← Chapters

ပိတ်မိသွားပြီ

Vol. 28 Ch. 420

ပိတ်မိသွားပြီ

Vol. 28 Ch. 420

ကားလ် ယခုတစ်ခေါက် အလည်လာခြင်းမှာ အားလုံး ရှုပ်ထွေးကုန်သည်။ 

သူ မျက်လုံးပြူးလျက်

“မဖြစ်နိုင်တာ”

“ဒါတွေက အတု ဖြစ်နိုင်လို့လား”

ဟူတာချန်း နှာခေါင်းရှုံ့၍ ပြော၏။ 

“အန်လင်းမြို့တော်ဝန်ရုံးကွန်ယက်ထဲ တစ်ခါမှ ခိုးမဝင်ဖူးဘူး။ ဒီကွန်ပျူတာမှတ်တမ်းက ကျွန်တော့်ဟာ မဟုတ်ဘူး”

ကားလ်မှ ချက်ချင်း ပြန်ပြောလေသည်။ 

“ကံမကောင်းစွာနဲ့”

ဟူတာချန်း ခေါင်းယမ်းကာ ဆက်ပြော၏။ 

“ကျွန်တော်တို့ ဆိုက်ဘာရဲတပ်ဖွဲ့ကနေ သက်သေတွေ ရှာပြီးပါပြီ”

“အဲ့တာ အတုတွေလေ”

ကားလ် မကျေမနပ် ပြန်ပြောပြန်သည်။ 

“အတုလား”

ဟူတာချန်း ပြုံးလျက်

“ကျွန်တော်ကတော့ မြင်နေတဲ့ သက်သေကိုပဲ ယုံပါတယ်”

ဖြောင်း!

နောက်ထပ် ဖိုင်တစ်ခု ကားလ်ရှေ့ ကျလာ၏။ 

“ဒါကဘာလဲ”

ကားလ်၏ စိတ်ဓာတ်ရေးရာ အတော်လေး ပြိုလဲယိုင်နဲ့နေလေပြီ။ 

ဟူတာချန်းမှ

“(၂၀၁၈) ခုနှစ်ကနေ ဆာနီယာကုမ္ပဏီကို ကူညီပြီး အမျိုးသား လက်နက်ရှာဖွေရေးအဖွဲ့ထဲက အချက်အလက်တွေ ခိုးယူခဲ့တဲ့ သက်သေ”

ကားလ် အလွန် တုန်လှုပ်လာသည်။ 

ဘာတွေ ဖြစ်နေတာလဲ။ 

ဘယ်တုန်းက အမျိုးသား လက်နက်ရှာဖွေရေးအဖွဲ့နဲ့ ပတ်သက်မိတာလဲ။ 

နေပါဦး။ 

သူ မျက်စိရှေ့တွင် အမှောင်ကျသွားသည်။ 

ထို့နောက် အသက်ရှူရန်ပင် ခက်ခဲလာ၏။ 

သွားပြီ။ လင်းချွမ် ထောင်ချောက်ဆင်လိုက်ပြီ။ 

သက်သေများ မှန်ကန်ကြောင်း တစ်ဖက်မှ ပြနိုင်ပါက သူ အမျိုးသား လုံခြုံရေးဥပဒေချိုးဖောက်မှုဖြင့် အပြစ်ကျတော့မည်။ 

…

အရှေ့တောင်အာရှ တစ်နေရာ။ 

ယုချင်းနှင့် လူးကပ်စ်တို့မှာ ရုံးခန်းထဲတွင် ပျော်မြူးလျက် သတင်းကောင်းကို စောင့်နေကြ၏။ 

ကားလ် ဖုန်းချ၍ နာရီဝက်အတွင်း အခြေအနေများ လုံးဝ ပြောင်းလဲသွားမည်ဟုတော့ မထင်မိချေ။ 

တရားရုံးတွင်။ 

လင်းချွမ်နှင့် စတိဗ်တို့၏ ထိပ်တိုက်တွေ့ခြင်း ဆက်လက် ဖြစ်ပွါးနေသည်။ 

“ငါ့သက်သေတွေက အတုပါလို့ သက်သေပြနိုင်လား”

စတိဗ်မှ ဆာနီယာ၏ ကိုယ်စားလှယ်အနေဖြင့် ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။ 

သူပြောသည့် သက်သေမှာ လင်းချွမ် (၂၀၂၁) ခုနှစ်က ဆာနီယာကွန်ယက်ထဲ ဝင်၍ အချက်အလက် ခိုးခဲ့သည်ဟူသော ကိစ္စဖြစ်ပါသည်။ 

