ဟောနှင့် အစ်ကိုဟောက်တို့မှာ အရှေ့တွင် တက်စီစောင့်လျက် ရှိလေသည်။ 

အစ်ကိုဟောက်မှာ သေမင်းခံတွင်းဝမှ ထွက်လာသကဲ့သို့ မောဟိုက်၍ မျက်နှာမှာ ဖြူဖျော့နေ၏။ 

“မင်းပြောတော့ ကျန်းနဲ့ မစ္စတာလင်းက ဘာမှ မဆိုင်လောက်ပါဘူးဆို။ အခုတော့ ယူတောင် ယူပြီးနေပြီလား မသိဘူး။ အသက်ပျောက်တော့မလို့”

ဟောလည်း တုန်ရီ၍ ကပ်ဘေးကို ကျော်ခဲ့သလိုဖြင့် လန့်ဖျပ်နေ၏။ 

သူ တက်စီ အမြန်ဆုံး ရောက်လာရန်သာ ဆုတောင်းနေမိသည်။ 

အမှန်တော့ အန်လင်းမှာ တက်စီပေါများသော်လည်း သူတို့ကို ကံကြမ္မာက လှောင်ပြောင်နေသကဲ့သို့ပင်။ 

(၅) မိနစ်ကြာ စောင့်နေသော်လည်း ယခုအချိန်အထိ ပေါ်မလာသေးပေ။ 

ရှေ့တွင် ဖြတ်သွားသော (၂) စီးမှာလည်း ခရီးသည် ပါနေ၏။ 

ထိုစဉ် သူတို့ရှေ့၌ ကားအနက်တစ်စီး လာရပ်ကာ အစ်ကိုဟောက်တို့ လန့်ဖျပ်သွားလေသည်။ 

ကားထဲမှ လင်းချွမ် ထွက်လာ၍ ဖြစ်၏။ 

“နှစ်ယောက်သား ဖျားနေတဲ့ပုံလည်း မပေါ်ပါဘူး”

လင်းချွမ် မလေးလို ပြောလိုက်သည်။ 

အစ်ကိုဟောက်မှာ ချက်ချင်း နောက်ဆုတ်သွားပြီး ဟောအား ရှေ့သို့ တွန်းထုတ်၏။ 

ဟော အားတင်း၍

“အစ်ကိုဟောက်က နေမကောင်းဘူး။ အခု ဟိုတယ် အရင်ပြန်မှ ဖြစ်မှာ။ မူပိုင်ခွင့်ကိစ္စ နောက်မှ အေးဆေး ပြောမယ်လေ”

ဟင်…

ဟော ပြန်ဖြေပြီးမှ လင်းချွမ် မလေးလိုပြောလိုက်သည်ကို သတိထားမိကာ လန့်သွား၏။ 

သူ ဘယ်လိုလုပ် မလေးစကား တတ်နေတာလဲ။ 

ဒါဆို ငါတို့ခုနက ဆွေးနွေးတာတွေကို အကုန် ကြားသွားတာလား။ 

သွားပြီ။ 

လင်းချွမ်ပြုံး၍ ရှေ့သို့ တိုးလာပြီး

“ကျွန်တော့်ကောင်မလေးဝတ္ထုက ခင်ဗျားတို့ ဝက်ဘ်ဆိုဒ်မှာ တင်ထားတာဆိုရင် အရှေ့တောင်အာရှက ရောင်းအားအချက်အလက်တွေပါ ပြပေးရမယ် မဟုတ်ဘူးလား”

“ဟုတ် ဟုတ်ပါတယ်”

ဟော ခေါင်း အဆက်မပြတ် ငြိမ့်ပြ၏။ 

“အဲ့တော့ သူ့ရဲ့ စာအုပ်မူပိုင်ခွင့်ကို ယွမ် (၉) ထောင်နဲ့ ဖြတ်ချင်တယ်ပေါ့”

လင်းချွမ်၏အသံမှာ အလွန် တည်ငြိမ်နေသော်လည်း အစ်ကိုဟောက်တို့အတွက် ငရဲမင်း၏ စစ်ဆေးသံနှင့် တူနေ၏။ 

