← Chapters

ကားထဲမှာ ခဏစောင့်နေ

Vol. 28 Ch. 407

ကားထဲမှာ ခဏစောင့်နေ

Vol. 28 Ch. 407

ပုံရိပ်ယောင်လောကထဲ၌။ 

လင်းချွမ် အေးဂျင့်ဘဝဖြင့် တစ်ညလုံး ကုန်ဆုံးပြီးနောက် သတိမထားလိုက်မီပင် မိုးလင်းသွား၏။ 

လင်းချွမ်မှာ လီဝမ်ချင်း၏ အထူးလက်ထောက်အပြင် ယာဉ်မောင်းလည်း ဟုတ်လေသည်။ 

အလုပ်ခရီးမှာ အရမ်းမဝေးဘဲ ဘေးကပ်ရပ်မြို့သာ ဖြစ်သည်။ 

လင်းချွမ် ကားကို အရှိန်မြှင့်၍ မောင်းလာ၏။ 

“လင်းချွမ် ဒီခရီးမှာ ရှင့်ကိုပဲ ဘာလို့ခေါ်လာလဲ သိလား”

ဘေးတွင် ထိုင်နေသော လီဝမ်ချင်းမှ မေးလိုက်သည်။ 

သူ့ထိုင်ခုံမှာ လှဲလျောင်းနေသောပုံစံ ချထားပြီး လင်းချွမ်အား စူးရှစွာ လှမ်းကြည့်နေသည်။ 

ပုံမှန်အားဖြင့် လီဝမ်ချင်းကဲ့သို့ ရာထူးရှိသူမှာ အနောက်ခန်း၌သာ ထိုင်လေ့ရှိသော်လည်း သူ လင်းချွမ်ဘေးတွင် ထိုင်နေလေ၏။ 

လင်းချွမ် လမ်းမကို အာရုံစိုက်နေရာမှ လီဝမ်ချင်းအား တစ်ချက်လှမ်းကြည့်၍ ပြုံးကာ

“သူဌေးလီက သူ့လူတွေကို အကြောင်းပြချက်ရှိလို့ ရွေးတာပေါ့။ ဘာကြောင့်လဲတော့ မပြောတတ်ပါဘူး”

လီဝမ်ချင်း ရယ်မော၍ ဆွဲဆောင်မှုရှိစွာဖြင့်

“ရှင်က ကျွန်မနဲ့သိတာ သိပ်မကြာသေးပေမဲ့ ကျွန်မ သဘောအကျဆုံး လက်ထောက်ပဲလေ”

“ချီးကျူးပေးတာ ကျေးဇူးတင်ပါတယ် သူဌေးလီ”

လင်းချွမ် ပြုံး၍ ဖြေပြီးမှ ရုတ်တရက် နောက်ကြည့်မှန်ကိုကြည့်ကာ မျက်နှာပျက်သွား၏။ 

“ကျွန်တော်တို့နောက်မှာ ကားတစ်စီး လိုက်လာနေတယ် ထင်တယ်”

“အခုတည်းက ဂိမ်းက စနေပြီလား”

လီဝမ်ချင်းမှာ မျှော်လင့်ထားသကဲ့သို့ ခပ်အေးအေး ပြန်ပြောသည်။ 

“ကျွန်တော် မျက်ခြေဖြတ်လိုက်ရမလား”

လင်းချွမ်မှ မေး၏။ 

“ဒီလောက်လေးကတော့ ရှင့်ဖာသာ ကြည့်လုပ်လိုက်ပါ”

လီဝမ်ချင်းမှ မစိုးရိမ်သလိုဖြင့် ပြောလေသည်။ 

လင်းချွမ် စိတ်လှုပ်ရှားသွား၏။ 

သူ့ကို စစ်ဆေးနေခြင်းလား။ 

ထိုသို့ဆိုလျှင် ရင်ဆိုင်ရပေတော့မည်။ 

သူ ချက်ချင်း အရှိန်မြှင့်၍ လေအဟုန်နှင့်အတူ မောင်းနှင်သွားသည်။ 

သို့သော် ကားထဲတွင်တော့ အလွန်တည်ငြိမ်၏။ 

အနောက်မှကားလည်း အရှိန်မြှင့်ကာ ဆက်လိုက်လာသည်။ 

“လိုက်နေတုန်းပဲ”

လင်းချွမ် ရေရွတ်၍ GPS ကို လှမ်းကြည့်ကာ ဟိုက်ဝေးလမ်းမှ ပြန်ဆင်းလာလိုက်သည်။ 

ထို့နောက် မြို့ငယ်လေးထဲဝင်ကာ ခြေရာဖျောက်လိုက်၏။ 

မနက်ခင်းအချိန်ပင် ရှိသေးသောကြောင့် နေရောင်ခြည်သည် တိမ်ယံများကြားမှ ထိုးဖောက်၍ မြေပြင်ပေါ် ကျရောက်နေသည်။ 

လင်းချွမ် ရုတ်တရက် ကားကို ရပ်လိုက်၍ လီဝမ်ချင်းမှ

“ဆက်မသွားဘူးလား”

လင်းချွမ် ခပ်ပြုံးပြုံးဖြင့်

“တွေ့လိုက်မလို့လေ”