လင်းချွမ်မှာ ခပ်မတ်မတ် ရပ်လျက် ပြုံးကာ

“အဲ့သက်သေကိုက မှားနေတာလေ။ ငြင်းခုံနေစရာကို မရှိဘူး။ အခု ကျွန်တော့်မှာလည်း အချက်အလက် ရှိတယ်။ ကြည့်ကြည့်ပါ”

“ဘာလဲ”

စတိဗ် အနည်းငယ် တုန်လှုပ်သွားသည်။ 

ထိုစဉ် လင်းချွမ်သည် ကီလိုမီတာ (၆၀၀) အဝေးထိန်း ဒုံးကျည်လောင်ချာ အချက်အလက်ဖိုင်အား ထုတ်ပြ၏။ 

ထိုအခါ စတိဗ်၏ ဥပဒေအဖွဲ့မှ သက်သေများ ပြန်လည်ပြင်ဆင်နေကြလေသည်။ 

ထိုချောမောသော လူငယ်လေးမှာ သူတို့ကို ဖိအားများသည်အထိ ပြန်လည် တိုက်ခိုက်နိုင်၏။ 

လင်းချွမ်လည်း သပ်ရပ်စွာ ဝတ်စားထားသော ဝူကျန်းဘက်သို့ လှည့်ကြည့်လိုက်၏။ 

ဝူကျန်း ချက်ချင်း သဘောပေါက်ကာ ဖိုင်တစ်ခု ထုတ်၍ တရားသူကြီးထံ တင်သွင်းလိုက်လေသည်။ 

ထိုထဲတွင် ဆာနီယာ ကုမ္ပဏီမှ AW ဟက်ကာအဖွဲ့နှင့် ပူးပေါင်းကာ အမျိုးသား လက်နက်ရှာဖွေရေးအဖွဲ့ ကွန်ယက်ထဲ ခိုးဝင်ထားကြောင်း သက်သေ ဖြစ်လေသည်။ 

ဝိုး!

တရားရုံးထဲ၌ ဆူညံသွားပြန်၏။ 

စတိဗ်၏ ဘာသာပြန်သူလည်း ရုတ်တရက် ဘာပြောရမည်မသိ ဖြစ်နေသည်။ 

“ဟို ဟို ဟို…”

စစ်ဆေးနေသော တရားသူကြီးများလည်း အမူအရာ ရှုပ်ထွေးသွား၏။ ထို့နောက် မျက်မှန်ကို ပင့်တင်ကာ အထောက်အထားများအား စိုက်ကြည့်နေသည်။ 

ယခုအခြေအနေတွင် ခုခံသူမှာ တရားလိုကဲ့သို့ ဖြစ်ပြီး စတိဗ်မှာ ခုခံသူနှင့် တူလေ၏။ 

လင်းချွမ်သည် မသိမသာအချိန်တွင်ပင် တရားခွင်ကို အသာစီးမှ ထိန်းချုပ်ထားလိုက်၏။ 

သူ့ပုံစံမှာ ကြောက်စရာကောင်းနေခြင်းတော့ မဟုတ်ဘဲ တင်ပြသည့် အချက်အလက်များမှာ အားကောင်းသောကြောင့်ပင်။ 

မည်သည့်ရှေ့နေမှ ခွန်းတုံ့ပြန်ရန် အခွင့်အရေး မရှိပေ။ 

စတိဗ်ရှေ့နေလည်း မည်သို့ ဆက်ငြင်းနိုင်မည်နည်း။ 

သူတို့ လုံးဝ မထင်ထားသော အခြေအနေ ဖြစ်လေသည်။ 

“ဒါက ဒါက…”

ဘာသာပြန်ကို နားထောင်ပြီးနောက် စတိဗ် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ 

“မဖြစ်နိုင်တာ”

“ကျွန်တော့်သက်သေက မဖြစ်နိုင်ဘူးလို့ ဘယ်လို သက်သေ ပြမလဲ”

လင်းချွမ် ပြုံး၍ ပြန်မေးလိုက်၏။ 

စတိဗ်မှာ အသက်ကို မနည်းလုရှူရင်း စိတ်ငြိမ်အောင် ထိန်းနေရသည်။ 

သူ့ရင်ထဲတွင် လုံးဝ ဗလောင်ဆူ၍ ဘာဆက်လုပ်ရမည်မသိ ဖြစ်နေ၏။ 

သူ့မိတ်ဆွေ ယုချင်း သင်ပေးထားသည်မှာ ထိုအတိုင်းသာ ဖြစ်ပါသည်။ 

သက်သေအတုဖန်တီးထားသော်လည်း တစ်ဖက်မှ မငြင်းနိုင်လျှင် အလိုအလျောက် ပြစ်ဒဏ်ကျမည် ဖြစ်၏။ 

