← Chapters

တရားခွင် စတင်ခြင်း

Vol. 28 Ch. 415

တရားခွင် စတင်ခြင်း

Vol. 28 Ch. 415

မျက်စိတစ်မှိတ်အတွင်း ဒီဇင်ဘာလ (၂၀) ရက်သို့ ရောက်လာ၏။ 

နံနက်ခင်းကောင်းကင်မှာ မှုန်မှိုင်းမှိုင်းနှင့် မြစ်ရေပြင်ထက်၌ အလွှာတစ်ခု ဖုံးလွှမ်းနေသည်။ မြစ်ထဲတွင် သင်္ဘောပေါင်းများစွာ ဖြတ်သန်းနေပြီး သစ်ပင်များနှင့် တောင်တန်းများသည် စိမ်းဝါရောင် သန်းကာ ပန်းချီရေးထားသကဲ့သို့ အနုပညာဆန်နေလေ၏။ 

လမ်းများတွင်တော့ လူရှုပ်ထွေးနေလေပြီ။ 

လင်းချွမ်နှင့်ကျန်းတို့မှာ ရှေ့နေဝူကျန်းနှင့်အတူ အန်လင်းမြို့တရားရုံးသို့ မနက်စောစောတည်းက ထွက်လာလိုက်ကြ၏။ 

ယနေ့ တရားရုံးချိန်းရက် ဖြစ်ပါသည်။ 

ဆာနီယာကုမ္ပဏီမှ လင်းချွမ်အပေါ် နည်းပညာ ခိုးယူမှုဖြင့် တရားစွဲထားပြီး လတ်တလော အတော်လေး နာမည်ကြီးနေ၏။ 

ဝမ်ကျီခန်၊ ရွှယ်ချီချီနှင့် အခြားမိတ်ဆွေအချို့လည်း စိတ်ပူလျက် ရှိကြသည်။ 

သို့သော် လင်းချွမ်မှာတော့ စိုးရိမ်မှု မရှိချေ။ 

ကားပေါ်တွင် ပြုံး၍လိုက်လာပြီး မကြာသေးမီကမှ ဘွဲ့ရထားသည့် ဝူကျန်းအား အားပေးနှစ်သိမ့်နေ၏။ 

“အစ်ကို ကျွန်တော်တို့ရန်သူက အရမ်း နာမည်ကြီးတာနော်။ နည်းနည်းတော့ စိတ်လှုပ်ရှားမိတယ်”

ဆံပင်ကို သပ်ရပ်စွာဖြီး၍ လူကြီးပုံစံ ပြင်ထားသော ဝူကျန်းမှာ မျက်နှာလေးတွင် ရိုးသားဖြူစင်၍ စိတ်လှုပ်ရှားနေမှန်း သိသာလေသည်။ 

လင်းချွမ် ရယ်မောလျက်

“မစိုးရိမ်ပါနဲ့။ သက်သေတွေ ပြည့်စုံနေတာပဲ။ ဘယ်သူလာလာ ကိစ္စမရှိပါဘူး”

ဝူကျန်း သူ့လက်ကိုင်အိတ်ကို ခပ်တင်းတင်း ဆုပ်လျက် သက်ပြင်းချကာ သူ့ကိုယ်သူ အားပေးနေသည်။ 

ရှန်ချန်းချန်းနှင့် ရှချင်းချင်းမှာတော့ တရားရုံး၌ ကြိုစောင့်နေလေ၏။ 

လင်းချွမ် အံ့ဩရသည်မှာ အဖွဲ့မှူး ကျန်းပြောင်လည်း ရောက်နေခြင်း ဖြစ်သည်။ 

လင်းချွမ် ကားပေါ်က ဆင်းသည်နှင့် ကျန်းပြောင် အနားရောက်လာပြီး 

“လင်း ဒီမှာတွေ့ရတာ လေးစားမိပါတယ်”

အသံမှာ ခပ်နောက်နောက် ဖြစ်၏။ 

မိတ်ဆွေရင်းများ ဖြစ်နေသောကြောင့် စိတ်ပူပန်မှု လျော့ကျစေရန် စလိုက်ခြင်းပင်။ 

သို့သော် လင်းချွမ်မှာ ခပ်အေးအေးဖြင့်

“ဘာမဟုတ်တဲ့ကိစ္စလေးက ဒါရိုက်တာကျန်းကိုပါ သက်ရောက်လိမ့်မယ်လို့ မထင်ထားဘူး”