“မြို့ထဲမှာ တကယ် အဆင်ပြေပါ့မလား”

လီဝမ်ချင်း ဘေးဘီကိုကြည့်ကာ မျက်မှောင်ကြုတ်၍ ပြော၏။ 

“ကျွန်တော့်ကို ယုံကြည်ပြီး ခေါ်လာမှတော့ လွှတ်မထားနိုင်ဘူးလေ”

လင်းချွမ် ယုံကြည်ချက်အပြည့်ဖြင့် ပြောလေသည်။ 

လီဝမ်ချင်း မတုံ့ပြန်နိုင်မီပင် လင်းချွမ် ထိုင်ခုံခါးပတ်ဖြုတ်၍ ဆင်းသွား၏။ 

“ကားထဲမှာပဲ ခဏစောင့်နေနော်”

လက်ထောက်တစ်ဦးမှာ ထိုကဲ့သို့ပင် ပြုမူရပေမည်။ 

လီဝမ်ချင်းသည် သူ့တာဝန်ဖြစ်၍ ထိုအမျိုးသမီး အဖမ်းခံရမည်ကို လက်မခံနိုင်ပေ။ 

လင်းချွမ် ဆင်းလာသည်ကို တွေ့သည်နှင့် အနောက်မှ ကားလည်း ခပ်လှမ်းလှမ်းတွင် ရပ်လိုက်သည်။ 

ထို့နောက် အမျိုးသား (၄) ဦး ဆင်းလာပြီး လူမိုက်များကဲ့သို့ မျက်နှာထားတင်းတင်းနှင့် ဖြစ်လေ၏။ 

လီဝမ်ချင်းမှာ ရန်ဘက်များစွာ တွေ့ကြုံဖူးသော်လည်း ယခု မြင်ကွင်းကို မျှော်လင့်နေမိကာ ကားပြတင်းပေါက်မှ လှမ်းကြည့်၏။ 

“ဟေ့ ဘာဖြစ်ချင်တာလဲ”

လင်းချွမ် ပြုံး၍ လှမ်းပြောလိုက်သည်။ 

အမျိုးသား (၄) ဦးမှာ အချင်းချင်းကြည့်၍ လင်းချွမ်အား နားမလည်နိုင် ဖြစ်သွားသည်။ 

အရပ် (၁၈၆) စင်တီဖြင့် ခပ်သွယ်သွယ်ပုံရှိသော လင်းချွမ်မှာ သူတို့အမြင်တွင် အားနည်း၍ ကြောက်စရာမရှိပေ။ 

အမျိုးသားတစ်ဦးမှ

“ကောင်လေး မင်းတို့သူဌေးကိုသာ သွားခေါ်စမ်းပါ။ ငါတို့သူဌေးဆီ ခေါ်သွားမလို့”

လင်းချွမ်မှ ခပ်တည်တည်ဖြင့်

“မင်းတို့သူဌေးက ဘယ်မှာလဲ”

“မင်းတွေ့ချင်တိုင်း တွေ့လို့ရမလားကွ။ ဒီနေရာမှာဆိုပြီး ထိန်းမှာမဟုတ်ဘူးနော်။ မင်းကို အခု ချလို့ရတယ်”

ထိုလူမှ ရယ်မောလှောင်ပြောင်ကာ ပြော၏။ 

“ဒါဆို နားလည်မှု ရသွားပြီပဲ။ ငါ့လက်သီးလည်း ထိန်းစရာ မလိုတော့ဘူး”

ထိုအခါ လူမိုက်တစ်ဦး မျက်နှာပျက်၍ ရှေ့တိုးလာသော်လည်း လင်းချွမ် မရှောင်လိုက်ပေ။ ထိုအစား ကားထဲမှ လီဝမ်ချင်းကိုသာ စိုးရိမ်စွာ လှမ်းကြည့်မိသည်။ 

ပုံမှန်အားဖြင့် (၄) ယောက် (၁) ယောက် တိုက်ခိုက်ရန် မလွယ်ပါ။ 

လင်းချွမ်ရော ယှဉ်နိုင်မည်လား။ 

လင်းချွမ်လည်း ရှေ့တိုးလာသောအခါ လူမိုက်တစ်ဦးမှ လှမ်းဖမ်းရန် ပြင်လိုက်သည်။ 

သို့သော် လင်းချွမ်မှာ ပိုမြန်၏။ 

ထိုလူ့လက်ကို အရင်ဖမ်းဆုပ်လိုက်လေသည်။ 

ထို့ကြောင့် အမျိုးသားမှာ ရုတ်တရက် လန့်သွားပြီး ကျန်လက်တစ်ဖက်ဖြင့် လင်းချွမ်ခေါင်းကို လှမ်းကိုင်သည်။ 

သို့သော် လင်းချွမ်မှာ အားပြင်းသော ပင့်လက်သီးဖြင့် ထိုးချလိုက်၏။ 

ထိုအခါ လူမိုက်၏ လက်မောင်းကို ထိခိုက်သွားပြီး အလွန် နာကျင်သွားသည်။ 

သူ နောက်ပြန်ဆုတ်၍ အားယူရန် ပြင်နေစဉ် ရုတ်တရက် ဗိုက်နေရာမှ နာကျင်သွားပြန်ကာ မှင်တက်နေတော့သည်။ 

All Chapters