“အဲ့အပိုင်းတွေက တခြားဝန်ထမ်းတွေ လုပ်တာလေ။ ဒီတစ်ခါ ပြန်ရောက်ပြီးရင် သေချာ စစ်ဆေးပြီး ပို့ပေးလိုက်မယ်။ ပြီးတော့ အစ်မကျန်း သဘောကျတဲ့ ပမာဏ ဖြစ်စေရပါမယ်”

သူ အတင်းပြုံး၍ ကတိပေးလိုက်၏။ 

လင်းချွမ် ကျေနပ်စွာ ခေါင်းငြိမ့်ပြလိုက်သည်။ 

ထို့နောက် တစ်ခုခု သတိရကာ

“ဒါနဲ့ အစ်ကိုဟောက်တို့ ကျွန်တော့်ကို ဘာလို့ ကြောက်နေကြတာလဲ”

ဟောနှင့် အစ်ကိုဟောက်တို့ တုန်တုန်ရီရီဖြင့် ခေါင်းယမ်းပြလေသည်။

လင်းချွမ် ပိုသဘောပေါက်သွားပြီး 

“ကျွန်တော်တို့ချင်း တစ်ခုခုတော့ ရှိတယ်မလား”

ဟောမျက်နှာ ဖြူဖျော့၍ ပြုံးပြရန် ကြိုးစားသေးသော်လည်း အစ်ကိုဟောက်မှာတော့ မလှုပ်မယှက် ရပ်နေသည်။ 

“လာပါ။ ကားထဲဝင်။ အေးဆေးတဲ့နေရာသွားပြီး စကားပြောကြတာပေါ့”

လင်းချွမ်၏စကားကြောင့် ဟောတို့ ညှို့ယူခံလိုက်ရသလိုဖြင့် ချက်ချင်း ကားပေါ် ရောက်လာကြသည်။ 

ထို့နောက် လက်ဖက်ရည်ရသော ဆိုင်သို့ ခေါ်သွား၏။ 

“အစ်ကိုဟောက်နဲ့ ဟောတို့ လက်ဖက်ရည် ကြိုက်တယ်မလား”

လင်းချွမ်မှ ဆိုင်ထဲရောက်သောအခါ လက်ဖက်ရည် ငှဲ့ပေးရင်း ပြောလိုက်သည်။ 

သူ့မျက်နှာမှာ နေရောင်ခြည်ကဲ့သို့ နွေးထွေးသော အပြုံး ရှိနေသော်လည်း ဟောတို့အတွက် ငရဲမင်းနှင့်သာ တူနေ၏။ 

“ဟောက်လို့ပဲ ခေါ်ပါ အစ်ကိုလင်း”

ဘေးမှ ကျန်းတစ်ယောက် ရယ်ချင်စိတ်ကို မနည်း ထိန်းထားရလေသည်။ 

ဘယ်လိုဖြစ်လို့ အဲ့လောက် ကြောက်နေတာလဲ။ 

လင်းချွမ် ရယ်မော၍

“ခုနက လက်နက်ဝိဇ္ဇာအကြောင်း ပြောဖြစ်သေးတယ်လေ။ ခင်ဗျားတို့ ကြည့်ရတာ အာလူးဝက်ဘက်ဆိုဒ်ကမလား”

“ကျွန်တော် မဟုတ်ပါဘူး။ ဟောက်က သူဌေးပါ။ ဟို အစ်ကိုဟောက်လို့ ပြောတာ”

ဟောမှ လက်ညှိုးထိုး၍ ဦးအောင် တိုင်၏။ 

အစ်ကိုဟောက် နေရခက်စွာဖြင့်

“အစ်ကိုလင်း ကျွန်တော် မတော်တဆ ခိုးရောင်းမိပေမဲ့ အခု အမြတ်တွေအပြင် လျော်ကြေးပါ ပေးထားပြီးပါပြီ။ နားလည်ပေးပါနော်”