“ဘာမဟုတ်တဲ့ကိစ္စလား”

ကျန်းပြောင် မျက်ခုံးပင့်လျက် ရယ်မောကာ

“အမှန်တော့ အကြီးအကဲကျုံပါ လာမလို့ပဲ”

“အကြီးအကဲကျုံလား”

လင်းချွမ် မှင်တက်သွားမိသည်။ 

သူ့အမှုမှာ အတော်လေး ကျယ်ပြန့်နေလေ၏။ 

“ခုနလေးတင် အရေးကြီးအလုပ် ပေါ်လာလို့ မလာဖြစ်တော့တာ”

ကျန်းပြောင်မှ ရှင်းပြနေသည်။ 

“အမှုနိုင်မယ်လို့ ယုံကြည်ချက် ရှိတာလား”

လင်းချွမ်ပြုံး၍ ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ အပြင်ဘက်တွင် မီဒီယာနှင့် သတင်းထောက်များ၊ ထောက်ခံအားပေးသူများကို တွေ့ရလေသည်။ ထို့နောက် ယုံကြည်ချက်အပြည့်ဖြင့်

“သေချာတာပေါ့”

“ဒီလို ကြားရတာ ဝမ်းသာပါတယ်ကွာ”

ကျန်းပြောင် အားရပါးရ ရယ်မောကာ သူ့ကို တရားရုံးထဲ ခေါ်သွား၍ ခပ်တိုးတိုး ပြောလေသည်။ 

“မင်းမသိပေမဲ့ ချန်းချန်းနဲ့ ချင်းချင်းက တစ်ချိန်လုံး ငါ့ကို တင်ပြပေးနေတာ။ အမှုပြီးရင်တောင် ပြန်ပြဿနာရှာဦးမယ်ဆိုပဲ”

လင်းချွမ် ရဲမေ (၂) ဦးကို လှမ်းကြည့်လိုက်မိသည်။ 

နှစ်ဦးလုံး ရဲယူနီဖောင်းများ ဝတ်ဆင်ကာ သူ့ကို ပြန်ပြုံးပြကြ၏။ 

လင်းချွမ် ကျန်းပြောင်ဘက် ပြန်လှည့်ကာ

“လက်ခံပါတယ်။ အမှုပြီးရင် ကျွန်တော်တို့ ဘာလဲဆိုတာကို ပြပေးရမှာပေါ့။ သူတို့ကို လွှတ်မပေးနိုင်ဘူး”

လင်းချွမ် သူ့ကို လာထိသူများကိုတော့ အသက်ရှူနေခွင့် မပေးနိုင်ပါ။ 

ထိုအချိန်အတွင်း လင်းချွမ် ထောင်ချောက်များစွာ ဆင်၍ လူးကပ်စ်နှင့် ယုချင်းတို့ ငါးစာလာဟပ်ရန် စောင့်နေသည်။ 

တရားရုံးထဲ၌။ 

ဆာနီယာလက်နက်ကုမ္ပဏီမှ လူအတော်များများလည်း ရောက်နေကြ၏။ 

သူတို့၏ အဓိကကိုယ်စားလှယ်မှာ လက်နက်ဒီဇိုင်နာ စတိဗ်ဖြစ်ပြီး နိုင်ငံတကာတွင်လည်းနာမည်ကြီးသူ ဖြစ်သည်။ 

လင်းချွမ် သူ့ကိုလှမ်းကြည့်လိုက်သောအခါ ဆံပင်ကောက်ကောက် ထူထူနှင့် ခပ်တည်တည်ပုံစံ ထိုင်နေပြီး ဘေးတွင် ဆာနီယာကုမ္ပဏီမှ ဥပဒေအဖွဲ့ ထိုင်နေသည်။ 