သို့သော် သူ့အပေါ်လည်း ထပ်တူ ခံစားနေရသည်။ 

လင်းချွမ်၏ စွပ်စွဲမှုကို သက်သေနှင့် မငြင်းနိုင်လျှင် ရှုံးရတော့မည်။ 

သူ ပိတ်မိနေလေပြီ။ 

“ဒီသက်သေကို လျှော့လျှော့ပေါ့ပေါ့ ကြည့်ပေးဖို့ တောင်းဆိုပါတယ်။ နောက်ပြီး ကျွန်တော်တို့ ဆာနီယာလက်နက်ကုမ္ပဏီကနေ အမျိုသား လက်နက် ရှာဖွေရေးအဖွဲ့ထဲ ခိုးမဝင်ခဲ့ဘူးဆိုတဲ့ အချက်အလက်တွေ ပြပေးပါမယ်”

စတိဗ်မှ ခပ်ကျယ်ကျယ် ပြောလိုက်သော်လည်း နောင်တရနေလေပြီ။ 

ယုချင်း၏ အစီအစဉ်ကို အဘယ်ကြောင့် သဘောတူမိသနည်း။ 

ယခုတော့ ထောင်ချောက်မိကာ တရားရုံးထဲမှပင် မထွက်နိုင် ဖြစ်နေသည်။ 

“နောက်ထပ်ရုံးချိန်းကျမှ တင်ပြတော့ပေါ့”

လင်းချွမ် ပြုံး၍ ပြော၏။ 

နောက်ရုံးချိန်းလား။ 

စတိဗ် နားမလည်နိုင် ဖြစ်နေစဉ် လင်းချွမ်မှာ ခုခံသူ နေရာတွင် ပြန်သွားထိုင်နေလေပြီ။ 

အားလုံးကို ရိပ်မိသဘောပေါက်သွားသော ကျန်းပြောင်မှာ အားရပါးရ ရယ်မောလျက်

“ဒီအမှု ဘယ်လိုလုပ် ရှုံးတော့မှာလဲ။ လင်းချွမ်က တကယ် တစ်ခုခုပဲ။ ငါ့အမြင် မမှားဘူး”

ရှန်ချန်းချန်း၊ ရှချင်းချင်နှင့် ကျန်းရှင်းရှင်းတို့လည်း ထိုအခါမှ သက်ပြင်းချနိုင်တော့၏။ 

လင်းချွမ် နိုင်မည်ဟု ထင်ထားသော်လည်း ယခုလို ပြန်၍ အကွက်ဆင်နိုင်မည်ကိုတော့ မတွေးခဲ့မိချေ။ 

ရှန်ချန်းချန်း မျက်လုံးအရောင်လေးများ တောက်လျက် ကျန်းရှင်းရှင်းလက်ကို ဆုပ်ကိုင်လိုက်သောအခါ ချွေးစေးများ ရွှဲနေသည်ကို တွေ့ရလေသည်။ 

“အဲ့လောက်တောင် စိတ်လှုပ်ရှားနေတာလား”

ရှင်းရှင်း တစ်ရှူးဖြင့် ချွေးများကို သုတ်လိုက်သည်။ 

“ချင်းချင်းကိုလည်း ကြည့်ပါဦး”

ရှန်ချန်းချန်း စကားကြောင့် ကျန်း ရှချင်းချင်းကို လှည့်ကြည့်လိုက်သည်။ 

သူလည်း မျက်နှာလှလှလေးတွေ ဒီဇင်ဘာလ လေညင်းကို အံတု၍ ချွေးများ သီးနေသည်။ 

“ဘာလို့ ကြည့်နေတာလဲ”

ရှချင်းချင်းမှ ပြန်မေး၏။ 

“ဘာမှ မဟုတ်ပါဘူး”

ကျန်း တစ်ရှူးတစ်ရွက် ထုတ်ပေး၍ ချွေးများ သုတ်ပေးရင်း ပြောလိုက်သည်။ 

“ဒီည ရှယ်လိုက်ကျွေးမယ်”

“ကောင်းပါပြီ”

ရှချင်းချင်း မျက်လုံးလေးများ တောက်သွားပြီး

“ဒီရက်ပိုင်း သေချာ မစားနိုင်တာ ကြာပြီ”

“ကိစ္စအလယ်မှာ ရှန်ပိန်မဖောက်သင့်သေးဘူး ထင်တယ်။ တရားသူကြီးက ဘာမှ မချမှတ်ရသေးဘူးလေ”

ရှန်ချန်းချန်းမှ သတိဝင်ပေးလိုက်သည်။ 

All Chapters