သူတို့ လင်းချွမ်ကို ကြောက်နေကြဆဲပင်။ 

မော်ဂန်အုပ်စုနှင့် လီယိုတို့ ရောက်လာမည်ကိုတော့ ပိုကြောက်၏။ 

“အဲ့ကိစ္စက စိတ်ထဲ မရှိပါဘူးဗျာ”

လင်းချွမ် လက်ဖက်ရည်သောက်ရင်း ခပ်အေးအေး ပြောသည်။ 

“ဒါပေမဲ့ ကျွန်တော့်ကို မဟုတ်ဘဲ ကျွန်တော့်ကို လာရှာတဲ့သူတွေကို ကြောက်နေတာ ထင်တယ်”

ထိုစဉ် ဆိုင်ထဲတွင် အလွန်တိတ်ဆိတ်နေ၏။ 

လင်းချွမ် သူ့ဖုန်းထဲမှ ပုံတစ်ခုကို ထုတ်ပြလိုက်သည်။ 

“သူ့ကို တွေ့ဖူးတယ်မလား”

အစ်ကိုဟောက် ဖုန်းကိုကြည့်၍ ခေါငိးငြိမ့်ပြ၏။ 

လီယို ဖြစ်လေသည်။ 

ထို့နောက် လင်းချွမ် နောက်တစ်ပုံ ထပ်ပြသည်။ 

အစ်ကိုဟောက်တို့ ခဏငြိမ်နေပြီးနောက် ခေါင်းငြိမ့်ပြ၏။ 

လူးကပ်စ် ဖြစ်ပါသည်။ 

လင်းချွမ် သူ့ကွန်ပျူတာထဲ ခိုးဝင်ရင်း ရလာခဲ့လေသည်။ 

“သူတို့ကို ဘယ်လို ပတ်သက်တာလဲ”

ထိုအခါ ဟောမှ လက်ယမ်းလျက်

“ကျွန်တော်တို့က စာအုပ်ခိုးရောင်းတာအပြင် တခြား ပြစ်မှုကြီး မလုပ်ဖူးပါဘူးဗျာ။ လုပ်လည်း မလုပ်ရဲပါဘူး”

“သိပါတယ်”

လင်းချွမ် အားရပါးရ ရယ်မော၍ ပြော၏။ 

“လမ်းမှာ ကျွန်တော် ရှာကြည့်ပြီးပါပြီ။ ခင်ဗျားတို့ ပတ်သက်ချင်ရင်တောင် ဟိုဘက်က လက်ခံမှာ မဟုတ်ဘူး”

“ဟုတ်ပါတယ်ဗျာ”

“အဲ့တော့ သူတို့ ပြဿနာလာရှာသွားလို့ ကျွန်တော့်ကိုပါ ကြောက်နေတယ်ပေါ့”

အစ်ကိုဟောက်တို့ ခေါင်းငြိမ့်ပြ၏။ 

“သူ့ကိုတော့ စိတ်မပူပါနဲ့”

လင်းချွမ် လီယို့ပုံကိုပြ၍ ပြော၏။ 

“သူနဲ့ဆိုရင်တော့ မဆုံမိအောင်သာ ဆုတောင်းပေါ့လေ”

လူးကပ်စ်ကို ဆိုလိုခြင်း ဖြစ်သည်။ 

“အစ်ကိုလင်း သူတို့မှာ သေနတ်တွေရှိတယ်”

ဟောတို့ မျက်နှာငယ်ဖြင့် ပြောမိသည်။ 

“ကျွန်တော်က ဘယ်လို ကူညီပေးရမှာလဲ”

“အဲ့တာက…”

ဟောတို့ ဘာဆက်ပြောရမည်မသိ ဖြစ်နေသည်။ 

ထိုစဉ် လင်းချွမ်မှာ ပြုံးလျက်

“ဒီတစ်ခါ ခင်ဗျားတို့ပြန်ရင် သူတို့ သေချာပေါက် လာရှာလိမ့်မယ်။ ခင်ဗျားတို့ ခြေဆန့်ပြီး အိပ်ချင်ရင် ကျွန်တော်ပြောတဲ့အတိုင်းသာလုပ်။ နောက်ထပ် လာမရှာစေရဘူးလို့ အာမခံတယ်”

All Chapters