ထိုအဖွဲ့မှလည်း လင်းချွမ်ကို ငေးကြည့်ရင်း စူးစမ်းနေလေ၏။ 

ထိုအခြေအနေကြောင့် ရှေ့နေဝူကျန်းမှာ ပို၍ စိတ်ဖိစီးနေမိ၏။ 

တရားခွင်မှာ တိုက်ပွဲတစ်ခုပင် ဖြစ်သည်။ 

စိတ်ဓာတ်သန်မာသူက အနိုင်ရတတ်သည်။ 

သွားပြီ။ 

ဘွဲ့ရပြီးခါစအခြေအနေမှာ ဒီလိုအဖွဲ့နဲ့ ယှဉ်ရမယ်ဆိုတာ တကယ် ခက်ခဲတာပဲ။ 

ကျန်းပြောင်သည် ဝူကျန်းစိတ်ကို နားလည်နေသကဲ့သို့ သူ့ကို ပုခုံးလှမ်းပုတ်၍ 

“ကောင်လေး စိတ်ငြိမ်အောင်ထား။ ဒီတစ်ခေါက် တာနီယာအဖွဲ့ကိုသာ အနိုင်ယူနိုင်ရင် မင်းရဲ့ ကိုယ်ရေးအချက်အလက်က ဒီနိုင်ငံက ရှေ့နေ ၉၀% ကို သာသွားပြီ”

ဝူကျန်း ကျန်းပြောင်အား မော့ကြည့်လိုက်ပြီး ဘား (၂) ခု၊ ကြယ် (၃) လုံးဖြင့် ပထမအဆင့် ရဲအရှာရှိကို တွေ့ရသည်။ 

ထို့နောက် လင်းချွမ်ကို လှမ်းကြည့်မိသောအခါ ကာယကံရှင်သည် သူ့ထက်ပို၍ စိတ်အေးနေလေ၏။ 

ဆာနီယာအဖွဲ့ဘက်သို့ ပြုံးရွှင်စွာ ကြည့်နေသည်။ 

ထိုစဉ် လင်းချွမ် သူ့ဘက် လှည့်လာပြီး

“ရှေ့နေဝူကတော့ တစ်ပွဲတည်းနဲ့ အောင်မြင်တော့မှာပဲ”

ထိုစကားကြောင့် စိတ်ဓာတ်ကျနေသော ဝူကျန်း ခေါင်းထောင်လာပြီး သက်ပြင်းချမိသည်။ 

မကြာမီ တရားရုံးထဲတွင် တကယ့်တိုက်ပွဲ စတင်ပေတော့မည်။ 

(၉) နာရီတိတိတွင် တရားခွင် စတင်လေသည်။ 

နှစ်ဖက်အဖွဲ့ အားလုံး တက်မတက် စစ်ဆေးပြီးနောက် တရားရုံး ရဲအရာရှိမှ စည်းမျဉ်းများ ရွတ်ပြ၏။ 

“အခုအချိန်ကစပြီး နှစ်ဖက်အဖွဲ့ကနေ သက်သေတွေ တင်ပြလို့ရပါပြီ”

တရားသူကြီးမှ ဩဇာအာဏာအပြည့်ဖြင့် ပြောလိုက်သည်။ 

ထိုအခါ ငြိမ်သက်နေသော လူအုပ်သည် ခေါင်းလောင်းသံ မြည်သကဲ့သို့ စိတ်လှုပ်ရှားသွားကြသည်။ 

လင်းချွမ် ခုခံသူနေရာတွင် ထိုင်နေပြီး လက်များမှာ စားပွဲပေါ်တွင် ခပ်အေးအေး တင်ထားကာ တရားလို စတိဗ် ထိုင်နေရာသို့ စိတ်ဝင်တစား ကြည့်နေ၏။ 

စတိဗ်မှ စ၍ မတ်တပ်ရပ်ကာ လင်းချွမ်ကို တစ်ချက် ကြည့်ပြီးမှ တရားသူကြီးအား ဦးညွှတ်ပြီးနောက် စပြောလေသည်။ 

“ကျွန်တော်တို့ ဆာနီယာ လက်နက်ကုမ္ပဏီက လက်နက် စွန့်ဦးတီထွင်ဖန်တီးတဲ့နေရာမှာ အရှေ့တောင်အာရှတင် မကဘူး။ တစ်ကမ္ဘာလုံးကပါ အသိအမှတ်ပြုရတဲ့ ကုမ္ပဏီပါ။ သေနတ်၊ ဒုံးကျည် လောင်ချာ၊ တင့်ကားနဲ့ တခြား လက်နက်တွေနဲ့ပါ တစ်ကမ္ဘာလုံးကို လွှမ်းမိုးထားပါတယ်”

All Chapters